နှလုံးသားမှာ ကဗျည်းတင်ချစ်ရတဲ့ ကျွန်တော်ရွှေမင်းသမီး
ကျွန်တော် ရူးသွပ်မှုကို ပြောရမယ်ဆိုရင် အားလုံးက အရူးလို့ ပြောကြမယ်ထင်တယ်ဗျတစ်ယောက်ကို အရမ်းချစ်မိနေတယ် ..........သူလေးက တကယ်ကို နိုင်ငံကျော်ရေအမင်းသမီးလေးတစ်ယောက်လေ........
အချစ်ဆိုတာကလဲ ခက်သားနော်.........ဖြစ်နိုင်တာ မဖြစ်နိုင်တာတွေကို တွေးဖို့ အချိန်မရခင်မှာဘဲချစ်သွားနိုင်တာမျိုးလေ
ကျွန်တော်က နိုင်ငံရပ်ခြားမှာ အကြာကြီးနေလာတဲ့သူလေ........မြန်မာကားတွေကိုလဲ မကြည့်ဖြစ်ဘူး......ဒီနေတော့ အိမ်က တူမတွေ
ရုပ်ရှင်ကြည့်နေတာနဲ့ ကျွန်တော် ပြင်းတာနဲ့ ထိုင်ကြည့်နေမိတဲ့အချိန်မှာဘဲ သူမလေးကို ပထမဆုံးမြင်ဘူးတာပါဘဲ...........
*သမီးသူက မင်းသမီးလား....*
*ဟုတ်တယ် လေ လေးလေး...တခေတ်ဆန်း တဲ့နာမည်က*
*သြော်........တော်တော် လှတာဘဲ*
*ဟုတ်တယ် လေးလေး*
အမှတ်မထင် ကြည့်မိလိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းလေးက ဘ၀အတွက် တသက်မမေ့စရာ ကောင်မလေးကို ရင်ထဲရောက်အောင် ထည့်ပေးလိုက်တယ်.........ပြန်လာကာစဆိုတော့ အားနေတာနဲ့ သူမ ကားတွေ ရှာကြည့်နေရတာကိုက ကျွန်တော်အတွက်
နှလုံးသား ဌာနကပေးတဲ့ အချစ်ဂျူတီတစ်ခုလိုပါဘဲဗျာ.........ခုဆို ကြည့်ပြီးတားတွေ ထပ်ကာထပ်ကာ ကြည့်နေရတဲ့အခြေနေတောင်
ရောက်နေပါပြီ........အပြင်မှာ တွေ့ဘူးချင်တယ် ........ဘယ်လို ပတ်သတ်ရမယ်ကိုလဲ အစဖော်မရဘူးလေ........
ကံကောင်းခြင်းတွေက တစ်ခါတရံ မမြင်နိုင်တဲ့နေရာက ပေါ်လာတတ်တယ်ဆိုတာ တကယ်မှန်တယ်ဗျာ
တစ်နေ့ သူငယ်ချင်းဆီက ဖုန်းလာတယ် လေ
*ဟေ့ကောင် ကိုထက် မင်းအားလား*
*အေး..အားပါတယ်......ဘာလို့လဲကွ*
*အားရင် ငါနဲ့လိုက်ခဲ့ပါလား အပြင်းတော့ ပြေမှာပါ*
*ဟေ...ဘာကိုလဲကွ..မင်းဟာက*
*ဟေ့ကောင် ဘာတွေ တွေးနေတာလဲကွ....ငါမိန်းမက မိတ်ကပ်လိမ်းတယ်လေ မင်းသမီးတွေကို သူကိုရှူတင်ကို
သွားကြိုရမှာကွ.......ဟိုရောက်
ရင်စောင့်ရသေးတယ်လေ ငါတယောက်ထဲ ပြင်းလို့ကွ.....မင်းပါတော့
စကားပြောဖော်ရတယ်လေ.......ဒီနေ့ တခေတ်ဆန်း ကို လိမ်းပေးတာကွ
မင်းလဲမြင်ဘူးတာပေါ့*
*အေး....လိုက်မယ် မင်းဝင်ခေါ်ပေါ့....*
*အေားပါကွာ ......အဆင်သင့် စောင့်နေ*
*အိုကေ အိုကေ*
သူငယ်ချင်း နဲ့ တူတူ ရှူတင်ရောက်တော့ တခေတ်ဆန်းကို မိတ်ကပ်လိမ်းပေးနေတဲ့ သူငယ်ချင်း မိန်းမက*ဟယ်...ကိုထက်ပါ ပါလာတာဘဲ*
*ဟုတ်တယ်လေ.......နင်ဘဲဘဲက အတင်းလာခေါ်လို့ လိုက်လာတာ*
*အော် .......မိတ်ဆက်ပေးရအုံးမယ် ကိုထက်ကို ......ဒါ တခေတ်ဆန်း တဲ့ သိတယ်ဟုတ်*
*အော် သိပါတယ် ခုလို အပြင်မှာ ခင်မင်ခွင့် ရတာကို ၀မ်းသာပါတယ်ဗျာ*
*ဟုတ်ကဲ့ ရှင့်.....ခေတ်လဲ တွေ့ရတာ ၀မ်းသာပါတယ်ရှင်*
*ကဲ ကိုထက် တို့ ခဏတော့ စောင့်ရအုံးမယ်နော် 2ကဒ်လောက်ကျန်သေးတယ်လေ*
*ရပါတယ် လုပ်စရာရှိတာလုပ်နော်*
အဲဒီနေ့
က ခေတ်နဲ့ ခဏလေး ဆုံခဲ့ရပေမယ့် ကျွန်တော်ကို အသိမှတ်ပြု ပြုံပြခဲ့တဲ့
အပြုံးလေးကိုတော့ ရင်ထဲမှာ ထာဝရ သိမ်းထားတော့မှာပါ
ရွှေမင်းသမီးလေးရယ်...................
ဒီနောက်ပိုင်း ခဏခဏ ရှုတင်ကို လိုက်သွားမိတယ်လေ...........တချို့တွေဆို ရိပ်တောင်ရိပ်မိကုန်ကျပါပြီ.............
တကယ်ပါဘဲ အချစ်ဆိုတာ အသက်အရွယ်မရွေး လူကို နုပျို ကြည်နူးခြင်းတွေကို ပေးစွမ်းစေပါတယ်..........
အိမ်တလုံးမှာ ကြည်နူးခြင်း လုံခြုံခြင်းတွေကို ကာကွယ်ခြင်းဆိုတာတွေ ပြည့်စုံတယ်ဆိုရင် အိမ်လို့ ခေါ်နိုင်သလို
ကျွန်တော်
ရွှေမင်းသမီးလေး အတွက်လဲ အချစ်အိမ်လှလှလေး တစ်လုံးကို ကျွန်တော်
အကောင်းဆုံးတည်ဆောက်နေပါတယ်.........ရွှေမင်းသမီးလေးကို ကြည်နူးခြင်း
လုံခြုံခြင်း နဲ့အတူ အန္တာရယ် မှန်သမျှ
ကာကွယ်ပေးနိုင်တဲ့
အချစ်အိမ်လေးကို အကောင်းဆုံး တည်ဆောက်ထားတယ်ဗျ........ ရွှေမင်းသမီးကို
ချစ်မိတဲ့ အချစ်တွေက ကျွန်တော် နှလုံးသားမှာ
သိအောင် ကျွန်တော်ကြိုးစားမယ်.....ကျွန်တော် အချစ်တွေ စစ်မှန်လေးနက်တဲ့ အတွက် ကျွန်တော်နှလုံးသားမှာ
ကဗျည်းတင်ချစ်ရတဲ့ ကျွန်တော်ရွှေမင်းသမီး ကို ကျွန်တော် ပိုင်ဆိုင်ရမယ်လို့ ယုံကြည်မိတယ်ဗျာ...
No comments:
Post a Comment