Thursday, February 16, 2012

ပြန်လာခဲ့ပါတော့ ချစ်သူ




ပြန်လာခဲ့ပါတော့ ချစ်သူ
လာပါတော့.......လာပါတော့ အော်ကာခေါ်လဲ
ပေါ်မလာ...............
ခါခါမော့ ခါခါမော့ မျှော်ကာနေလဲ
ရောက်မလာ.............
ငါမျှော်လင့်ချက်တွေကို ဥပက္ခာပြု
စောင့်မျှော်ရတဲ့ သူတစ်ယောက်ရဲ့
ရင်ထဲက နာကျင်ခြင်းတွေကို ကျောခိုင်း ထားရက်သူ
မင်းမြင်လှည့်ပါ ချစ်သူရယ်...
ငါရဲ့ အလွမ်းတွေကို  တံတားခင်း.......
တမ်းတခြင်းတွေကို ပန်းခင်းထားတဲ့
လမ်းပေါ်မှာ ခဏလောက်တော့

လျှောက်လှမ်းပေးဖို့ ငါမျက်ရည်တွေက
ဒူးထောက်ခရ ဖိတ်ခေါ်နေပါတယ်..........
ပြန်လာခဲ့ပါတော့ ချစ်သူရယ်


*************************************
*************************************

တစ်ခါမှ ကဗျာ မရေးဘူးပါဘူး
ဒီနေ့ရေးချင်စိတ် ပေါက်လာနဲ့
ရေးကြည့်မိတာပါ...........
ဖတ်မကောင်းရင် သည်းခံပေးပါနော်
*************************************
*************************************

No comments:

Post a Comment