Thursday, February 16, 2012

အချစ်...အလွမ်း...နားလည်မှု

အချစ်

အချစ်ဆိုတာ ဘာလဲ လိုမေးတတ်ကြတယ်နော်..........အချစ် ဆိုတာ တကယ်တော့ အချစ်ပါဘဲ ရှင်
အချစ်မှာ သီအိုရီ မရှိဘူး..........ဖွင့်ဆိုချက်မရှိဘူး........သတ်မှတ် ပြဌာန်းချက်ဆိုတာတွေ မရှိဘူး
အချစ် ဆိုတာ စကားလုံးနှစ်လုံးထဲပေမယ့် ........တကယ်ချစ်လာရင် အရာရာကို ခွင့်လွတ်နိုင်တဲ့အထိ ချစ်တတ်ကြပါတယ်
 
အလွမ်း
လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ အလွမ်းဆိုတဲ့ ဝေါဟာရတစ်ခုက အချစ်နဲ့ တွဲပြီး ပါလာတတ်တော့တာပါဘဲ
အလွမ်းဆိုတာ စကားလုံးနှစ်လုံးထဲ ဆိုပေမယ့် တကယ် လွမ်းရတဲ့အခါ သေလောက်အောင် နာကျင်ခံစားရပါတယ်
ချစ်သူတိုင်း အလွမ်းဆိုတာကို ခံစားဖူးကြမှာပါ.....ဒါပေမယ့် ခါးသီးဖွယ်ကောင်းတဲ့ အလွမ်းနဲ့ ချိုမိန်ခြင်းအလွမ်း နှစ်မျိုးတော့ရှိတယ် ရှင့် ........
ခါးသီးခြင်းအလွမ်းဆိုတာက တစ်သက်စာ ဝေးရတဲ့ ချစ်သူတွေ လွမ်းရတဲ့ အလွမ်းမျိုးပေါ့
ချိုမိန်ခြင်းအလွမ်းဆိုတာက ခဏတာလေး ခွဲခွာရတဲ့ ချစ်သူတွေ လွမ်းတဲ့ လွမ်းခြင်းလေးပါ
ချစ်သူတိုင်း ချိုမိန်ခြင်းအလွမ်းတွေနဲ့ ဘဲ *လွမ်းခြင်းရသ *ကို ခံစားနိုင်ကြပါစေ ရှင်။
နားလည်မှု
ချစ်ပြီဆိုတာနဲ့ လွမ်းရသလို ချစ်သူတွေကြား လိုအပ်တဲ့ အရေးကြီးတဲ့ အချက်လေးတစ်ချက်လဲ
ရှိနေပါသေးတယ်ရှင်........ဒါကတော့ နားလည်မှု ဆိုတဲ့ စကားလုံးလှလှလေး တစ်ခုပါဘဲ......စကားလုံးလေးက သုံးလုံးထဲပေမယ့် အဓိပ္ပာယ်က ကျယ်ပြန့်တယ်.....ဒီစကားလုံး
လေးကို အလေးထားတန်ဖိုးထားမယ်ဆို သာယာပျော်ရွင်ဖွယ် ဘ၀ခရီးလမ်းတွေကို အကောင်းဆုံး
လက်တွဲ လျှောက်လှမ်းနိုင်ကြမယ် လို့ ခိုင်လေးကတော့ အကျွမ်းမဲ့ ယုံကြည်မိပါတယ်ရှင်
ခုရက်တွေမှာ ခိုင်လေး အလုပ်တွေကလဲ ရှုပ် ခ၇ီးတွေလဲ ဆက်တိုက်သွားနေရလို့
စာတွေ မရေးဖြစ်ပါဘူး...ဒီနေ့တော့ စိတ်ကူးလေးရတာနဲ့ ဒီဘလော့လေးကို
ကိုယ်တိုင်ခံစား ရေးသားလိုက်ပါတယ်ရှင်

No comments:

Post a Comment