ရွှေမြန်မာဥယျာဉ် မိသားစုဝင်အားလုံး မင်္ဂလာပါရှင် ။ ခိုင်လေး စီစဉ်နေကြ အင်တာဗျူး အစီစဉ်လေးကို တင်ဆက်
ဖို့ အလှည့်ကြရောက်လို့ လာပြန်ပါပြီ ။ ဒီတခါ ခိုင်လေး အင်တာဗျူးဖို့ ရွေးချယ်ထားသူကတော့
စာရေးဆရာ ဘလော့ဂါ သူရဿဝါ
ဘဲဖြစ်ပါတယ် ။ ကဲအင်တာဗျူး အစီစဉ်လေးကို စလိုက်ကြရအောင်နော်။

1.ယခုလက်ရှိ မောင်လေး ရှင်သန်နေထိုင်နေတဲ့ အကြောင်းလေးကို မိတ်ဆက်ပေးပါအုံးနော် ။
-
နည်းပညာ ကုမ္ပဏီ တစ်ခုမှာ Web Administrator အဖြစ် လုပ်နေတယ်။
အွန်လိုင်းနဲ့ ဂျာနယ်လ် တချို့၊ မဂ္ဂဇင်း တချို့မှာ စာတွေ ရေးဖြစ်တယ်။ အခု
နောက်ဆုံး အနုပညာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု ကတော့ ဦးဇာဂနာ စီစဉ်ပေးတဲ့
“လူရွှင်တော်ည” ဆိုတဲ့ပွဲမှာ မြန်မာ့ ပထမဆုံး Stand-up Comedian အနေနဲ့ I’m
Journalist ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြက်လုံး လေးတွေ ပြက်ဖြစ်ခဲ့တယ်။
2. မောင်လေး ဘလော့ဂါ နာမည်လေးအကြောင်း သိချင်ပါတယ် ။ မောင်လေး ပေးထားတဲ့ နာမည်လေး အရမ်း ဆန်းတယ်လို့ အမစိတ်ထဲ ခံစားမိလို့ပါ ။
-
ဒီနာမည်ရဲ့ အကြောင်းက ကျွန်တော့် ဘဝမှာ ခဏခဏ အမေးခံရတဲ့ မေးခွန်းတွေ ထဲက
တစ်ခုပါပဲ။ ဆရာကြီး ပါရဂူ ရေးခဲ့တဲ့ ဗော်လဂါမှ ဂင်္ဂါသို့ ဆိုတဲ့ စာအုပ်ထဲမှာ
ပါဝင်တဲ့ လူ့သမိုင်း မတင်မီ ခေတ်က လုလင်ပျို တစ်ဦးရဲ့ နာမည်ပါ။ အဓိပ္ပါယ်က
“နေ့ကျရွှေကိုယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုး ရပါတယ်တဲ့။ နေမင်းရဲ့ တမန်တော်၊
သားတော် ဆိုတဲ့ သဘောမျိုး ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။
3.
မောင်လေး ရေးတဲ့ စာတိုင်းက ယနေ့မျက်မှောက်ခေတ် ဖြစ်ပျက်နေတဲ့ လတ်တလော
အကြောင်းအရာတွေအပေါ် အခြေခံရေးဖြစ်တာများတယ်နော်။ ဘလော့တခု
အင်တာနက်စာမျက်နှာပေါ် ရောက်လာဖို့ မောင်လေး အစပြု စိတ်ကူး မိပုံလေး ကိုလည်း
သိပါရစေရှင်။

-
သရော်စာတွေ ရေးဖြစ်တဲ့ အခါကျတော့ မလတ်ဆတ် တော့တဲ့ အကြောင်းအရာ တစ်ခုကို
သရော် တာထက် လူ စိတ်ဝင်စား အာရုံစိုက် နေကြတဲ့ အကြောင်းအရာ တစ်ခုကို ရေးရတာ
ပိုကောင်းပါတယ်။ ဒါကြောင့် အမ ပြောသလို လတ်တလော အကြောင်းအရာတွေ အပေါ်မှာ
အခြေခံတာ များရတာပါ။ အွန်လိုင်းပေါ်မှာ စပြီး ရေးဖြစ်တာတော့ ၂၀၀၇
နှစ်ကုန်ပိုင်း လောက်မှာ အသိတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ Mysuboo.com ဆိုတဲ့
Social Web Blog ပေါ်မှာ စာတွေ စရေး ဖြစ်တာကနေ စတာပါ။
4. ယုခုရောက်နတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ အနေထားကို ကျေနပ်အားရမှုရှိရဲ့လားမောင်လေး ။

-
ပရိသတ် အနေအထားနဲ့ လူချည်းသက်သက် ရပ်တည်မှု အနေအထား အပေါ်မှာတော့
ကျေနပ်ပါတယ်။ ကျွန်တော့် ကြိုးစားမှု အနည်း အများ အလိုက် ကျွန်တော်နဲ့
ထိုက်တန်တဲ့ နေရာကို ရောက်နေတာလို့ပဲ ပေါ့ပေါ့ပါးပါး တွေးပါတယ်။ စာပေ
ဗဟုသုတ ဝမ်းစာ အနေနဲ့ တွေးရင်တော့ ကျွန်တော် အများကြီးလိုပါသေးတယ်။
ကျွန်တော့်ထက် တော်တဲ့ ထက်တဲ့ ပညာဥာဏ် ကြီးတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပါ။

8. ဘယ်အချိန်တွေမှာ စာတွေ ရေးတတ်ပါသလဲမောင်လေး။

- ရုံးသမား ဆိုတော့ ထုံးစံအတိုင်း ကျွန်တော့်မှာ ကိုယ်ပိုင် အချိန် နည်းပါတယ်။ ညဖက်တွေပဲ အချိန်ကို လုပြီး စာရေးဖြစ်တာ များပါတယ်။
9.
အရင် အမတို့ဆိုဒ်မှာ မောင်လေး စာတွေကို တွေ့နေရပေမယ့် နောက်ပိုင်းမှာ
မတွေ့ရတော့ဘူးနော်။ ဘယ်လို အခက်ခဲ တွေကြောင့် အမတို့ ဆိုဒ်မှာ စာတွေ
လာမတင်တော့တာလည်းဆိုတာလေးကို လည်း သိပါရစေရှင်။
-
ကျွန်တော် ပထမ တစ်ပုဒ် နှစ်ပုဒ် တင်တုန်းက အဆင်ပြေပါတယ်။ ဒါပေမယ့်
နောက်ပိုင်း တင်တဲ့ သုံးလေးပုဒ်မှာ ကျွန်တော် တင်တာတွေကို Publish မလုပ်
ပေးဘူးလို့ ထင်တယ်။ ကျွန်တော့် စာတွေ တင်ပေးဖို့ တစ်ခုခု အခက်အခဲ ရှိတယ်
ထင်လို့ အနှောင့်အယှက် ဖြစ်မှာစိုးတာနဲ့ လာမတင်ဖြစ်တော့တာပါ။ အခုတော့ အမ
ပြန်တင်ပေးဖို့ ပြောထားလို့ နောက်ပိုင်း နှစ်ပုဒ် သုံးပုဒ် ပြန်တင်ထား
ဖြစ်တယ်။
10. စာရေးသူတစ်ယောက် ထားရမယ့် စိတ်ထားကို မောင်လေး ဘယ်လို သတ်မှတ်ထားပါသလဲ ။
- ကိုယ်ရေးတဲ့စာအပေါ် တာဝန်ယူမှု အပြည့်ရှိဖို့နဲ့ ပရိသတ်အပေါ် စေတနာထား ရိုးသားဖို့ပဲ အရေးကြီးပါတယ်။
11. အမတို့ ရွှေမြန်မာဥယျာဉ်မိသားစု ၀င်အတွက် မောင်လေး စကားလက်ဆောင်လေးကို ကြားပါရစေရှင်
-
ရေရှည်တည်တံ့ပြီးတော့ စာပေအကျိုးကို အွန်လိုင်းမှာတင် မဟုတ်ဘဲ အပြင်မှာပါ
လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါစေ။ ဆိုက်ထဲမှာ
ရှိတဲ့ Member များကလည်း စာပေချစ်စိတ်နဲ့ ဒီဆိုက် ရေရှည် တည်တံ့ဖို့
တာဝန်ရှိတဲ့ လူတွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ကြ ပါစေလို့ ဆန္ဒပြုပါတယ်။
ခုလို မမ မေးတာတွေကို အချိန်ပေး ဖြေကြားပေးခဲ့တဲ့ မောင်လေး သူရဿဝါ ကို မမတို့ ရွှေမြန်မာဥယျာဉ်မိသားစုမှ
အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ မောင်လေး ဒီထက်မက စာပေအကျိုးကို သယ်ပိုးနိုင်ပါစေလို့လည်း
ဆုတောင်းပေးပါတယ်ရှင်
***********************
ရွှေမြန်မာ မိသားစုဝင်တွေအနေနဲ့လည်း ဒီအင်တာဗျူး အစီစဉ်လေးကို ကျေနပ်သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
နောက်များမှာလည်း ခုလိုတန်ဖိုးရှိတဲ့ အင်တာဗျူး အစီစဉ်လေးတွေကို ကြိုးစားတင်ဆက်ပေးသွားပါအုံးမယ်ရှင် ။
No comments:
Post a Comment