ဟူးးးးးးးးးးးးးးးးးးးးးး !
ဆိုတဲ့ ရင်မောရခြင်းတွေ မောင်းထုတ်လိုက်ပေမယ့် တကယ်ထွက်မသွားကြပါဘူးရှင်။
ရင်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေကို ပေါ့ပါးသွားအောင်
မောင်းထုတ်ပစ်ဖို့ဆိုတာ ကျွန်မ အသက်နဲ့ ထပ်တူ
မြတ်နိုး တန်ဖိုးထားရပြီး သိပ်ချစ်ရတဲ့ ချစ်သူကို ကျွန်မဘ၀ထဲကနေ
အပြီးပိုင် မေ့ပစ်လိုက်မှတာ ဖြစ်မှာလေ။
သူကို မေ့လိုက်ရတဲ့နေ့ဟာ ကျွန်မဘ၀ကလဲ ရှင်လျှက် နဲ့
သေသွားရမှာဘဲ...........ကဲ ကျွန်မ ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေကို
အကြိမ်ကြိမ် မေးရလွန်းလွန်းလို့ ကိုယ်ကိုတောင် တော်တော်ကို
မုန်းတီးနေပါပြီ။ အမှားနဲ့ အမှန် ကို မခွဲခြားနိုင်တော့အောင်ကို
မောင်ကို ကျွန်မ သိပ်ချစ်ခဲ့မိပါတယ် မောင်။ ဒါပေမယ့် တကယ် ဘ၀တစ်ခုကို
ထူထောင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာတော့
ကျွန်မ မထင်ခဲ့ ၊ မတွေးခဲ့တဲ့ ရှုထောင့်ပေါင်းများစွာက မောင်နဲ့
ကျွန်မကို ခြားနားသွားသလို ကျွန်မခံစားလာရတယ်....နောင်တ
ရဖို့ ကျွန်မ မှာ မရှိသေးပေမယ့် တွေဝေမှု လို့ အဓိပ္ပာယ်သက်ရောက်စေတဲ့
ခံစားမှုတော့ ဖြစ်တည်နေတယ် မောင် ရယ်........။
မျက်ရည်တွေ စိုစွတ်နေတဲ့ ကျွန်မ ပါးပြင်လေးတောင် အအေးပတ် ဖျားရလောက်အောင်
အငိုမင်းသမီးလေး ဖြစ်နေရပြီ မောင်။
နှလုံးသားတွေ ကျွမ်းထိုးမှောက်ကုန် ဖြစ်နေပြီ
ချစ်သူရယ်.....................

ကျွန်မတို့ တွေ့ဆုံမှုက မိနစ်ပိုင်းလေးပါဘဲ ဒါပေမယ့် တစ်ဘ၀စာ
ကျွန်မရင်ထဲကို သူက နေရာ ယူသွားခဲ့ပြီလေ။
အချစ်ဆိုတဲ့ အရာက အန္တာယ်ရှိတယ်လို့ မကြာခဏခဏ ကျွန်မကြားနေရတတ်ပါတယ်။

အလုပ်ကိစ္စတစ်ခုနဲ့ ကျွန်မ နိုင်ငံခြား ခရီးတစ်ခုကို ထွက်ခဲ့ပါသည်။ မလေးနိုင်ငံမှာ အလုပ်ကိစ္စတွေ ပြီးပျက်လို့ လျှောက်လည်မိတဲ့
ကဲ စာဖတ်ပရိတ်သတ်ကြီးရှင်...........ချမ်းချမ်း သီချင်းလေးကို သိကြမှာပါနော်.........သီချင်းလေးကို နားထောင်
ဆိုတဲ့ ရင်မောရခြင်းတွေ မောင်းထုတ်လိုက်ပေမယ့် တကယ်ထွက်မသွားကြပါဘူးရှင်။
ရင်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေကို ပေါ့ပါးသွားအောင်
မောင်းထုတ်ပစ်ဖို့ဆိုတာ ကျွန်မ အသက်နဲ့ ထပ်တူ
မြတ်နိုး တန်ဖိုးထားရပြီး သိပ်ချစ်ရတဲ့ ချစ်သူကို ကျွန်မဘ၀ထဲကနေ
အပြီးပိုင် မေ့ပစ်လိုက်မှတာ ဖြစ်မှာလေ။
သူကို မေ့လိုက်ရတဲ့နေ့ဟာ ကျွန်မဘ၀ကလဲ ရှင်လျှက် နဲ့
သေသွားရမှာဘဲ...........ကဲ ကျွန်မ ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေကို
အကြိမ်ကြိမ် မေးရလွန်းလွန်းလို့ ကိုယ်ကိုတောင် တော်တော်ကို
မုန်းတီးနေပါပြီ။ အမှားနဲ့ အမှန် ကို မခွဲခြားနိုင်တော့အောင်ကို
မောင်ကို ကျွန်မ သိပ်ချစ်ခဲ့မိပါတယ် မောင်။ ဒါပေမယ့် တကယ် ဘ၀တစ်ခုကို
ထူထောင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာတော့
ကျွန်မ မထင်ခဲ့ ၊ မတွေးခဲ့တဲ့ ရှုထောင့်ပေါင်းများစွာက မောင်နဲ့
ကျွန်မကို ခြားနားသွားသလို ကျွန်မခံစားလာရတယ်....နောင်တ
ရဖို့ ကျွန်မ မှာ မရှိသေးပေမယ့် တွေဝေမှု လို့ အဓိပ္ပာယ်သက်ရောက်စေတဲ့
ခံစားမှုတော့ ဖြစ်တည်နေတယ် မောင် ရယ်........။
မျက်ရည်တွေ စိုစွတ်နေတဲ့ ကျွန်မ ပါးပြင်လေးတောင် အအေးပတ် ဖျားရလောက်အောင်
အငိုမင်းသမီးလေး ဖြစ်နေရပြီ မောင်။
နှလုံးသားတွေ ကျွမ်းထိုးမှောက်ကုန် ဖြစ်နေပြီ
ချစ်သူရယ်.....................
...........
မောင် နဲ့ ကျွန်မ တို့နှစ်ယောက် ချစ်ခြင်းမျိုးစေ့ ချခဲ့တဲ့ နေ့ရက်လေးတွေ
အမှတ်မထင် ဆိုင်ထဲဝင်လာတဲ့ လူတစ်ယောက်ကို ရှောင်ဖို့
အချိန်မရလိုက်မှီမှာဘဲ လူသားနှစ်ယောက် ၀င်တိုက်လိုက်မိပါပြီ။

ကျွန်မ လက်ထဲက စာအုပ်တွေ အကုန် ခြေရင်းမှာ
ပြန့်ကျဲကုန်ပါသည်။........တစ်ခုခု ပြောဖို့ ပါးစပ်ပြင်ပြီး
မော့ကြည့်လိုက်မိချိန်မှာ
မြင်ကွင်းလေးကို ၀င်လာတာက တောင်းပန် တိုးလျှိုးတဲ့ အကြည့်တွေနဲ့
စိုက်ကြည့်နေတဲ့ အသားဖြူဖြူ အရပ်ပုပု ကောင်လေး
တစ်ယောက်..............ကျွန်မ မော့ကြည့်လိုက်တယ်ဆိုရင်ဘဲ ပြာပြာသလဲ
* မမ တောင်းပန်ပါတယ် ခင်ဗျာ.....သူငယ်ချင်းတွေ နဲ့ စရင်းနောက်ရင်း
ပြေးဝင်လာလိုက်လို့ပါနော်*
ပါးစပ်ကလဲ ပြော ...ပြန့်ကျဲနေတဲ့ ကျွန်မ စာအုပ်တွေကိုလဲ
လက်ကကောက်ပေးနေပါသည်။ ကျွန်မ စိတ်တွေတိုမိနေတာပါ။
ဒါပေမယ့် သူရဲ့ တောင်းပန်မှု အောက်မှာ ကျွန်မ နှုတ်ခမ်းတွေ ဆွံ့အသွားတယ်
.... ကျွန်မ မင်သက်မိသွားတယ် သူတော်တော်
ချောနေလို့လားလို့ ထင်နေလားဟင်...............ဟင်အင် သူမှာ အသားလေးဖြူတာ
တစ်ခုဘဲ ကြည့်ကောင်းတာရှိပါတယ်....
ဒါပေမယ့် သူကို မော့ကြည့်လိုက်မိတဲ့ ခဏလေးမှာ ကျွန်မ
ဘာဖြစ်သွားမှန်းမသိတဲ့ ခံစားမှုတစ်ခု အလိုလို စီးမျောသွားတယ်
ဆို ကျွန်မ လွန်လွန်လွန်းတာပေါ့နော်............လွန်လဲ
မတတ်နိုင်ဘူးရှင်.............ခံစားချက်ဆိုတာ တားဆီးခွင့်မှ မရှိတာကိုလေ။
ကျွန်မလက်ထဲကို စာအုပ်တွေ လာထည့်တော့မှ အတွေးဆတွေ
ပြတ်သွားပါတော့တယ်...........သူကတော့ ထင်မယ် တလုံးမှ
စကားမပြောဘဲ ခပ်တည်တည် စိုက်ကြည့်နေတော့ သူကို တော်တော်
စိတ်ဆိုးနေပြီလို့လေ..............ကျွန်မနားက ထွက်သွားခံနီးကို
ထက်မံတောင်းပန်စကားတွေ အထပ်ထပ် ဆိုသွားပါသေးတယ်။ သူတောင်းပန်စကားတွေကို
ခေါင်းတစ်ချင် ညီတ်ပြခြင်းဖြင့်ဘဲ
အသိမှတ်ပြု ပြီး ကျောခိုင်းထွက်လာခဲ့မိပါတယ်။
အမှတ်မထင် ဆိုင်ထဲဝင်လာတဲ့ လူတစ်ယောက်ကို ရှောင်ဖို့
အချိန်မရလိုက်မှီမှာဘဲ လူသားနှစ်ယောက် ၀င်တိုက်လိုက်မိပါပြီ။
ကျွန်မ လက်ထဲက စာအုပ်တွေ အကုန် ခြေရင်းမှာ
ပြန့်ကျဲကုန်ပါသည်။........တစ်ခုခု ပြောဖို့ ပါးစပ်ပြင်ပြီး
မော့ကြည့်လိုက်မိချိန်မှာ
မြင်ကွင်းလေးကို ၀င်လာတာက တောင်းပန် တိုးလျှိုးတဲ့ အကြည့်တွေနဲ့
စိုက်ကြည့်နေတဲ့ အသားဖြူဖြူ အရပ်ပုပု ကောင်လေး
တစ်ယောက်..............ကျွန်မ မော့ကြည့်လိုက်တယ်ဆိုရင်ဘဲ ပြာပြာသလဲ
* မမ တောင်းပန်ပါတယ် ခင်ဗျာ.....သူငယ်ချင်းတွေ နဲ့ စရင်းနောက်ရင်း
ပြေးဝင်လာလိုက်လို့ပါနော်*
ပါးစပ်ကလဲ ပြော ...ပြန့်ကျဲနေတဲ့ ကျွန်မ စာအုပ်တွေကိုလဲ
လက်ကကောက်ပေးနေပါသည်။ ကျွန်မ စိတ်တွေတိုမိနေတာပါ။
ဒါပေမယ့် သူရဲ့ တောင်းပန်မှု အောက်မှာ ကျွန်မ နှုတ်ခမ်းတွေ ဆွံ့အသွားတယ်
.... ကျွန်မ မင်သက်မိသွားတယ် သူတော်တော်
ချောနေလို့လားလို့ ထင်နေလားဟင်...............ဟင်အင် သူမှာ အသားလေးဖြူတာ
တစ်ခုဘဲ ကြည့်ကောင်းတာရှိပါတယ်....
ဒါပေမယ့် သူကို မော့ကြည့်လိုက်မိတဲ့ ခဏလေးမှာ ကျွန်မ
ဘာဖြစ်သွားမှန်းမသိတဲ့ ခံစားမှုတစ်ခု အလိုလို စီးမျောသွားတယ်
ဆို ကျွန်မ လွန်လွန်လွန်းတာပေါ့နော်............လွန်လဲ
မတတ်နိုင်ဘူးရှင်.............ခံစားချက်ဆိုတာ တားဆီးခွင့်မှ မရှိတာကိုလေ။
ကျွန်မလက်ထဲကို စာအုပ်တွေ လာထည့်တော့မှ အတွေးဆတွေ
ပြတ်သွားပါတော့တယ်...........သူကတော့ ထင်မယ် တလုံးမှ
စကားမပြောဘဲ ခပ်တည်တည် စိုက်ကြည့်နေတော့ သူကို တော်တော်
စိတ်ဆိုးနေပြီလို့လေ..............ကျွန်မနားက ထွက်သွားခံနီးကို
ထက်မံတောင်းပန်စကားတွေ အထပ်ထပ် ဆိုသွားပါသေးတယ်။ သူတောင်းပန်စကားတွေကို
ခေါင်းတစ်ချင် ညီတ်ပြခြင်းဖြင့်ဘဲ
အသိမှတ်ပြု ပြီး ကျောခိုင်းထွက်လာခဲ့မိပါတယ်။
ကျွန်မတို့ တွေ့ဆုံမှုက မိနစ်ပိုင်းလေးပါဘဲ ဒါပေမယ့် တစ်ဘ၀စာ
ကျွန်မရင်ထဲကို သူက နေရာ ယူသွားခဲ့ပြီလေ။
အချစ်ဆိုတဲ့ အရာက အန္တာယ်ရှိတယ်လို့ မကြာခဏခဏ ကျွန်မကြားနေရတတ်ပါတယ်။
ဒါပေမယ့် တကယ်အချစ်ကို နဖူးတွေ့ဒူးတွေ့ ကြုံဆုံရတဲ့ အခါမှာတော့ ကျွန်မ ဒါတွေကို
မေ့လျော့ ကုန်ပါတယ်။ ကောင်လေး တစ်ယောက် ကျွန်မထက် ငယ်မယ်ထင်ရတဲ့ ကောင်လေးတစ်ယောက်ကို
ကျွန်မ သိပ်ချစ်မိသွားတယ်.......အလှမက်ပြီး အရပ်ပုတဲ့ သူဆို သူငယ်ချင်းတောင် မတွဲချင်တဲ့ ကျွန်မ ၊ ချစ်သူထားရင်တောင်
ကိုယ်ထက် ကြီးတဲ့ သူကိုဘဲ ထားမယ်လို့ ဆုံးဖြတ်ထားတဲ့ ကျွန်မက ..............ကျွန်မထက် လဲ ငယ် ၊ ကျွန်မထက်လဲ
အရပ်ပုတဲ့ ၊ သိပ်မလှတဲ့ ကောင်လေးတစ်ယောက်ကို သိပ်ချစ်မိသွားတယ်တဲ့ ရှင်။ သူငယ်ချင်းတွေ ကျွန်မ မိသားစု
အသိုင်းဝိုင်းတွေတာ သိခဲ့မယ်ဆို ဘယ်လောက် ဟားတိုက် လှောင်ရယ်တာကို ခံရမလဲဆိုတာ တွေးတောင်မတွေးရဲဘူး။
ဘယ်လိုအကြောင်းတရားတွေ ရှိနေပါစေ ကျွန်မ အဲဒီကောင်လေးကို သိပ်ချစ်ပါတယ်ရှင်။
နောက်တစ်ကြိမ် သူနဲ့ဆုံတွေ့ခွင့်လေးကို တိတ်တဆိတ် ဆုတောင်းနေမိတယ်.....ဇာတ်လမ်းလေးက မစခင်ထဲက ဆုံးနေပြီလားရှင်။
ဒီလို အဖြစ်မျိုးတွေကိုတော့ မလုပ်လိုက်ပါနဲ့နော်.......ကျွန်မ ခံနိုင်ရည် မရှိလို့ပါ.....တကယ်လို့ သူမှာ ပိုင်ဆိုင် သူရှိနေရင်ကော
အိုး........ဟင်အင် မရှိနိုင်ပါဘူး မရှိနီုင်ပါဘူးလေ...........ယောင်ချာချာ အတွေးတွေနဲ့ ကျွန်မရူးတော့မယ် ကောင်လေးရယ်။
တွေ့ဆုံခွင့်လေး ရပါစေဆိုတဲ့ ဆုတောင်းလေးကို တောင်းရလွန်းလို့ ဘုရားရှင်တော်မြတ်တောင် နားညီးနေလောက်ပါပြီရှင်။
နေ့လေးတစ်နေ့မှာ မထင်မှတ်ထားတဲ့ လူသားတစ်ယောက်ကို ကျွန်မဆုံတွေ့ခဲ့ရတယ်။ သူကတော့ ကျွန်မသိပ်ချစ်ပြီး အရမ်းကို
တွေ့ချင်နေတဲ့ ကျွန်မကောင်လေးလေ............ကော်ဖီဆိုင်မှာ ထိုင်နေတဲ့ ကျွန်မကို သူမမြင်ပေမယ့် သူကိုတော့ ကျွန်မက သေချာ
ကို မှတ်မိနေခဲ့ပါတယ်။ ကုန်တိုက်ထဲမှာ မို့ သူလဲ လျှော်လည်နေတာဘဲ ထင်ပါတယ်လေ။ မထင်မှတ်တဲ့ အလုပ်ကို ကျွန်မ
လုပ်လိုက်မိပါသည်.....။
*ဟိတ်.....ကောင်လေး...............*
*ဗျာ.............အမ ကျွန်တော်ကို ခေါ်လိုက်တာလား........*
*ဟုတ်တယ် .............အမ မင်းနဲ့ စကားပြောချင်လို့ အချိန်ပေးနိုင်မလား*
*သြော်...ဟုတ်....ရပါတယ်
ဆိုပြီး ကျွန်မနဲ့တူတူ ကော်ဖီလိုက်သောက်ပေးတယ်။ ၀င်တိုက်မိတဲ့ အကြောင်းလေးကိုပြန်ပြောပြတော့ သူမှတ်မိသွားတယ်။
ဒီလိုနဲ့ စကားတွေ ပြောရင်း သူအကြောင်းတွေကို လဲ သိရှိခဲ့ရပါတယ်....မလေးမှာ လာရောက် အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့
အကြောင်း မိသားစုကို လုပ်ကျွေးနေတာတွေ......သူ ကျွန်မထက် 3နှစ်တိတိ ငယ်တယ်ဆိုတာတွေက အစပေါ့.......ကျွန်မက
မနက်ဖြန်ဆို မလေးက နေမြန်မာပြည်ကို ပြန်တော့မှာလေ ကုမ္မဏီက ခိုင်းလို့ ခဏလာတာမို့ ခွဲရအုံးမယ်လေ....သူက
အင်တာနက် သုံးတဲ့အကြောင်းနဲ့ သူအကောင့်လေးကို ပေးသွားပါတယ်......ဆုံနိုင်ခွင့်က အလှမ်းဝေးလွန်းနေပေမယ့်
မျှော်လင့်မိတယ် ကောင်လေးရယ်............ရက်ကို လပြောင်း လကို နှစ်ပြောင်းကာ ကျွန်မတို့ နှစ်ယောက်လဲ သိပ်ကို
ချစ်တဲ့ ချစ်သူတွေ ဖြစ်နေကြပါပြီ။ တစ်နေ့ မတွေ့ရရင်ကို မနေနိုင်အောင်ကို သူကို သိပ်ချစ်တယ်ဆို ပိုတယ်လို့ ထင်ကြမယ်နော်။
တစ်ကယ်အချစ်စစ်တစ်ခုကို တွေ့ရှိခဲ့တာပါ...........သူပြောသမျှ ကို အားလုံးကို မျက်စိမှိတ်ကို ယုံကြည်မိနေတာပါ..............
ဒီလောက်ထိ အချစ်ကို ယုံစားမိသွားပါသည်။ မောင်ကလဲ ကျွန်မနဲ့ထပ်တူ ကျွန်မကို ချစ်ရှာပါသည်။ ဒီလိုနဲ့ လက်ထပ်ဖို့ အခြေနေ
ဒီမှာ ကျွန်မသိထားတဲ့ အခြေနေတွေ ပြောင်းလဲမှုတွေ ရှိလာခဲ့ပါသည်။ ဘာတွေလဲဆိုတော့ ....မောင် သူအိမ်ကို သူတစ်ယောက်
လုပ်ကျွေးနေတယ်ဆိုတာကို ကျွန်မသိထားပါတယ်............ဒါပေမယ့် ခုထပ်သိလောက်ရတာက မောင် ယူတဲ့တာဝန်က ထာဝရ
အတွက်ဆိုတာပါဘဲ...............လွယ်လွယ် တွေးမယ်ဆို မိဘကို လုပ်ကျွေးတာ အပြစ်လားလို့ တွေးကြမှာ လူတိုင်းပါဘဲရှင်။
မိဘထိ ပြသနာမဟုတ်ပေမယ့် ညီကို မောင်နှမတွေကို ပါ လမ်းကြောင်းတစ်ခုပေါ်ရောက်တဲ့ အထိ တာဝန်ယူ၇မယ်ဆိုတာကြတော့
တော်တော်လေး တွေးစရာတွေ ဖြစ်လာပါပြီ....တစ်ခဏတာ ကိစ္စမျိုးလဲ မဟုတ်ဘူးလေ........အိမ်ထောင်တစ်ခုကို ထူထောင်တဲ့
နေရာမှာ အတ္တတွေ ကင်းနေရမယ် ၊ နားလည်မှုတွေ များများ ရှိနေရမယ် ဆိုတဲ့အချက်တွေက တစ်ကယ်ကို အရေးကြီး ပါသည်။
မောင်ဆီက ဒီအကြောင်းတွေကို စသိလိုက်ရတဲ့ နေ့က မောင် ရှေ့ မှာ ပြုံးနေရပေမယ့် တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး။
ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာ လဲ ကျွန်မရင်ထဲမှာ ပဲ့တင်ထပ်နေပါတယ်။ မောင်ရေ ကျွန်မ ဘာလုပ်ရမလဲ ...........?
မောင်ဘက်က
ရှင်းတယ်လေ...........သူဖြစ်နိုင်တာ ဖြစ်ချင်တာတွေကို
မချွင်းမချန်ပြောထားခဲ့ပြီးပြီ.............ကျွန်မ
ဆုံးဖြတ်ချက်တာလိုပါတော့သည်................အိပ်မရတဲ့ ညတွေ
တော်တော်များများကို မျက်ရည်တွေကို အဖော်ပြုရင်း ကျော်ဖြတ်ပြီး
တဲ့ နေ့လေးတစ်နေ့မှာ ကျွန်မဆီမှာ ရေရာ တိကျတဲ့ ဆုံးဖြတ်ချက်လေးတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်နိုင်ခဲ့ပါတယ်..............
မောင်ဆီကို သီချင်းလေး တစ်ပုဒ်ပို့လိုက်တယ်..............သီချင်းလေး နာမည်ကတော့ ချမ်းချမ်း သီဆိုထားတဲ့
ရှိသည် ဖြစ်သည် ချစ်သည်
ကဲ စာဖတ်ပရိတ်သတ်ကြီးရှင်...........ချမ်းချမ်း သီချင်းလေးကို သိကြမှာပါနော်.........သီချင်းလေးကို နားထောင်
ကြည့်လိုက်ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်လေးကို ခံစားနားလည်ပေးနိုင်ကြမှာပါရှင်..................
ကျွန်မလေ *မောင်* ဆိုတဲ့ ကောင်လေးကို အသက်နဲ့ ထပ်တူ မြတ်နိုး တန်ဖိုးထားချစ်မိသွားလို့ပါနော်..................
*မောင်* တာ ကျွန်မရင်ထဲတွင် နေရာ အပြည့် * ရှိသည်*
*မောင်* တာ ကျွန်မဘ၀နဲ့ ထပ်တူ မြတ်နိုးတန်ဖိုး ထားရသူ *ဖြစ်သည်*
*မောင်* တစ်ယောက်တည်းကိုတာ အလွန်တစ်ရာ *ချစ်သည်*
ရှိသည် ဖြစ်သည် ချစ်သည်
No comments:
Post a Comment