အရမ်းခါးသီးစေပါတယ် မောင်.............ရေမြေခြားမှာ တစ်ယောက်နဲ့ တစ်ယောက် အဝေးကြီးမှာနေရတဲ့ ကေနဲ့မောင် တို့ နှစ်ယောက် ဆုံတွေ့ ခွင့်ရမဲ့ နောက် လေးနှစ်ဆိုတာ ကြီးကို ကေ ဘယ်လိုများကျော်ဖြတ်ရမလဲမောင်ရယ်............ဒီပုံလေးထဲကလို ခံစားရင်း စောင့်နေမယ်နော်...................
ဒီလိုတွေ ပြောနေရင် မောင်က ထင်မယ်နော်..............စိတ်ကူးယဉ်တယ်လို့လေ.........ကေ ကစာရေးနေတဲ့ သူဆိုတော့ စိတ်ကူးယဉ်တာထက် ခံစားမှုတွေကို အလေးနက်ခံစားတတ်တာပါမောင်..........မောင် ကို ကေချစ်တဲ့ အချစ်တွေကို လေးနက်စွာ ခံစားမိတာပါရှင်......................ဒီလိုလေးဆုံချင်နေပြီ မောင်............
မနက်က စောစောထတယ်...........သနပ်ခါးလိမ်းတယ်...................
နှစ်ဆန်း တစ်ရက်နေ့ကိုလဲ ဒီလိုလေး မောင်နဲ့ တူတူ ဘုရားသွားချင်တယ် မောင်
ဟူး..........မောပါတယ် မောင်ရယ်...........ခုတော့ မောင် ကို ချစ်တဲ့ ............. လွမ်းတဲ့ စိတ်တွေ နဲ့ ဒီလိုလေး လွမ်းနေတယ် မောင် ရယ်..............
မထင်တဲ့ အကြင်နာတွေ အပြန်အလှန်ဝေမျှရင်း
သူငါကို ဘေးဖယ်ပြီး
ကိုယ့်အတွေးနဲ့ကိုယ် အိမ်တစ်ခု တည်ဆောက်ခဲ့ကြတယ်။
ကံကြမ္မာက မျက်နှာသာမပေးဘူး ချစ်သူ
ဘယ်လောက်ဘဲ ရင်ထဲမှာ ရှိနေကြပါစေတော့
သူ့မှာက ကိုယ်ပိုင်လမ်းနဲ့ ကိုယ့်မှာက ရွက်လှေပျက်တစ်စီး
ဘယ်လိုအတွေးနဲ့မှ လေထဲ အိမ်မဆောက်နိုင်ဘဲ
မျက်ရည်ထဲ ပက်လက် ရေကူးရပြန်တယ်။
ဝေးကြရအုံးမယ် ချစ်သူ
သူငါကို ဘေးဖယ်ပြီး
ကိုယ့်အတွေးနဲ့ကိုယ် အိမ်တစ်ခု တည်ဆောက်ခဲ့ကြတယ်။
ကံကြမ္မာက မျက်နှာသာမပေးဘူး ချစ်သူ
ဘယ်လောက်ဘဲ ရင်ထဲမှာ ရှိနေကြပါစေတော့
သူ့မှာက ကိုယ်ပိုင်လမ်းနဲ့ ကိုယ့်မှာက ရွက်လှေပျက်တစ်စီး
ဘယ်လိုအတွေးနဲ့မှ လေထဲ အိမ်မဆောက်နိုင်ဘဲ
မျက်ရည်ထဲ ပက်လက် ရေကူးရပြန်တယ်။
ဝေးကြရအုံးမယ် ချစ်သူ
အနှောင့်ယှက်တစ်ခုခု ဖြစ်ခဲ့မယ်ဆို တောင်းပန်ပါတယ်နော်............
No comments:
Post a Comment