13.MY KING ကျွန်မရဲ့ ဘုရင်လေး(၀ထ္ထုတို)
*******************
ကျွန်မမှာ သိပ်ချစ်ရတဲ့ ကောင်လေးတစ်ယောက်ရှိတယ်ရှင့်။ကျွန်မဘ၀ ကျွန်မနှလုံးသားအတွက်
ဘုရင်လေး တစ်ပါးပါဘဲ......ကျွန်မ စိတ်ထဲက သူကိုတွေ့တိုင်း my king လို့ တိတ်တခိုးလေး ခေါ်တတ်ပါတယ်
.......my king လေးကို ကျွန်မ သိပ်ချစ်ပေမယ့် my kingလေးက
ကျွန်မအပေါ်မှာတော့ တော်တော်လေး အနိုင်ယူတတ်တယ်ရှင်.........my king လေးနဲ့ ကျွန်မညတိုင်းချက်တင် ထိုင်ဖြစ်တယ်။ နေ့တစ်နေ့မှာ ညတွေကိုဘဲ ကျွန်မမျှော်မိတယ်.......ညဆိုတာ ကို ရောက်မှ ကျွန်မmy king လေးကိုတွေ့ခွင့်ရတယ်လေ....ကျွန် မတို့ချစ်သူတွေ ဖြစ်ကြတာနှစ်တစ်နှစ်ကို ကျော်လွန်ဖြတ်သန်းခဲ့ ပါပြီ။ my kingလဲ ကျွန်မကို ချစ်မယ်လို့ ကျွန်မ ယုံကြည်မိပါတယ်....ဒါပေမယ့်လေ သူက ကျွန်မအပေါ်
ပေါ့ပေါ့လေး
သစ္စာဖောက်ခဲ့တယ်......သူက အပျော်ပါတဲ့ ......ဒါပေမယ့် ကျွန်မရင်ထဲက
ကြွေကွဲခံစားမှုတွေကိုတော့ သူမသိပါဘူး.......ချစ်တဲ့ စိတ်နဲ့
ခွင့်လွတ်ပေးခဲ့ပေမယ့်
ကျွန်မ အချိန်တိုင်း ပူပန်ခံစားနေရတယ်ဆိုတာတော့ my king လေး သိမှာလားရှင်......ချက်တင်မှာ
တွေ့တိုင်း
သူပြောတာကို တလေးတစားနားထောင်မှ ကြိုက်တတ်တယ်........သူပြောနေတာ ကို အလွယ်
အင်းလိုက်ရင်လဲ သူက စိတ်မပါဘူးလားလို့
ပြန်မေးတတ်သေးတယ်လေ......ကျွန် မပြောလို့
သူ အင်း လိုက်နေရင် my king လေးလို ပြန်မေးဖို့ ကျွန်မနှုတ်ခမ်းတွေက စွံ့အနေမိတယ်ရှင်။
တခါတလေ နာလည်မှုတွေ လွဲပြီး သူအထင်နဲ့ သူဆူနေခဲ့လဲ ကျွန်မ ဆင်ခြေပေးဖို့ထက်
my king လေးပြောသမျှ Yes, i do...I ok ပါဘဲ။my king လေးက ကျွန်မထက်ငယ်တယ်
ဒါပေမယ့် my kingလေးက ကျွန်မအတွက် အစစ ကျွန်မဆရာပါဘဲ.......တခါတလေဆို ကျွန်မကိုယ်
ကျွန်မတောင် my king ထက်အသက်ကြီးတယ်ဆိုတာကို မေ့မေ့သွားတတ်တယ်ရှင်.......... ....
****************************** *****************************
ကျွန်မ my king ကိုသိပ်ချစ်ပါတယ်.........ဒါေ ပမယ့် သူကျွန်မကို တခါခါ အရမ်းဥပက္ခာပြုတယ်
စိတ်တွေ မွှန်းကျပ်ရတယ် my kingရယ်.........
သူနေမကောင်းတဲ့ အချိန် သူသူငယ်ချင်းတွေနဲ့ရှိနေတဲ့အချိ န်တွေ သူစိတ်တိုနေချိန်တွေ ဆို ကျွန်မက ဟိုးနောက်ဆုံးကို ရောက်သွားကောလေ
.........ကျွန်မလေ အရမ်း နေမကောင်းလဲ my kingလေးနဲ့တွေ့ရမဲ့အချိန်ဆို
သူရှေ့ ရောက်အောင် လာခဲ့တယ်......သူငယ်ချင်းတွေဆို တာလဲ my kingလေးနဲ့ချစ်သူဖြစ်ထဲက
ကျွန်မဘ၀မှာ မရှိတော့သလောက်ပါဘဲ........တစ် ခါတလေ တွေးမိတယ် ကိုယ်ကို my kingလေးရဲ့
ထားရာနေစေရာသွား အရုပ်တစ်ရုပ်နဲ့တောင် တူနေပြီလို့လေ...........
****************************** ****************************** **
အမြဲတိုင်း my king အတွက်ဆို အဆင်သင့် ....my king အတွက်ဆို အချိန်တွေ ပေးတတ်တဲ့
ကျွန်မ .............my king ဘ၀ထဲကနေ ကျွန်မ ရုတ်တရက် ရှောင်ထွက် ပျောက်ကွယ် ပေးခဲ့တယ်.........သတိရတဲ့ အချိန်မှာ
my king ဖုန်းနံပတ်တွေကို နှိပ်ချင်လွန်းတဲ့ လက်တွေကို ကြိုးနဲ့တောင် တုတ်ထားရတဲ့ အထိပါဘဲ။
ပြောခဲ့တဲ့ my king လေးရဲ့ စကားသံလေးတွေကို ဖြေသိမ့်ရင်း.........my king ရှေ့ ဒူးထောက်မိမတတ်
ဖြစ်ရတဲ့ အလွမ်းတွေကို နာနာကျင်ကျင် ခံစားရတယ်....
ဘယ်လောက်ဝေးနေနေ ကျွန်မ my kingလေးကို ထာဝရ ချစ်နေမှာပါ.
....အနားမှာ my kingမရှိပေမယ့် တူတူရှိနေချိန်က ကလေးတစ်ယောက်လို စိတ်လွတ်ကိုယ်လွတ် ရယ်မောတတ်တဲ့ my kingလေး အပြုံး အရယ်တွေကိုလဲ
လွမ်းတယ်........ဒါဆို ဘာလို့ အရူးထတာလဲလို့ တွေးနေကြမယ်လို့ထင်တယ်နော်..... .......my king ကို သိပ်ချစ်လို့ပါ..........my king အတွက် တကယ် ကျွန်မ လိုအပ်ရဲ့လားဆိုတာ my kingလေး
သူစိတ်ကိုသူ သေချာစေချင်လို့ပါ........
ဒါအချစ်စစ်မဟုတ်ဘူးရှင့်....... ...ဒီလိုဘဲ အနေနီးခြင်းကြောင့်ချစ်မိသွား တယ်ဆိုလဲ ဒါ အချစ်မဟုတ်ဘူး
ရမ္မက်ဆန်တဲ့ တမ်းတမှုတစ်ခုပါ
***အချစ်ဆိုတာ ဘာအကြောင်းပြချက်မှ မရှိဘဲ ချစ်နေတတ်တာမျိုးပါ***
my kingလေးတာ ကျွန်မကို တကယ်ချစ်မိခဲ့တယ်ဆိုရင် ကျွန်မသူနားမရှိလဲ သူကျွန်မကို ချစ်နေ
လွမ်းနေမှာပါ..........ကျွန်မစိ တ်ထဲက သတ်မှတ်ထားတဲ့ အချိန်မရောက်ခင်ထိတော့ လွမ်းရတဲ့ဝေဒနာတွေကို ရင်ဝယ်ပိုက်ရင်း my kingလေးကိုချစ်တဲ့စိတ်တွေကို ရင်နဲ့မမျှအောင် ခံစားနေအုံးမှာပါ .......နေ့ရက်တွေ တိုင်းမှာ my kingလေးနားမှာထာဝရ နေခွင့်ကို အမြန်ဆုံးရပါစေရှင်
my king လဲ ကျွန်မနဲ့ ထပ်တူ လွမ်းနေမယ်ဆို ဒီကမ္ဘာမှာ အပျော်ဆုံးလူသားအဖြစ် ဂရင်းနစ်
စံချိန်တောင် တင်ရမယ် ထင်တယ်ရှင်။
No comments:
Post a Comment