ကို fore fight တို့ဇနီးမောင်နှံရဲ့ မင်္ဂလာဆွမ်းကျွေးပွဲ အမှတ်တရ ပုံများ
အေးချမ်းပျော်ရွင်ခြင်းအစစ်မှန်တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ ကွန်ပြူတာလေး ပျက်နေတာနဲဘလော့တင်ဖို့တွေ
အကြွေးတွေ တော်တော်တင်သွားတယ် ။ ပထမဆုံး တင်မဲ့ဘလော့လေးကတော့ ရွှေမြန်မာဥယျာဉ်ရဲ့ အထူးမန်ဘာဝင် ကိုဖိုးဖိုက်ရဲ အထူးလျှို့ဝှက်ချက်ကို ဖော်
ထုတ်ပါ့မယ် ..ဟီးးးးးးးးးးး။ အကို စိတ်မဆိုးရဘူးနော် ။ ခိုင်လေးအတွက် ဒီဥယျာဉ် ဒီနေရာလေးက အမြတ်နိုးရဆုံး တန်ဖိုးအထားရဆုံးနေရာလေးတစ်ခုပါပဲ ။
ဒီအတွက် ဥယျာဉ်လေးထဲက မိသားစုဝင်တွေအားလုံးကလည်း ခိုင်လေး အကိုတွေ အမတွေ မောင်လေး ညီမလေးတွေပါပဲ ။ ဒီထဲက ဆိုဒ်ရဲ့အထူးမန်ဘာဝင် တစ်ဦး
လည်းဖြစ် ခိုင်လေးအကိုတစ်ယောက်လို ခင်မင်နေရတဲ့ ကိုဖိုးဖိုက် fore fightရဲ့ မင်္ဂလာဆွမ်းကျွေးပွဲလေးကို တက်ရောက်ဖြစ်ခဲ့ပါတယ်ရှင်။
မင်္ဂလာဆွမ်းကျွေးပွဲဆိုလို့ ခုမှ စွံ့တယ်လို့ မထင်ကြနဲ့နော် ။ ကိုဖိုးဖိုက်က သူကိုယ်သူ လူပျိုကြီးလို့ ပြောနေလို့လေ....ဟီးးးးးးး။ ကိုဖိုးဖိုက်တို့ ဇနီးမောင်နှံရဲ့ 13နှစ်ပြည့်
မင်္ဂလာဆွမ်းကျွေးပွဲလေးဖြစ်ပါတယ် ။ အမကိုယ်တိုင်ချက်တဲ့ ကြာဆံချက်နဲ့ အချိုပွဲတွေကလည်း အရမ်းကို စားကောင်းပါတယ် ။ အချက်ပြုတ်ကောင်း တဲ့ အမလို
ဇနီးကောင်းကို ပိုင်ဆိုင်ထားတဲ့အကို အရမ်းကိုကံကောင်းပါတယ် ။ ဒီပွဲလေးကို မောင်လေးကျော်ဇင်နဲ့အတူ တက်ရောက်ခဲ့ပါတယ် ။ တရားနာလည်းမှီလို့
တရားလည်းနာခဲ့ရပါတယ် ။ တရားနာခဲ့ရတာကော ၊ အစားကောင်းတွေ စားခဲ့ရတာကိုကော အထူးကျေးဇူးတင်မိပါတယ် အကို နဲ့ အမ ။
မှတ်တမ်းတင်ဓာတ်ပုံလေးတွေကို ကြည့်ရှုကြပါအုံးနော်...........

No comments:
Post a Comment