ချီလီ တွင်ဖော်ပြခံရသည့် စာမူလေးပါ ။
သင်္ကြန်
ဆိုတဲ့ရာသီပွဲတော်လေး ကို ကျွန်မ သိပ်ချစ်တယ် ။ သင်္ကြန် ရဲ့ ချစ်သူလို့
သတ်မှတ်ထားသည့် ပိတောက်ကို လည်း ကျွန်မအရမ်းကြိုက်နှစ်သက်တယ် ။ ပိတောက်ပန်းလေးတွေ
ပွင့်ပြီဆို ကျွန်မသိပ်ပျော်တာပဲ ။ ပိတောက်ပန်းတွေ အရမ်းပွင့်သည့်နေ့လေးမှာ မွေးဖွားသန့်စင်လာသည့်
ကျွန်မကို မေမေက ပိတောက်လို့ အမှတ်တရ နာမည်ပေးခဲ့တယ် ။ ဒီနာမည်လေးကများ
နာမ်စီးပြီး သင်္ကြန်ပွဲတော်ဆိုတာကို ပိုမြတ်နိုးမိနေလားမသိပါဘူး ။ ပိတောက်တို့ ခြံထဲမှာ ပိတောက်ပင် အကြီးကြီး တစ်ပင်
ရှိတယ် ။ ပန်းတွေ ပွင့်ပြီဆို တစ်ပင်လုံး ၀ါဝါထိန်ထိန်နှင့် အရမ်းကိုမြိုင်ဆိုင် လှပလွန်းပါတယ်
။
ပိတောက်
တို့ သူငယ်ချင်းတွေ စုံပြီဆို မကြာခဏ ပြောတတ်ကြတာလေး ရှိတယ် ။
*ပိတောက်ပန်းနဲ့
သင်္ကြန်ပွဲတော် ဆိုတာ တစ်ကယ်တော့ သိပ်ချစ်ကြတဲ့ ချစ်သူတွေဘဲ *
*အေး........နင်နာမည်ကလည်း ပိတောက်ဆိုတော့ နင်ချစ်သူရရင်
သင်္ကြန်ဆိုတဲ့
နာမည်ပါတဲ့ ကောင်လေးကိုသာ ရွေးပေတော့*
လို့ပေါက်ပေါက်ရှာရှာပြန်စကြတယ်။ပြောလည်း
ပြောချင်စရာပါ ။ ကျွန်မဆိုတဲ့ မိန်းကလေးကလည်း သင်္ကြန်ဆိုတာကို အတော်လေး
ချစ်မြတ်နိုးသူပေကို ။
***********************************
ဒီနေ့ မနက်စောစော စီးစီး မျက်လုံးတွေက ပွင့်ချင်နေကြတယ် ။ မျက်လုံးတွေ သစ္စာဖောက်ခြင်းရဲ့ တရားခံကတော့ သင်္ကြန်အကြိုနေ့ရောက်ပြီဆိုတဲ့ အသိကြောင့်ပင်ဖြစ်၏ ။ အိပ်ယာကနိုးသည်နှင့် ပြင်တင်းတံခါးတွေကို ဦးစွာ ဖွင့်လိုက်မိတယ် ။ ခြံထဲက ပိတောက်ပင်ကြီးကို ကြည့်လိုက်မိတယ် ။ အံ့သြခြင်း နဲ့ ထပ်တူ ပျော်ရွင်ကြည်နူး သွားမိတယ် ။ တပင်လုံးကို ၀ါဝင်းနေတဲ့ ပိတောက်ပန်းတွေ အရင်နှစ်တွေထက် ပိုများနေတယ် ။ချက်ချင်း ပိတောက်ပင်အောက်ကို ပြေးသွားမိတယ် ။ လေနှင်ရာ ယိမ်းနွဲ့နေတဲ့ ပိတောက်ခက်တွေကို ကျွန်မ ကြည်နူးစွာ ကြည့်နေမိတယ် ။မွှေးကြိုင်နေတဲ့ ပိတောက်ပန်းရနံ့တို့နှင့် မြေပြင်ပေါ်မှာ ပိတောက်ပန်းပွင့်လေးတွေ ကျဲပြန့်စွာ ကျနေပုံကိုက အရမ်းလှတဲ့ သဘာဝပန်ချီကားတစ်ချပ်ကို ကြည့်နေရသည့်နှယ် ။ ရင်ထဲမှာ အရမ်းကိုကြည်နူးချမ်းမြေ့မိနေ၏် ။ ဒီလောက်ထိ သင်္ကြန်ဆိုတာကို ရူးသွပ်သူပါ။ ရေချိုးအ၀တ်စားလကာ လမ်းထိပ်က သူငယ်ချင်းတွေ ဆီထွက်လာခဲ့တယ်။
ကိုယ်အတွေးနဲ့ ကိုယ် လျှောက်လာစဉ် ရုတ်တရက် ခပ်လှမ်းလှမ်းမှ ဆူညံသံများကြောင့် လှည့်ကြည့်လိုက်တယ်ဆိုရင်ဖြင့် သူငယ်ချင်းတွေ ပိတောက်ကို ရေလောင်းဖို့ ပြေးလာကြသည်ကို တွေ့လိုက်ရတယ် ။
ဒီနေ့ မနက်စောစော စီးစီး မျက်လုံးတွေက ပွင့်ချင်နေကြတယ် ။ မျက်လုံးတွေ သစ္စာဖောက်ခြင်းရဲ့ တရားခံကတော့ သင်္ကြန်အကြိုနေ့ရောက်ပြီဆိုတဲ့ အသိကြောင့်ပင်ဖြစ်၏ ။ အိပ်ယာကနိုးသည်နှင့် ပြင်တင်းတံခါးတွေကို ဦးစွာ ဖွင့်လိုက်မိတယ် ။ ခြံထဲက ပိတောက်ပင်ကြီးကို ကြည့်လိုက်မိတယ် ။ အံ့သြခြင်း နဲ့ ထပ်တူ ပျော်ရွင်ကြည်နူး သွားမိတယ် ။ တပင်လုံးကို ၀ါဝင်းနေတဲ့ ပိတောက်ပန်းတွေ အရင်နှစ်တွေထက် ပိုများနေတယ် ။ချက်ချင်း ပိတောက်ပင်အောက်ကို ပြေးသွားမိတယ် ။ လေနှင်ရာ ယိမ်းနွဲ့နေတဲ့ ပိတောက်ခက်တွေကို ကျွန်မ ကြည်နူးစွာ ကြည့်နေမိတယ် ။မွှေးကြိုင်နေတဲ့ ပိတောက်ပန်းရနံ့တို့နှင့် မြေပြင်ပေါ်မှာ ပိတောက်ပန်းပွင့်လေးတွေ ကျဲပြန့်စွာ ကျနေပုံကိုက အရမ်းလှတဲ့ သဘာဝပန်ချီကားတစ်ချပ်ကို ကြည့်နေရသည့်နှယ် ။ ရင်ထဲမှာ အရမ်းကိုကြည်နူးချမ်းမြေ့မိနေ၏် ။ ဒီလောက်ထိ သင်္ကြန်ဆိုတာကို ရူးသွပ်သူပါ။ ရေချိုးအ၀တ်စားလကာ လမ်းထိပ်က သူငယ်ချင်းတွေ ဆီထွက်လာခဲ့တယ်။
ကိုယ်အတွေးနဲ့ ကိုယ် လျှောက်လာစဉ် ရုတ်တရက် ခပ်လှမ်းလှမ်းမှ ဆူညံသံများကြောင့် လှည့်ကြည့်လိုက်တယ်ဆိုရင်ဖြင့် သူငယ်ချင်းတွေ ပိတောက်ကို ရေလောင်းဖို့ ပြေးလာကြသည်ကို တွေ့လိုက်ရတယ် ။
*ပိတောက်ရေ
ရေလောင်းပြီ...................ဒီနှစ်သင်္ကြန်ရဲ့ ပထမဆုံး ရေလောင်းခြင်းဘဲဟေ့ *
သူငယ်ချင်းတွေ စကားသံမဆုံးခင်မှာဘဲ အေးမြမွှေးကြိုင်နေသည့် ရေစက်ရေပေါက်တို့ ပိတောက်ကိုယ်ပေါ်သို့ ကျရောက်လာပါ၏။ပိတောက်အံ့သြသွားသလို သူငယ်ချင်းတွေလဲ ကြောင်သွားကြတယ် ။ သင်္ကြန်ရေစိုတာကို နှစ်သက်သူဖြစ်ပေမယ့် ရုတ်တရက် အလောင်းခံရတာကိုတော့ အံ့သြသွားမိတယ် ။ ရေလောင်းတဲ့သူကို ငဲ့ကြည့်လိုက်စဉ် အံသြခြင်းဆိုတဲ့ ခံစားမှုကနေ ထူးဆန်းတဲ့ ခံစားမှုတစ်ခုက ရင်ထဲကို လှိုင်းခတ်သွားတယ် ။ ချောလိုက်တာလို့ ပြောရမလား ဒါမှမဟုတ် ကြည့်ကောင်းလိုက်တာလို့ ပြောရမလား မသိအောင် စွဲဆောင် မှုရှိလွန်းသည့် ယောကျာင်္းတစ်ယောက်ကို တွေ့လိုက်ရတယ် ။
*ကျွန်တော် ခွင့်မတောင်းဘဲ ရေလောင်းမိတာ တောင်းပန်ပါတယ် နော်............ကျွန်တော်နာမည်က သင်္ကြန်ပါ ခင်ဗျာ*
လို့ သူကိုယ်သူ မိတ်ဆက်လိုက်တယ်ဆိုရင်ဖြင့် ကျွန်မကော သူငယ်ချင်းတွေပါ
*ဟင်..........*
ဆိုတဲ့ အာမေဋိတ်သံက ပြိုင်တူထွက်သွားမိကြတယ် ။ ပြူးကြောင်ကြောင် ကျွန်မတို့ အမူယာတွေကြောင့်
*ခင်ဗျာ ဘာလို့လဲ မသိဘူးနော်*
*သြော်
! ဘာမှ မဟုတ်ပါဘူးရှင် သင်္ကြန်မှာ ရှင်ကို စသိပြီး ရှင်နာမည်ကလဲ သင်္ကြန် ဆိုလို့
အံ့သြသွားလို့ပါ *
*သြော်!
တော်သေးတာပေါ့ဗျာ...............ဘာဖြစ်လို့များလဲ လို့လေ....*
*ဘာမှ
မဖြစ်ပါဘူး..........ရေလောင်းတာလဲ ရပါတယ်........သင်္ကြန်တွင်းပဲ*
*ကျွန်တော်က
မနေ့က မှ ဒီလမ်းထဲကို ပြောင်းလာတာလေ*
*ဟုတ်လား...........*
*ဟုတ်..........ဒီက သူငယ်ချင်းတွေနဲ့ ခင်ချင်လို့ပါ.......မိတ်ဆက်ချင်လို့လေ *
*သြော်! ရပါတယ်ရှင်.........တစ်လမ်းထဲ သားတွေဘဲလေ..........ပိတောက်တို့ကတောင် ကြိုဆို၇မှာပါ...........မှတ်ထားနော်........သူက မိသူ...သူက နီလာ...ဒါက သူရ....ဒီတစ်ယောက်ကတော့ မင်းမင်း.......ဒို့နာမည်ကတော့ ပိတောက်ပါရှင်*
*ဟုတ်ကဲ့ ..........အားလုံးကိုတွေ့ရတာ ၀မ်းသာပါတယ်နော်................ပိတောက်နာမည်လိုက်အောင် ပိတောက်ပန်းတွေ ဝေနေအောင်ပန်ထားတာပေါ့နော်*
*ဟုတ်တယ်ရှင်..........ပိတောက်က နာမည်နဲ့ လိုက်အောင်ကို ပိတောက်ပန်းတွေကို ချစ်တယ် *
ဒီလိုနဲ့ သင်္ကြန်ဆိုတဲ့ ကောင်လေးနှင့် ပိတောက်တို့ အဖွဲ့လေး ငယ်ပေါင်းကြီးဖော်တွေ လို ရင်းနှီးခင်မင်မိသွားကြပါတယ် ။ သင်္ကြန် နှင့် ပိတောက် သူငယ်ချင်းဆိုသည့် သံယောဇဉ်ကို တဆင့်တက်လို့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ် ။ ပိတောက်နဲ့ သင်္ကြန်က အိမ်ချင်းလည်း ပိုနီးတယ် ။ ခုဆို နှစ်ဖက်မိဘချင်းတွေကလည်း နှစ်အိမ်တစ်အိမ်လိုကို ရင်းနှီးနေကြပါပြီ။ ခုဆို သင်္ကြန်ကကျောင်းပြီးလို့ ကိုယ်ပိုင်ကွန်ပြူတာအရောင်းဆိုင်တစ်ခုကို အောင်မြင်စွာ တည်ထောင်ထားနိုင်သူကြီးပေါ့ ။ ပိတောက်ကတော့ ကျောင်းပြီးလို့ဘွဲ့လွန်ထပ်တက်နေဆဲ။
ဘာလိုလိုနဲ့ ဒီနှစ်သင်္ကြန်တောင် နီးလာပြန်ပြီ ။သင်္ကြန်ရက်လေးတွေ နီးတိုင်းပိတောက် ရင်ခုန်ရမြဲပါပဲ ။ ဒီနှစ်တော့ ပိုပြီး ထူးခြားမယ်ထင်ပါတယ် ။ ဒီနေ့ ကျောင်းကပြန်တော့ သင်္ကြန်ကိုပြောစရာ စကားတွေ အသိပေးစရာတွေ ပိတောက်ဆီမှာ တန်းစီရှိနေခဲ့တယ် ။ သင်္ကြန် အလုပ်ကနေပြန်လာမယ့် အချိန်ကို စောင့်ရတာ ရင်မောလိုက်တာ။ ပိတောက် ပြောလိုက်ရင် သူဘာပြန်ပြောမှာလည်း ဆိုသည့် အတွေးတွေနှင့် ပိုပြီး ရင်မောမိတယ် ။
မျှော်လင့်နေတဲ့ အချိန်ကို ရောက်လာပါပြီ ။ သင်္ကြန်က အလုပ်က ပြန်လာသည်နှင့် ရေမိုးချိုးပြီး ပိတောက်ဆီသို့ တန်းလာနေကြလေ ။ နှစ်ယောက်သား ပိတောက်ပင်ကြီးအောက်က ခုံတန်းလျားလေးမှာ တူတူ ထိုင်မိတယ်ဆိုရင်ဖြင့်
* ပိတောက် သင်္ကြန် ကို ပြောစရာရှိတယ်*
* ပြောလေ ပိတောက်*
*ပိတောက်လေ အင်္ဂလန်ကို ပညာတော်တင် သွားရမယ်...............သုံးနှစ်ကြာမယ် ...........အမြန်ကြီး ကျလာတာလေ.............ခုနှစ်ဆန်းသုံးရက်နေ့ကို ထွက်ရမယ်.............မေမေတို့လည်း ခုမနက်မှ ပြောရတာ..............အဲဒါ.........
*ဘာပြောတယ်................ပိတောက် ။ ပိတောက် ကျောင်းတက်ချင်တယ်ဆိုလို့ ကိုစောင့်ပေးခဲ့ပြီးပြီ .............ခုသုံးနှစ် ထပ်စောင့်ရအုံးမယ်ဆိုတော့ ကိုဘက်ကိုလဲ ကြည့်ပါအုံးကွာ...........ကို ပိတောက်ကို သုံးနှစ်မပြောနဲ့ သုံးရက်တောင် မခွဲနိုင်ဘူး........... ခွင့်လဲမပြုနိုင်ဘူး................*
*သင်္ကြန်ရယ် ဒါပိတောက် ကြိုးစားမှုရဲ့ ရလာဒ်လေကွယ်.............ဒါကို လက်လွှတ်ခံရမှာလားဟင်*
*ဒါဆို ကိုယ်ကတော့ မင်းပညာလောက် တန်ဖိုးမရှိဘူးပေါ့.......ဟုတ်လား ပိတောက်.............*
*မဆိုင်ဘူးလေ ကွာ............ခုက 3နှစ်ပြီးလို့ ပြန်လာရင် လက်ထပ်မှာပေါ့.........ပြီးတော့ အင်တာနက်ကနေလည်း တွေ့လို့ရနေတာပဲကို *
*မလိုချင်ဘူး.........ကို နဲ့ မင်းအင်္ဂလန် ပညာသင်ခွင့် ကို ကြိုက်တာ တစ်ခုကို ရွေး ပိတောက်*
လို့ပြောပြီးတာနဲ့ ချာကနဲ ကျောခိုင်းထွက်သွားပါတော့တယ် ။ပိတောက် ဘာလုပ်ရမလဲ ။ ပိတောက် သွားဖို့ အားလုံးစီစဉ်ပြီးနေပြီ ။ သူစိတ်ဆိုးလည်း ခဏပေါ့ ။ ဟိုရောက်မှ ဖုန်းဆက်ပြီးချော့လိုက်မည် လို့ ခပ်ပေါ့ပေါ့လေးတွေးလိုက်မိသည်မှာ အကြီးမားဆုံး အမှားဖြစ်စေခဲ့တယ် ။
သင်္ကြန်ရက်တွေမှာ ပိတောက်ဆီသို့ သူလုံးဝရောက်မလာတော့ပါဘူး ။ ချစ်သူလောင်းသည့် သင်္ကြန်ရေအေးအေးလေး တွေကို မျှော်လင့်မိပေမယ့် ဆန္ဒတွေ မပြည့်ဝခဲ့ဘူး ။ အိမ်သွားပြန်တော့လည်း ရှောင်နေတယ် ။ ဖုန်းဆက်တော့လည်းမကိုင်။ နောက်ဆုံး ပိတောက် လေယာဉ်ကွင်းဆင်းသည့် အချိန်ထိ သူ အရိပ်ကိုတောင် မတွေ့ခဲ့ရပါဘူး ။ ဒီလောက်ထိပြတ်သားပြနိုင်သည့်သူကို အံ့သြမိတယ် ။ သင်္ကြန် ဟိုရောက်ပြီး သူဆီကို ဖုန်းတွေဆက်လည်း လုံးဝကို မကိုင်ဘူး။ နောက်ဆုံးတော့ ပြတ်သားလွန်းတဲ့သူကို စိတ်နာလာမိတယ် ။ ဒါပေမယ့် သင်္ကြန်ကို ပိတောက် ချစ်မိသည့် ချစ်ခြင်းတွေကတော့ လျော့ပါးပြောင်းလဲ အလျဉ်းမရှိခဲ့ပါဘူး ။
********************************************
ခုဆိုရင် ပိတောက် အင်္ဂန်ရောက်တာ သုံးနှစ်တင်းတင်းပြည့်ဖို့ ၅ရက်ခန့်သာလိုတော့သည် ။
ခုဆိုရင် ပိတောက် အင်္ဂန်ရောက်တာ သုံးနှစ်တင်းတင်းပြည့်ဖို့ ၅ရက်ခန့်သာလိုတော့သည် ။
လူတွေ အများကြီးဘဲ ပိတောက်ကို ရေတွေ ၀ိုင်းလောင်းနေတယ်..........လူအများရဲ့ ရေတွေ အောက်မှာ ပိတောက် မွှန်းကျပ်လာတယ်..........ခေါင်းတွေ တွင်တွင်ခါပြီး *ရပ်တော့ ရပ်တော့* ဟုအော်မိချိန်မှာဘဲ ပိတောက် အိမ်မက်က လန့်နိုးသွားသည်။
*ဟာ...........*
ပိတောက် အိမ်မက်မက်နေတာဘဲ...........။ပိတောက် ပြတင်းတံခါးနားကို ရပ်ပြီး အပြင်ဘက်ကို ကြည့်လိုက်တော့ မီးရောင်များနှင့် ထိန်လင်းနေတဲ့ အင်္ဂလန်ညရဲ့ အလှကို တွေ့မြင်ခံစားလိုက်ရသည်။ အပြင်ကို ငေးကြည့်ရင်းအိမ်မက်တွေနဲ့ လွမ်းဆွတ်နေရတဲ့ ပိတောက် တို့လို အဝေးရောက် မြန်မာတွေရဲ့ ဘ၀ကို တွေးမိနေပြန်တယ် ။ ပိတောက်နံ့တွေ သင်းနေတဲ့ သင်္ကြန်ဆိုတာကို လူတိုင်း လွမ်းဆွတ်သတိရမိကြမှာဘဲလေ...............သင်္ကြန်ဆိုတာ လူငယ် လူကြီး အားလုံးပျော်ကြတဲ့ ရာသီပွဲတော်တစ်ခုပါဘဲ..........
သင်္ကြန်ဟူသော စကားသည်သင်္ကန္တဟူသော ပါဠိ မှဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်တယ် ။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၏ ။ ဤကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿ ရာသီမှစ၍ ပြိဿ ၊ မေထုန် ၊ ကရကဋ် ၊ သိဟ် ၊ ကန် ၊ တူ ၊ ဗြိစ္ဆာ၊ ဓနု ၊ မကာရ ၊ ကုမ် ၊မိန် ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယသိဒ္ဓန္တကျမ်း အလို ၃၆၅ ရက် ၊ ၆ နာရီ ၊ ၁၂မိနစ် ၊ ၃၇စက္ကန့် ပြည့်သောအခါ ၊ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုညအင်္သာသို့ဝင်၏ ။ သို့ရာတွင် နှစ်မကူးသေးချေ ။ ဗေဒင်တွက်ရိုးကျမ်း များ၌ ရ၀ိဖုဋဂြိုဟ်စင် နှင့် ရ၀ိမဓျဂြိုဟ်သွမ်း ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြတယ် ။ ဒါကြောင့် မိဿရာသီသို့ ထိုဂြိုဟ်နှစ်မျိုးနှစ်စား ရောက်သော အချိန်ကာလသည်လည်း ကွဲပြားတယ် ။ မိဿရာသီသို့ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ် ၀င်ရောက်ရှိပြီး၍ ၂ရက် ၊ ၄နာရီ ၊ ၄မိနစ် ၊ စက္ကန့် ၄၀ ကြာမှ တနင်္ဂနွေ ရ၀ိမဓျဂြိုဟ်သွမ်း ရောက်ရှိ၏ ။ ထိုကဲ့သို့ ကွာခြားသော နှစ်ရက်ကျော် ကာလသို့ ဝင်သောအခါကျမှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု အသိအမှတ် ပြုကြပြန်တယ် ။ ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြတယ် ။ သင်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ပေါင်းများစွာ ရှိနေပါတယ် ။ ရေသည် မေတ္တာဓာတ်ကို တင်စားတယ် ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသောမေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်တယ် လို့ ပိတောက် ဘွားဘွားက ပြောပြဘူးပါတယ် ။နောက်ပြီး သင်္ကြန်အခါမှာ ရှောင်သင့်တာတွေ ပြောပြတာကိုလဲ ပြန်ကြားယောင်နေမိပြန်တယ်။
*အထူးသဖြင့် ဤသင်္ကြန်အခါတွင် ရှောင်ကြဉ်သင့်
ရှောင်ကြဉ်ထိုက်သည့်ကိစ္စများကိုလည်း သင်္ကြန်တွက်ရိုးကျမ်း များ၌ ဖော်ပြထားတယ်
မြေး.........မဟာသင်္ကြန်စာများကလည်း အကျဉ်းချုပ်၍ တဖန်တင်ပြကြ ပြန်တယ်။
သင်္ကြန်စာများတွင် ဖော်ပြပါရှိသည့် ရှောင်ကြဉ်ရမည့် အချက်တွေကတော့“အိမ်ရာမမှား၊
သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊
သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော
အမှုတို့ဖြစ်ပေသတည်း” သင်္ကြန်တွက်ရိုးများ၌ ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ
သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော
အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြပြီးလျှင်
နှစ်သစ်ဘက်သို့ မင်္ဂလာယူပြီး ကူးပြောင်းနိုင်ကြဖို့ လိုတယ် *
လို့ ဘွားဘွား ရွတ်ပြသံကိုလဲ ကြားယောင်နေမိပြန်တယ် ။ ငရုတ်သီးတွေ ထည့်ထားတဲ့ မုန့်လုံးရေပေါ်ကိုစားမိလို့ သူငယ်ချင်းတွေ ၀ိုင်းရီခဲ့တာတွေ ၊ ညဘက်တွေ သင်္ကြနဲ့တူတူ အကတွေ လိုက်ကြည့်ခဲ့ရသာ့် နေ့ရက်များ ၊နှစ်ဆန်းတစ်ရက်နေ့မှာ ဥပုတ်သီလယူခဲ့ခြင်း အားလုံးကို ပိတောက် အရမ်းလွမ်းတယ်။ သင်္ကြန်ဆိုတာ ဝေါဟာရမှာ အညစ်ကြေးများကို စွန့်ပစ်ပြီး နှစ်သစ်ကို ရွင်လန်းစွာ ကြိုဆိုခြင်းတဲ့လေ ။ ပိတောက်လဲ ဒီနှစ်သင်္ကြန်မှာ အလွမ်းတွေကို စွန့်ပစ်ပြီး လန်းဆန်းခြင်းတွေ နဲ့အတူ အမိမြန်မာပြည်ကို ပြန်ပါမယ် ။
သင်္ကြန်အကြိုနေ့ ...............
ပြန်ဖို့ ရက်ကလဲနီးနေပြီဆိုတာကို သိနေပေမယ့် သင်္ကြန်ေ၇ာက်ပြီဆိုသည့် အသိဝင်လာတာနဲ့ ပိတောက် ငိုချင်လာမိတယ် ။ ပိတောက်ချစ်တဲ့ သင်္ကြန်ဆိုတဲ့ ချစ်သူကိုကော ရေသဘင်ပွဲတော်လေးနဲ့အတူ ပိတောက်ပန်းမွှေးမွှေးလေးတွေကိုပါ အရမ်းလွမ်းနေမိပါတယ် ။
အလွမ်းတွေဖြင့်
ဆွေးမြ့နေချိန် အခန်းဖော်ဆီမှ ဧည့်သည်ရောက်နေတယ်လို့ ပြောလိုက်သံကြောင့်ါ် ပိတောင်
ဧည့်ခန်းဆီသို့ ထွက်လာခဲ့ရတယ် ။ အပြင်ရောက်တော့ ဘယ်သကိုမှ မတွေ့ရ ။ ဟင်! ပိတောက်ကို
နောက်ကြပြန်ပြီ ။ ပိတောက် အခန်းကို
ပြန်ဖို့ လှည့်ထွက်လိုက်စဉ်မှာ ပိတောက်ကိုယ်ပေါ်သို့ အေးမြမွှေးကြိုင်သည့်
ရေစက်ရေပေါက်လေးတွေ ကျလာရောက်လာပါတော့တယ် ။ အံသြ ၀မ်းသာခြင်းတွေနဲ့ အတူ ကျွန်မရင်တွေ အဆမတန် အခုန်မြန်နေခဲ့လေ၏ ။ ရေလောင်းသူကို
မော့ကြည့်ဖို့ မ၀င့်ရဲပါ ။ သူသာ မဟုတ်ခဲ့လျှင်ဆိုတဲ့ အတွေးလေး ကပ်ငြိပါလာချိန်မှာ
မျက်လွှာကို ပင့်ကြည့်ဖို့ ပိုမိုအင်အားမဲ့သွားတယ် ။ ဒီလို သင်္ကြန်ရေအေးလေးတွေနဲ့ ဝေးခဲ့ရတာ
၂နှစ်တောင်ရှိခဲ့လေပြီ ။ ထိုစဉ်နားထဲသို့ အသံလေးတစ်ခု တိုးဝင်လာခဲ့တယ် ။
* ပိတောက် *
*ဟင်.............*
ဆိုတဲ့ အာမေဋိတ်သံနဲ့ အတူ
သင်္ကြန်...........သင်္ကြန်ပါနော်*
*ဟုတ်ပတယ်................ပိတောက်ရယ်.............ကိုလေ ပိတောက်ကို နာကျည်းစိတ်တွေနဲ့ တင်းနေခဲ့ပေမဲ့ ကို ရင်ထဲ မှာ ပိတောက်ကို တစ်ရက်မှ မမေ့နိုင်ခဲ့ပါဘူးကွာ...........ကို အတ္တတွေ ကြီးခဲ့မိတယ်...........နုနယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲက ခံစား၇တာတွေကို ဥပက္ခာ ပြုမိခဲ့တယ်............ကို ကိုခွင့်လွတ်ပါနော် ပိတောက် ...........ပိတောက်ကို ဒီထိလာကြိုတယ်ဆိုတာ ကိုယ့်ရဲ့ ဥက္ခာတွေကြောင့် ပိတောက် ကိုယ်ကို နာကျည်းနေမှာစိုးလို့ပါ....................ပိတောက်ကို ကိုယ်အရမ်းချစ်တယ်..........အရမ်းလည်းလွမ်းတယ် ပိတောင်ရယ်........*
*ပိတောက် သင်္ကြန်ကို အရမ်းသတိရတယ်................စိတ်တော့နာမိတယ်............ပိတောက် ဒီလောက် တောင်ပန်နေတာကို ခွင့်မလွတ်နိုင်အောင် ရက်စက်လို့လေ..........ဒါပေမယ့် သင်္ကြန်ကို ချစ်မိခဲ့တဲ့ အချစ်ကတော့ ပိတောက်ရင်ထဲက ပျောက်ပျက်မသွားပါဘူး သင်္ကြန်ပွဲတော်နဲ့ ပိတောက်ပန်းဆိုတာ ခွဲခြားလို့ မရနိုင်သလို............
သင်္ကြန်ဆိုတဲ့ကောင်လေးနဲ့ ပိတောက်ဆိုတဲ့ ကောင်မလေး ကလည်း ခွဲခွာလို့မရတဲ့ ဘ၀လက်တွဲဖော် ချစ်သူတွေပါဘဲ သင်္ကြန်ရယ်...........*
*** ခိုင်လေး ( ရွှေတောင် )
***
2011ခုနှစ် ၊ ဧပြီလ
မြန်မာပြည်မှာ ရှိစဉ်က
ရေးခဲ့သော ၀ထ္ထုတိုလေးပါ။
No comments:
Post a Comment