Thursday, February 16, 2012

ထာဝရ သူရဲကောင်းမေမေ

ကျွန်မ ဒီပို့(စ်)လေးကို ရေးဖို့ ကြိုးစားခဲ့တာကြာပါပြီ..........အကြောင်းတွေ အများကြီးတွေးပြီး မရေးဖြစ်ခဲ့ပါဘူး..........ကြိုပြီးပြောချင်တာလေးက ဒီပို့(စ်)လေးက ကြွားတာ မဟုတ်ပါဘူးနော်.........မေမေ အတွက် အမှတ်တရလေး ရေးချင်မိတာ သတ်သတ်လေးပါ.........ခိုင်လေး တို့ ညီမ သုံးယောက် အတွက် မေမေက သူရဲကောင်းပါဘဲရှင်..............

*ကျွန်မရဲ့ သူရဲကောင်း မေမေ*
ကျွန်မမေမေ နာမည်က သီရိသုဓမ္မသီင်္ဒေါ်ရင်ကြွေလို့ ခေါ်ပါတယ်......................ခုဆို ခိုင်လေး မေမေက အသက် 56နှစ်ရှိပါပြီ.......မေမေ က ခိုင်လေးတို့ ညီမသုံယောက်အတွက်ကတော့ သူရဲကောင်းပါဘဲ............မေမေ က အလှူတန်းကို အရမ်းကို သဒ္ဒါထက်သန်သူတစ်ယောက်ပါ...........ခိုင်လေးတို့ ငယ်စဉ်ကဆို ဖေဖေနဲ့ မေမေက ၀န်ထမ်းတွေပါ..........မေမေက ပြောပြတယ် အိမ်ထောင်ကျခါစက ဆို ဘဲဥတစ်လုံးကို 4ခြမ်းစိတ်ပြီး ထမင်းရည်ကို ဆားခတ်ပြီး ဟင်းရည်သောက်ရတယ်တဲ့ လေ...........ဒီလိုနဲ့ ခိုင်လေးတို့  မမအကြီးဆုံး မယဉ်အောင် ကို မိထ္ထီလာရက်ကန်းကျောင်းမှာ မွေးတယ်...........ဒါပေမယ့် မမကြီးက 3လနဲ့ ဆုံးသွားတယ်လေ....ဒုတိယ မမစုသက်အောင် ရွှေတောင် ရက်ကန်းကျောင်း မှာမွေးတယ်.........မေမေက လက်ရက်ကန်းကို ကိုတိုင်ခတ်ပြီး ခိုင်လေးတို့ အတွက် အပိုဝင်ငွေရှာတယ်......တတိယ ခိုင်လေးကို မွေးတယ်.......နောက်ဆုံး ညီမငယ်လေး မိုးသီတာကျော် ကို မွေးခဲ့တယ်.........ဒီချိန်မှာ ၀န်ထမ်းဖြစ်တဲ့ ဖေဖေနဲ့ မေမေ မှာ မလောက်ငှခဲ့ပါဘူး.........ဖေဖေက အစိုးရရက်ကန်းကျောင်းမှာ ဒုကျောင်းအုပ်.....မေမေက ဆရာမတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေချိန်ပေါ့ရှင် ...........မေမေက လက်ရက်ကန်းနဲ့ လွယ်အိတ်တွေ ခတ်တယ်....သိုးမွှေးထိုးတယ် ခြေအိတ်တွေ အကျီင်္တွေ........ဖေဖေကလဲ အချိန်ပိုမှာ အပြင် ရက်ကန်းရုံတွေမှာ စက်ဘီးလေးတစ်စီးနဲ့ ပုဆိုးဒီဇိုင်းတွေ လည်ဆွဲတယ်လေ.........မေမေရဲ့ သဒ္ဒါတရားက ဒီလို ဘာမှ မရှိတဲ့အချိန်ထဲက သူတတ်နိုင်တာကို လှူနေတာရှင့် ........သူများလို နာမည်ကြီးချင်လို့ ပေါ်ပြူလာဖြစ်ချင်လို့ဆိုတာတွေ သူမှာ မရှိဘူး.........သူများက 1သိန်းရှိလို့ 1သောင်းလှူတာလေ........မေမေက 1သိန်းရှိရင် 9သောင်းလှူချင်နေတာရှင့်...........ဒီလို အချိန်ထဲက ခိုင်လေးတို့ နေတဲ့ ရက်ကန်ကျောင်းဝန်းလေးက အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရမ်းကို အေးချမ်းသာယာတယ်လေ.......သီလရှင်တွေ ဆွမ်းခံကြွလာရင် ခိုင်လေးတို့ ၀န်းလေးရောက်ရင် နားကြတယ်....ဆွမ်းစားကြတယ်လေ........မေမေက သစ်ပင်အရိပ်ကောင်းကောင်းမှာ ကွပ်ပြစ်လေးကိုသေချာရိုက်ပေးထားတယ်လေ......ရေနွေးကြမ်း နဲ့ အချိပွဲုစားဖို့ မုန့်တွေကို လဲ သူတတ်နိုင်သလို ပြင်ဆင်ပေးတတ်တယ်ရှင့်............နောက် လာသမျှအလှူခံဆိုလဲ ကန်တော့ပါစေ ဆိုတော့ ခုချိန်ထိ မေမေနှုတ်က ပြောတာကို မကြားခဲ့ဘူးဘူး..................မေမေ ရဲ့ အစုဆောင်းကောင်းမှုနဲ့  ဖေဖေ ကြိုးစား အားထုတ်မှုကြောင့် ခိုင်လေးခြောက်တန်းနှစ်မှာ အိမ်ရဲ့
စီးပွားရေးအခြေနေ တော်တော် တိုးတက်လာခဲ့တယ်.............ခိုင်လေးတို့ကို လိုတယ်ဆိုတာကို မရှိအောင် ဖြည့်စီးပေးနိုင်လွန်းပါတယ်ရှင်............ဒီလိုဘဲ တစ်ဖက်ကလဲ အလှူတန်းမှာ လက်မနှေးကို လှူခဲ့တယ်လေ........ဖေဖေကလဲ မေမေအတွက်ဆို သဘောထားပြည့်ဝတဲ့ ခင်ပွန်းသည်တစ်ယောက်ပီတာစွာ တွန့်တို ငြီးငြူခြင်းကင်းစွာ ပါရမီ ဖြည့်ပေးခဲ့တယ်........ပထမ အကြိမ် သုဓမ္မသိဂီ် ဆိုတဲ့ ဘွဲ့တံဆိပ်တော်ကို ချီးမြှင့်ခြင်းခံရပါတယ်............ဒုတိယ သီဟသုဓမ္မသိဂီင်္ဆိုတဲ့ ဘွဲ့တံဆိပ်တော်ကို ထပ်ရခဲ့တယ်.....ခုနောက်ဆုံး သီရိသုဓမ္မသိဂီင်္ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့ပါသည်.............ခိုင်လေး တို့အတွက် မေမေက ဂုဏ်ယူစရာ မိခင်တစ်ယောက်ပေါ့ရှင်..................ဒီလိုဘဲ သူရဲကောင်းတစ်ဦးဆိုလဲ မမှားပါဘူး.................ခိုင်လေး မေမေ က ခိုင်လေး အတွက်တော့ ထာဝရ hero တစ်ယောက်ပါဘဲရှင်........ခိုင်လေး ဆိုးသမျှကို မရရအောင် ပြုပြင်နိုင်တဲ့ အရည်ချင်းအပြည့်ဝရှိတဲ့ ထက်မြက်တဲ့ မိခင်ကောင်းတယောက်ပါဘဲ.........ခိုင်လေး အသက်18နှစ်မှာ အိမ်ထောင်ကျခဲ့တယ်........မေမေ ဆုံးမသွန်သင်မှု ညံ့ဖျင်းလို့ မဟုတ်ဘူးနော်.........လူတိုင်းလူတိုင်းမှာ သူကံတရားနဲ့သူလာကြတာလေ........မေမေ ကလေ ခိုင်လေးချစ်သူကို သဘောမတူနိုင်ပင်မဲ့ ခိုင်လေးကို ချစ်တဲ့ စိတ်တစ်ခုနဲ့ လိုက်ချစ်ပေးခဲ့ပါတယ်.........ရအောင်မြေတောင်မြှောက်ပေးခဲ့တယ်.........အကောင်းဆုံး လမ်းညွှန်မှူတွေနဲ့ ထိန်းသိမ်းပေးပါတယ်.........ပတ်ဝန်းကျင်က ပြောကြတယ်လေ မေမေကို သဘောမတူတာကို ဘာလို့များ ခေါ်ထားရတာလဲ လို့ ပြောတိုင်းမေမေ ပြန်ပြောခဲ့တဲ့ စကားလေးတစ်ခွန်း ရှိတယ်.....ဘာလဲဆိုတော့* တစ်ဘ၀မှာ တစ်ခါဘဲတော်ရတဲ့ သမီးကို သမီးတော်ခွင့်ရတုန်းမှာ ရအောင်ဆုံးမမယ်တဲ့လေ...ပစ်ထားလို့ ကုန်သွားမဲ့ အချိန်တွေကို ကျွန်မက နှမြောတယ်...အလကားသက်သက် အချိန်တွေကို အကုန်မခံနိုင်ဘူးလေ..........ကျွန်မ၀တ္တရားရှိတဲ့အတိုင်းကျွန်မကတော့ ဆုံးမ ပဲ့ပြင်ရမှာဘဲလေ..........ကောင်းမွန်လိမ်မာတဲ့ သမီးလေးဖြစ်ဖို့ ကျွန်မမသေမချင်းတော့ ဆုံးမနေရမှာဘဲတဲ့* မေမေက ဘယ်သူတွေ ဘာပြောပြော ဒီအတိုင်းပြန်ဖြေတတ်တယ်လေ။ ခိုင်လေး ခင်ပွန်းကို သားတစ်ယောက်လို မေတ္တာမျိုးထားပေးခဲ့တယ်.........ဒါပင်မဲ့ရှင် ခိုင်လေး အမျိုးးသားက ပြုပြင် လို့ရတဲ့ အထဲမှာ မပါဘူး........နောက်ဆုံးမှာတော့ ခိုင်လေးတို့ လင်မယားကွဲပြီး မေမေ တို့ အိမ်ကို ပြန်ရောက်ခဲ့တယ်လေ........ခိုင်လေး မှာ သားလေးနဲ့ သမီးလေး 2ယောက်နဲ့ပေါ့........မေမေက အပြုံးမပျက်လက်ခံစောက်ရှောက်ပေးပါတယ်......ကံတရားက ခိုင်လေးကို ၀ဋ်လည်စေမဲ့ သမီးလေးကို လက်ဆောင်ပေးထားတယ်လေ.........သမီးလေးက ခိုင်လေး ငယ်ငယ်ကလိုဘဲ အရမ်းဆိုတးယ်ရှင့်.........သမီးလေးကို ပြောမရတိုင်း ခိုင်လေး အခန်းထဲမှာ လူမသိအောင် အကြိမ်ကြိမ် ငိုကျွေးခဲ့ရတယ်လေ...........ဒီလို အချိန်တိုင်း ခိုင်လေး အတွေးထဲကို မေမေ ပုံတွေ အမြဲမြင်ယောင်ထင်ဟပ်လာခဲ့တယ်လေ...........မေမေ တုန်းကကော ခိုင်လေး လို ဘယ်နှစ်ကြိမ်မှန်းမသိအောင် အကြိမ်ကြိမ် ကျခဲ့ရတဲ့ မျက်ရည်တွေ ဘယ်လောက်တောင် များခဲ့မလဲနော်...........အမေဆိုတာ *အမြဲခွင့်လွတ်အပြုံးနဲ့ နာလည်ပေးတဲ့တယောက်ပါဘဲ* အဖေကို မပြောရဲတာတွေ အသိမပေးရတာတွေကိုလဲ မေမေကဘဲ ဖြေရှင်းပေးခဲ့ရတယ်........မေမေ တယောက်ထဲ ကြိတ်ခံစားခဲ့ရတာတွေ တွေးမိတတ်လာပါတယ်...........ခိုင်လေးလဲ ခိုင်လေးသမီးလေးကို သိပ်ချစ်သလို မေမေလဲ ခိုင်လေးကို သိပ်ချစ်မှာဘဲဆိုတာလဲ ပိုတွေးမိ........မြင်မိလာတယ်..............မိခင် ဖြစ်ခွင့်ရတဲ့ ခိုင်လေး တို့ မိန်းမသား ဘ၀ကိုလဲ ကျေနပ်တတ်လာတယ်..........ကျန်တဲ့ ည်ီမတွေ ခိုင်လေးလို မဆိုးကြတော့ မေမေ စိတ်မညစ်ရပေမဲ့ .........တစ်ခုခု ဖြေရှင်းစရာဆို အကောင်းဆုံးအကြံဥာဏ်တွေကို မေမေက အမြဲ လမ်းညွှန်ပေးနိုင်သူ......... ခိုင်လေးတို့ ညီမတွေရဲ့ ထာဝရ သူရဲကောင်းမေမေ ပါဘဲ.......ခုဆို  ချစ်ခင်ပွန်း ဖေဖေနဲ့ သမီး 3ယောက်...သမက်2ယောက်... မြေး5ယောက်နဲ့အတူ ဘာသာ သာသနာ့အကျိုးကို သယ်ပိုးရင်း  မိသားစုတာဝန်တွေကို ပျော်၇ွင်စွာ ထမ်းဆောင်နေတုန်းပါဘဲရှင်...........


No comments:

Post a Comment