အွန်လိုင်းဆိုတာကို ခိုင်လေး 2010 ဒီဇင်ဘာမှာ မေမေက အင်တာနက်ဆိုင် ဖွင့်တယ်ဆိုမှ စတင်အသုံးပြုဘူးတာပါ.........
စစချင်း ခိုင်လေး ချက်တင်ထိုင်တဲ့အချိန် လူပေါင်းစုံ စရိုက်ပေါင်းစုံကို တွေ့ခဲ့သိခဲ့ရပါတယ်ရှင်............တကယ်တော့ အကြောင်းရာတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဒွန်တွဲနေတတ်တယ်လေ.........အကောင်းဆိုတာကို ဆွဲယူနိုင်သလိုအဆိုးတွေ ဆိုတွေ လဲလွင့်ပြစ်သင့်
တယ်လို့ ခိုင်လေး ထင်မိတယ်........ဒါပေမယ့် ခက်တာက လူုတွေက မှားတာချည်းကို
အမှန်တခုလို မြတ်နိုးခုံမင်နေတယ်လေ...........မှား နေမှန်းသိနေရက်နဲ့ ဇွတ်ဖက်သွယ်ထားကြတယ်.......
အွန်လိုင်းဆိုတာကို ကောင်းသော အကျိုးရှိခြင်းတွေနဲ့ အသုံးချတတ်မယ်ဆို............တိုးတက် စရာတွေ အများကြီးပါ
ဥပမာပေါ့နော် ဝေးလံ တဲ့နေရာဒေသပေါင်းစုံက မိတ်ဆွေ ပေါင်းစုံကိုလဲ ရနိုင်တယ်.......မိတ်ဆွေဆိုတာ ပေါင်းတတ်ရင် တကယ်
အကျိုးရှိပါတယ်......တချိန်ချိန်မှာ လုပ်ငန်းဆက်စပ်မှုတွေ ရှိလာတယ်ဆို........တစ်ဦးနဲ့တစ်ဦး အကူညီတွေ ရနိုင်ပါတယ်...........ဒါပေမယ့် ခုတော့ လိုင်းပေါ်တက်မယ်ဆို ကျူမယ် အီမယ်ဆိုတာတွေ ချည်းဘဲ များလာတယ်လေ.......
အိမ်ထောင်သည်တွေလဲ မိသားစုနဲ့ ဝေးတာနဲ့ သစ္စာတရားဆိုတာကို စာအုပ်ထဲမှာဘဲ ထားပြီး လုပ်ချင်တာတွေ လုပ်ကြတယ်.......
ဘာအဓိပ္ပ္ပာယ်မှ မရှိတဲ့ ကျူတာတွေ လုပ်ကျတယ်လေ.........ခပ်လည်လည် မိန်းမတွေနဲ့ တွေ့တော့ ပါကောလေ.........ချေးပါ သနားအောင်ပြောတော့ ပါကုန်ကောလေ.........ခိုင်လေးက အင်တာနက်ဆိုင်ဖွင့်ထားတယ်လေ.......အလွတ်ပြောနေတာမဟုတ်ပါဘူးနော်.......တချို့ကောင်မလေးတွေဆို အွန်လိုင်းကို
စီးပွားတစ်ခုလိုကို လုပ်နေကျတာရှင့်.................အကောင့်ထဲကနေ ကျူတယ်..........ငွေတွေ ပို့ခိုင်းတယ်လေ..........ကောင်လေး
တွေလဲ ဒီလိုဘဲ တဖက်ကတော့ ဖီလင်အပြည့်နဲ့ပြောနေ ဒီဘက်ကတော့ အုပ်စုလိုက် တယောက်ပြီးတယောက် ၀င်ရိုက်နေတာကို မသိကြဘူး...........နောက်တခုက အိမ်ထောင်တွေ ယောကျာင်္းမိန်းမတွေ ချက်တင်ထိုင်တာ အန္တာရယ်ကို ဖိတ်ခေါ်နေသလိုပါဘဲ
ချက်တင်ဆိုတာ ကိုယ်မိသားစုနဲ့ ပြောတာ မိတ်ဆွေတွေ ပြောတာကို မပြောလိုပါဘူးနော်............ကျူနေတာတွေကို အရမ်းအမြင်ကတ်တာဘဲ.........ခိုင်လေး ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာ မဟုတ်ပါဘူးနော်.......မြင်ရတာတွေ........
ကြားနေရတာတွေကို အသည်းနာလို့ပါ..........တခါတခါ ဆို ဆိုင်တောင် မထိုင်ချင်ဘူး.............လူတွေကို တွေ့၇ မြင်၇တာ စိတ်ကုန်လို့
ခိုင်လေး တခါတလေဆို တွေးမိတယ် ငါများခေတ်နောက်ပြန်နေလားပေါ့..........ခိုင်လေးကတော့ တည်ဆောက်ထားတဲ့ မိသားစုဘ၀လေးတွေကို တန်ဖိုးထားစေချင်တယ်ရှင်........အသစ်အသစ်တွေကို ဘယ်လောက်ရှာဖွေနေနေ ကျန်ခဲ့တဲ့အရာတွေက
ပိုကောင်းနေတတ်တယ်ဆိုတာ မသိကျပါဘူးလေ........မိသားစု အတွက် ရေမြေခြားမှာ ငွေရှာနေကျတာလေ.......ဘာလို့ ရည်၇ွယ်ချက်တွေ ပျောက်ကုန်ရတာလဲနော်.........ခိုင်လေးကတော့ ခိုင်လေးနဲ့သိတဲ့ အကိုတွေ မောင်တွေ အိမ်ထောင်ရှိတဲ့သူတွေဆို အကုန် ပြောတာ မရဘူး...........မုန်းလို့ ဘလော့လဲ အရေးမစိုက်ဘူး......တည်ဆောက်ထားတဲ့ မိသားစုလေးတွေကို ဘယ်လိုအကြောင်းနဲ့မှ မပြိုကွဲစေချာတာ ရင်ထဲကလာတဲ့ စေတနာပါနော်.........သူငယ်ချင်းတယောက်က ပြောတယ်.......သူပြောကာစက ကြားကြားချင်းတော့ စိတ်တောင် တိုသွားမိတယ်.........နင်အကောင့် ရှိလားလို့ မေးမိတော့
အွန်လိုင်းမထိုင်ဘူးတဲ့ .........အလကား ယောကျာင်္းရှာ မိန်းမရှာနေတာတဲ့လေ........ခုတော့ သူပြောတာတောင် ဟုတ်သလို ဖြစ်နေတယ်လေ...........ပြောကြသေးတယ် ပင်ပမ်းလို့ စိတ်အပန်းဖြေတာတဲ့.......လက်တောင်ညောင်းသေးတယ်လို့ ပြောလိုက်ချင်တယ်..........တကယ် အကျိုးရှိတဲ့မေးတွေ ဖတ်မယ် .........နည်းပညာတွေ လေ့လာမယ်ဆို ပိုမကောင်းဘူးလားနော်
လူလွတ်တွေကိုတော့ မပြောလိုပါဘူးနော်.........ကြီးကောင် ကြီးမားတွေနဲ့ မိုက်လုံးကြီးနေကျတဲ့သူတွေလဲ ရှိသေးတယ်လေ........
ပုတီကိုင်ရမဲ့ အရွယ်မှာ ပုတီးမကိုင် ကီးဘုတ်တွေ ကိုင်ပြီး အချစ်ဆိုတဲ့ စကားလုံးကို အလွဲသုံးစားလုပ်ပြီး ကိုရောဂါ ကိုရှာနေတဲ့
ကိုကို မမတွေလဲ ဖြစ်ချင်တာတွေကို အသိဆိုတဲ့ သတိလေးထိန်းပြီး စောင့်ထိန်းသင့်နေပါပြီ.........ပျော်ရတာ ရှင်တို့ နှစ်ဦးထဲပါ
မိသားစုတစ်စုရဲ့ မျက်ရည်တွေကို ပြန်လှည့်မြင်ပေးပါအုံး.............ချူစားလိမ်းစားနေကျတဲ့ ညီမတွေလဲ ကိုယ်ကို ရှက်သင့်နေပါပြီ
တချို့များဆို လင်မယားတွေ ပေါင်းပြီးတောင် လုပ်စားကျတယ်ရှင် တကယ်ရှိတာနော်....အွန်လိုင်းပေါ်မှာ မိန်းမကို အပျိုလို ကျူခိုင်း
ငွေတွေ ချေးခိုင်းတယ်.........အလို့ နှာဘူးကျလို့ ခံရပေမယ့် ခံရတဲ့ သူတွေ အနေနဲ့လဲ သူများနိုင်မှာ အပင်ပမ်းခံ ရှာထားကြရတာတွေပါ
တစ်ဦးနဲ့ တစ်ဦး ကိုယ်ချင်းတရားတွေနဲ့ ဆက်ဆံကြည့်သင့်ပါတယ်ရှင်..................ဒီဘလော့လေးကို ရေးမိတာက ကြားရ မြင်ရတာတွေကို အသည်းနာလွန်း2လို့ပါနော်.........
.............အကိုတယောက်
တောင်ကြီးက ဌာနဆိုင်ရာတခုက ၀န်ထမ်းအိမ်ထောင်ရှိတဲ့ မမတယောက်က ငွေတွေ
ညာချေးသွားတယ်လေ..........အပျိုပုံစံနဲ့ ချစ်သူတွေ ပုံစံနဲ့လေ
.............နောက်
အမ တယောက်က အိမ်ထောင်ရှိတဲ့ လူတစ်ယောက်ကိုမှ တကယ်ချစ်တယ်တဲ့
.........ချစ်လဲ ရအောင် ထိန်းရမှာပေါ့.......မဖြစ်သင့်တာကို အသိက
မထိန်းနိုင်ရအောင်
ဆယ်ကျော်သက်လေးလဲ
မဟုတ်ဘဲရှင်.........အွန်လိုင်းမှာ တွေ့တယ် ...ဟိုကလဲ
အိမ်ထောင်ရှိတယ်ဆိုတာ ပြောပြတယ် သိနေရက်နဲ့ မိုက်လွန်းတယ်.......
ပြီးရင် သူက ခိုင်လေးကို ပြန်ပြောပြတယ်.........သူရီမောနေနိုင်ပေမယ့် ကောင်မလေးတွေကို ခိုင်လေး သနားနေမိတယ်................
ပြောမယ်ဆို မကုန်နိုင်ပါဘူးရှင်.........နောက် ကောင်လေးတယောက်နဲ့ ကောင်မလေးတယောက် တွေ့ကြတယ်....ကောင်မလေးက
အိမ်ထောင်ရှိတယ် .......အိမ်ထောင်အဆင်မပြေလို့တဲ့ ကောင်လေးနဲ့တွေ့တယ်တဲ့........ကောင်လေးကို စွဲလန်းပြီး လက်ရှိအိမ်ထောင်ကို
ပြန်အဆင်ပြေအောင်
မကြိုးစားတော့ဘဲ .....ကွာရှင်းဖို့ ခုဆို လုပ်နေပြီ........ပြုပြင်လို့
ရတဲ့အိမ်ထောင်ရေးတွေ ရှိသလို လုံးဝပြုပြင်မရလို့ လမ်းခွဲတာတွေလဲ
ရှိပါတယ်.........ခုက တကယ်ပြုပြင်မယ်ဆိုရပါရဲ့နဲ့ အွန်လိုင်းက
ကောင်လေးကြောင့် ကောင်မေလး အပြီးလမ်းခွဲဖို့အထိ
ဆုံးဖြတ်လိုက်တယ်လေ.................တကယ်ကို စိတ်မကောင်းစရာ
ဖြစ်ရပ်တွေပါ.........
ဒီဘလော့လေးကို ဖတ်ပြီးပြန်လာမဲ့ ဝေဖန်မှု အမျိုးမျိုးကို ခိုင်လေး ခံနိုင်ရည်ရှိပါတယ် ........အွန်လိုင်း ဆိုတာကို ကောင်းတဲ့ဘက်ကနေ အကျိုးရှိစွာ အသုံချတတ်စေချင်တဲ့ စေတာနာသတ်သတ်နဲ့ တင်ပြလိုက်ရခြင်းပါဘဲ
ဘယ်သူကိုမှ ပုတ်ခတ် ထိခိုင်တာမဟုတ်ပါဘူးနော်...........ချစ်သူတွေ ......လင်မယားတွေ .......မိတ်ဆွေတွေ ကူညီ အားပေးတာ
ပြောဆိုတာတွေကို မပြောလိုပါဘူးနော်...........အလကား အပျော်ကျူနေတာတွေ...........စီးပွားတစ်ခုလို လုပ်စားနေတဲ့သူတွေ
အချစ်ဆိုတဲ့ ခေါင်းစဉ်င်္ကြီးကြီးတပ်ပြီး ဖောက်ပြန်နေတဲ့ သူတွေကိုဘဲ အသိတရားလေးတစ်ခု ၀င်စေချင်တာပါဘဲ.........
အားလုံး အမှန်တရားတွေကို တွေးတတ် မြင်တတ်ပါစေရှင်
No comments:
Post a Comment