Sunday, April 29, 2012

ထီပေါက်တဲ့ သူတစ်ယောက်ရဲ့ အတွေ့ကြုံလေး

ဒီတစ်ခါပြောပြချင်တဲ့ ပုံပြင်လေးကတော့ ထီပေါက်တဲ့ ထီပေါက်တဲ့ သူတစ်ယောက်ရဲ့ အတွေ့ကြုံလေးပေါ့

     ဟိုးရှေးရှေး 1985...1986 ၀န်းကျင်လောက်က.....ထီတစ်စောင် 5ကျပ်ခေတ်ကပေါ့.......နယ်မြို့လေးတစ်မြိုမှာ ဦးမြဆိုတဲ့ ဦေးလးကြီးတစ်ယောက်နဲ့ သူငယ်ချင်းက ထီစပ်ထိုးလိုက်ကြတာ 20000 နှစ်သောင်းဆုပေါက်ပါလေကော............ဒီမှာဘဲ ထီဆိုင်ကို သွားတာပေါ့........ထီဆိုင်က ပြောတယ်တဲ့ 16000တစ်သောင်းခြောက်ထောင်ရမယ်......လမ်းစရိတ်နဲ့ ဟိုမှာ ဗိုလ်ကြီးတွေ ကို ထီထုတ်ရင် ပေးရတယ်လို့ ပြောတော့.............ဦးမြကလဲ ခေသူမှ မဟုတ်တာ* ဟေ့ ကိုဘာကို ရန်ကုန်သွားထုတ်မယ်ကွာ* ဆိုပြီး သူကိုယ်တိုင် သူ့သူငယ်ချင်းနဲ့နှစ်ယောက် ရန်ကုန်ကို သွားထုတ်ကြတယ်တဲ့......
    ဒီမှာဘဲ ဦးမြက သူကိုယ်သူ တကယ်တောသားကြီးလို ခေါင်းပေါင်းကြီးပါ ပေါင်းထားလိုက်သေးတယ်လေ...............အဲဒီတုန်းက ထီလက်မှတ်တွေ လဲတာတွေကလဲ ရှိသေးတယ်ရှင့်.............ထီရုံးကို ရောက်တာနဲ့ ခပ်တည်တည်ဘဲ အထဲကို ၀င်သွားတယ်တဲ့ ......ဒီမှာဘဲ တ၇ုတ်ပုံစံ လူငယ်လေးတစ်ယောက်ကို တွေ့တာနဲ့
*မောင်ရင် ထီထုတ်ချင်လို့ ဘယ်လိုများလုပ်ရမလဲ ကွဲ့   *
*သြော်! ဟုတ်ကဲ့ ဦးလေး ....ဒီကို လာပါ ဦးလေး*
*ဒါနဲ့မောင်ရင်ကို မေးရအုံးမယ်ကွဲ့ ဒီမှာ ထီထုတ်ရင် ဗိုလ်ကြီးတွေ ရှိတယ်ဆို....သူတို့ကို ပေးရတယ်ဆိုတာ ဟုတ်လားကွဲ့...*
*ဗျာ...မဟုတ်ပါဘူး ဦးလေးရယ် ဘာကိစ္စပေးရမှာလဲ မဟုတ်တာ.....ဘယ်သူပြောလဲ *
*ဦးလေးတို့ ပေါက်တဲ့ ထီဆိုင်ကလေ-
*မဟုတ်ပါဘူး ဦးလေးရယ် မပေးရပါဘူး*
*ဒါနဲ့ မောင်ရင်က ကော ဗိုလ်ကြီးလားကွဲ့*
*မဟုတ်ပါဘူး...ကျွန်တော် ညွှန်ကြားရေးမှူးပါ*
*သြော်...*
ဒီမှာဘဲ သူငယ်လေးက ကောင်လေးတစ်ယောက်ကို လှမ်းခေါ်ပြီး
*ဒီက ဦးလေးတွေကို စာရွက်ဖောင်တွေ သေချာ ဖြည့်ပေးလိုက် နော်....ပြီးရင် ငါဆီယူလာခဲ့....ဦးလေး မနက်ဖြန်မနက် 10နာရီ ပြန်လာခဲ့ပါနော်....*
ဖောင်တွေ ဖြည့်ပြီးတော့ ဦးလေးကြီးက ထပ်မေးလိုက်သေးတယ်
*မောင်ရင် သူကို ကော ပေးရမှာလား*
*မပေးရပါဘူး ဦးလေးရယ်........ဒါတွေ လုပ်ပေးဖို့ သူတို့ကို လခပေးထားတာလေ*
*******************************************
ဒီလိုနဲ့နောက်နေ့ မနက်ရောက်တော့ ထီရုံးကို ထပ်ရောက်တာပေါ့ရှုင်..........မနေ့က ပြာတာ ကောင်လေးက ဦးလေး လာဆိုပြီး ညွှန်ကြားရေးမှူး အခန်းထဲကို တန်းခေါ်သွးတယ်ဆိုရင် ဘဲ နောက်မှာ တန်းစီနေတဲ့ သူတွေ အသံတွေ ထွက်လာပါကော
*ဟ............ခုမှရောက်ပြီး တန်းဝင်ရလားကွ*ပါ့.....ဒီမှာကောင်လေးက ခပ်တည်တည်နဲ့ ပါဝါတွေ ထုတ်သုံးတော့တာပေါ့
*ဟိတ်.......ဆူနေ၇င် အကုန် နောက်နေ့ ချိန်းလိုက်မယ်နော်.........ကိုယ်ဘာကိုစီစရာ ရှိတာစီလေ..........တော်တော် ရှည်ကြပါလား.........*
အားလုံးတိတ်သွားတာပေါ့..........ဒီလိုနဲ့ စရွက်တွေ ယူပြီး ထုတ်ရမဲ့နေရာတွေ ကို အဆင့်အဆင့် သွားရတယ်လေ...........ပထမ ဆုံးနေရာမှာဘဲ..........ကောင်တာရှေ့မှာ ဖလားကြီးတွေ ချထားတယ်လေ............ဦးလေးကြီးကလဲ မေးတာပေါ့.............
*ဟိတ်...ဒါက ဗိုလ်ကြီးတွေ ကို ပေးရတယ်ဆိုတာလားကွ *
ဆိုတော့ ၀န်ထမ်းလေးက ကပြာကရာ ရှင်းပြရှာတယ်.................
*ဟာ ...မဟုတ်ပါဘူး ဦးလေး ဒါက ၀န်ထမ်းတွေ အပိုချိန်တွေ ဆင်းတဲ့ အချိန်သရေစာစားဖို့ ထီပေါက်တဲ့သူတွေက စေတနာရှိသလောက် လှူတာကို အလှူခံတာပါ.*
ဦးလေးကြီးက နောက်က သူငယ်ချင်းကို လှည့်ပြောလိုက်သေးတယ်
*ဟေ့ကောင် ထီဆိုင်ကပြောသလို ဗိုလ်ကြီးတွေ ကို ပေးရတယမဟုတ်ဘူးနော်..........စေတနာ ရှိသလောက် အလှူခံတာနော် .....*
နောက်ကပါလာတဲ့ သူ့ငယ်ချင်းကတော့ လှူတယ်လေ.....................
ဒီလိုနဲ့ နောက်ဆုံး ဘဏ်(3)  ထီလက်မှတ်တွေ လဲတတ်တယ်လို့ နာမည်ထွက်နေတဲ့ နေရာကို ရောက်ပါကောရှင်
ကောင်တာက ကောင်လေး................*စာရွက်တွေ ပေးပါ ခင်ဗျာ....... ခဏတော့စောင့်ရမယ်နော်*
ဦးလေးကြီး............*ဟေ! ဘာကိစ္စ စောင့်ရမှာတုန်းကွ...ငါ့နောက်မှာကော ငါရှေ့မှာကော ဘယ်သူမှ မှရှိဘဲ ...နောက်ပြီး မင်းတို့ကို စာရွက်တွေကို အကြာကြီး ထည့်ပေးရမှာလား........ငါသတင်းတွေ ကြားထားတယ်ကွ........ငါ့က ထီလက်မှတ်ကို ဓာတ်ပုံရိုက်လာတာနော်.................စောင့်ရမယ်ဆို ငါကိုင်ထားမယ်.......*
ကောင်လေး.........*ဟာ! တယ်ခက်ပါလားဗျာ...........ပေးပေး* ဆို စာ၇ွက်တွေကို ယူပြီး တောင်လျှေက်မြောက်လျှောက်နဲ့ ပိုက်ဆံထုတ်လာတယ်လေ
ကောင်လေး.........*ရော့ ..............ပိုက်ဆံ........ရေမနေနဲ့တော့ ဘဏ်ထုတ်တွေ ပြည့်တယ်....နောက်မှာ လူတွေ ရောက်နေပြီ* ဆိုပြီး မျက်နှာကြောက ခပ်တင်းတင်းနဲ့ ပေးတယ်တဲ့.......ဒီမှာဘဲ ဦးလေးကြီးက ဘာပြောလဲဆိုတော့
*ဟ...ကောင်လေး မင်းလဲ မျက်နှာကို အမျိုးမျိုး.... တော်တော်လဲ တတ်နိုင်တာဘဲကွ.........ခုန ငါကိုစတွေ့တုန်းကတော့ ....အဖေကို တွေ့နေတဲ့ သားလိုဘဲ.........ခုကြတော့ ဈေးထဲက ငါးစိမ်းသည်ကြနေတာဘဲ...........တတ်လဲတတ်နိုင်ပါ့ကွာ.................

***ကဲ  ပုံပြင်လေးကတော့ ဒါပါဘဲကွယ်............ပြောချင်တာကတော့ ထီပေါက်လို့ ထီထုတ်ရတဲ့အတွေ့ကြုံလေးကို ပြောပြချင်တာပါ ဗဟုသုတ အဖြစ်ပေါ့.........*
ခိုင်လေး(ရွှေတောင်)

No comments:

Post a Comment