မျက်ရည်မိုး
ထားဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့
ပျော်စရာမိသားစုလေးမှာ သူမတို့ ဦးထပ်ထားရသည့် ကျေးဇူးရှင်တစ်ယောက်ရှိနေခဲ့သည် ။
ထားတို့ တစ်မိသားစုလုံးက ထိုသူကို ဘဘလို့ လေးလေးစားစားခေါ်ကြသည် ။ ဘဘက
ထားတို့မြို့လေးရဲ့ အစိုးရ ချည်မျှင်နဲ့အထည်စက်ရုံရဲ့
စက်ရုံမှူးတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးပေါ့ ။ ခရစ်ယာန်ဘာသာဝင် ဘဘမှာ ချောဆု လို့ခေါ်သည့် သမီးတစ်ယောက်
နှင့် ပုတုလို့ခေါ်သည့် သားလေးတစ်ယောက်လည်းရှိသည်။ ဘဘ အမျိုးသမီး အန်တီဆု ကအင်မတန်
စိတ်ထားပြည့်သူတစ်ဦးမို့ လူငယ်တွေကို နားလည်ပေးတတ်သူပါ ။ ထားတို့မှာက ညီမ
သုံးယောက်ရှိကြသည်။ ဒီထဲက ထားကိုတော့ အန်တီဆုက အရမ်းချစ်ဆုံးပါ ။ ထားက အဲဒီချိန်က
8တန်းတက်ဆဲပေါ့ ။ ထား နာမည်က ထားနှင်းဆီလို့ခေါ်ပါသည် ။ ထားဆိုတဲ့ နာမည်ကို
မကြိုက်ပေမယ့် ကိုယ်ကို စကားပြောရင်တော့ ထားလို့ဘဲ သုံးမိတတ်၏ ။ ဘဘ က
ထားတို့မြို့လေးမှာ တစ်ယောက်ထဲလာနေသူပါ ။ မိသားစုက ရန်ကုန်မှာနေကြတာမို့ ထား တို့
အိမ်မှာဘဲ ဘဘက အနေများတတ်၏် ။ ဒီနှစ်တော့ ဘဘ သား ပုတု ဆိုသူ ထားတို့မြို့လေးမှာ
ဆယ်တန်းစာမေးပွဲ လာဖြေမတဲ့ ။ ဘဘ သားဆိုသူကို နာမည်ပဲ ရင်းနှီးနေခဲ့တာ ။ လူကိုတော့
ခုမှဘဲ မြင်ဘူးရပေတော့မည်။
``ထားလေးရေ``
``ရှင်.........မေမေ``
``ဒီနေ့ ဘဘသားရောက်မှာလေ........မေမေတို့ အိမ်မှာ ထမင်းလာစားမယ်တဲ့..........ထားလေး ကူလိုက်အုံးနော်``
``ရှင်.........မေမေ``
``ဒီနေ့ ဘဘသားရောက်မှာလေ........မေမေတို့ အိမ်မှာ ထမင်းလာစားမယ်တဲ့..........ထားလေး ကူလိုက်အုံးနော်``
ထားက အချက်အပြုတ်ကို ၀ါသနာကြီးသူပါ ။ မမက ရန်ကုန်မှာ ကျောင်းတက်နေသည် ။ ညီမလေးက 4တန်းဆိုတော့
ထားသည်ပင် မေမေ လက်ကိုင်တုတ်လေး ဖြစ်မှန်းမသိဖြစ်နေတော့သည် ။ ထား တစ်မနက်လုံးချက်ပြုတ်ပြီးစီးလို့ ရေချိုးနေစဉ် ဘဘတို့ သားဖရောက်လာကြသည် ။ အိမ်ရှေ့မှာ အသံတွေ ကြားနေရပေမယ့် အ၀တ်စားလဲလို့မပြီးတာနှင့်ထွက်မကြည့်နိုင်သေးပါဘူး ။ ကဗျာကသီ သနပ်ခါးရေကျဲလေး မျက်နှာမှာ ပွတ်လိုက်၏ ။ ဆံပင်လေးကို ဒီတိုင်းချထားလိုက်သည်။ ဂါဝန် အပြာရောင်းလေးလဲပြီး ထမင်းစားခန်းဘက်ကို ထွက်လာခဲ့သည် ။ ထမင်းစားခန်းထဲ ၀င်လိုက်သည်နှင့် ဘဘ အသံကိုစကြားနေရပါပြီ ။
``ဒါထားလေး
လက်ယာမှ ဟုတ်ရဲ့လား ဒေါ်မြ``
ထမင်းချက်တဲ့ အန်တီကို လှမ်းမေးသံက နားထဲတန်းဝင်လာ၏ ။
``ဟုတ်တယ် ဆရာ....ကလေးက လူတာ ငယ်တာ လက်ဆိတ်ရှိတယ်``
``ဟုတ်တယ်ဗျို့........သားစားလေ...ဒီလက်ယာရှင်ကို တွေ့ရင် ဒယ်ဒီသား တအားအံ့သြမှာကွ``
ဘဘက
သူ့သားကိုလဲ ပြောပြနေသေးသည် ။ ထား ၀င်ရကောင်းနိုးတွေးနေစဉ်မှာ ဖေဖေက ထားကိုမြင်သွားခဲ့ပါပြီ ။
``သမီးလေး လာလေ .........တခါတည်း ၀င်စား``
ဖေဖေ အသံကြားတာနဲ့ ဘဘက
``ဟော လာပါပြီ ဒီနေ့ ထမင်းဝိုင်းရဲ့ လက်ရာရှင်လေး``
ထား ရှက်လိုက်တာ
။ တခါမှ မသိသေးတဲ့ အကိုတယောက်ရှေ့မှာ ခုလိုဘဘက ချီးမွန်းနေတော့ ဘယ်လိုနေရမှန်းကို
မသိပါဘူး ။
အသာမျက်လွှာချပြီး
ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်တယ်ဆိုရင်ဖြင့်
``ထားလေး ဒါက ဘဘ သား စည်သူမောင်တဲ့........ပုတုလို့လဲ ခေါ်တယ်..........သမီးကတော့ ကိုကို လို့ခေါ်ပေါ့``
ဘဘက မိတ်ဆက်ပေးတော့ သူကို
မကြည့်လို့မရတော့ဘူး ။ မော့ကြည့်
ပြုံးပြတော့......သူကလဲ ပြန်ပြုံးပြပါသည်။ ဒါပေမယ့် ကိုကို အကြည့်တွေက ထားကို ရီစရာတခုကို
တွေ့ရသလို ပြုံးစိစိ ။ ကိုကို ဆိုတဲ့လူကို တွေ့လိုက်ရတဲ့ ခဏလေးမှာဘဲ
ငယ်ရွယ်တဲ့ ထားနှလုံးက ခံစားမှုတစ်ခု ဖြစ်ပေါ်သွားမိတာကိုတော့ ထားကိုယ်တိုင်ကို
သေချာသတိမထားမိလိုက်ပါဘူး ။ရုပ်ရည်သနားကမားလေးနဲ့ ကိုကိုက စတိုင်ကျတဲ့
ခေတ်လူငယ်လေးတစ်ဦးပါ ။ ကိုကိုဆံပင်တွေက ယောက်ျားဖြစ်ပြီး ပျော့နေတာက မနာလိုချင်စရာပါပဲ ။ ဂုတ်ပေါ်ဝဲကျနေသည့်သူဆံပင်တွေ
ထားအလွန်နှစ်သက်သွားမိသည်။တီရှပ် အပြာဖျော့လေးကို
ဂျင်းဘောင်းဘီ အပြာရောင်ရင့်ရင့်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည် ။လူကြီးတွေရဲ့
စကားသံတွေဖြင့် စိုပြေနေသော ထမင်းဝိုင်းလေးတွင် ကိုကိုနဲ့ ကျွန်မ နှစ်ယောက်သာ နှ
ုတ်ဆိတ်ငြိမ်သက်နေသူတွေအဖြစ် ရှိနေကြလိမ့်မည်သာ ။
*************************************************
ကိုကို တို့ သားဖကို နေ့တိုင်း ထမင်းပို့ပေးရသည်က ထားတာဝန် ။
တစ်နေ့တော့ အိမ်က ကားမောင်တဲ့ ဘဘအေး နေမကောင်းတာနဲ့ ထားကိုယ်တိုင် ကားမောင်းပြီး
ထမင်းသွားပို့ဖြစ်ခဲ့သည်။ ဘဘတို့ အိမ်ရှေ့ရောက်တော့ မည်သူကိုမျှ မတွေ့ရ ။ ဘဲ( လ်
)တီးတော့လည်း မည်သူမျှ ထွက်မလာ ။ .ဘဘ ဂျစ်ကားလည်း မတွေ့ဘူးဆိုတော့ အိမ်မှာ
တစ်ယောက်မှ မရှိကြဘူးလို့ ထင်လိုက်မိသည် ။ ဘေးဘက်ကို ပတ်ကြည့်မိတော့မှ ကိုကို
တစ်ယောက် စကိတ်စီးနေတာကို တွေ့လိုက်ရသည်။
``ဒီမယ်
ဒီမယ်``
ထားခေါ်သံကြောင့် ထားရှိရာဘက်သို့ လှည့်ကြည့်လာသူ ကိုကို ။ ထားကိုတွှေုတော့ ပထမ အံ့သြသွားသည်။ အားနာသွားပုံလည်းရသည် ။ ထားဆီသို့ အပြေးတစ်ပိုင်းရောက်လာ၏ ။
``အော်! ညီမလေး ထမင်းလာပို့တာလား.။ ကိုကို ကားသံကို မကြားလိုက်ဘူး.......အားနာလိုက်တာ.....လာ လာ ညီမလေး``
ဆိုပြီး ထားလက်ထဲက ၈ျိုင့်ကို လက်ပြောင်းယူပြီး ရှေ့က ဦးဆောင်ကာ အိမ်ထဲ ၀င်ခဲ့ကြသည်။ .အိမ်ထဲရောက်တော့ ဟင်းတွေလှယ်ပေးနေသည့် ကိုကို မျက်နှာက ထားကို အားနာနေသည့်ပုံက အထင်းသား ။ ကိုကို က စကားနည်းသူပါ ။
ခပ်တည်တည်နေတတ်ပြီး လေခြွေတတ်သူက ဒီနေ့တော့ ထားကို အားနာနာနဲ့ စကားတွေ
တော်တော် ပြောနေရသည် ။ ကိုကို ကိုကြည့်ပြီး ရီချင်နေသည့် ထားကိုထား မနည်းထိန်းထားရသည်။ ထားနဲ့ ကိုကို က နှစ်ဘဲကွာကြသူတွေပါ ။ ကိုကိုက သူကိုယ်သူ ဇွတ်လူကြီးပုံဖမ်းနေသူကြီး ။ ပြန်တော့ ထားကို ကားနားထိပြန်လိုက်ပို့ပေးရင်းဖြေးဖြေး မောင်ဖို့လဲ မှာနေသေးသည် ။ ထားစိတ်ထဲ ပျော်နေသလိုလို ၊ ကျေနပ်သလိုလို ခံစားလိုက်မိ၏ ။
*************************************************
ထား အနေအေးတဲ့ ကိုကို နဲ့
ခပ်သွက်သွက်ထား တော်တော် လေးရင်းနှီးခဲ့ကြသည် ။ တွေ့လိုက်ရင် စကားသိပ်မပြောဖြစ်ကြပေမယ့်
ထားလက်ရာ ဟင်းတခုခု မပါသည့် နေ့ဆို ကိုကိုကထမင်းစားမကောင်းဘူးဆိုပဲ ။
စာမေးပွဲနီးတော့ ကိုကို အတွက် နေ့တိုင်း စာချင်တာလေးတွေ ချက်ပေးမိသည်။ စာမေးပွဲပြီးတော့ ကိုကိုက ရန်ကုန်သို့ ပြန်သွားသည်။ ပြန်ခါနီး လာနှုတ်ဆက်စဉ် ထား ရင်ထဲ ငိုချင်လိုက်တာ ။ ဘယ်လိုခံစားမှုကြီးမှန်း မသိဘူး။
ဒီလိုနဲ့ ကိုကို နှင့် ထား တစ်နယ်ဆီဝေးသွားခဲ့သည် ။ ကိုကိုက ရန်ကုန်မှာ သင်တန်းတွေ တက်နေတယ်လို့ ဘဘလာတိုင်း ပြောပြတတ်သည်။ ထားဆီကို ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရသည့် ကိုကို့ ကို စိတ်နာမိသလိုပဲ ။ ထားလဲ ကိုးတန်းရောက်ပြီမို့ စာတွေကလည်း များလာပြီ ။ ဒီကြားထဲက ကိုကို ကိုတော့ သတိရမိတတ်သည်။ ကိုးတန်းစာမေးပွဲ ဖြေပြီးတော့ ဆယ်တန်းကို ရန်ကုန်မှာ ကျောင်းပြောင်းတက်ဖို့ မေမေတို့စီစဉ်ကြသည် ။ မမကြီးနဲ့အတူရန်ကုန်မှာ ကျောင်းတက်ခဲ့ရသည် ။ တစ်နေ့ ထားဆီကို လူတစ်ယောက် ဖုန်းဆက် လာသည် ။ ထားလုံးဝ မမျှော်လင့်ထားသူတစ်ယောက်ပါ ။ သူအသံကိုကြားလိုက်ချိန်မှာ အရမ်း အံ့သြသွားမိသည် ။ ထားဆီ ဖုန်းလာစရာ မေမေတို့ဘဲ ရှိတာလေ ။ မေမေတို့လဲမဟုတ်ဘူး ဆိုတော့
စာမေးပွဲနီးတော့ ကိုကို အတွက် နေ့တိုင်း စာချင်တာလေးတွေ ချက်ပေးမိသည်။ စာမေးပွဲပြီးတော့ ကိုကိုက ရန်ကုန်သို့ ပြန်သွားသည်။ ပြန်ခါနီး လာနှုတ်ဆက်စဉ် ထား ရင်ထဲ ငိုချင်လိုက်တာ ။ ဘယ်လိုခံစားမှုကြီးမှန်း မသိဘူး။
ဒီလိုနဲ့ ကိုကို နှင့် ထား တစ်နယ်ဆီဝေးသွားခဲ့သည် ။ ကိုကိုက ရန်ကုန်မှာ သင်တန်းတွေ တက်နေတယ်လို့ ဘဘလာတိုင်း ပြောပြတတ်သည်။ ထားဆီကို ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရသည့် ကိုကို့ ကို စိတ်နာမိသလိုပဲ ။ ထားလဲ ကိုးတန်းရောက်ပြီမို့ စာတွေကလည်း များလာပြီ ။ ဒီကြားထဲက ကိုကို ကိုတော့ သတိရမိတတ်သည်။ ကိုးတန်းစာမေးပွဲ ဖြေပြီးတော့ ဆယ်တန်းကို ရန်ကုန်မှာ ကျောင်းပြောင်းတက်ဖို့ မေမေတို့စီစဉ်ကြသည် ။ မမကြီးနဲ့အတူရန်ကုန်မှာ ကျောင်းတက်ခဲ့ရသည် ။ တစ်နေ့ ထားဆီကို လူတစ်ယောက် ဖုန်းဆက် လာသည် ။ ထားလုံးဝ မမျှော်လင့်ထားသူတစ်ယောက်ပါ ။ သူအသံကိုကြားလိုက်ချိန်မှာ အရမ်း အံ့သြသွားမိသည် ။ ထားဆီ ဖုန်းလာစရာ မေမေတို့ဘဲ ရှိတာလေ ။ မေမေတို့လဲမဟုတ်ဘူး ဆိုတော့
``ဟဲလို...............အမိန့်ရှိပါရှင်``
``ကလေးလေး စာတွေ ရပြီလား``
အိုသူပါလား ။ ဟုတ်ရဲ့လား ။
ထားနားကြားများ မှားလေသလား ။ ဟင်အင်မမှားဘူး
။ သူမှသူအစစ် ပါ ။ ထားကို ကလေးလေးလို့ ခေါ်တတ်သူ ကိုကို တစ်ယောက်ပဲရှိသည် ။
``ရှင်.........ကိုကို မလားဟင် ``
``ဟုတ်တယ်.......ကိုကိုပါ ကလေးလေး ``
``အံ့သြလိုက်တာ............``
``ကိုကို သတိရလို့.........ကလေးလေး ဘာလိုသေးလဲ.........ကိုကို ဘာလုပ်ပေးရမလဲ``
``ပြည့်စုံသွားပါပြီ ကိုကို.........ခုလို မေးတာနဲ့ တင် ပြည့်စုံနေပါပြီ ကိုကို..........ကျေးဇူးတင်ပါတယ်``
``ကလေးလေး ရယ်..........စကားတွေပို တတ်လာတယ်နော်``
``ကိုကို ထင်လို့ပါ ``
``စာတွေသေချာကျက်နော် ကလေးလေး ..........ကိုကို စာမေးပွဲပြီးရင် လာတွေ့မယ်``
``ဟုတ်ကဲ့ပါ ကိုကို``
တာတာ့ ဆိုပြီး ကိုကို ဖုန်းလေးချသွားပေးမယ့် ထားမှာတော့ ဖုန်းလေးကို အဓိပ္ပာယ်မဲ့ငေးကြည့်နေမိသည် ။ ပေါ်လာပြီး......ထပ်ပျောက်သွားအုံးမယ်ထင်ပါတယ်လေ ။ စာမေးပွဲတွေပြီးလို့ နယ်ပြန်တဲ့အထိ ကိုကို ရောက်မလာခဲ့ပါဘူး ။ ဘဘဆီက ကိုကိုနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ကြားရတိုင်းနားစွင့်မိရင်း ရင်ထဲက နာကျင်လာနေမိသည် ။ အချစ်ဆိုတာက ဒါကြီးလားကိုကိုရယ်။မသိနာမလည်တဲ့ အရွယ်ထဲက ကိုကိုက ထားနှလုံးသားနန်းတော်ကို သိမ်းပိုက်ထားခဲ့သူပါ ။ ဒီနေ့ သင်္ကြန်အကြိုနေ့လေးပါ ။ သူများတွေ ရေကစားနေကြဖို့ ပြင်ဆင်နေကြချိန် ထားတစ်ယောက်ကတော့ ကောင်းကောင်း အိပ်နေခဲ့သည် ။ အခန်းဝကနေ မေမေ လာနှိုးမှ နှိုးလာခဲ့ပါသည် ။
``ထားရေ သမီးသူငယ်ချင်းရောက်နေတယ်...........တောင်ကြီးကို ပြောင်းသွားတဲ့ မောင်သီဟရယ်``
``ဟယ် ဟုတ်လားမေမေ.......လာပြီနော်``
`ဟဲ့ သီဟ............ငါအတွက် ဘာပါလဲ``
``ပါပါတယ်ဟာ................နင်ကလဲ ဒီလိုရက်ကို အိပ်နေသေးတယ်နော်...........၀က်ဖြစ်တော့မယ်``
``ဖြစ်ဖြစ်ပေါ့ဟ............ပိုတောင်ကောင်းသေး``
သူငယ်ချင်းနှစ်ယောက် စကားတွေ ဖောင်ဖွဲ့ပြီး သီဟက ရေလောင်းမယ်ဆိုတာနှင့် အိမ်ရှေ့ ကိုထွက်လာခဲ့ကြသည် ။ သီဟရေလောင်းနေစဉ်မှာပဲ ထားမြင်ကွင်းထဲသို့ ကိုကို့ ကိုတွေ့လိုက်ရသည် ။ ထားဆီသို့ လာနေရာကနေ သီဟရေလောင်းနေတာကိုလည်း မြင်ရော ကားပေါ်သို့ ချက်ချင်းပြန်တက်မောင်းသွားလေတော့သည် ။
ကိုကိုရယ်အတော်နေနိုင်တယ်နော်။ကိုကိုရယ်မျှော်လင့်ခဲ့ရတဲ့အချိန်မှာထားခံစားခဲ့ရတာတွေကိုနည်းနည်းလေးမှ တွေးမပေးခဲ့ဘူး ။
ထားတို့ နယ်မှာ ကိုကိုရှိနေပေမယ့် ထားဆီကိုတစ်ရက်မှ ပေါ်မလာခဲ့ဘူး ။ သိပ်နေနိုင်တဲ့ ကိုကို ကို စိတ်ထဲမှာ နာကျည်းလာမိသည် ။ မှန်းဆရခက်သည့် ကိုကို့စိတ်ကိုလည်း ကြောက်လာမိသည် ။
*************************************************
*သမီးလေးကို ပြောစရာရှိတယ်...........ထား ဘဘက မနေ့က ဖေဖေကို ခေါ်တွေ့တယ်.........အန်တီဆုနဲ့ မမချောမနက်ဖြန်ရောက်မယ်အန်တီဆု ကျန်းမာရေး အတွက် ငပလီကို အပန်းဖြေသွားမယ်တဲ့.........မမချောကော အန်တီဆုပါ အဖော်ရအောင် ထားလေးကို ထည့်ပေးဖို့ခေါ်ပြောတာ.............ထည့်ပေးတာက အဆင်ပြေတယ် ထား..........ဘဘ ကဆက်ပြောသေးတယ်။..........ထားလေးကို ဘဘသားပုတုနဲ့ သဘောတူပေးပါတဲ့။ ထားလေးကိုဖေဖေ ဆီကနေ တောင်းတယ်။
ရေခိုးရေငွေ့က
ပေါင်းစည်းမိသည့်အခါ တိမ်တိုက်ဖြစ်လာပြီး မိုးရေတွေအဖြစ် ရွာသွန်းစေသလို
ခံစားနာကျင်ခြင်းဆိုသည့် ရင်တွင်းဝေဒနာတွေကို စုပေါင်းလိုက်သည့် အခါ မှာတော့
ခံစားချက်သက်သေဖြစ်သည့် မျက်ရည်တို့ ဖြစ်တည်လာရသည် ။ မျက်ရည် ဆိုတာခံစားမှုတစ်ခုရဲ့သက်သေပါ။တူညီသည့်
ဖွဲ့တည်မှုတွေရှိနေသော မျက်ရည် နဲ့ မိုး ကိုပေါင်းစည်းလိုက်ချိန်မှာတော့ မျက်ရည်မိုးတွေ ပါးပြင်ပေါ်သို့
သည်းမည်းစွာဖြင့် ရွာသွန်းချလိုက်မိပါတော့သည် ။
အခန်းထဲကို ရောက်လာပေမယ့် ထားစိတ်တွေ ဆောက်တည်ရာမရအောင် နာကျင်နေခဲ့ပြီ ။ မေမေ ပြောလိုက်သည့် စကားသံတွေပဲ ထားနားထဲမှာ ပဲ့တင်ထပ်နေခဲ့လေတော့သည် ။နောက်ဆုံးတော့ စွန့်လွတ်ရတော့မည် ကိုကို ။ ဒီချိန်မှာ ထားရင်တွေ တစ်စစီကွဲကြေနေရပါပြီ ။ ချစ်လျှက်နဲ့ ခွဲရသည့်ဝေဒနာလောက် နာကျင်ဖွယ်အဖြစ်ဘယ်မှာ ရှိအံ့ ။ တိုတောင်းတဲ့ ဘ၀မှာ ခွဲခြား ၊ ကွဲပြားခြင်းတွေနဲ့ ဘာလို့တွေ့ဆုံခဲ့ရတာလည်း ကိုကို ။ အတားဆီးမဲ့ ကျဆင်းနေသည့်မျက်ရည်မိုးတွေအား သုတ်ပစ်ဖို့ပင် အင်အားမရှိနိုင်တော့ပါ ။
*************************************************
နောက်နေ့ မနက်အစောကြီးငပီလီကို
ထွက်ခဲ့ကြသည် ။ ကားပေါ်မှာ ကိုကိုနဲ့ အတူ သူ့သူငယ်ချင်းတစ်ယောက်ပါ ပါလာသည် ။
လမ်းတစ်လျှောက် ကိုကိုကော ထားပါ အကြည့်ချင်း မဆုံမိအောင် ရှောင်မိကြသည် ။ ညနေလောက်
ငပလီကို ရောက်ပါသည် ။ ဘန်ဂလိုရောက်သည်နှင့် အန်တီဆုကို
လိုအပ်တာတွေ လုပ်ပေးအပြီး. မမချောကို
ဘာလုပ်ပေးရမလဲမေးတော့ အရမ်းအာနာနေသည့် မျက်နှာလေးဖြင့်
*ရပါပြီ
ထားလေး၇ယ်..........ခုလို လုပ်ပေးနေတာတောင် အားနာလှပါပြီ*
မမချောကတလမ်းလုံး ကားတောင့်တာ ရောက်တော့ ဒေါင်းချင်နေပြီ*
မမချောကတလမ်းလုံး ကားတောင့်တာ ရောက်တော့ ဒေါင်းချင်နေပြီ*
*ထား
လမ်းလျှောက်ချင်လို့ မမ.*
*သွားလေ ထား..........ဟဲ့ ပုတု ကလေးနဲ့ အဖော်လိုက်သွား*
*သွားလေ ထား..........ဟဲ့ ပုတု ကလေးနဲ့ အဖော်လိုက်သွား*
ထား ကိုကိုနဲ့ တူတူ မသွားချင်ဘူး ။ ငြင်းဖို့ကြတော့လည်း မတတ်နိုင်တာမို့ အတူတူ ထွက်လာခဲ့ရပါတော့သည် ။တစ်ယောက်နဲ့တစ်ယောက် စကားလဲ မပြောဖြစ်ကြပါဘူး ။ ကိုအတွေးနဲ့ကို တိတ်ဆိတ်နေမိသည်။ တိတ်ဆိတ်ခြင်းကို စတင် အသက်သွင်းလိုက်သူကတော့ကိုကိုပါဘဲ။
*ကလေးလေး.........ဆံပင်တွေ တော်တော် ရှည်နေပြီနော်*
*ဟုတ်ကဲ့ ကိုကို.................*
*ကလေးလေး စကားလဲနည်းသွား*
*ဟုတ်ကဲ့ ကိုကို*
*ကလေးလေး ကိုကို ကို တခုခု စိတ်ခုနေတာလား*
*မရှိပါဘူး ကိုကို*
*ဟာ............*
ဆိုပြီး ရှေ့ကနေအရင် ထွက်သွားသူက ကိုကိုပါ ။ သေချာတယ် ကိုကို စိတ်ဆိုးသွားပြီ ။ ဆိုးပါ ကိုကို နာကျည်းသွားရင် ပိုကောင်းပါတယ်ရှင်။ရှေ့ကနေ သွားနှင့်နေသော်လည်း နောက်မှာ ကျန်ခဲ့သည့် ကလေးလေးကို ကျွန်တော် သောင်ပြင်မှာ ထိုင်စောင့်နေလိုကသည်။ လေထဲမှာ လွင့်မျောနေသည့် ဆံနွယ်များက တင်ပါးနားထိ ရှည်နေပါပြီ ။ လှလိုက်တဲ့ ဆံနွယ်တွေကွာ ။ ဖြူတယ်ဆိုတာထက် သနပ်ခါးရောင် အသားရည်လေးနဲ့ မြင်သူငေးလောက်တဲ့ ကိုယ်ခန္ဒာမှာ ချပ်ရပ်ရပ်လေးမှာ ပါတိတ်ဝမ်းဆက်
ပိတောက်ခြောက်ရောင်းလေးကို ဆင်မြန်းထားသည့် ကိုကို့ကလေးလေး ။ လှချင်တိုင်းလှနေတဲ့ ကလေးလေးကို လွန်ခဲ့တဲ့ သုံးနှစ်ခန့်် ချာတိတ်မလေးဘ၀ထဲက အရူးမူးချစ်ခဲ့မိသူပါ ။ အသိတရားတွေက ထိန်းချုပ်နေသော်လည်း .အချစ်ဆိုတာ ခက်သားသားလေ ။ ကလေးလေး ရယ် သိပ်ချစ်တယ်ကွာ။
*************************************************
ဒီနေ့တော့ အားလုံးရေထဲဆင်းဆော့ဖြစ်သည် ။ ထားက ရေကြောက်သူလေးပါ ။ ရေလည်းမကူးတတ်ဘူး ။ ကမ်းခြေမှာ ကျွန်တော်တို့ ဆော့တာကို ထိုင်ကြည့်နေသည့်ထားကို မမချော က အတင်းခေါ်နေသည် ။ ထားကလည်း အတင်းငြင်းရှာသည် ။ တစ်ယောက်ထဲ ထိုင်နေသည့်ထားကို ပျော်စေချင်သည့် စေတနာဖြင့် မချောကလည်း အတင်းဆွဲခေါ်နေသည် ။ နောက်ဆုံး မချောကို အားနာလာသောကြော့် ထားတစ်ယောက် ရေထဲကို ပါလာပါတော့သည် ။
ရေထဲကို ရောက်ရင်ဖြင့် မောင်နှမနှစ်ယောက်သား ထားကို ပျော်အောင်စကြပါတော့သည် ။ မမချောကော ကိုကိုပါ ရေကူးကျွမ်းသူတွေပါ ။ ထားကို ဘောကွင်းပေါ်တင်ပေးလိုက် ဆွဲချလိုက် ပြန်ဆယ်လိုက်နဲ့ ထားမှာ မောလည်းမော ကြောက်လည်းကြောက်နေပေမယ့် ကိုကို ပျော်နေတာကိုကြည့်ပြီး တားဖို့ စကားလုံးတွေက ပါးစပ်ဖျားကနေ ပျောက်နေခဲ့သည် ။
ကိုကို ဒီလို ပျော်နေတာမျိုး တခါမှ ထား မမြင်ခဲ့ဘူဒပါ ။ ကိုကို ရယ်နေတာ သိပ်ကို ချစ်ဖို့ကောင်းတာပဲ ။
အပျော်တွေ မဆုံးခင်မှာ ကံကြမ္မာဆိုးနဲ့တူသော လှိုင်းတွေ တင်လာတာကို မသိဘဲ မမချောက ဆွဲချလိုက်ချိန် ထား ရေနစ်ပါတော့သည် ။
ခပ်လှမ်းလှမ်းကို
ရောက်နေသည့် ကျွန်တော် သိသိချင်း ကူးလာချိန်မှာ မမှီတော့ပါဘူး ။ ကျွန်တော်အသည်းသန်လိုက်ဆယ်ပေမယ့်
လှိုင်းကြမ်းနေတဲ့အချိန်ဖြစ်တာမို့ထားကိုဘယ်လိုမှ မကယ်လိုက်နိုင်ဘူး ။ မောင်နှမနှစ်ယောက်
စလုံး ရဲ့ အစသန်မှုက ကျွန်တော် သိပ်ချစ်ရတဲ့ ကလေးလေးကို သေမင်းဆီကို
တွန်းပို့လိုက်လေပြီ ။ဖြေသိမ့်စရာ စကားလုံးမရှိအောင်ပါပဲ ။ရေကူးကျွမ်းပါတယ်ဆိုတဲ့
ကျွန်တော် မမ သူကိုယ်သူ ယုံကြည်မှု လွန်ကဲခဲ့ခြင်းရဲ့ ရလာဒ်က အားလုံးရင်ကျိုးရလေပြီ
။ ကလေးလေး အလောင်းကို ပြန်ရအောင်တောင်မနည်းရှာရခဲ့ရလေသည်။ ကလေးလေး မိဘတွေ
ချက်ချင်း ဒယ်ဒီနဲ့ အတူတူ လိုက်လာကြသည် ။
အန်တီရဲ့ ရင်ကွဲပတ်လတ်
ငိုသံနှင့်မျက်ရည်စကများ ။ အန်ကယ်ရဲ့ မချိတင်းခဲ ငိုကြွေးမှုကြောင့် စီးဆင်းလာတဲ့
မျက်ရည်စီးကြောင်းများ မမချောရဲ့ သူကိုယ်သူ ဘယ်တော့ မှ ခွင့်မလွတ်နိုင်တဲ့ မချိတင်ခဲဝမ်းနည်းခြင်း
မျက်ရည် စက်များ ၊ ဒယ်ဒီနဲ့ မာမီရဲ့ သမီးလေးလိုချစ်ရသည့် ကလေးတစ်ဦးကို ဆုံးရှုံးလိုက်ရသည့်
ဝမ်းနည်းပူဆွေးမှု မျက်ရည်တွေ နဲ့ အတူ သိပ်ချစ်ရတဲ့ ကလေးလေးအတွက်
ကျွန်တော်နှလုံးထဲက ကျဆင်းလာသည့် နှလုံးသားမျက်ရည်စက်တို့
ပေါင်စည်းလိုက်သည့်အခါမှာတော့ သိပ်ကို
လှပသည့် မိန်းမငယ်လေတစ်ယောက်းရဲ့ ဈာပနအခမ်းနား တစ်ခုမှာ မျက်ရည်မိုး တွေအတားဆီးမဲ့ ရွာသွန်းဖြိုးခဲ့ကြလေတော့သည်
။
*** ခိုင်လေး ( ရွှေတောင် ) ***
No comments:
Post a Comment