%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
*မ*
ဆိုတဲ့ စာလေးတက်လာနဲ့
*မောင်*
ဆိုတာလဲ ချက်ချင်းကို ထူးပြီးတားဖြစ်နေပါတယ်။
*လွမ်းလိုက်တာ မောင် ရာ*
မောင် မျက်နှာကို ထိုင်ကြည့်နေရရင်ကို ခတ္တာ ကကျေနပ်နေတဲ့သူပါ............။
*ခတ္တာ တို့ ဘယ်လောက်ကြာအောင် ခွဲနေရအုံးမှာလဲ*
*မောင် ကြိုးစားနေပါတယ်နော်......မ အိပ်ရေးပျက်တွေမခံနဲ့နော်*
*ဟုတ်ကဲ့ပါ မောင်*
ခတ္တာ မောင်ရှေ့မှာ စိတ်ညစ်စရာတွေ မပြောချင်ဘူးကွယ်..........တွေ့ခွင့်ရတုန်းလေးမှာ မောင် မျက်နှာလေးကိုဘဲ ထိုင်ကြည့်နေချင်တယ်။ ခတ္တာ ရူးနေပြီလို့ တွေးချင်လဲတွေးပါနော်.........ခတ္တာ မောင်ကို သိပ်ချစ်လို့ပါရှင်.........။ မောင်တာ ခတ္တာ ကို ထားခဲ့မယ်ဆို မောင်ထားခဲ့မယ့်နေ့ဟာ ခတ္တာ သေမဲ့နေ့ပါဘဲ မောင်။ မောင်က နားလည်ရအရမ်းကို ခက်တယ်။ မတွေ့ရတာ ကြာနေတဲ့ ချစ်သူတစ်ယောက်ကို ပြောပုံက သွေးအေးလိုက်တာ မောင်ရယ်။။။။။။။။ခတ္တာ ရင်ထဲ မခံစားနိုင်ပေမယ့် ဘာမှ မပြောလိုက်ပါဘူး.........ခတ္တာ က မောင်ကို သိပ်ချစ်တယ်လေ..................။
မ နေမကောင်းဘူး မောင်........မောင် ၀ယ်ပေးထားတဲ့ မောင်ကိုယ်ပွားကြီးနဲ့ အလွမ်းဖြေနေရတယ်လေ............မ နှလုံးထဲက မောင်အတွက် သီးသန့်နေရာလေးကလဲ မောင်ကိုဘဲ မျှော်လင့်နေကြတယ်မောင်။ မ မောင်ကို လွမ်းလို့ ကျခဲ့ရတဲ့ မျက်ရည်တွေ ကိုယ်ပွားကြီးဆီမှာ ရွဲရွဲစိုနေပြီမောင်.........ကြာရင်နေသားကျသွားမှာပါဆိုတဲ့ စကားကြီး က မအတွက်တော့ အမှားကြီးပါဘဲလားမောင်ရယ်.............
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
မတွေ့ရတာကြာလာတော့
လွမ်းလဲလွမ်းနေပြီမရယ်...........မတွေ့ရပေမယ့် အရင်ဆို
နေ့တိုင်းမေးလေးတစ်စောင်ဖြစ်ဖြစ် ပို့ထားတတ်တဲ့ မ တစ်ယောက် ပျောက်ချင်းမလှ
ပျောက်နေပါသည်။ ဘ၀နဲ့ ရင်းပြီး မောင်ချစ်ခဲ့တာပါ.......အတွေးတွေ
မမှားပါနဲ့ဗျာ.......အဆက်သွယ် တွေဖျက်နေတာ မောင်အပေါ် အတွေးမှားတွေနဲ့
စိတ်ကောက်နေတာလား မရယ်.........မောင်ကို မမေ့ပါနဲ့ဗျာ.........မောင်
မသိလိုက်ရဘဲ မောင်ရင်ထဲမှာ တဖြေးဖြေးနဲ့ မက
နေရာအပြည့်ယူသွားခဲ့တာပါ...........မတွေ့ရဘဲ မောင်နဲ့မ
ဝေးရတော့မှာလား......... မ ရေ........မ ရေ.........မ ရေ..............မ
ရေ.....................မ ရေ..............မ ရေ.....................မ
ရေ................. မောင် သတိရတဲ့ စိတ်ကို မျိုသိပ်နေရပေမယ့်
ရင်ခုန်သံချင်းတော့ နီးစပ်နေပါရစေနော်...........မ လို အမြဲသတိရမနေပေမယ့်
ကြုံတဲ့ အချိန်တိုင်းလေးတော့ သတိရပေးပါနော်.........မျှော်တာမျှော် ပေါ်မလာပါလား မရယ်...........သတိရလို့ ဖုန်းဆက်လဲ မကိုင်.........အတူတူ ရှိနေတဲ့ အချိန်တွေကို လွမ်းလိုက်တာ။ အရူးတစ်ယောက်လိုတာ အော်နေမိချင်တယ်..........ကွန်ပြူတာကို အရူးတစ်ယောက်လို စိုက်ကြည့်နေချိန်မှာဘဲ အကောက်လေးစိမ်းလာတယ်............ဟာ........မ မအကောက်လေးတက်လာပြီ...........ပျော်တယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို ခုတခါလောက်တိတိကျကျ ခံစားဖူးတာ မရှိခဲ့ဘူးဘူး။။။။။။။။။။။။။။။
*မ.......မ..........မ...........မ.............*
*ပြောလေ မောင်*
*မေးလေးတောင် မပို့ထားဘူးနော်...........*
*မ နေမကောင်းနေလို့ပါ မောင်.....ခုလဲ ခဏလေးဘဲ မတက်လာတာ..........ခဏနေ မေမေ ပြန်လာတော့မှာလေ*
*ဟာ ............*
*ဟုတ်တယ် မောင် ..... မောင်ကို သတိရလို့ ခိုးကတ်လာတာ*
*မောင် မ ပိတ်တော့မယ်......... မောင်ကို အရမ်းချစ်တယ်မောင်*
*မောင် တို့ အမြန်ဆုံးနီးရအောင် ကြိုးစားနေပါတယ်နော် မ*
*ရပါတယ် မောင် .... မ စောင့်နေမှာပါ ...မောင် မိသားစုအတွက် အရင်ကြိုးစားပါ မောင်....
မောင်ကို မ စောင့်နေမှာပါ ........ပိတ်ပြီနော်*
*မကို မောင် အရမ်းချစ်တယ်*
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
အခွင့်ရေးဆိုတာ နှစ်ခါမပေးဘူးဆိုတာ ကျွန်တော် လက်တွေ့ သိလိုရပါတယ်.....တူတူ ပျော်ရွင်ခဲ့ရတဲ့ အချိန်တွေကို
တန်ဖိုးထားရကောင်းမှန်း ကျွန်တော် မသိခဲ့မိဘူး.......တွေ့တဲ့ အချိန်တွေ ကျွန်တော် လုပ်ချင်ရာတွေ လုပ်နေခဲ့ပေမယ့်
မက သည်းခံနေခဲ့ပေးရှာပါတယ်....မ ဂျီကျ စိတ်ကောက်တာတွေ ရှိပေမယ့် ခဏလေးနဲ့ စိတ်ဆိုးပြေရှာသူလေးပါ။
သူရှေ့ ကျွန်တော်မူးမှောက်နေလဲ ကြည့်နေပေးခဲ့သူလေးပါ................ကျွန်တော်လဲ မကို တစ်ကယ်ချစ်ခဲ့တာပါ မရယ်။
ဆိုးလို့ရလို့ ကျွန်တော် ဆိုးခဲ့မိတာပါဗျာ...........။ခုတော့ မကို လွမ်းတတ်နေရပြီဗျာ..........မျှော်ရတဲ့သူက ကျွန်တော်
ဖြစ်နေရပြီ................ခုရက်တွေ
မဆီက ဘာအဆက်သွယ်မှမလာတော့ ပိုဆိုးပါသည်........အ၇င်ကမှ တ၇က်ခြားလောက်
မေးလေးတွေ ရောက်လာတတ်သေးတယ်....ခုဆို အဆက်သွယ်မရတာ တလရှိနေပြီ....မ နဲ့
နောက်ဆုံးတွေ့တဲ့ နေ့က ပြောသွားတယ်....မောင်မိသားစုအတွက် အရင် ကြိုးစားပါတဲ့ ..........မက နားလည်ပေးလေ
ကျွန်တော်နေမရလေပါဘဲ..........အရင်ကလို လက်ထပ်ဖို့ ပူဆာသံလေးကိုလဲ ကြားချင်လာတယ်........ပြန်လာဖို့ ငိုယို
ဂျီကျသံလေးကို လွမ်းမိလာတယ် မရယ်........ပြင်းပြင်းရှိနေတာနဲ့ မရှိနေတဲ့ ဆိုဒ်လေးထဲကို ၀င်ကြည့်မိလိုက်တဲ့ အချိန်မှာ
top ten စာရင်းမှာ ထိပ်ဆုံးကို ရောက်နေတဲ့ ၀မ်းနည်းကြောင်းဆုတောင်း ဘလော့လေးတစ်ခုကို အရင်ဖတ်လိုက်မိပါ
သည်။ ဘယ်သူများ ဘာဖြစ်တာပါလဲ .............ဘလော့လေးကို ဖွင့်လိုက်တယ်ဆိုရင်ဘဲ ပထမဆုံးမြင်လိုက်ရတဲ့
ခေါင်းစဉ်က ကျွန်တော် နှလုံးသားကို ဆွဲနှုတ်ခံလိုက်ရတာဘဲ
ဒီဆိုဒ်လေးရဲ့ အက်ဒမင်မလေး ******** ကွယ်လွန်ခြင်း
...ဒီလောက်တောင် ပေါ့လျော့ရလားကွာ..........
ကျွန်တော် ဘ၀တစ်ခုလုံးနဲ့ ပတ်သတ်နေတဲ့ သူတစ်ယောက်အကြောင်းကို ကျွန်တော် မသိရလေခြင်းကွာ........
ဖုန်းဆက်တိုင်း မရှိဘူးဘဲ ပြောနေတဲ့ အတွက် မဆက်ဘဲနေခဲ့မိတာ...............ခုတော့ ခုတော့ ဟာကွာ
မောင် ဘယ်လိုဖြေရမလဲ မောင် ဘာလုပ်ရမလဲမရယ်........တိုက်တိုက် ဆိုင်ဆိုင် ဒီချိန်လေးမှာဘဲ ကျွန်တော်ဆီကို
မေးတစ်စောင်ဝင်လာပါသည်...........ကြည့်လိုက်တော့ မဆီကနေ ဖြစ်နေတယ်.......ဟာ....
ဘယ်လိုရောက်လာတာလဲ ဒီမေးက ဘယ်လိုရောက်လာတာလဲ မေးကိုဖွင့်ဖတ်လိုက်တယဆိုရင်ဘဲ
မောင်ရေ
မ အရမ်းနေမကောင်းဖြစ်နေတယ်....မောင်ကို မစောင့်နေခဲ့ပါတယ်နော်.....မ သေတဲ့ထိ မောင်ကို
မစောင့်နေမယ်ဆိုတာ မောင်ယုံပါနော် ...........မောင်ကို အရမ်းချစ်တယ်မောင်ရယ်...............
ဒီစာလေးကို ယူဖတ်နေတဲ့ အချိန်မှာ ကျွန်မအမ ဒီလောကကြီးမှာ မရှိတော့ပါဘူး။ဒီစာလေးကို ရေးနေရင်း
သူ နောက်ဆုံချိန်ကို ကူးသွားခဲ့ပါပြီ။ သူpwတွေကိုလဲ ကျွန်မတို့မသိပါဘူး........သူဖွင့်ထားခဲ့တဲ့ အတိုင်းလေး
ခုမှ ယူဆီ ပို့ပေးလိုက်ပါတယ် ....သူ အကောင့်တွေကို ယူတော့သိမယ်ထင်ပါတယ်....ယူဘဲဖျက်လိုက်ပါတော့။
သူကို မစွဲနေစေချင်ဘူး.........ဘ၀ကူး ကောင်းစေချင်တယ်..........ယူပြောမှ သူနောက်ဘ၀တစ်ခုကို
အေးဆေးစွာကူးနိုင်မယ်လို့ ကျွန်မထင်တယ်...ယူအမျှဝေပေးလိုက်ပါနော်......
ပါးပေါ်ကို အတားဆီးမဲ့စွာ ကျနေမိတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်မိပါတယ်။
မရေ ကျွန်တော်လို ကောင်ကို မေ့လိုက်ပါတော့နော်......
မ အေးချမ်းတဲ့ ဘုံဘ၀တစ်ခုကို အေးဆေးစွာ သွားပါတော့နော်.....
မအတွက် ကျွန်တော် အမျှပေးဝေပါတယ်..............
ချစ်ရသောမရေ အမျှ....အမျှ..........အမျှ......................
No comments:
Post a Comment