11.သနပ်ခါးပါးကွက်ပေါ်က မျက်ရည်ကွက်လေး (၀ထ္ထုတို)
11.သနပ်ခါးပါးကွက်ပေါ်က မျက်ရည်ကွက်လေး (၀ထ္ထုတို)
ဘ၀မှာ အမှတ်တရတွေ အများကြီး
ရှိနေတတ်ကြပါတယ်..........အဲဒီအမှတ်တရတွေ အများကြီးထဲက ကောင်လေးနဲ့
ပတ်သတ်ခဲ့တဲ့ အစိတ်ပိုင်းလေးက ကျွန်မအတွက် သိပ်ကိုချိန်မြိန်တဲ့
ဝိုင်တစ်ခွက်ကို သောက်နေရသလိုဘဲ
ရသမျိုးစုံးကိုခံစားရတယ်..............ချိုမိန်တယ်...မူးယစ်စေတယ်...တစ်ခါတစ်ခါ
အမူးလွန်လို့ ခဲရခက်တဲ့ဝေဒနာမျိုးတွေကို လဲ
ခံစားတတ်ရသေးတယ်ရှင့်...........ဒါပေမယ့် *ကောင်လေး ကို ကျွန်မ
အရမ်းချစ်တယ်.............. ကျွန်မဘ၀ထဲကို
သူစ၀င်လာခဲ့တယ်...............သူအသိတစ်ယောက်ကနေ မိတ်ဆက်ပေးလို့ သူနဲ့
ကျွန်မ စတင်သိကျွမ်းခဲ့ကြတယ်....သူက ကျွန်မထက် 6နှစ်တိတိ
ငယ်တယ်လေ..........သူဆီမှာ
ကျွန်မမနှစ်သက်တဲ့အကြောင်းရာတော်တော်များများရှိနေခဲ့ပေမယ့် ကျွန်မ သူကို
အရမ်းချစ်မိသွားခဲ့တယ်လေ..........
သူနဲ့ စကားတွေ ပြောနေ၇ရင် ကျွန်မ
ပျော်နေမိတယ်..........လိုင်းပေါ်တက်လို့ သူအကောင့် ကလေး တွေ့လိုက်ရရင်ကိုဘဲ
ကျွန်မ စိတ်ချမ်းသာတယ်လေ.........သနပ်ခါးမကြိုက်တဲ့ ကျွန်မကို
နေ့တိုင်းသနပ်ခါးတွေ လိမ်းခိုင်းတတ်တယ်......သူက စကားပြောရင်လဲ
တအားလူလည်ကျတတ်သေးတယ်ရှင့်.........ကျွန်မ က အကောင့်ထဲမှာ သူငယ်ချင်းတွေ
အများကြီးရှိတယ်လေ....ကောင်လေးနဲ့ ခင်ပြီဆို သူကောင်မလေးနဲ့ပါ
ခင်သွားတယ်လေ....ကောင်မလေးတွေနဲ့ ခင်ရင်လဲ သူ့ကောင်လေးနဲ့ပါ
ခင်သွားတတ်တယ်....ကျွန်မလိုအပ်တာကို အားလုံးက ကူညီကြသလို သူတို့ လိုတာဆိုလဲ
ကျွန်မ အမြဲကူညီပေးတယ်လေ.........ဒီတော့ အားလုံးက ကျွန်မကို
ခင်ကြတယ်....ဒါကို သူသိတော့
*မ ကျွန်တော်ကိုလဲ
ကူညီပါအုံး...ကျွန်တော် ကောင်မလေးက သနပ်ခါးမလိမ်းဘူးဗျ....မ
ကအပြောကောင်းတယ်ဆို သူကိုနေ့တိုင်း သနပ်ခါးလိမ်းအောင် ပြောပေးပါနော်*
တဲ့လေ........ကျွန်မ မှာ သူကို
ဘာပြန်ပြောရမှန်းမသိအောင်ပါဘဲ....ဒီလို ရင်ခုန်အောင်လဲ
လုပ်တတ်သေးတယ်.............သူကို မပြောဘဲ ညိမ်နေရင်လဲ ဘယ်သူနဲ့ ပြောနေတာလဲ
ဘာလုပ်နေတာလဲ ဆိုတာက လာသေးတယ်လေ.............ကောင်လေးနဲ့ စကားပြောတိုင်း
ခံစားရတဲ့ ရင်ခုန်မှုတွေ က ပြောမပြတတ်အောင် ကြည်နူးစရာကောင်းသလို
နာကျင်ခံစား၇တာတွေ လဲ အများကြီးပါဘဲရှင်.........တခါခါ သူက တမျိုးလေးလေ
.........ကျွန်မကို ချစ်တယ်ပြောပေမယ့် သူ ကျွန်မဆီက အဖြေကိုတော့
မတောင်းဘူး.............သူကို ကျွန်မ လက်ခံလို့ မရဘူးဆိုတာ
သူသိတယ်လေ......ကျွန်မ သူကို အရမ်းချစ်နေလဲ ဘယ်လိုမှ လက်ခံလို့
မဖြစ်နိုင်ပါဘူး...........6နှစ်ဆိုတဲ့ အသက်ရွယ်ကွာဟမှုကို ကျွန်မ
ကြောက်တယ်...........ရေရှည်မှာ ဖြစ်လာမှာတွေ ကို ကျွန်မ
ရင်မဆိုင်ရဲဘူးရှင်...........သတ္တိနည်းတယ်ဘဲ
ပြောပြောပါ..............တဘ၀မှာ တခါဘဲ အိမ်ထောင်ပြုချင်တယ်............အဲဒီ
အိမ်ထောင်ကို အတည်တံ့ဆုံး ရိုးမြေကျပေါင်းချင်တယ်လေ.........ကျွန်မ
စဉ်းစားတယ် ဒီလိုသာ ရှေ့ဆက်နေရင် နှစ်ယောက်စလုံး
ရင်ကွဲရတော့မယ်ဆိုတာကိုလေ............ချစ်သူတွေ ရဲ့ ပန်းတိုင်က
ပေါင်းစည်းခြင်းပါ...........ပေါင်းစည်းခြင်းမရှိဘဲ ရှေ့ဆက်နေတာ
အဓိပ္ပာယ်မဲ့နေစေတယ်လေ.........ဒီလိုတွေးမိတဲ့နေ့ကစပြီး ကျွန်မ သူကို
ရှောင်ခဲ့တယ်...........သူနဲ့ တွေ့နေကျ အချိန်တွေဆို ကျွန်မ လက်တွေ
ကွန်ပြူတာကို မကိုင်မိအောင် ထိန်းချုပ်ရတာ ဆေးသမားဆေးဖြတ်ရတဲ့ဝေဒနာထက်
အဆပေါင်းများစွာ ဆိုးစေပါတယ်ရှင်............ရင်ဘတ်တစ်ခုလုံး
ဆုတ်ပြတ်သတ်နေအောင် ခံစားကြေကွဲရတယ်...........ကောင်လေး ရေ
အရမ်းချစ်တယ်ဆိုတဲ့ စကားသံတွေကလဲ ရင်ထဲမှာ
ပဲ့တင်ထပ်နေတယ်ရှင်.................သူဘယ်လိုနေမယ် ကျွန်မ
မသိချင်တော့ဘူး.....နောက်ဆုံးမေးကိုတောင်
ဖွင့်မကြည့်တော့ဘူးရှင်............ဒါကျွန်မ
အတ္တကြီးတယ်ခေါ်မလားဟင်............ဘယ်လို စွဲချက်တင်တင် ကျွန်မ
ခံနိုင်ပါတယ်........မဖြစ်နိုင်တာကို ဘယ်လို ရှေ့ဆက်မှာလဲရှင်..........သူ
မှာအနာဂတ်တွေ ရှိသေးတယ်လေ..........သူ အနာဂတ်ကို ကျွန်မ ပိတ်ဆို့ထားသလို
မဖြစ်ချင်ဘူး...........သူ အေးဆေး တည်ငြိမ်တဲ့ ဘ၀လေးတစ်ခုကို
တည်ဆောင်စေချင်တယ်....................ဒါ ကျွန်မ သူကို ပေးဆပ်တာ မဟုတ်သလို
စွန့်လွတ် အနစ်နာ ခံတာလဲ မဟုတ်ဘူးနော်.........ပေးဆပ်ချစ်တာ ရယူပိုင်ဆိုင်
လိုတယ်ဆိုတာတွေ တစ်ခုမှ စိတ်မ၀င်စားဘူး.......အချစ်ဆိုတာကို ရိုးသားစွာဘဲ
ချစ်နေချင်တယ်..........ကျွန်မလေ ဘယ်သူကို မှ မယူတော့ဘဲ သူကို ရိုးသားစွာ
တသက်လုံးချစ်သွားတော့မှာပါ...........
*ကောင်လေးရေ မင်းသိပ်ကြိုက်တဲ့
သနပ်ခါးတွေ ကို မ နေ့တိုင်းလူးဖြစ်နေပြီသိလာ............ဒါပေမယ့်လေ
သနပ်ခါးလေးတွေ က အမြဲကွက်နေရရှာတယ်ရှင်.........သူများတွေလို
ချစ်သူခြွေချတဲ့ အနမ်းပန်းကြောင့် ကွက်ရတာတော့ မဟုတ်ဘူး..........ချစ်သူကို
လွမ်းလွန်းလို့ ရင်ထဲက စီးဆင်းလာတဲ့ သွေးမျက်ရည်စက်တွေ ကြောင့်
ကွက်နေရတဲ့ မျက်ရည်ကွက်တွေလေ............
*ခိုင်လေး
စိတ်ကူးယဉ်သက်သက်လေး ရေးထားတာပါနော်...........ခိုင်လေး အကြောင်းမဟုတ်သလို
ဘယ်သူအကြောင်းမှလဲ မဟုတ်ပါဘူး............တကယ် စိတ်ကူးယဉ်
ဇာတ်လမ်းလေးသက်သက်ပါဘဲရှင်*
ခိုင်လေး(ရွှေတောင်)
No comments:
Post a Comment