Thursday, February 16, 2012

မိဘတွေ ခံစားချက် ကိုနားလည်နိုင်ကြပါစေ

ဒီနေ့ မနက်အစောကြီး သားလေးနဲ့သမီးလေးကို ခေါ်ပြီး မေမေလှူထားတဲ့ နိဗ်ဗန်ချော့ခေါ် စေတီတော်မြတ်ကို ရောက်ခဲ့တယ်။
မေမေလှူထားတဲ့ စေတီကိုမှ ရွေးသွားမိတဲ့ အကြောင်း ခိုင်လေးမှာ ခိုင်လုံစွာ ရှိနေပါတယ်။ ဘာလို့လဲဆိုတာကို ဒီပို့(စ်)လေး ဆုံးသွားရင်
စာဖတ်သူတွေ သဘောပေါက်နားလည်သွားပါလိမ့်မယ်ရှင်။ မနက်5နာရီထဲက ခိုင်လေးနိုးနေခဲ့ပါတယ်။။။။။ ညကတညလုံး ကောင်းကောင်း  အိပ်မပျော်ခဲ့ဘူး။။။။။။။
***********************************************************************
ခိုင်လေး ဖေဖေနဲ့ မေမေ တောင်ကြီးကို ခရီးသွားနေကြပါတယ်လေ.........မနေ့ကတော့ ရန်ကုန်ပြန်ေ၇ာက်နေပြီလို့
မေမေဆီက ဖုန်းလာတယ်..........မေမေ ဖုန်းဆက်တဲ့ အချိန်မှာ ခိုင်လေး အပြင်ခဏသွားနေလို့ မပြောလိုက်ရဘူးရှင့်။။။။။။။။အိမ်ကညီမတွေက အန်တီနေမကောင်းလို့ ရန်ကုန်မှာ ဆေးခန်းပြမလို့ မပြန်သေးဘူးလို့ ပြန်ပြောတော့
ခိုင်လေးစိတ်ထဲ ပူသွားမိတယ်။ခိုင်လေးက အိမ်မှာဆို တစ်ယောက်ထဲနေတာများပါတယ်။။။။။။။။။မိဘတွေနဲ့လဲ တနေ့လုံး စကားပြောချင်မှ ပြောဖြစ်တဲ့ သူမျိုးပါ။။။။။။။ဒါငယ်ငယ်ထဲက ခိုင်လေးနေနေကျ ပုံစံတစ်ခုပါဘဲ။။။။။မနေ့ကတော့ မေမေနေမကောင်းလို့
ဆိုတာကို ကြားလိုက်ရတော့ စိတ်ထဲမှာ တမျိုးဖြစ်သွားတယ်..........မေမေက နေမကောင်းလဲဖြစ်ခဲသူပါ.......မေမေ က သူနေမကောင်းတောင် ဘယ်သူမှ မသိအာင်နေတဲ့ သူမျိုးပေါ့။။။။။။။။။။။။။။သိသိချင်းချင်း လက်တွေ က မေမေဖုန်းကို ခေါ်မိသွားတယ်..........မိဘတွေ ခရီးသွားတိုင်း
ခိုင်လေးက ဘယ်တော့မှ ဖုန်းမဆက်ဘူးပါဘူး.။။။။။။။။။မနေ့က ခိုင်လေး အသံကြားတော့ မေမေ တော်တော်အံ့သြနေတယ်ရှင့်။။။။။။။။
သမီးဘာပြောမလို့လဲတဲ့ လေ။။။။။။။။။ မေမေ နေမကောင်းလို့ဆို ဘာဖြစ်တာလဲဟင်လို့..........မေးလိုက်ရင်ဘဲ မေမေအသံ ခဏတိတ်သွားတယ်.........ခိုင်လေးအထင် မေမေ အံ့သြသွားတယ်ထင်ပါတယ်...........ခဏနေတော့ မေမေဆီက အသံလေးကို ပြန်ကြား၇တယ်....မေမေ အသံတွေ တုန်နေတယ်...မေမေ ချော်လဲလို့ ဒူးတော်တော် ရောင်နေလို့ပါသမီးတဲ့လေ။
သမီးဘာမှာချင်လို့လဲ ဘာဝယ်ခဲ့ရမလဲဟင်.....တဲ့လေ........ဟာ မှာစရာမရှိပါဘူး မေမေ .......မေမေနေမကောင်းဘူးဆိုလို့
ဆက်လိုက်တာပါလို့ပြောပြီး ဖုန်းချလိုက်ပါတယ်...........ခိုင်လေး ဖုန်းဆက်လိုက်တာ ကြာလှ 5မိနစ်ပေါ့ရှင်.....ဒါပေမယ့်
ခိုင်လေးကို တညလုံး တွေးစရာတွေ ဖြစ်စေခဲ့ပါတယ်။
။။။။။။။။။ဖုန်းထဲက ကြားလိုက်ရတဲ့ မေမေ အံ့သြသံလေးမှာ ကြည်နူးမှုတွေ ပါနေတယ်။။။။။။။။။။။။
............ခိုင်လေး ခုဆို အသက် 30ပြည့်ပြီး 31ထဲကိုရောက်နေပါပြီ.....မိဘတွေ အပေါ် ဘာတွေ တာဝန်ကျေခဲ့ဘူးလဲ။
တစ်အိမ်ထဲနေနေတာတောင် တစ်နေ့နေလို့ မျက်နှာချင်းမဆိုင်မိတဲ့ နေ့တွေ ရှိနေတတ်ပါတယ်။။။။။။။မေမေ မျှော်နေမှာဘဲ နော်။
မေမေ စကားပြောချင်မှာဘဲ။။။။။။။။။ခိုင်လေးတို့ ညီမ 3ယောက်ရှိပါတယ်။။။။။။။အားလုံးက အိမ်ထောင်တွေ ရှိနေတော့ မမကြီးက ရန်ကုန်မှာ.........ညီမလေးကလဲ သူအမျိုးသားတာဝန်ကျတဲ့ နေရာမှာ လိုက်နေပါတယ်....ခိုင်လေးတစ်ယောက်ဘဲ မေမေတို့နဲ့ တူတူနေပါတယ်။။။။။။။။အတူတူနေတဲ့ ခိုင်လေးကလဲ ဖာသာလ၀ါနေတတ်တဲ့သူဆိုတော့ သားသမီးတွေရဲ့ နွေးထွေး ချွဲနွဲ့မှုကို
သူတို့လိုချင်နေမှာဘဲလို့ တွေးမိလာတယ်။။။။။။။
**************************************************************
 ။နောက်တစ်ခု မိဘအမွေဆိုတာ ဘယ်လိုဆက်ခံချင်တာလဲ ဆိုတာလေးကိုပါ တဆက်တည်းတွေးမိလာတယ်။။။။။။။။။။ခိုင်လေးတို့ဆို ဖေဖေနဲ့ မေမေက မသေသေးမှီကဘဲ အားလုံးကို အညီမျှ အမွေးခွဲပေးပြီးပါပြီ
မိဘအမွေဆိုတာကို ကျွန်မတို့တွေ ပိုင်ဆိုင်မှုတွေဘဲ ဆက်ခံရမယ်လို့ ခံယူမိထားနေသလားလို့ တွေးမိ ဆင်ခြင်မိတယ်။။။။။။။။။။။
မိဘဆီက ဆက်ခံစရာတွေ အများကြီး ရှိနေပါသေးတယ်။။။။။။။။မိဘတွေ ထူထောင်ထားတဲ့ လုပ်ငန်းတွေ နာမည်တွေ အရှိအ၀ါတွေ
ခိုင်လေးတို့တွေ ဆက်လက်ထိန်းသိမ်းနိုင်ရပါ့မယ်။။။။။။။။။အရေးကြီးဆုံးကတော့ မိဘတွေ လှူခဲ့တဲ့ အလှူတွေ ကို ပြုပြင်နိုင်ရပါ့မယ်။
ခိုင်လေး မေမေဆို အရမ်းကို အလှူတန်းဝါသနာပါပါတယ်။။။။။။။။။မေမေ တည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုးတွေ အများကြီးပါဘဲ။
တချိန်မှာ ဒါတွေက ပျက်စီးလာအုံမှာဘဲ.........ဒီလို ဟောင်းလာမယ် ပျက်စီးလာမယ်ဆို ဒီစေတီပုထိုးတွေကို ရွှေသင်္ကန်းမပြောနဲ့
ထုံးသင်္ကန်းလေးတောင် ခိုင်လေးတို့ မကပ်နိုင်ခဲ့ဘူးဆိုရင်.........အရမ်းကို ၀မ်းနည်းစရာကောင်းမိမှာပါရှင်။။။။။။။။ဘ၀ပေးကံတွေ မတူတာကို ခိုင်လေးသိပါတယ်။။။။။။။။ဒါပေမယ့် မိဘတွေအတွက် တာဝန်ကျေချင်မိလာတယ်။။။။။။။။။မိဘတွေကလဲ ဒီလို
သိတတ်မှုတွေကို ဖွင့်မပြောပေမယ့် မျှော်လင့်မိနေမှာပါဘဲ...........
****************************************************************************
.စင်ကာပူ မလေးရှား နိုင်ငံတွေကိုလဲ မေမေထက် အဆပေါင်းများစွာ ချမ်းသာနေတဲ့ သူတွေနဲ့ တန်းတူ သွားခွင့် တက်ခွင့်ရတဲ့အထိကြိုး......ခိုင်လေး ဖေဖေဆို 10တန်းကို (ခ)နဲ့ အောင်တယ်....မေမေဆို 9တန်းဘဲအောင်ခဲ့ပါတယ်...........ဒါပေမယ့် ခိုင်လေးတို့ ညီမ 3ယောက်ကို ပညာတတ်ဘွဲ့ရအောင် ပျိုးထောင်နိုင်ခဲ့ပါတယ်။
ခိုင်လေးတို့မြို့မှာဆို လူ100မှာ 80လူသိများတဲ့ အရှိန်ဝါတစ်ခုနဲ့ ရပ်တည်နိုင်အောင် သာမာန်လူတန်းစားဘ၀ကနေ ကြိုးစားပေးခဲ့တယ်။
ခိုင်လေးတို့မှာ မိဘတွေထက်သာတဲ့ ပညာအရည်ချင်း တွေရှိနေရက်နဲ့ မိဘထက်တော်တဲ့ သမီးဘာလို့မဖြစ်နိုင်တာလဲ.....အရည်ချင်းလိုအပ်နေတာပါ.............ပညာတွေ
ဘယ်လောက်တတ်နေတတ်နေ.....စီးပွားရေးအမြင်

ထက်မြက်တဲ့ အရည်ချင်း
..........ပေါင်းသင်းဆက်ဆံ ရေးဆိုတဲ့ အခြေခံတွေ မရှိရင်
အလကားပါဘဲရှင်။။။။။။။မေမေဆို နိုင်ငံတော်က လွတ်တဲ့ စီးပွားရေးတွေ့ဆုံပွဲတွေ
အစည်းတွေတက်ဖို့ ဂျပန် ၊ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊တရုတ် ၊အိန္ဒိယ စသည့် နိုင်ငံတွေကိုသွား

ခွင့်ရခဲ့ပါတယ်.........ခိုင်လေး ကြွားပြောနေတာမဟုတ်ဘူးနော်.........တွေးတော နိုင်အောင်ပြောပြတာပါ။။။။။။။။။။ခိုင်လေး ညကလေ တစ်ညလုံး နီးပါးအိပ်မရအောင် အတွေးတွေ နယ်ချဲ့နေမိပါတယ်။ 9တန်းအောင် ပညာအရည်းချင်းအဆင့်ဘဲ ရှိပေမယ့် ဒေသကောလိပ်မှာ
အထည်အလိတ်ဆိုင်ရာပညာရပ်မှာ ပတ်တိုင်းဆရာမလဲ ဖြစ်ခဲ့ပါတယ်။။။။။ပြည်တက္ကသိုလ် ဆရာကန်တော့ပွဲမှာ ကန်တော့ခံ ဆရာစာရင်း
မှာလဲ ပါခွင့်ရခဲ့ပါတယ်။။။။။။။။ဒီတော့ ပညာအရည်ချင်းရှိနေတဲ့ ခိုင်လေးတို့ သားသမီးတွေက မိဘထက်တော်သူ တတ်သူတွေ ပိုလို့တောင် ဖြစ်သင့်ပါသေးတယ်ရှင်။။။။။။။။။။။။။
**********************************************************************
။။။။။။။။။။နောက်ဆုံး အဆုံးသတ်မှာတော့  အချက် 3ချက်ကို တိတိကျကျ အဖြေထွက်လာတယ်ရှင့်။။။။။။။။။။။။။။။
နံပတ်(1) က.........မိဘအမွေဆိုတာ ပစ္စည်းဥစ္စာတွေတင်မကဘဲ မိဘတွေ လှူဒါန်းထားတဲ့ ဒါမျိုးစေ့တွေကိုပါ ဆက်လက်ရှင်သန်အောင်
အတတ်နိုင်ဆုံး ခိုင်လေးတို့တွေ ကြိုးစားသင့်တယ်။။။
နံပတ်(2)က........မိဘဆိုတာ မပြောပေမယ့် သူတို့တွေရင်ထဲမှာ ခိုင်လေးတို့ သားသမီးတွေရဲ့ ကြင်နာဂရုစိုက်မှုတွေကို
လိုချင်တောင်းတနေတတ်ကြပါတယ်ရှင်.......ခိုင်လေးတို့ တွေ အရမ်းနေမကောင်းဖြစ်နေချိန်တွေမှာ မိဘရင်ခွင်ကို တမ်းတမိကြတာ
ဘဲလေ။ မိဘတွေလဲ တောင်းတကြတာပေါ့။
နံပတ်(3)က.....ဘ၀မှာ ပညာတွေ ဘယ်လောက်ထိ တတ်နေတတ်နေ ..စီးပွားရေးအမြင် ၊ ထက်မြက်တဲ့ အရည်ချင်း ..........ပေါင်းသင်းဆက်ဆံ ရေးဆိုတဲ့ အခြေခံတွေ အချက်3ချက်ဟာ အရေးကြီးတယ်လို့ တွေးမိလိုက်ပါတယ်။
******************************************************************************
သားလေးနဲ့ သမီးလေးကို ခေါ်ပြီး ဘုရားကို သွားခဲ့ပါတယ်။။။။။။။မေမေ လှူဒါန်းပြုပြင်ထားတဲ့ မေမေဘ၀ရဲပမှတ်တိုင်စေတီတော်မြတ်ကြီးလဲ ဖြစ်ပါတယ်။။။။။။။။ဘုရားမှာ သားမိ3ယောက် ဘုရားရှိခိုးတယ်။
နောက်ပြီး ဒီဘ၀မှာ ကံအကြောင်းမလှလို့ တစ်ကွဲတပြားဆီ နေခဲ့ရတဲ့ ပြိုင်ကွဲတဲ့ မိသားစုလေးမှာ လူဖြစ်ခဲ့ရတဲ့ သားလေးနဲ့ သမီးလေးကို
နောက်ဖြစ်လေရာ ဘ၀တိုင်းမှာ မိဆုံဖဆုံနဲ့ အိုအောင်မင်းအောင်နေရပါစေလို့ ဆုတောင်းခိုင်းတယ်။။။။။။။ခိုင်လေးရယ် သားလေးရယ်
သမီးလေးရယ် ဘ၀လေးထဲကို မိသားစုဆန်စွာ စိတ်ထားနိုင်မယ့် သူမျိုးဘဲဝင်လာစေချင်တယ်...မိသားစုစိတ်ထားပေးမယ့်သူဘဲ ဖြစ်ပါစေလို့ ထပ်ဆင့်ဆုတောင်းမိပါတယ်။။။။။။။ဘုရား ၇င်ပြင်တော်ကြီးက
အကျယ်ကြီးလေ........သားမိတွေ အေးအေးဆေးဆေး ဘုရားဖူးမျှော်ရင် ညကခိုင်လေးတွေးမိတဲ့ အကြောင်းအရာလေးတွေကို
သားလေးနဲ့ သမီးလေးကို ပုံပြင်လေးလုပ်ပြီး သေချာပြောပြမိတယ်..........ဒီမှာ သားလေးက ခိုင်လေးကို ပြန်မေးတယ်ရှင့်
မေမေ ကော ခုနပြောတဲ့ 3ချက်ကို ဖြစ်ပြီးလားတဲ့ .........စွံ့အသွားမိတယ်.........ဖြစ်အောင်ကြိုးစားရမှာပေါ့ သားရယ်လို့ ပြန်ဖြေလိုက်မိပါတယ်။။။။။။။။။။မေမေလို အရွယ်မှာ ကြိုးစားရမှာပေါ့လို့ ပြောစရာမလိုဘဲ ပြည့်စုံနေအောင် သားလေးနဲ့
သမီးလေးက ကြိုးစားကြပါလို့ ဆုံမ မိလိုက်ပါတယ်။။။။။။။။။ခိုင်လေး သိပ်ကံကောင်းတာတစ်ခုကလေ.........ခိုင်လေး သားလေးနဲ့ သမီးလေးက ခုနှစ်ထဲမှာ သားလေးက 11နှစ် သမီးလေးက8နှစ်ထဲမှာ.........2ယောက်စလုံး အရမ်းကို လိမ်မာလာကြတယ်.......ခိုင်လေးထက်ကို အစစအရာရာ လိမ်မာလာကြတယ်ရှင့်..........၀ဋ်ဆိုတာ လည်တတ်တဲ့အမျိုးပါဘဲ........
ဖေဖေက သူမိဘတေံအပေါ်ဆိုးခဲ့တယ်တဲ့.........ဖေဖေနဲ့ သိပ်တူတဲ့ ခိုင်လေးကို မွေးခဲ့တယ်။။။။။။။ခိုင်လေးဆိုးသလို ခိုင်လေးနဲ့တူတဲ့
သမီးလေးကို ခိုင်လေးမွေးခဲ့ပေမယ့် သိတတ်တဲ့အရွယ်မှာတော့ သမီးလေးက အရမ်းကို လိမ်မာနေပါပြီ........အရွယ်နဲ့ မလိုက်တဲ့
လိမ်မာမှုတွေနဲ့ လိမ်မာလာခဲ့ပါတယ်.........သူတို့လေးတွေကို ပြောပြဆု့းမရတာ အဂရမ်းကို နားဝင်လွယ်ကြပါတယ်...........ခိုင်လေး
ကံကောင်းသလို ခိုင်လေးမိဘတွေလဲ ကံကောင်းမှုတွေ ရရှိတော့မှာပါရှင်။။။။။။။။။။။။။။
မိဘတိုင်း ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်
မျှော်လင့်ချက်တွေ လက်ဝယ်ပိုင်ပိုင် ရရှိပိုင်ဆိုင်နိုင်ကြပါစေ


အချစ်ကို ကိုးကွယ်သူလေး

ခိုင်လေး စာကိုဖတ်ပြီး တစ်စုံတစ်ရာ စိတ်အနှောင့်ယှက်ဖြစ်ခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်။
အချိန်ပေးဖတ်ပေးကြသောသူငယ်ချင်း အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။

No comments:

Post a Comment