ယနေ့
အင်တာနက်ခေတ် ဘလော့ဂါ လောကတွင် ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်ထင်ရှားနေသော
ဘလော့ဂါ တစ်ဦးရှိသည်။ သူက ဘလော့ဂါနေဘုန်းလတ် ပင်ဖြစ်ပါသည်။ Teen
Magazine ရဲ့စာပေဆွေးနွေးပွဲမှာ (ရပ်တန့်မနေဘူးဆိုတဲ့ ဘလော့ဂါ နေဘုန်းလတ်@
ဘုန်းဦးမော် ) ပြောကြားချက် ဘလော့လေးကို ဖတ်လိုက်ရတဲ့
လူငယ်တိုင်းရင်ထဲကို အားအင်သစ်တွေ စိမ့်ဝင်စေခဲ့တဲ့ အားဆေးတစ်ခွက်လိုပါဘဲ။
http://www.nayphonelatt.com/ ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော် ဆိုတာ ကတော့ ဘလော့ဂါ နေဘုန်းလတ်@ ဘုန်းဦးမော် ရဲ့ ကိုယ်ပိုင် ဆိုဒ်လေးပါပဲ။ ဘလော့ဂါ
နေဘုန်းလတ်@ ဘုန်းဦးမော်ကို မေးမြန်းဖြစ်ခဲ့သော အင်တာဗျူးအမေးအဖြေအား
ရွှေမြန်မာ မိသားစုဝင်များ အတွက် ဖော်ပြပေးလိုက်ပါတယ်ရှင်။
အကိုရေ မင်္ဂလာပါရှင်..........ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ် မိသားစုဆိုဒ်လေးအတွက် အကိုကို အင်တာဗျူးလေး လုပ်ချင်လို့ပါ။
2.
အကို ရေးတဲ့ စာတွေ က လူငယ်တွေ အတွက် တခုခု အမြဲကျန်နေစေပါတယ်အကို။
လူငယ်တွေအတွက်ကို အင်ဖော်မေးရှင်းတွေ ဘယ်လိုများပေးနေသလဲ ဆိုတာလဲ သိပါရစေ။
3. ယနေ့ ပြောင်းလဲလာတဲ့ မြန်မာပြည်ရဲ့ အခြေနေအပေါ် အကို ရဲ့ အမြင်နဲ့ သုံးသပ်ချက်လေးကိုလဲ သိချင်ပါတယ် အကို။
အချို့တွေက ကျွန်တော့်ကိုမေးကြပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေမှာ ကျွန်တော်တို့တွေ ဘာတွေမျှော်လင့်လို့ရမလဲတဲ့။ ကျွန်တော်ပြန်ဖြေတဲ့အဖြေက … ကျွန်တော်တို့ ဘယ်လောက်မျှော်လင့်နိုင်သလဲ ဆိုတာက ကျွန်တော်တို့ ဘယ်လောက်ကြိုးစားနိုင်ကြသလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့ …။ အပြောင်းအလဲအကြောင်းပြောပြီဆိုရင် … အပြောင်းအလဲကို ဖန်တီးယူဆောင်လာသူ (Change Agent) ၊ အပြောင်းအလဲ အတိုင်းရေစုံမျှောလိုက်သူ နဲ့ အပြောင်းအလဲကို အတင်းငြင်းဆန်တောင့်ခံသူဆိုပြီး သုံးမျိုးသုံးစားရှိတယ်လို့မြင်ပါတယ်။ ကျနော်က တော့ လူငယ်တွေအားလုံးကို Change Agent တွေပဲဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ I can create a change ဆိုတဲ့ အောင်စိတ်တစ်ခုတော့ ရှိနေဖို့လိုပါတယ်။
4.
လူတိုင်းဟာ နိုင်ငံရေးနဲ့ ကင်းလို့မရတာ မှန်ပေမယ့် လူတိုင်းဟာ
နိုင်ငံရေးသမား မဟုတ်ဘူးဆိုတဲ့ စကားလေးအပေါ် အကို ထင်မြင်ယူဆချက်လေး
သိပါရစေ။
5.
အကို ဘ၀အတွက် ထားရှိတဲ့ ခံယူချက်နဲ့ ရပ်တည်မှု တွေကို ပြင်းထန်တဲ့
ထိုးနှက်ချက်တွေနဲ့ ရိုက်ခတ်လာတဲ့ အခါမှာ ဘယ်လိုမျိုး ရည်မှန်းချက်နဲ
့ရှေ့ဆက်ပြီး ကြိုးစားနိုင်ခဲ့သလဲ ဆိုတာကို သိပါရစေ။
အခြားသူတစ်ယောက်ယောက်ရဲ့ အတွန်းအတိုက်ကိုခံလိုက်ရလို့ စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းတွေကို ကျွန်တော်ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘ၀ဆိုတာ လူကျပ်တဲ့ ပွဲခင်းတစ်ခုထဲမှာ လမ်းလျှောက်ရသလိုပဲလို့ … မမျှော်လင့်ပါပဲနဲ့ အခြားသူတစ်ယောက်ယောက်ရဲ့ တွန်းတိုက်မှုကိုခံရနိုင်သလို ၊ မရည်ရွယ်ပါပဲနဲ့ ကိုယ်ကလည်း သူများကို တွန်းမိတိုက်မိတတ်ပါတယ်။ အဲဒီ့တော့ သူများတွေက ကိုယ့်ကို တွန်းတိုက်မိသွားတိုင်းမှာ ကိုယ်က တုံ့ပြန်ရန်တွေ့နေမယ်ဆိုရင်၊ သူများတွေက တွန်းလိုက်တိုက်လိုက်တိုင်းမှာ ကိုယ်ကလဲကျငိုကျွေးနေမယ်ဆိုရင်တော့ … ကိုယ်သွားချင်တဲ့နေရာကို ဘယ်လိုမှ ရောက်တော့မှာမဟုတ်ဘူးလို့ …။ ကျွန်တော်ကတော့ ကျွန်တော့်ကို လာတိုက်တဲ့သူတွေကို သည်းခံစိတ်မွေးပါတယ်၊ သူများဝင်တိုက်တိုင်း လဲကျမသွားဖို့ လဲ ကိုယ့်ကိုကိုယ်အားကောင်းနေအောင်ဖြည့်ဆည်းပါတယ်၊ ကိုယ်က သူများကို ၀င်မတိုက်မိအောင်၊ ကိုယ့်ကြောင့် အခြားတစ်ယောက်ယောက် လဲကျပြီး အနာတရဖြစ်မသွားအောင် တတ်နိုင်သမျှ သတိထားပြီးနေပါတယ်။
6. ဘ၀အတွက် လေးစား အားကျ စံထားရတဲ့ ပုဂ္ဂိုလ် က ဘယ်သူများလဲ အကို။
မြတ်စွာဘုရားရဲ့ စိတ်အရည်အသွေးကတော့ ကျွန်တော် အားအကျဆုံးနဲ့ အလိုချင်ဆုံး ဆုလာဒ်တစ်ခုပါ။ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံလွတ်လပ်ရေးဆိုတဲ့ စိတ်တစ်ခုတည်းထားနိုင်ခြင်းကို သိပ်သဘောကျပါတယ်။ အန်တီစုရဲ့ စွန့်လွှတ်စွန့်စားမှု၊ ခံနိုင်ရည်ရှိမှု၊ အပင်ပန်းအဆင်းရဲခံနိုင်မှု၊ အသိဥာဏ်ပညာမြင့်မားမှု၊ သတ္တိ တွေကို အထင်ကြီးလေးစားပါတယ်။ ကိုမင်းကိုနိုင်ရဲ့ ရိုးသားမှု၊ အနုပညာနှလုံးသားနဲ့ မေတ္တာတရားကြီးမားမှုကို ချစ်မြတ်နိုးပါတယ်။ တာရာမင်းဝေရဲ့ စိတ်ကူးစိတ်သန်းကွန့်မြူးဖြန့်ကျက်နိုင်မှု၊ အတွေးအခေါ်မြင့်မားမှု၊ စကားလုံးရွေးချယ်သုံးစွဲမှု တွေကို အားကျအတုယူပါတယ်။ အများကြီးပါပဲ … ကျနော်အထင်ကြီးလေးစားရတဲ့ အညတရတွေ အများကြီးမှ အများကြီးပါပဲ ။ မိဘမဲ့ကလေးကျောင်းက ကလေးမလေးတစ်ယောက်က သမီး ရှေ့နေမကြီးတစ်ယောက်ဖြစ်ချင်တယ် … ပြီးရင် တရားသူကြီးဖြစ်အောင်ကြိုးစားမယ်လို့ ရေးထားတာကိုဖတ်လိုက်ရတော့လည်း အဲဒီ့ကလေးမလေးကို အထင်ကြီးလေးစားစိတ်ဖြစ်မိပါတယ်။
7. လူငယ်တွေ အတွက် အကိုရင်ထဲက ပြောချင်တဲ့ စကားလေး။
8. အကို ကျင့်သုံးလိုက်နာတဲ့ ဆောင်ပုဒ်လေးများရှိမယ်ဆို သိချင်ပါတယ်ရှင်။
လူတစ်ယောက်ဟာ အများအကျိုးအတွက်ဆောင်ရွက်ပြီး … အများအကျိုးအတွက်အလုပ်လုပ်တဲ့အခါ ၊ အဲဒီ့လူအများကြီးကလည်း အဲဒီ့တစ်ယောက်အတွက် တစ်ခုခုလုပ်ပေးဖို့အသင့်ဖြစ်နေတတ်ပါတယ်။
9. အကို စာဖတ်ပရိတ်သတ်တွေနဲ့ အကို့ ကို လေးစားအားကျနေတဲ့ သူအားလုံးအတွက် အကိုစကားလက်ဆောင်လေးက........။
ချစ်ခြင်းမေတ္တာကိုမြတ်နိုးပါ။
ဥာဏ်ပညာကိုတန်ဖိုးထားပါ။
အနုပညာကိုခံစားတတ်ပါစေ။
ကျွန်တော့်ရဲ့စာဖတ်ပရိသတ်တွေအားလုံးအတွက် စကားလက်ဆောင်အဖြစ် အဲဒီ့စကားလေးသုံးခွန်းကိုပဲ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ခုလို
မအားလပ်တဲ့ ကြားက ရွှေမြန်မာဥယျာဉ် ဆိုဒ်လေးကို အချိန်တွေ စေတနာတွေ
ထားပေးတဲ့ အကိုနေဘုန်းလတ် ကို တည်ထောင်သူ လေးလေးဥယျာဉ်မှူးလေး ၊
တစ်ကွ အက်ဒမင်အဖွဲ့ နှင့် ရွှေမြန်မာ မန်ဘာဝင် မိသားစုများ မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အများအကျိုးကို ဒီထက်မက သယ်ပိုးဆောင်ရွက်နိုင်ပြီး လူငယ်တွေ အတွက်လည်း ဒီထက်ပိုကာ လမ်းပြနိုင်ပါစေ အကို။
တစ်ကွ အက်ဒမင်အဖွဲ့ နှင့် ရွှေမြန်မာ မန်ဘာဝင် မိသားစုများ မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အများအကျိုးကို ဒီထက်မက သယ်ပိုးဆောင်ရွက်နိုင်ပြီး လူငယ်တွေ အတွက်လည်း ဒီထက်ပိုကာ လမ်းပြနိုင်ပါစေ အကို။