Sunday, October 28, 2012

ခိုင်လေးရဲ့ တစ်ဦးတည်းသော ချစ်သားလေး ရွှေကုဋေအောင် မွေးနေ့လေးပါရှင်




သားရေ ခုဆို မေမေတို့ဆီမှာ 24ရက်နေ့ကို ရောက်နေပြီ ။ မေမေ့သားလေး မွေးနေ့ကို ရောက်နေပြီလေ ။ လွန်ခဲ့တဲ့ 2001ခုနှစ်  ခုချိန်ဆို မေမေ အိပ်မပျော်တော့ဘူးသိလား ။မနက်ကို ဆေးရုံခွဲခန်းလေးထဲကနေ မေမေ ဗိုက်ကိုခွဲပြီး ထွက်လာမယ့်  သိပ်ချစ်စရာကောင်းတဲ့ ကလေးလေး ကို မေမေ သိပ်မြင်ချင်နေလို့ ရင်တွေ ခုန်နေခဲ့တာပေါ့ ။သားလေးကို 2001 ခုနှစ် အောက်တိုဘာလ 24ရက်နေ့ မနက်  7နာ၇ီ နဲ့ 9 မိနစ်မှာ ပြည်မြို့ မျိုးသုခ ဆေးရုံမှာ ဗိုက်ခွဲ မွေးခဲ့တယ် ။ သားလေးကို မေမေ သိပ်ချစ်တယ်ဆိုတာကို သားလေး အပြည့်ဝယုံကြည်ပေးပါ ။
မေမေ ရောဂါနဲ့ ကလေးမမွေးရဘူးပြောထားရက်နဲ့ သားလေးနဲ့ သမီးလေးကို မေမေ ရအောင်မွေးခဲ့တယ် ။ သူများတွေလို တယုတယ မနေတတ် မပြောတတ်ပေမယ့် မေမေ သားနဲ့ သမီး ဆိုတာ မေမေဘ၀ပါဘဲ ။ သားဦးလေး လည်းဖြစ် မေမေတို့  မိသားစုရဲ့ ပထမဆုံး သားယောကျာ်းလေးတစ်ယောက်လည်းဖြစ်ပြန်  နှစ်ဖက်ဘိုးဘိုးဘွားဘွားတို့ရဲ့ မြေးဦးလေးလည်း ဖြစ်ပြန်တဲ့ မေမေ ချစ်သားလေးက အားလုံးရဲ့ အသည်းကျော်လေးပေါ့ ။ မေမေ့ချစ်သားလေးက ခုဆို အသက် 11နှစ်တိတိ ပြည့်ခဲ့ပြီနော် ။ ပုဆိုးလေးဝတ်ရတဲ့ ငါးတန်းကျောင်းသားကြီးတောင် ဖြစ်နေပြီနော် ။ သားလေး မှတ်မိသေးလား ။သားတို့ ကျောင်းကပွဲလုပ်တဲ့နှစ်ကလေ မေမေ့သားလေးက မင်္ဂလာမောင်နှံစုံတွဲ သရုတ်ဆောင်ရတယ်လေ ။ အဲဒီနေ့က သားလေးတို့ အလှည့်ကျလို့ ထွက်လာတော့ အောင်မလေး မေမေ့သားလေးက တကယ့် သတို့သားတစ်ယောက်လိုဘဲ ။ လှလိုက်တာ ဆိုတာလည်းပြောမနေနဲ့နော် ။ မေမေရင်ထဲ ကြည့်နေရင်း ငိုချင်လာမိတယ် ။ မေမေ့သားလေးကို တကယ်မင်္ဂလာဆောင်ပေးနေရသလို မေမေ ခံစားရတယ် ။မေမေ အတ္တတွေ ကြီးလိုက်ပုံများ မေမေ့သားလေးကို ဘယ်သူကိုမှ မပေးချင်မိဘူး ။ မေမေ အဲဒီအချိန်မှာ ပိုသိလိုက်တယ် မေမေ့သားလေးကို မေမေ့ သိပ်ချစ်တယ်ဆိုတာကိုပေါ့ ။ ခုဆို မေမေနဲ့
သားတစ်မြေဆီ ဝေးနေကြပေမယ့် မေမေ့သားနဲ့ သမီးက မေမေ့ ရင်ထဲမှာ ထာဝရ ရှိနေပါတယ် ။ မေမေ့ ဘ၀မှာ မေမေ့သားနဲ့ သမီးက ပထမပါဘဲ ။
မေမေ အသက်18နှစ်နဲ့ အိမ်ထောင်ကျခဲ့တယ်။မေမေ့သားလေးကို မေမေ့ အသက် 19နှစ်မှာ မွေးဖွားခဲ့တယ် ။ မေမေ့ အသက် 22နှစ်မှာ ညီမလေးကို ထပ်မွေးပေးခဲ့တယ်နော် ။ မေမေ ၀မ်းက ကျွတ်တယ်ဆိုတာနဲ့ ဘိုးဘိုး ဘွားဘွားတွေက သားလေးနဲ့
သမီးလေးကို အပြီးတိုင်မွေးစားလိုက်ကြတယ်နော် ။ မွေးပြီး 1လသားအရွယ်ထဲက မေမေနဲ့ တူတူမနေကြပေမယ့် မေမေကိုထိတာနဲ့ မခံတတ်တာတွေ ။ မေမေ အကြောင်းအဒေါ်တွေ အတင်းပြောရင်မေမေကို လာပြောပြတတ်တယ် သားလေးကို ပြောကြတယ်နော်
*အချိန်တန်တော့ အမေမှ အမေဘဲတဲ့ * ။ 2008ခုနှစ်မှာ သားတို့ ဖေဖေနဲ့ အပြီးတိုင် တရားဝင် လမ်းခွဲခဲ့တော့ မေမေ့သားလေးနဲ့
သမီးလေးက နားလည်တဲ့ အရွယ်တွေကို ရောက်နေကြပြီနော် ။ ဒါပေမယ့် မေမေ စိတ်ညစ်စေအောင် ဘာတစ်ခုမှ မတောင်းဆို ခဲ့ကြဘူး ။ 2012 ၊ 7လပိုင်းမှာ မေမေ ဘ၀အသစ်ထူထောင်ခဲ့တော့လည်း မေမေ အပေါ် အပြည့်ဝနားလည်လက်ခံပေးခဲ့သလို ဦးကိုလည်း အဆင်ပြေအောင် ဆက်ဆံပေးကြတဲ့  မေမေ့သားလေး နဲ့ သမီးလေး ရဲ့ သိတတ်နားလည်မှုတွေက ဘယ်ကလေးတွေမှ မတူအောင် ပါဘဲ ။ သိပ်ကို လိမ်မာတဲ့သာဲး့ သမီးက မေမေ့ကို နားလည်ပေးခဲ့ကြပြန်တယ်နော် ။  တော်ယုံ မိသားစုမှာ မရှိနိုင်တဲ့ နားလည်မှုမျိုးတွေ မေမေရယ် သားလေးရယ် သမီးလေးရယ် ဆိုတဲ့ မိသားစုလေးမှာ ရှိနေခဲ့တာဟာ လောကကြီးက မေမေကိုပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးပါဘဲ ။ မေမေ့သားကြီး ရွှေကုဋေအောင် ခုဆို 11နှစ်ပြည့်ခဲ့လေပြီ ။ ညီမလေးလည်း 12လပိုင်း 5ရက်နေ့ဆို 8နှစ်ပြည့်ပြီ။ သားကြီးက အကိုကြီး ပိုပီတရမယ်နော်။ ညီမလေးကို စောင့်ရှောက်ကာကွယ်ရမယ် ။ အရမ်းမစရဘူးနော် ။ ကဲ မေမေ့ ချစ်သားလေး ဒီမွေးနေ့လေးမှ စတင်ပြီး အနာဂတ်နေ့ရက်တိုင်းမှာ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျပါစေကွယ် ။ မေမေ့အတွက်  လူမျိုး ဘာသာ သာသနာ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သားကောင်း သားမြတ်လေး ဖြစ်ပါစေလို့ မေမေက ဆုပေးပါတယ်နော် ။ အော် သားလေးရေ ဒီနေ့ ဖေဖေကိုလည်းသွားကန်တော့လိုက်အုံးနော် ။ဖေဖေ ကလည်းဆုတွေ အများကြီး သားလေးကို ပေးလိမ့်မယ် ။ အဲဒီအခါကြရင်သားလေးက ပေးတဲ့ဆုတွေအကုန်ပြည့်ပါရစေလို့ ပြောဖို့လည်း
မေ့မနေနဲ့နော် ။ သားလေးကို မေမေ သိပ်ချစ်တယ် ။အရမ်းကို ချစ်တယ် ။ အရမ်းလည်း သတိရတယ် ။
ချစ်သော သားလေး ရဲ့ မေမေ
ခိုင်လေးသားလေးမွေးနေ့ ပွဲ အတွက် ဧည့်ခံကျွေးမွေး သည်များကို သုံးဆောင်ကြပါရှင်
မင်း



ဖရဲသီးရောစား
ကြက်ကြော်ရောစား

လူစည်ကားနေတာ စားကောင်းလို့[buffet.jpg]
ကြက်သားပြားကြော်[jipai.jpg]
ညနေစာပါစားနော်
မြီးရှည်စားနော်
အအေးရောသောက်ပါ

အမောပြေ သရက်သီးလေး စားကြပါဦး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ ရွှေမြန်မာက သူငယ်ချင်းများရှင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


No comments:

Post a Comment