ညက ခိုင်လေး မေမေ စကားပြောနေတာကို နားထောင်ရင်း စာလေးတစ်ပုဒ်ရေးဖို့ အကြောင်းအရာလေးရလိုက်ပါတယ်။
ခိုင်လေး ဧည့်ခန်းမှာ ထိုင်နေချိန်ပေါ့ ..........မေမေက သူဆိုင်က အရောင်းစာကောင်မလေး အဖေကို စကား
ပြောနေတာပါ။ ခိုင်လေး ပထမတော့ စိတ်မ၀င်စားပါဘူး။ ကလေးမလေးက အနေထိုင်မတတ်လို့ တိုင်နေတာမို့လေ။
သူတို့ ပြောနေတဲ့ ထဲက အကြောင်းအရာလေးတစ်ခုကို ရောက်တော့ ခိုင်လေး စိတ်ဝင်စားသွားမိတာနဲ့ သေသေချာချာလေး
နားစိုက်ထိုင်လိုက်မိပါသည်။
***မိန်းကလေးတွေ အရွယ်ရောက်လာပြီဆို မိဘတွေအနေနဲ့ ကိုယ်သမီးရဲ့ အနေထားနဲ့ အထာကို သိထားသင့်တယ်။ မိန်းကလေးတွေ
အလုပ်မရှိ အားနေမယ်ဆို အတင်းပြောမယ် ၊ ရည်းစားအကြောင်းတွေးမယ် ၊ စိတ်လေမယ်။ ဒါတွေ မဖြစ်ရအောင် သူတို့အတွက်လဲ
ပညာရ အားချိန် ၊ တွေးချိန် ၊ ငေးချိန်ဆိုတာလဲ မရှိရလေအောင် ကျွန်မတို့လို မိဘတွေက စီစဉ်တတ်ကြမယ်ရှင့်။ ကျွန်မ အိမ်မှာဆို
အရောင်းဝန်ထမ်းတွေကို ချွေးထွက်အောင် သူတို့တွေ အလုပ်မလုပ်ရပါဘူး။ ကျော့ကျော့လေး ဈေးေ၇ာင်းယုံပါဘဲရှင်။ မိန်းကလေးတွေ
များတဲ့အတွက် အားတာနဲ့ စုမိပြိဆိုတာနဲ့ သူတို့ အတင်းပြောရင်ပြော မပြောရင် ရည်းစားအကြောင်းရောက်တော့တာဘဲလေ။ ဒီတော့
သူတို့ကို ကိုင်သွယ်ဖို့ နည်းလမ်းတွေ ကျွန်မတွေးတယ်။ ကျွန်မကလဲ သမီးချည်3းယောက်တိတိ မွေးထားသူမို့........ မိန်းကလေးတွေဆို
သိက္ခာရှိရှိနေတာကိုဘဲ လိုချင်တယ်။ သူတို့အခြေခံ လခ တစ်လကို 3သောင်းရတယ်နော်...........ဒါနဲ့ သူတို့ကျေနပ်နေတယ်။ အချိန်တွေ
ပိုနေတာကို ကျွန်မ သင်္ကန်းချုပ်တာ သင်ပေးတယ် တစုံချုပ်ရင် 800 ရမယ်။ စီးကွင့်ထိုးတာ သင်ပေးတယ်။ ဒါတွေ တတ်ရင် လခအပြင် အပိုရမယ်............စိတ်လေချိန် ၊ အတင်းပြောချိန် ၊ ရည်းစားအကြောင်းတွေးချိန် တွေနည်းသွားမယ်။ ***
ခိုင်လေး ကြားခဲ့တဲ့ မေမေ ပြောပြတဲ့ အကြောင်းအရာလေးပါ။။။။။။။။ခိုင်လေး ဆက်တွေးကြည့်တယ်။ အသက် 17ကနေ 21 ကြား မိန်းကလေးတွေကို ထိန်းရတဲ့ မိဘတွေမှာ အတော်ကို စိတ်ပင်ပမ်းကြရပါတယ်။ လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် လိုက်ရယ်ချင်
ကြတဲ့ သူတို့အရွယ်လေးတွေကို ပညာသားပါပါ ထိန်းတတ်ဖို့က အတော်ကို အရေးကြီးပါတယ်ရှင်။ ပညာရှာနေရင် ကျောင်းတက်နေ
တာမို့ တော်သေးပေမယ့် .........ပညာဆက်မသင်ဘဲ အလုပ်လုပ် လုပ်နေကြတဲ့ မိန်းကလေးတွေအတွက် မိဘတွေက တကယ်ကို
သင့်လျော်တဲ့ အလုပ်တွေကို ရွေးချယ်ပေးတတ်ဖို့ လိုအပ်ပါတယ်လို့ အကြံပြုလိုက်ပါရစေရှင်။
**********************************************************************************************************************
ဒုတိယ ပြောပြချင်တာကတော့ တချို့တချို့သော မိဘတွေကို တရားကြမိတာလေးပါ။ ခိုင်လေးက မေမေအင်တာနက်ဆိုင်ကို
ထိုင်ပေးနေတယ်ဆိုတာတော့ သိပြီးတားပါနော်။ နေ့တိုင်း ကြုံတွေ့နေရတဲ့ အဖြစ်ပျက်လေးတွေထဲက ကြားမိတာလေးတွေပေါ့။
လကုန်ပြီး5ရက်လောက်ဆို ခိုင်လေးတို့ ဆိုင်မှာ နိုင်ငံခြားဖုန်းခေါ်သူတွေ အရမ်းကို စည်းကားလွန်းပါတယ်ရှင်။ ဖုန်းလေး
ဝင်ပြီးဆိုတာနဲ့ သားရေ...သမီးရေ နေကောင်းလား ဆိုတာတစ်ခွန်းစပြီးတာနဲ့ နောက်ထက် နှုတ်ကထွက်ကျလာတဲ့ စကားလုံးတိုင်း
ကတော့ ငွေပို့ပြီးပြီလားဆိုတာတွေက အက်ကြောင်းကို ထပ်နေတော့တာပါဘဲရှင်........ဟိုမှာ အဆင်ပြေလား မပြေလားမသိကြဘူး။
ဒီကနေ ဖြစ်ချင်နေတာတွေကို ဇွတ်ပြောနေတဲ့ တချို့တချို့သော မိဘတွေကို မြင်ရတော့ အံ့သြမိတယ်။ ထူးဆန်းမိနေတယ်။
တစ်နေ့ကမှ ပူနွေးနွေး သတင်းလေးတစ်ခုက တော်တော်ကို စိတ်မကောင်းမိဘူး.........မိန်းမလုပ်သူက ဖုန်းလာခေါ်တယ်။
ယောကျာင်္းက မလေးမှာ အလုပ်လုပ်နေတယ်။ သူယောကျာင်္းက အလုပ်ထဲမှာ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရလို့ အလုပ်နားထားရတယ်။
ဒဏ်ရာကမသက်သာတော့ မြန်မာပြည်ကို ပြန်လာချင်တာပေါ့။ မိန်းမလုပ်သူက ဇွတ်နေခိုင်းနေတယ်ရှင်။ နားထောင်နေတဲ့ ကျွန်မ အံ့သြမိတယ်။ အရင်းမကြေသေးတာတွေ ၊ အကြွေးမကျေသေးတာတွေကို ကျွန်မနားလည်ခံစားမိပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာကနေ
မသက်သာလို့ လူကိုပါ ဆုံးရှုံးလိုက်ရမှာကို ဒီအမျိုးသမီးမတွေးမိဘူးလားရှင်။ ကျွန်မတာဆိုရင်တော့ ကျွန်မခင်ပွန်းကို ချက်ချင်းပြန်လာခိုင်းမှမှာပါဘဲ.........ဘ၀တစ်ခုမှာ ငွေက အရေးပါတယ်ဆိုပေမယ့် ငွေထက်ပိုတန်ဖိုးရှိတာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို ဒီအန်တီ မေ့များနေလားရှင်။
******************************************************************************************************************************
No comments:
Post a Comment