46. မမုန်းခင် ချစ်ခြင်းတွေနဲ့ လမ်းခွဲခွင့်ပြုပါ မောင်
ကြေးမှံ
ုပြင်တစ်ချပ်ပေါ်က ပုံရိပ်တစ်ခုကို မမှိတ်မသုံ စိုက်ကြည့်နေမိသည် ။
မှန်ထဲမှာ မြင်နေရသူ နှင့် အပြင်ကသူတစ်ယောက်ထဲဆိုတာ ဟုတ်ပါရဲ့လား ။
ကျေနပ်ကြည်နူးခြင်းတွေနဲ့ အတူ လွမ်းမောခြင်းတွေကပါ ကပ်ငြိပါလာခဲ့လေသည် ။
လွမ်းမောခြင်းကို သက်သေတည်စေမည့် အလွမ်းမျက်ရည်တွေ ပြည့်နှက်နေတဲ့
မျက်ဝန်းတစ်စုံကို မှိတ်ချလိုက်သည့် အချိန်မှာ ဘာကြောင့်မှန်းမသိတဲ့
မျက်ရည်စက်တွေ ကျွန်မပါးပြင်ပေါ်ကို အတားစီးမဲ့စွာ ပြိုဆင်းလာပါတော့သည်။
လွန်ခဲ့သော ခြောက်လခန့်က သိပ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ ၀၀ဖိုင်ဖိုင်
ခန္ဓာကိုယ် တစ်ခုကို မလိုချင်ဘဲ ပိုင်ဆိုင်ခဲ့ရဘူးပါသည် ။ လူတကာ
ပါးစပ်ဖျားက ထွက်ကျလာတဲ့ * ၀လိုက်တာနော် * ဆိုတဲ့စကားသံတွေကို
မကြားချင်ဘဲ မကြာခဏ ကြားခဲ့ရသည် ။ လှလှပပ အ၀တ်စားလေးတွေကို တွေ့တိုင်း
ကိုင်ကြည့်ယုံနဲ့ ကျေနပ်နေခဲ့ရဘူးသည် ။
သိပ်ချစ်ပါတယ်လို့
ပြောခဲ့သူ ခင်ပွန်းသည်ရဲ့ပွဲမထုတ်ချင်သလို ဆက်ဆံရေးတွေကို
အချိန်အတော်ကြာ ရင်ဆိုင်ခဲ့ရလေသည် ။ လင်တော်မောင်ရဲ့ ဆိုက်ကယ်
နောက်တော်ပါးမှာ လိုက်ခွင့်မရခဲ့လည်း ကြာခဲ့ပါပြီ ။ သိပ်ချစ်လို့
လက်ထပ်ခဲ့ကြသူတွေပါ ။ အိမ်ထောင်ကြပြီး သုံးလအကြာကတည်းက
မထင်မှတ်လောက်အောင် ၀လာလိုက်တာ ပေါင်100 ကနေ 195ပေါင်တိတိ ဖြစ်လာတဲ့
မိမိပုံစံ ကို မှန်ထဲတောင် မမြင်ချင်မိလောက်အောင် စိတ်ပျက်ခဲ့ရသည် ။
လှချင်တဲ့ စိတ်ရှိပေမယ့် ဆန္ဒပြင်းပြစွာ ပိန်ချင်တာမျိုးတော့ မရှိခဲ့မိဘူး
။လင်တော်မောင် အပြင်သွားလို့ မခေါ်တိုင်းလည်း သူပေးတတ်တဲ့
အကြောင်းပြချက်တွေကို လက်ခံ ယုံကြည်နေမိခဲ့လေသည် ။ ဒီလို မိန်းတစ်ယောက်
ပုံစံ နဲ့နေလာလိုက်တာ ပတ်ဝန်းကျင်အလည်မှာ ပုံဆိုးပန်းဆိုး
ဝတုတ်မကြီးဘ၀ကို ရောက်မှန်းမသိကို ရောက်လို့လာခဲ့လေသည် ။
အိမ်ထောင်တစ်ခုမှာ
မိန်းမတစ်ယောက်ရဲ့ အိမ်တွင်းမှု့နိုင်နင်းခြင်း ၊ သန့်ရှင်းသပ်ရပ်
စမတ်ကျခြင်း ဆိုတဲ့အချက်တွေသည် ယောကျာင်္းတစ်ယောက်ကို
ကောင်းကောင်းကြိုးကိုင်နိုင်
ဆိုတဲ့ အချက်တွေကိုလည်း သတိမမူခဲ့ပါဘူး
။ စားချင်တာတွေ စားလိုက် အိပ်လိုက် နေလာလိုက်တာ မောင် နဲ့ ကျွန်မ
ဝေးမှန်းမသိဝေးကွာ လာတယ်ဆိုတာကို သိလိုက်ရတဲ့ နေ့မှာတော့
သိပ်ကိုနောက်ကျနေခဲ့ပါပြီ။ မိုးလင်းကနေ မိုးချုပ်တိုင်
အိမ်မှာအနေများသူကျွန်မ နဲ့ အပြင်ကို မကြာခဏထွက်ရတဲ့ မောင်။ မောင်
နောက်ကို တခါတရံမှာ ကျွန်မလိုက်ချင်ပေမယ့်
အကြောင်းပြချက်ပေါင်းများစွာနဲ့ ဖယ်ရှောင်တတ်သူကို အပြစ်ရယ်လို့လည်း
မတွေးခဲ့မိပါဘူး ။ တစ်နေ့မှာတော့ မေမေတို့နဲ့ တူတူ ကျွန်မတို့
လင်မယားနှစ်ယောက်လုံး
ရန်ကုန်ကို လိုက်လာခဲ့ကြသည် ။ ရန်ကုန်ရောက်တော့ နေ၀င်ဆည်းတာချိန်
ဖြစ်နေပါပြီ ။ ကျွန်မတို့ နေတာက တရုတ်တန်းနားမှာမို့ ညဘက်ဆို
အရမ်းစည်ပါသည် ။ ရေချိုး အ၀တ်စားလဲပြီးချိန်လောက်မှာ
*မိန်းမရေ မောင် အောက်ဆင်းပြီး ၀က်သားတုတ်ထိုး ဆင်းစားအုံးမယ်*
*ကျွန်မလဲ လိုက်ချင်တယ် မောင်*
*အာနေခဲ့ပါကွာ ။ ပြီးမှ ကိုယ်ဘာကို ဆင်းစားပါကွာ ။ သွားပြီ *
ပြောလဲပြော
သွားလဲသွားပါပဲ။ ထုံးစံအတိုင်း အစဉ်လာမပျက် ကျွန်မကတော့ ကျန်နေမြဲပေါ့ ။
မောင် ထွက်သွားတဲ့နောက်ကျောကို ငေးမောရင် သက်ပြင်းတွေကိုတာ အခါခါ
ချမိလိုက်ပါတော့သည်။
*အောင်မလေးနော်
..မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ လူးပါးဝလွန်းတယ်။ ငါသမီးကိုများ
မစားကောင်းတဲ့ အသီးလိုဘဲ ။ မိတွေ ငုတ်တုတ်ရှိနေတာတောင် ဆက်ဆံပုံက
အချိုးမပြေဘူး *
ရုတ်တရက်နောက်မှ ပေါ်လာသော မေမေ အသံကိုကြားလိုက်ရလေသည် ။
မေမေကို လှည့်ကြည့်ရင်း နှစ်သိမ့်အပြုံးတစ်ပွင့်ကိုသာ ချွေချလိုက်မိပါသည်။
*
ပြုံးနေနိုင်သေးတယ် ငါ့သမီးလေးရယ် ။ သမီးလေး အိမ်ထောင်ကျထဲက
အရင်ပုံစံလေးကို ပြန်တောင် အစကောက် လို့မရတော့ပါလားကွယ် ။ သမီးယောကျာင်္း
ကိုလည်း မျက်စိထဲ တော်တော်လေးကို ထောက်မတွေ့တော့ဘူး ။ မိဘတွေရှေ့တောင်
ဒီလိုဆက်ဆံနေတာ မေမေရင်ထဲ မချိဘူး ။ သမီး ပိန်အောင်လုပ်စမ်းအေ ။ လှချင်တဲ့
စိတ်နည်းနည်းလေးတောင် မရှိဘူးလား *
*သြော် ! လှချင်တာပေါ့ မေမေရယ် ။ ဘယ်သူက ခိုလို ပုံးဆိုးပန်းဆိုးဖြစ်ချင်မှာလည်း*
*ခက်ပါတယ်အေ
။ ယောကျာင်္းဆိုတဲ့အမျိုးကလည်း လူတိုင်းနီးပါး အလှမက်ကြတယ် ။ မလှရင်တောင်
သေသေသပ်သပ်လေး ရှိစေချင်ကြတာ သမီး ။ ငါတော့ ညဉ်းတို့ လင်မယားကို ကြည့်ပြီး
ရင်မောပါတယ်အေ *
မေမေက
ပြောပြောဆိုဆို အခန်းထဲကို ထထွက်သွားပါသည်။ မေမေတို့လည်း ကျွန်မအတွက်
တော်တော်လေး စိတ်ဆင်းရဲနေကြရလေသည် ။ ကျွန်မ ပိန်ဖို့ အတွက်ဆိုလည်း
ကုန်လိုက်တဲ့ ပိုက်ဆံတွေ မနည်းတော့ပါဘူး ။ ဘယ်လိုဘဲ လုပ်လုပ် ကျွန်မကတော့
ဝမြဲဝနေတော့တာပါပဲ ။
******************************
ဝနေတဲ့
ခန္ဓာကိုယ် အတွက်နောင်တရ ရကောင်းမှန်းလဲ မသိခဲ့ဘူး။ ဒီလိုနဲ့ အေးစက်စက်
ဖြစ်မှန်းမသိ ဖြစ်လာတဲ့ ကျွန်မတို့ အိမ်ထောင်ရေးကို အက်ကြောင်းထင်စေခဲ့တဲ့
နေ့လေးတစ်နေ့ကို ရောက်ရှိလာစေခဲ့ပါတော့သည် ။ ညကအေးစက်သော
လေပြေလေညင်းလေးတွေကို သယ်ဆောင်လာကြပေမယ့် ကျွန်မရင်ထဲထိရောက်အောင်တော့
အေးမြခြင်းတွေကို မပေးစွမ်းနိုင်ပါဘူး ။ ခုချိန်ထိ မောင်ပြန်မလာသေးဘူး ။
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတစ်ခု မဖြစ်မနေ ထားသင့်တယ်
မဟုတ်ဘူးလားမောင်ရယ် ။ တစ်ယောက်ထဲနေရတဲ့ အချိန်တွေ များလာတော့ ကျွန်မရင်ထဲ
တိတ်တစ်ဆိတ်မျှော်လင့်နေမိခဲ့တဲ့ ဆန္ဒလေးတစ်ခုက ပိုလို့ ပြည့်ချင်စိတ်တွေ
အားကြီးလာခဲ့တယ်မောင် ။ ကျွန်မမောင်ကို အမြဲနားလည်ပေးခဲ့သည် ။ မောင်
ထားတဲ့ မောင်နဲ့ ဝေးမှန်းမသိ ဝေးနေတဲ့ နေရာလေးတစ်ခုမှာ
ကျွန်မနေပေးခဲ့ပါသည် ။ ဒါတွေကို အသိမှတ်ပြုဖို့တောင် မောင်ကသတိမရခဲ့ဘူး ။
ဒီည မောင်ပြန်လာရင်တော့ ကျွန်မတို့ ဆွေးနွေးမှ ဖြစ်တော့မည် ။ အတွေးတွေနဲ့
လွမ်းမောနေတဲ့ ကျွန်မအာရုံတွေကို မောင်ဆိုက်ကယ်သံက
ထိုးဖောက်ဝင်ရောက်ချိန်မှာ ကျင့်သားရနေတဲ့ ခြေထောက်တွေက
မောင်ကိုကြိုဆိုဖို့ စတင်လှုပ်ရှားနေပါပြီ။ မောင်က ကျွန်မကိုတွေ့တာ နဲ့
တာဝန်ကျေ အသက်မပါတဲ့ အပြုံးတစ်ခုကို တန်ဆာဆင်ပြုံးပြဧ။် ။
အခန်းထဲရောက်တာနဲ့ ရေချိုး အ၀တ်စားလဲ ကာ အိပ်ယာပေါ်လဲချလိုက်တဲ့ မောင်ကို
ကျွန်မ ပြန်ထိုင်စေရန် ထူလိုက်ပါသည် ။
*ဘာလုပ်တာလဲ ……..အိပ်တော့မယ်လေကွာ*
*ကျွန်မ မောင်နဲ့ စကားပြောစရာတွေ ရှိနေတယ်မောင်*
*စကားပြောချင်တာဘဲကွာ ဒီတိုင်းပြောလဲ ရနေတာကို*
*မောင်ရယ် ရှင် ကျွန်မကို အချိန်မပေးတာ တော်တော်ကို ကြာခဲ့ပါပြီ။ ခုပြောမှာတွေကိုတော့ အချိန်ပေး နားထောင်စေချင်လို့ပါ *
*ကဲ ဘာတွေပြောချင်နေလဲ ။ ပြောပြော*
*
မောင် ကျွန်မကို ဥပက္ခပြုတာတွေ အရမ်းများလာပြီ ။ ကျွန်မသည်းခံခဲ့ပါတယ် ။
ခုတော့ ကျွန်မ သူငယ်ချင်းတွေ ၊ မိဘအသိုင်းဝိုင်း ၊
ပတ်ဝန်းကျင်တစ်ခုလုံးကပါ ပြောကုန်ကြပြီမောင် *
*ဟာကွာ ! လူတွေ အားအားယားယား အတင်းပြောနေတာတွေကို မင်းမို့ ခေါင်းထဲလိုက်ထည့်နေတယ် ။ခက်လိုက်တာ*
*သူတို့ပြောတာ
မလွန်ဘူးမောင် ။ ကျွန်မက မောင်ကို ချစ်တဲ့စိတ်တစ်ခုနဲ့ မောင်
ပေးတဲ့ဆင်ခြင်တွေကို မျက်စိမှိတ်ယုံနေခဲ့ပေးတာပါ ။ ဒါပေမယ့် မောင်ရယ်
ခုတော့ မောင် နဲ့ ကျွန်မက ဝေးမှန်းမသိ ဝေးနေရပြီမောင် ။ တအိမ်ထဲနေပြီး
အဝေးကြီးဝေးနေတယ် ။ ကျွန်မ မောင်ကို သိပ်ချစ်တယ်ဆိုတာ မောင် အသိဆုံးပါ ။
ကျွန်မနားမှာ မောင်ထက်သာတာတွေ တပုံကြီးကို ထားပြီး မေမေ တို့
လုံးဝသဘောမတူတဲ့ မောင်ကိုမှ ကျွန်မက မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့တာပါမောင်
*
*
ဟားဟ ! ဟုတ်ပါတယ်ကွာ ။ ငါထက် သာတာတွေကို ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။
အေး ခုချိန်မှာ မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး
မင်းခုဖြစ်နေပုံကို ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ
မင်းမှန်ထဲသေချာ ပြန်ကြည့်ပြီးမှ ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ *
ကျွန်မပြန်ပြောဖို့
စကားတွေ လုံးဝ နှုတ်ဆိတ်သွားခဲ့ပါပြီ ။ ပြောထွက်တဲ့
မောင်နှုတ်ဖျားကစကားသံတွေ နဲ့အတူ ကျွန်မကို မောင်ကြည့်လိုက်တဲ့ အထင်သေး မှ
ု့မျက်လုံးတွေ ကို ကျွန်မရင်ထဲက ပုန်းလျှိုးနေတဲ့ မာနတွေကို တူးဆွ
ဖော်ထုတ်လိုက်ကြလေပြီ ။ မောင်အပေါ် အရူးမူး ချစ်ခဲ့တဲ့ ချစ်ခြင်းတွေ နဲ့
ကျွန်မ မာနတွေ အားပြိုင်ကြတဲ့ အချိန်မှာတော့ ကျွန်မ မာနတွေက မောင်ကို
ချစ်မိတဲ့ အချစ်တွေကို အလဲထိုးလိုက်ပါသည် ။ မောင် ပြောချင်တာတွေကို
စကားနိုင်လုပြောခဲ့စေသလား ၊ တမင်ကိုပြောချင်လို့
ပြောခဲ့ခြင်းမျိုးလားဆိုတာကတော့ ကာကယံရှင်ဖြစ်တဲ့ မောင်သာလျှင်
အသိဆုံးဖြစ်ပါလိမ့်မည် ။ ပြောချင်တာတွေ ကျေနပ်အောင် ပြောပြီး မောင်က
နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပါပြီ။ ကျွန်မမှာတော့
တညလုံးအိပ်မပျော်နိုင်ခဲ့ပါဘူး ။ နှစ်တွေ အတန်ကြာအောင် မောင်ရဲ့
အရေးမစိုက်မှု့ ၊ မောင်ရဲ့ ဥပက္ခာပြူခြင်း ဆိုတဲ့ အချက်တွေက ကျွန်မရင်ထဲက
ငုပ်လျှိုးနေတဲ့ မာနတွေကို တဖြေးဖြေး တူးဆွနေဟန်တူပါလေရဲ့ ။ ဒီနေ့
မောင်ပြောခဲ့တဲ့ စကားတွေက ကျွန်မရင်ထဲက မာနာတွေကို အပြီးတိုင် တူးဆွ
ဖော်ထုတ်လိုက်ကြလေသည် ။ အာရုံမိုးသောက်ချိန်ရောက်ချိန်မှာတော့
တိကျသေချာတဲ့ ဆုံးဖြတ်ချက်တစ်ခု ကျွန်မဆီမှာ ကို ပိုင်နိုင်စွာ
ရှိနေခဲ့လေပြီ ။ ဆုံးဖြတ်ချက်နဲ့အတူ မောင်နဲ့ အဝေးဆုံးကို ကျွန်မ
ထွက်ခွာလာခဲ့ပါတော့သည်။
*******************************************
အားလုံးကို
ရှောင်နေခဲ့တာ ခုဆို ခြောက်လ တင်းတင်း ပြည့်ခဲ့လေပြီ ။ အိမ် ပြန်ဖို့
အချိန်လည်းတန်ခဲ့ပါပြီ။ ကျွန်မဖြစ်ချင်တာတွေကိုလည်း ဖြစ်အောင်
ကြိုးစားနိုင်ခဲ့ပါသည် ။ မြို့လေးကို ပြန်ရောက်တာနဲ့ မေမေအိမ်ကိုဘဲ
တန်းတန်းမတ်မတ် ပြန်လာခဲ့မိသည် ။
အိမ်ထဲကို ၀င်လိုက်တယ်ဆိုဘဲ
* အမ ဘယ်သူနဲ့တွေ့ချင်လို့လဲ *
ဆိုတဲ့
ညီမ၀မ်းကွဲလေး အသံကို ကြားလိုက်ရလေသည် ။ ကျေနပ်ခြင်းတွေ ရင်ထဲမှာ
ပျော်ဝင်စီးမျောသွားပါတော့သည် ။ ကျွန်မကို ဘယ်သူမှ မမှတ်မိကြပါလား ။ ကျွန်မ
မောင်ကို ထားရစ် ခဲ့တဲ့ ခြောက်လအတွင်းမှာ ပြင်းပြင်းထန်ထန် ၀ိတ်ချခဲ့သည်
။ အရင်က 195 ပေါင်တိတိ ရှိတဲ့ ကျွန်မ ခန္ဒာကိုယ်က ခုဆိုရင်
135ပေါင်တာရှိပါလေတော့သည် ။ ကျွန်မ သိပ်ဝတ်ချင်ခဲ့တဲ့ အ၀တ်စားတွေ
အားလုံးကိုလည်း ၀တ်ဆင်လို့ရခဲ့လေပြီ။
* ဟဲ့ ။ ဝေေ၀ မမလေ။ မမှိတ်ဘူးလား *
ဒီတော့မှ
ပြူးကြောင်ကြောင် ကြည့်နေတဲ့ ညီမက မှတ်မိ သွားပါတော့သည် ။ မေမေဆို
ဝမ်းသာလွန်းလို့ ငိုတဲ့အထိပါဘဲ ။ အားလုံးနဲ့တအံ့တသြ စကားတွေကို
ကြားရပြီးချိန်မှာတော့ မေမေဆီဆီက တည်ငြိမ်လေးနက်တဲ့ စကားတွေစလာပါသည် ။
*
သမီး ရှေ့ဆက်ဖို့ ဘယ်လို ဆုံးဖြတ်ထားလဲ ။ သမီးယောကျာင်္းကတော့
သမီးထွက်သွားတဲ့ အတွက်လည်း ခံစားရပုံ သိပ်မပေါ်ဘူး ။ တာဝန်ကျေတော့
မေမေတို့ကို လာမေးတယ် ။ မေမေတို့လည်း သမီး ဘယ်မှာရှိနေတယ်ဆိုတာ
မသိတာကတစ်ချက် ၊ သမီးအတွက်လည်း အရမ်းစိတ်ပူနေတဲ့အချိန်ဆိုတော့ သူကို
ကောင်းကောင်းကို စကားမပြောချင်ဘူး ။ သမီး ဖေဖေဆို သူမျက်နှာကို
မကြည့်ချင်တာ ။ ဒါပေမယ့် သမီး တို့ချင်းတွေ့ကြည့်ပါအုံး ။
သူဘာတွေပြောလာမလဲ ဆိုတာ နားထောင်ကြည်ပါ ။ မေမေတို့ကတော့ ဘာမှ
မစွတ်ဖက်လိုပါဘူး ။ သမီး စိတ်တိုင်းကျတာ ဆုံးဖြတ်ပါ ။ သမီးလျှောက်ရမယ့်
လမ်းကို သမီး မှန်ကန်စွာ ရွေးချယ်နိုင်ပါစေ ။ ဘ၀ဆိုတာ ကို
ရေတိုမကြည့်ပါနဲ့ သမီး ။ ရေရှည်ကြည့်ပါ ။ရှေ့ဆက်မယ်ဆိုရင်လည်း သူကို
ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် သမီး ထိန်းကျောင်းနိုင်ရမယ်
။အိမ်ထောင်ရေးဆိုတာ တကယ်တော့ စစ်မြေပြင်တစ်ခုလိုပါပဲ သမီးရယ် ။ မိန်းမတွေဟာ
စစ်ပွဲတွေရဲ့ အရေးကြီးပုဂိုလ် စစ်သူကြီးတွေနဲ့ အလားတူတယ်သမီး။
အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုကို ထူထောင်နိုင်ဖို့ဆိုတာ အိမ်ထောင်ရှင်
မိန်းမတစ်ယောက်ဟာ ခရာကျတယ် ။ မေမေတို့ကတော့ ကွာပါရှင်းပါလို့
လည်းမတိုက်တွန်းချင်သလို ပြန်ပေါင်းလို့လည်း မတိုက်တွန်းချင်ဘူး ။ သမီး
ဘ၀ကို သမီး မှန်ကန်စွာဘဲ ရွေးချယ်စေချင်တယ် ။ မိန်းမတစ်ယောက်မှာ
တစ်ကြိမ်တစ်ခါတော့ အမှားပြင်ဆင်ခွင့်ရှိပါတယ် ။ တစ်ကြိမ်ထက်ပိုတဲ့
အမှားပြင်ဆင်ခွင့်တော့ မရှိဘူးနော် ။ တစ်ကြိမ်ထက် ပိုကာ အမှားတွေကို ခဏခဏ
ပြင်ဆင်နေမယ် ဆိုရင်တော့ ဒီမိန်းကလေးမျိုးဟာ မိန်းမကောင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ ရှိမနေနိုင်တော့ဘူး ဆိုတာကိုတော့ သမီး ခေါင်းထဲ
စွဲစွဲမြဲမြဲမှတ်ထားနော် ။ မေမေ ပြောချင်တာကတော့ ဒါပါပဲ ။ သမီးလည်း
နားတော့နော် ။ *
မေမေပြောပြသည့်အချက်တွေကို
သမီးထည့်တွေးခဲပပြီးတာတွေပါ မေမေ ။ သူအတွက် ဆုံးဖြတ်ချက်လည်း
သမီးရင်ထဲမှာ အဆင်သင့်ရှိနေပြီးသားမေမေလို့ စိတ်ထဲကနေပြောပြလိုက်မိပါသည် ။
နှုတ်ဖျားကတော့
* ဟုတ်ကဲ့ပါ မေမေ ။ သမီး ဆုံးဖြတ်ပြီးတားပါ ။ သူနဲ့ တွေ့ကြည့်လိုက်ပါ့မယ် *
သူနဲ့ဆုံဖို့ ဖုန်းဆက်လိုက်သည် ။ ကျွန်မ အသံကို ကြားလိုက်ရချိန် မောင် တော်တော် လေး
အံ့သြသွားခဲ့လေသည်
။ ဖုန်းဆက်ပြီးမကြာသော အချိန်လေးမှာ ကျွန်မရှေ့ကို မောင် ရောက်လာခဲ့သည် ။
ဧည့်ခန်းထဲမှာ လည်တဆန့်ဆန့်နဲ့စောင့်နေသောမောင်ထိုင်နေရာနားကို
ရောက်တယ်ဆိုရင်ဖြင့်
*သြော် မောင်ရောက်လာပြီကို *
အသံလာရာကို
လှည့်ကြည့်လိုက်တဲ့ မောင်အကြည့်တွေ ကျွန်မဆီကို ရောက်ရှိလာလေသည်
။အမှတ်တမဲ့ ကြည့်လိုက်တဲ့ အကြည့်တစ်ချက်ကနေ ရုတ်ချည်းပြောင်းလဲသွားတဲ့
အံ့သြခြင်းအကြည့် ။ ဒီကနေ တစ်ဆင့်တက်လို့ ကျွန်မအလှတွေကို မှင်သက်စွာ ရုတ်တရက်
ငေးကြည့်နေလေသည်
။မောင်လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းလေး ကြမ်းပြင်ပေါ် လွတ်ကျသွားတဲ့ အထိကို
မောင် အံ့သြမှင်သက်သွားစေခဲ့လေသည် ။ ကျွန်မလည်း မောင်မျက်နှာကို
သေသေချာချာကို စိုက်ကြည်နေလိုက်သည် ။ စကားလုံးတွေကို အေးဆေးစွာ
ပြောထွက်နိုင်ခဲ့အောင် ကျွန်မ မာနတွေက တွန်းအားတွေ ပေးစေခဲ့လေပြီ ။
မောင်ရှေ့မှာ ကျော့ကျော့လေး ၀င်ထိုင်လိုက်ပါသည် ။
*
မောင် ကို ကျွန်မ ပြောစရာတွေ အများကြီးရှိနေပါတယ် ။ဒီတခါတော့ အရင်လို
နားညဉ်းတယ်ကွာ လို့ မငြင်းလိုက်ပါနဲ့နော် ။ ပြောမှဖြစ်မှာတွေ မို့လို့ပါ ။
ကျွန်မလေ မောင်ကို သိပ်ချစ်ခဲ့ပါတယ် ။ ခုချိန်ထိ သိပ်ချစ်နေဆဲပါမောင် ။
ဒါပေမယ့် ရှေ့ဆက် လက်တွဲ လျှောက်ဖို့ဆိုတာကတော့ ကျွန်မ မာနတွေက လုံးဝ
လက်မခံတော့ပါဘူး ။ ကျွန်မတို့ ဇာတ်လမ်းလေး အပြီးတိုင် အဆုံးသတ်ဖို့ မောင်
ကျွန်မကို ကွာရှင်းပေးပါ တော့။ မောင်ကို ဆက်သည်းခံပေးဖို့ ကျွန်မမှာ
အားအင်တွေ ကုန်ခမ်းနေပါပြီ။ ခံနိုင်ရည်တွေလည်း ကုန်ခမ်းနေပါပြီ ။ မောင်ကို
ကျွန်မနားလည်ပေးခဲ့ဘူးသလို ဒီတခါ မောင်လည်း ကျွန်မကို တစ်လှည့်ပြန်
နားလည်ပါလို့ တောင်းဆိုပါရစေ ။တစ်ကြိမ်တစ်ခါမှ မပေးခဲ့ဘူးတဲ့
မောင်ရဲ့နားလည်မှု့ တစ်ခုအနေနဲ့ ကျွန်မကို ကွာရှင်းပေးပါမောင်
။ဒီလိုပြောတာ မောင်ကို ကျွန်မ မချစ်တော့လို့ မဟုတ်ပါဘူး ။ ကျွန်မဘ၀မှာ
မောင်သည်သာ အချစ်ဆုံးပါ ။ ချစ်တိုင်း မာနတွေကို
အကြိမ်ကြိမ်ရိုက်ချိုးခံနေရတာမျိုးကိုတော့ ခွင့်မပြုချင်တော့ဘူး ။
ကျွန်မသိပ်ချစ်ရတဲ့ မောင်ကို သေသည့်တိုင်အောင်ပဲ ချစ်နေချင်ပါတယ်မောင် ။
ချစ်ရသူတစ်ယောက်ကို မုန်းနေရတယ်ဆိုတဲ့ အဖြစ်မျိုးကို ကျွန်မ
မလုပ်ချင်ဆုံးပဲ ။ ဒါကြောင့် မမုန်းခင်မှာ ချစ်ခြင်းတွေနဲ့ဘဲ လမ်းခွဲခွင့်ပြုပေးပါ မောင် ။
နောက်ထပ်အိမ်ထောင်ပြုဖို့လည်း ဘယ်တော့မှ အစီစဉ်မရှိပါဘူး ။ တူတူနေရင်
ကျွန်မ မကြာခင်မှာ မောင်ကို မုန်းမိတော့မယ်ဆိုတာ သေချာနေတာမို့ တစ်နေရာဆီ
နေရင်း အဝေးကပဲ မောင်ကို ချစ်နေပါရစေတော့ ။ ကျွန်မဘက်က ပြောစရာ
စကားကုန်ပါပြီမောင် ။မောင် ဘာပြောစရာ ရှိလည်း ပြောပါ ။*
* မောင် မှာ ပြောစရာ မရှိတော့အောင် ဖြစ်နေပါပြီ ။ မောင် ဘာပြောရမလဲ ။ *
နှစ်တွေတော်တော်ကြာအောင်
ပေါင်းဖက်လာတဲ့ ဇနီးမောင်နှံတွေမို့ မောင် သိနေခဲ့မှာပါ ။ ကျွန်မကို
တောင်းပန်ဖို့ မရနိုင်တော့ဘူးဆိုတာကိုပေါ့ ။ ဒါကြောင့် တစ်ယောက်နဲ့
တစ်ယောက် နားလည်မှု တခုနဲ့ လမ်းခွဲပြတ်ဆဲလိုက်ကြပါတော့သည် ။တရားရုံးပေါ်က
ဆင်းလာတဲ့အချိန်မှာ မောင်မျက်နှာကို တစ်ချက်လှည့်ကြည့်ကာ နှ
ုတ်ဆက်လိုက်ချိန်ကစပြီး ကျွန်မဘ၀ထဲကနေ မောင်ဆိုတဲ့ လူတစ်ယောက်ကို
အပြီးတိုင် ထုတ်ပစ်လိုက်ပါတော့သည် ။ မောင်နဲ့ အဝေးဆုံး နေရာလေးတစ်ခုမှာဘဲ
ကျွန်မဘ၀လေးကို ဆက်လက်ရှင်သန်ပါရစေတော့ မောင် ။ ကျွန်မ မသိစိတ်ထဲမှာ
ပုန်းလျှိုးနေခဲ့တဲ့ မာနတွေကိုမှ မောင်ရဲ့ ရက်စက်တဲ့
စကားလုံးတွေကရှာဖွေစက်နဲ့ ဖော်ထုတ်စေခဲ့တယ်နော် ။ မောင်လို့
အမြတ်တနိုးခေါ်ခဲ့တဲ့ လူတစ်ယောက်ကို လှည့်ကြည့်ချင်စိတ်မရှိလောက်အော
င်
နာကြည်းသွားခဲ့ပါပြီ။နာကျည်းခြင်းတွေကြောင့် တစ်နေရာဆီ နေကြသော်ညား
ကျွန်မနှလုံးသားရဲ့ အနက်ရှိုင်းဆုံး မှာ ကမည်းတင်ထားတဲ့ မောင်ကို ချစ်တဲ့
ချစ်ခြင်းတွေကတော့ သေသည့်တိုင်အောင် တည်ရှိနေမှာပါ ။
မောင်ကို သိပ်ချစ်ခဲ့ဖူးပါသည် ။ သိပ်ချစ်နေဆဲပါ ။ နောင်ကိုလည်း သိပ်ချစ်နေအုံးမည်သာ ။
*** ခိုင်လေး ( ရွှေတောင် ) ***
No comments:
Post a Comment