Monday, August 27, 2012

ရဲထွဋ် နှင့် အချစ်ကို ကိုးကွယ်သူလေး ( ခေါ်) ခိုင်လေး (ရွှေတောင်) ဧ။် မင်္ဂလာဆောင်မှတ်တမ်းလေးပါ

ရွှေမြန်မာ မိသားစုဝင်အားလုံး မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက်ပါတယ် ။
ဒီနေ့ခိုင်လေး တင်မယ့်ဘလော့လေးကတော့ ခိုင်လေး ဘ၀မှတ်တမ်းလေးဖြစ်တဲ့ ခိုင်လေး မင်္ဂလာဆောင်ဘလော့လေးဖြစ်ပါတယ်ရှင်။
ခိုင်လေး လက်ထပ်လိုက်ပါပြီ။ ခိုင်လေး အမျိုးသားက ရွှေမြန်မာဥယျာသ်မှာတော့ ရဲထွဋ်ဆိုတဲ့နာမည်နဲ့ ကော်ပီဘလော့တွေကို တင်ပေး
တတ်ပါတယ် ။ ခိုင်လေး တို့ချစ်သူသက်တမ်း2နှစ်ကျော်ကိုဖြတ်သန်းပြီးချိန်မှာတော့ အိမ်ထောင်သည် မိသားစုဘ၀ကို တရားဝင်လျှောက်
လှမ်းခဲ့ကြပါပြီ ။ ခိုင်လေး မ၈င်္လာပွဲလေးကို မလေးရှားနိုင်ငံ ပုချွန်း 8မိုင်ခွဲမှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။ဒီမင်္ဂလာပွဲလေးကို အဆင်ပြေပြေ
ဖြစ်အောင် အဖက်ဖက်က ကူညီပေးခဲ့ကြသော သူငယ်ချင်း မောင်နှမ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ် ။ မင်္ဂလာဆွမ်း
ကျွေးပွဲကို တရားတော်ဖြင့်ချီးမြှင့်ပေးခဲ့သော ဆရာတော် ဦးကောလေး ၊ မိတ်ကပ်လိမ်းချယ်ပေးသော စိုင်းစိုင်း (ပီနံ) ၊ အသိသက်သေ
လက်မှတ်ထိုးပေးခဲ့သော ကိုသန်းဦး ၊ ကိုစိုးမင်း ၊ အစားသောက်များကို စီမံချက်ပြုတ်ပေးကြသော ကိုဖိုးထောင်နှင့်အဖွဲ့ ၊ အသေးစိတ်ကို
ကူညီပေးခဲ့သော မောင်လေး ဥက္ကာ ၊ ဘိုဘို ၊ လှဝင်း ။ စိုးမိုး ၊အောင်လေး ၊ဖိုးခွား နှင့်တကွ  အဝေးမှ မဖြစ်ဖြစ်အောင် အရောက်လာပေး
ခဲ့ကြသော ကိုညီလင်းနိုင် (ညမီးအိမ်) ၊ မောင်လေးမြေလတ်သား ၊ ဇာနည် ။ဇွဲဝဏ တို့နှင့်တကွ ခိုငလေးတို့ မင်္ဂလာပွဲလေးကို
ကူညီပေးခဲ့ကြသော သူငယ်ချင်း မိတ်ဆွေအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ ခိုင်လေး အမျိုးသား နာမည်အရင်းကတော့
မောင်ဝင်းထွဋ်ဦးဖြစ်ပါတယ် ။ခိုင်လေးနာမည် အရင်းကတော့ ခိုင်ဇာအောင်ဖြစ်ပါတယ်ရှင် ။ ကျေးဇူးတင်ထိုက်သူအားလုံးကို လှိုက်2
လှဲလှဲ ပင်ကျေးဇူးတင်ရှိပါတယ်ရှင် ။ အဲမေ့နေတယ် ။ ခိုင်လေး မင်္ဂလာဆွမ်းကျွေး ၀တ်စုံလေး2စုံကို နေမကောင်းဖြစ်သည်အထိ အလှ
ဆင်ပေးတဲ့ ခိုင်လေး ညီမတစ်ဝမ်းကွဲ ဝေေ၀သန့်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ် ။ မလေးရှားနိုင်ငံကို ရောက်သည်အထိ မင်္ဂလာ
ပွဲအတွက် ဖိတ်စာ ကိစ္စအဆုံး စိတ်ရော လူပါ အပင်ပမ်းခံ ကူညီပေးခဲ့သော မောင်လေးဒေးဗစ်ဖြိုးနဲ့ ချစ်ဇနီးစိမ့် ၊ မလေးမလာခင် တရက်
ကြိုတင်လာအိပ်ပေးကာ မင်္ဂလာဆောင်အတွက် အစစကူညီပြင်ဆင်ပေးခဲ့တဲ့ မချောချော ၊ ကိုဇော်လတ်နှင့်ချစ်မမ ၊ မလေးရှာရောက်တဲ့
နေ့မှစပြီး မင်္ဂလာဆောင်ပြီးသည့်တိုင် စိတ်နှစ်ကာ ကူညီပေးခဲ့သော မောင်လေး ဒီမွန် တို့ကိုလည်း ဒီနေရာ ဒီဘလော့လေးကနေ မှတ်
မှတ်ထင်ထင် ကျေးဇူးတင် အမှတ်ရနေမိပါတယ်ရှင်။
                                                                                  မောင်ဝင်းထွဋ်ဦး + မခိုင်ဇာအောင်





မင်္ဂလာ လက်မှတ်ရေးထိုးတဲ့ နေ့ကပုံလေးတွေပါ


မင်္ဂလာဆွမ်းကျွေးနေ့က ပုံလေးတွေပါရှင်
ရွှေမြန်မာဥယျာဉ်ဆိုဒ်ထဲက ဆရာတော် ဦးကောလေး
ဧည့်သည်များ

မင်္ဂလာကိတ် ကျွေးစဉ်

1 comment: