ခိုင်လေး အသက် ( ၃၁ ) ပြည့်ခဲ့ပါပြီ ။ 31နှစ် သာမှာ အမှတ်ရစရာ ဘ၀ မှတ်တမ်းလေးတွေကို မွေးနေ့လေး အမှတ်တရ ပြောပြချင်တယ်။
ဒီနေ့လိုနေ့မျိုးလေး နေံခင်း
2နာရီမှာ အချိန်မှာ ခိုင်လေး လောကကြီးထဲကို ရောက်လာခဲ့ပြီ ။ လောကကြီးထဲမှာ
အပူပင်မရှိ လူဖြစ်လိုက်တာ သိတတ်စ 4 တန်းကျောင်းသူဘ၀ကို ရောက်လာခဲ့ပါသည်။
ခိုင်မာဝင်း နဲ့ ထွန်းလင်းအောင်ကတော့ ခိုင်လေး အချစ်ဆုံး သူငယ်ချင်းတွေပေါ့ ။
ခိုင်မာဝင်းကတော့ ခုဆို သစ္စာနှင်းဆီ ရုပ်ရှင်ထုတ်လုပ်ရေး ကိုလုပ်ကိုင်နေပြီ။
ထွန်းလင်းအောင် ကတော့ သဘောင်္တက်ပြီး ကမ္ဘာပတ်နေပြီလေ။
2 ယောက်စလုံးကို မွေးနေ့လေးမှာ အရမ်းလွမ်းနေမိပါသည်။
ဒီနှစ်လေးမှာတော့ ထူးထူးခြားခြား အမှတ်တရ ဘာမှမရှိဘူး
ထူးခြားတာဆိုလို့ 5တန်းရောက်သွားတာမို့ ထဘီ ကျောင်းစိမ်း
ပြောင်းဝတ်ရတယ်လေ။ ထဘီမ၀တ်တတ်လို့ ပီနံကြိုးနဲ့ ချီဝတ်ရတာလေးဘဲ ရှိပါတယ်။
ဆိုးရွားတဲ့ ရောဂါကြီး တစ်ခု ခိုင်လေးဘ၀လေးထဲကို စတင်ရောက်ရှိလာခဲ့ပါတယ်။
လွတ်လပ်ရေးနေ့ အပြေးပြိုင်ပွဲ ၀င်ပြေးတယ်လေ။ ပထမဆု ရခဲပပေမယ့် ပန်းတိုင် ၀င်တော့ နှလုံးခုန်နှုန်းတွေ
တအားမြန်ပြီး သတိလစ်သွားခဲ့တယ်။ ဆေး၇ုံကို ရောက်သွားတယ်။ ဒီမှာဘဲ မွေးရာပါ နှလုံးခုန်နှုန်းတအားမြန်တဲ့
ရောဂါရှိနေတယ်ဆိုတာကို သိခဲ့ရတယ် ။ အဲဒီနောက်ပိုင်းကစပြီး ဆေး၇ုံဆိုတာကို ခဏခဏ တက်ခဲ့ရပါတယ်။
နောက်အမှတ်တရ လေးတခုက အဲဒီနှစ်လေးမှာဘဲ ခိုင်လေးတို့ အထည်တိုက်က စည်းလုံးချည်လေးတွေကို
တီဗီမှာ ကြေငြာရိုက်ခဲ့တယ် ။ ခိုင်လေး မမကြီးနဲ့ ရှိုက်တာပါ ။ ကြေငြာရိုက်ကွင်းလေးမှာ မမကြီးနဲ့ အမှတ်တရ
ရိုက်ထားတဲ့ ပုံလေးပါ ။ မမကြီးက ခိုင်လေးထက် 3နှစ်ကြီးတယ်။ ခိုင်လေး အမအရင်းပါ။ ညီမ 3ယောက်ရှိတယ်လေ။
ခိုင်လေးက အလတ်ပါ ။
ကြုံခဲ့ရတယ်လေ။ ခိုင်လေး တို့ သူငယ်ချင်းအဖွဲ့လေးထဲကို လူတစ်ယောက် ရောက်လာတယ်။
နာမည်က စည်သူအောင်တဲ့ ။ ရင်ခုန်တာကို သေချာ အဓိပ္ပာယ်မဖတ်တတ်သေးတဲ့ အရွယ်မှာ
လေတိုက်ရင်တာင် ရယ်ချင်နေတာလေ။ ဒါကို အချစ်လို့ မှတ်ယူကာ ရူးမိုက်ခဲ့တယ်။
ထူးခြားတာဆိုလို့ အချစ်ဆုံးသူငယ်ချင်းလေး ခိုင်လေးဘေးကနေ ပျောက်သွားတယ်။
ရန်ကုန်ကို ပြောင်းသွားတယ် ရင်ထဲမှာ နစ်နစ်နဲနဲ ခံစားခဲ့ရတဲ့ နှစ်လေးပေါ့ရှင်။
ခိုင်လေး စာတွေ ရေးတတ်ဖို့အတွက် အစပြု သင်ကြားပေးခဲ့သူ
ခိုင်လေး အချစ်ရဆုံး မြန်မာစာ ဆရာမ ဒေါ်မေသန်းနှင်းပါ။
ဆရာမ သင်ကြားပေးမှုနဲ့ စာစီစာကုံးဆုတွေ အများကြီး ရခဲ့ဖူးပါတယ်။
ဒီနှစ်လေးမှာတော့ ထူးခြားတာတွေ ရှိနေပါတယ် ။ စည်သူနဲ့ ချစ်သူတွေ ဖြစ်နေလို့
မေမေတို့က ရန်ကုန်မှာ ကျောင်းပြောင်းထားခဲ့တယ်။မှတ်မိနေသေးတယ်။
10တန်းကို အ.ထ.က (2) စမ်းချောင်း ( စိန်ဖရိုး) ကနေ စဆခ 480 ဆိုတဲ့ ခုံနံပတ်လေးနဲ့ 1998 က
မြန်မာစာ 72 မှတ် ၊ အင်္ဂလိပ်စာ 50 မှတ် ၊ သချာင်္ 69 မှတ် ၊ သိပ္ပံတွဲ 71 မှတ် ၊ ၀ိဇ္ဖာတွဲ 45 မှတ်နဲ့
ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့တယ်။
10တန်းအောင်ပြီး တွေ့ဆုံလေးကိုတော့ ငယ်ငယ်လေးကနေ 9တန်းထိနေခဲ့တဲ့
ရွှေတောင် ကျောင်းမှာဘဲ ပြန်တက်ဖြစ်ခဲ့တယ်။
ဘွဲ့ ယူတဲ့ တုန်းက အစမ်းနေ့က အမှတ်တရလေးပါ
ဥပဒေ ဘွဲ့ယူတဲ့ နေ့က အမှတ်တရ ဓာတ်ပုံလေးပါ
ဖေဖေ နဲ့ မေမေ
သားလေး
သမီးလေး
ခိုင်လေးဘ၀မှာ တန်ဖိုးအထားရဆုံး နဲ့ နောက်ဆုံးချစ်ခဲ့သူ
အချစ်ရဆုံး လူသားလေးပါ။
နောက်ထပ် ဘယ်သူကိုမှ ထပ်ချစ်စရာ မကျန်တော့အောင်
သူကို ခိုင်လေး အရမ်းချစ်ပါသည်။ အချစ်ကို ကိုးကွယ်မိတာလည်း
သူတစ်ယောက်တည်းအတွက်သာ ဖြစ်ပါသည်။
ခဏခဏ မေးတတ်ကြလို့ ဒီနေရာလေးကနေ
ဖြေလိုက်ပါရစေရှင် ။ အချစ်ကို ကိုးကွယ်သူလေး
ဆိုတဲ့ နာမည်လေးကို မောင် ကို သိပ်ချစ်မိလို့ အမှတ်တရ
ပေးဖြစ်ခဲ့ခြင်းပါရှင်။
ခိုင်လေး အသက် 31 နှစ်သာ အတွင်း မှတ်တိုင်လေးတွေ အဖြစ်
ဆောင်းပါး 45 ပုဒ်ကို ဂျာနယ် များတွင် ပါဝင်ခဲ့ပါသည်။
ဝထ္ထုတို 10 ပုဒ်တိတိ မဂ္ဂဇင်း စာမျက်နှာတွင် ပါခဲပပါသည်။
ရေးသားခဲ့သော ၀ထ္ထုတို စုစုပေါင်း 40ပုဒ် ၊ ကဗျာ 3ပုဒ်
ဆောင်းပါးပေါင်း 65 ပုဒ် ၊ ခံစားမှုစာစု 10 ပုဒ် ၊ ဟာသ၀ထ္ထုတို 5 ပုဒ်
စုစုပေါင်း စာမူပေါင်း 123 ပုဒ် ရေးသားထားခဲ့ပြီးပါပြီ။ ခိုင်လေး ဘလော့လေးတွေကို
အားပေးခဲ့ကြာသော ခိုင်လေး စာဖတ်ပရိတ်သတ် သူငယ်ချင်း မိသားစု အားလုံးကို
ဒီနေရာလေးကနေ လေးလေးစားစား ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။
ခိုင်လေး မွေးနေ့လေးကို သတိတရနဲ့ မွေးနေ့ ဘလော့လေးတွေ တင်ပေးခဲ့ကြသော
ကလေးလေး မေသက်ထားဝင်း ၊ အကို ညီလင်းနိုင် (အနာဂတ်ကောင်းကင်) ၊ မောင်လေး အပြာရောင်ချစ်သူ
ညီမလေး စိမ်းမမစိမ်း ၊ ညီမလေး ခိုင်မာ နှင့်တစ်ကွ မွေးနေ့ဆုတောင်းလေးတွေနဲ့ ဆုတောင်းပေးကြသော
အကို အမ မောင်လေး ညီမလေး အားလုံးနဲ့ ရွှေမြန်မာ မိသားစုဝင်အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။
မွေးနေ့လေးမှာ အရမ်းကို ကြည်နူးပျော်ရွင်ရအောင် ဖန်တီးပေးကြသူအားလုံးကို ကျေးဇူး တင်ရှိပါတယ်။
ရွှေစင်သွန်းစို ခိုင်လေးပျို
ရွက်သစ်ဝေစ ကဆုန်လမှာ
ပီသလွမ်းမော ရွှေဥသြလည်း
ချိုတေးကြည်သာ ကျူးရင့်ကာဖြင့်
ဗျာပါလွမ်းမော ရွက်ကြွေတော ။
နေမင်းရောင်ဝါ ထွန်းသစ်လာစဉ်
ဝေဆာတင့်လန်း ရောင်စုံပန်းတို့
ဖူးသစ်ဝေတည် မွှေးမြကြည်သည်
နေခြည်လင်းစို အလှပို ။
နေ့ဟောင်းစွန့်ပစ် ကဆုန်သစ်တွင်
ဖူးသစ်ဝေဆာ ပန်းပမာသို့
မီးရှူးသန့်စင် ထွန်းဖွားမြင်ပြီ
ရွှေစင်သွန်းစို ခိုင်လေးပျို ။
မွေးနေ့မင်္ဂလာ ဤချိန်ခါတွင်
ချမ်းသာသုခ လိုတိုင်းရ၍
ပေးကုန်မခမ်း နတ်ကြာပန်းသို့
ရွှင်လန်းနိုင်ပါ စေတော့ကို ။
မွေးမိသခင် ကျွေးဖခင်အား
ပန်ဆင်ဦးချ ညွှတ်တွားခပြီး
သမီးလိမ္မာ ထီးပမာသို့
သော်တာလဝန်း ပြည့်လျှံထွန်း ။
မွေးနေ့ချိန်မှ လွန်မြောက်ထသော်
စိတ္တကာယ ပြီးပြည့်ဝ၍
လွတ်လပ်ရွှင်ပျော် ကောင်းကင်တော်တွင်
ထင်ပေါ်ပျံဝဲ နိုင်စေသတည်း ။
အချစ်ကို ကိုးကွယ်သူလေး
No comments:
Post a Comment