Wednesday, April 10, 2013

WOMEN'S WORLD ဂျာနယ်မှာပါလာတဲ့ ခိုင်လေး ဆောင်းပါးလေး 2 ပုဒ်ပါ ။

် WOMEN'S WORLD ဂျာနယ်မှာပါလာတဲ့ ခိုင်လေး ဆောင်းပါးလေး 2 ပုဒ်ပါ ။

တင့်တောင်းတင့်တယ် နေနိုင်သူတွေ ဖြစ်ကြပါစေရှင်။

ခိုင်လေး (ေ၇ွှတောင်
ဘယ်လောက်ဘဲ ပညာပေးဆောင်းပါးတွေ ရေးပြနေ ရေးပြနေ လိုက်နာသူတွေ ရှိမှသာ ပျက်ဆီးနေတဲ့ အတွေးခေါ် ၊ ...၀တ...်စားဆင်ယင်မှုတွေ ကို ပြုပြင်ပြောင်းလဲ နိုင်ကြမှာပါ ။ ခုပထမဆုံး ပြောချင်တာလေးကတော့ ၀တ်စားဆင်ယင်ခြင်းနဲ့ ပတ်သတ်တာလေးပါပဲ။စာသင်ခန်း ထဲမှာ စာသင်ကြားနေသူ အသက် ၆၀ အရွယ်ဆရာ တစ်ဦးနှင့် အသက် ၂၅
နှစ်အရွယ် မိန်းကလေးတစ်ဦး ။ ဆရာက စာသင်မယ့် အခန်းထဲကို ၀င်တာနဲ့ အသင့်စောင့်
နေတဲ့ တပည့်မကို တစ်ချက်ကြည့်လိုက်ပါသည်။ ချက်ချင်း လှည့်ထွက်လာခဲ့သည်။ ဆရာ
ထွက်သွားတာနဲ့ တပည့်မလေးက နောက်က အပြေးလေးလိုက်ကာ
*ဆရာ စာမသင်တော့ဘူးလား *
*အေး…ဒီနေ့ မသင်တော့ဘူး*
*ဘာဖြစ်လို့လဲ ဆရာ *
* သမီး ၀တ်စားထားပုံကို ဆရာ သဘောမကျလို့ဘဲ…မနက်ဖြန်မှာ ဒီလို ၀တ်စားမှုမျိုးကို
မ၀တ်ထားပါနဲ့*
ဆိုပြီး နေရာမှ လှည့်ထွက်သွားပါတော့သည်။ နောက်နေ့ စာသင်ချိန်မှာတော့ ဆရာ
ရောက်လာခဲ့ပါသည်။ ဒီမှာ တပည့်လုပ်သူက မေးလာတယ် ။
*ဆရာ သမီး အ၀တ်စား နဲ့ စာသင်ကြားခြင်းကို ဘယ်လို ထိခိုက်မှု မျိုးဖြစ်လို့လဲ ဆရာ*
* အေး … ပြောပြမယ် ။ စာသင်ခန်း ဆိုတာ ဘယ်နေရာမှာ ဖြစ်ဖြစ် စာသင်တဲ့ နေရာကို
စာသင်ခန်းလို့ ခေါ်တယ်။ မြန်မာပြည် ရဲ့ စာသင်ခန်းတစ်ခုမှာ စာသင်မယ့် ကျောင်းသူ
ကျောင်းသား တစ်ဦးဟာ စာသင်ခန်းနဲ့ လိုက်လျောညီထွေတဲ့ အ၀တ်စားကိုဘဲ ၀တ်စား
ဆင်ယင် သင့်တယ်။ မနေ့က သမီး ၀တ်ထားတဲ့ စွပ်ကျယ်လက်ပြတ် ၊ ဇီးရိုးဘောင်းဘီတို
ဆိုတာ ဆရာတစ်ယောက်ရှေ့မှာ ၀တ်သင့်တဲ့ အ၀တ်စားမျိုး မဟုတ်ဘူး ။ သမီးမိဘတွေက
ခေတ်မှီတာကို ဂုဏ်ယူစရာ လို့ ထင်မှတ်ပြီး သမီးဝတ်စားဆင်ယင်မှုကို မပြောပေမယ့် ဆရာ
ကတော့ ပြောရမယ် *
တပည့်မလေးက မေးခွန်းတစ်ခု ထပ်ထုတ်လာပါတယ်။
*ဒါဆို မနေ့က သမီးဝတ်စားဆင်ယင်မှုက ဆရာ အတွက် အထင်သေးစရာ ဖြစ်နေတာပေါ့ *
*ဟုတ်ပြီ …မေးလာပြီဆိုတော့ အဖြေရှိရမှာပေါ့လေ……..သမီး ကိုယ်တိုင် အထင်သေးစရာ
ဖြစ်နေပြီလားလို့ တွေးမိလို့သာ ဆရာကို ဒီမေးခွန်းကို မေးလာပေါ့။ ဆရာက ကိုယ်သမီးလေး
လို စိတ်မျိုးတွေးလို့သာ သမီးကို ဆုံးမပြောဆိုနေတာပါ ။ ဆရာနေရာမှာ သမီးနဲ့ အရွယ်မ
တိမ့် မယိမ်း တစ်ယောက်ဆို သမီးဝတ်စားဆင်ယင်မှုက မြူဆွယ်မှုတစ်ခုလို့ အဓိပ္ပာယ်
သက်ရောက်သွားစေမယ် ဆိုတာကို သမီးတွေးမိလား ။ စာသင်ခန်းဆိုတာ စာသင်ခန်းနဲ့
လျော်ညီတဲ့ အ၀တ်စားကို ၀တ်ရမယ် ။ ဒါက မြန်မာပြည်လေ ။ ယနေ့ခေတ် လူငယ်တွေက
ခေတ်ကို မရောက်သေးတာကို ကြိုပြီး ဆန်တက်ချင်နေကြတယ် ။ အပြည့်ဝကိုဆန်တက်
လိုက်ကြတော့ ခေတ်မှီတာထက် ခေတ်ပျက်နေသလို ဖြစ်နေပြီ။ ဒါဆို ရေစုန်မျော နေရမှာ
လားလို့ မေးစရာရှိတယ်။ မဟုတ်ပါဘူး ။ လိုက်လျောညီထွေစွာ သင့်တော်သာလေးတွေကို
ဝတ်စားဆင်ယင်တတ်မှာသာ တင့်တောင်းတင့်တယ် ဖြစ်မှာပေါ့ကွယ် ။ ဆရာတို့ မြန်မာ
လူမျိုးဆိုသာ ယဉ်ကျေးမှု ၊ အစဉ်လာတွေ ကို အသက်ထက် တန်ဖိုးထားတဲ့ လူမျိုးအဖြစ်
ကမ္ဘာအလယ်မှာ နာမည်ရခဲ့တဲ့ လူမျိုးပါ ။ မတင့်လျော် မအပ်စပ်တာတွေကို ၀တ်စားဆင်
ယင်ခြင်းက အန္တာရယ်တွေကို ဖိတ်ခေါ်နေတာနဲ့ တူတူဘဲ သမီး ။ လက်တွေ့ အဖြစ်လေးတစ်ခု
ကို ဆရာပြောပြမယ် ။ တနေ့က ဆရာသမီးအငယ်မ ရန်ကုန်ကနေ ပြန်လာတယ် ။ သမီးငယ်
ပြောပြတာလေးပါ ။ အလုပ်ဆင်းချိန် ဘက်စကားပေါ်မှာ အရင်ဆုံး ကောင်မေလးတစ်ယောက်
တက်လာတယ်တဲ့ ။ ၀တ်ထားတာလေးက ဘောင်းဘီက ပေါင်တစ်ဝက်လေး ။ အသားလေး
က ဖြူဖွေးနေတာဘဲ အဖေရယ်တဲ့ ။ နောက်တစ်မှတ်တိုင်ကြတော့ ကုလားတစ်ယောက်တက်
လာတယ် ။ တက်လာပြီး 5 မိနစ်လောက်အကြာမှာ ကုလားက မထင်မှတ်တာကို လုပ်ချလိုက်
ပါလေကော။ သူလုပ်လိုက်တာက ခုနကောင်မလေးပေါင်ကို ကိုက်ထည့်လိုက်တာပါပဲ။
ကားပေါ်မှာလဲ ၀ရုန်းသုံးကားတော့ ဖြစ်သွားတာပေါ့ ။ ဆွဲသူကဆွဲ ရယ်သူက ရယ်ပေါ့နော်။
ဒီဖြစ်လေးကို တွေးကြည့်လိုက်ပါ သမီး ။ ဘယ်သူမှန်တယ် မှားတယ်ကို နောက်ထားလိုက်။
လောလောဆယ်ဘယ်သူအရှက်ကွဲသလဲ ။ အဓိက ဖြစ်ရတဲ့ ပထမဆုံးအမှားက မ၀တ်သင့်
တာကို ၀တ်မိတာ အန္တာယ်ရယ်ကို ဖိတ်ခေါ်နေတယ်ဆိုတာကို သက်သေ ပြလိုက်တာပါပဲ။
ကိုက်တဲ့သူ အကျင့်မကောင်းတာ နောက်ဆုံး ရဲစခန်းရောက်မှာတွေက နောက်မှ ဖြစ်မှာတွေ
ပါ ။ လောလောဆယ်ဆယ်မှာ လုပုံအလည်မှာ အကိုက်ခံလိုက်ရတယ်။ တကယ်လို့ သာ
လုံခြုံတဲ့ ၀တ်စားဆင်ယင်မှုနဲ့သာ လာကိုက်မယ်ဆို မိမိဘက်မှာ အပြည့်ဝကာကွယ်ပေးကြ
မှာပါ ။ ခုလို မလုံတလုံတွေကို ၀တ်မိတော့ *အော် ကိုက်မှာပေါ့ ၀တ်ထားတာက ကိုက်ချင်
စရာကို * ဆိုတာက ပါလာပြီ။ ဒီအဖြစ်လေးတွေက နေရာဒေကို လိုက်ပြီး ၀တ်စားတတ်စေဖို့ အတွက် အကောင်းဆုံး
သာဓက ပြသွားတာတွေပါပဲ ။
ခုလို ပြောင်းလဲ ၀တ်စားတတ်လာတွေဟာ အတုယူမှားခြင်းအပေါ်မှာလည်းမူတည်နေမယ်လို့
ထင်မိပါတယ်။ ခုဆို မြန်မာပြည်မှာ ကိုရီးယားကြီးစိုးမှုတွေက အတော်လေးကို တာသွားပါ
ပါတယ်။ ဇာတ်လမ်းကိုတင်ကြည့်ကြတာ မဟုတ်ဘဲ ၀တ်စားဆင်ယင်မှုတွေ ၊ တွေးခေါ်
မှုအပိုင်းတွေကိုပါ အတုယူနေကြပါတယ်။ ကောင်းတဲ့ အတုကို ခိုးတာ ပြသနာမဟုတ်ပေမယ့်
မဟုတ်တဲ့ မိန်းကလေးတွေ အရက်သောက်တာတွေ ၊ မလုံမခြုံ ၀တ်စားတာတွေကိုပါ အတု
ခိုးလာတဲ့ အခါမှာတော့ ပျက်ဆီးခြင်းလမ်းပေါ်ကို ရောက်ကြရပါတယ်။ သူရေ သူမြေ သူယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်နေပေမယ့် ခိုင်လေးတို့ မြန်မာယဉ်ကျေးမှုနဲ့ တော့ လိုက်လျောညီထွေမှု မရှိနိုင်ပါဘူး ။ ခုလိုပြောတာ ထဘီခြေဖျားစေ့ ၀တ် ၊ ခါးတို
ရင်ဖုံးအကျီ်တွေ ၀တ်နေဖို့ပြောနေခြင်းမျိုး မဟုတ်ပါဘူး ။ ၀တ်ပါ ခေတ်မှီလှလှပပလေးတွေ
ကို လုံလုံခြုံခြုံ လေးနဲ့ နေရာဒေသကို လိုက်ပြီး ၀တ်စားစေချင်တာမျိုးပါ ။ သီချင်းလေး တပုဒ်
တောင်ရှိခဲ့ဘူးပါတယ်။ *ဒို့ ပြည်ကြီးကို ကာကွယ်မယ် * ဆိုတဲ့ သီချင်းလို ခိုင်လေး မြန်မာယဉ်ကျေးမှု နယ်ပယ်ထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုတွေကို ခိုင်လေးတို့ ဘယ်လို ကာကွယ်မလဲ ။စာပေ ၊ ဂီတ ၊ ရုပ်ရှင် လက်နက်တွေနဲ့ ကာကွယ်မယ်။ မိဘ ဆရာသမားတွေရဲ့ ဆုံးမ ပဲ့ပြင်မှု လက်နက်တွေနဲ့ ကာကွယ်
ကြမယ်ဆို အကျိုးသက်ရောက်မှု များစွာဖြစ်ထွန်းလာမယ်လို့ လေးနက်စွာ ယုံ
ကြည်မိပါသည်။ အရေးပါဆုံး ထိရောက်မှုကတော့ အနုပညာရှင်တွေပါပဲ ။
ယနေ့ လူငယ်တွေ အားပေးထောက်ခံနေတဲ့ အနုပညာရှင်တွေ အနေနဲ့ အနာဂတ်
မျိုးဆက်တွေ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ဖို့ လက်တွဲကူညီပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ ။ တစ်လောလေးက လွမ်းပိုင် ဆိုတဲ့ *ဗိုလ်ကေ * ဆိုတဲ့ သီချင်းလေး လူငယ်တွေကြားမှာ အတော်လေး ပေါက်သွားတယ်လို့ ပြောလို့ရပါ
တယ်။ ဘာလို့လဲဆိုရင် မိဘတွေတောင် ပြောမရတဲ့ ဆံပင်ပုံဆံ နေရာမှာ
ကလေးတွေ တော်တော်များများ ဗိုလ်ကေ တွေ ပြောင်းလဲသွားကြတယ် ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆိုခဲ့ပါစေ ကလေးတွေကို ကြည့်ရတာ ဆံပင်ပုံ သေသေသပ်သပ်လေးတွေနဲ့ အရမ်းကို ကျက်သရေ ရှိနေတာကတော့ ငြင်းမရပါဘူး ။
စာပေ ၊ ဂီတ ၊ ရုပ်ရှင် ၊ မိဘဆရာ ပူးပေါင်းပြီး လက်တွဲညီညီနဲ့ ကာကွယ်စောင့်ရှောက်
ကြပါ နော်။ လူလောကကြီး မှာ တင့်တောင်းတင့်တယ် နေနိုင်ဖို့ ဆိုသာ ပစ္စည်းဥစ္စာ ၊
ပညာတွေ တတ်နေခြင်း နဲ့ တင်မရနိုင်ပါဘူး ။ဂုဏ်သိက္ခာရှိစွာ ၀တ်စားဆင်ယင်
တတ်ခြင်း ၊ နေထိုင်တတ်ခြင်း ဆိုတဲ့ အချက်တွေပါ ပြည့်စုံနေမှ တင့်တောင်းတင့်တယ် နေနိုင်မှာဖြစ်ပါတယ်ရှင် ။။ မြန်မာပြည်ဖွား မြန်မာလူမျိုးမြန်မာလူငယ်တိုင်း မြန်မာယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေစွာ ၀တ်စားဆင်ယင် နေခြင်းဖြင့် တင့်တောင်းတင့်တယ် နေနိုင်သူတွေ ဖြစ်ကြပါစေရှင်။

***************************
သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။



ချစ်သူဘ၀ဆိုတာ အိမ်ထောင်သည်ဘ၀ကို တည်ဆောက်ဖို့အတွက် အအခြေခံ အုတ်မြစ်ချခြင်းပါပဲ။ ချစ်သူ သက်တမ်း ကြာလာတဲ့စုံတွဲတော်တော် များကိုလေ့လာကြည့်မယ်ဆို အိမ်ထောင်သည်တွေနဲ့ တူလာတတ်ကြပါသည်။

Why ?..................................

အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်လာကြ ခြင်း ၊ ချစ်ကာစ ချစ်သူစုံတွဲတွေလို တီတီတာတာတွေ ပြောဖို့ မလိုအပ်တော့လောက်အောင် ရင်းနှီးမှု ရှိလာခြင်း၊ လက်ထပ်ခြင်းဆိုတဲ့ ဘ၀ခ၇ီးကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်ကြတဲ့ အခါမှာ တီတီတာတာတွေ ပြောဖို့ထက် ဘ၀ရှေ့ရေးအတွက် ဦးစားပေးပြောကြရပါပြီ။ ဒီနေရာ တစ်ခုရှိတာက တည်ငြိမ်ရင့်ကျက်သွားတာနဲ့ အေးစက် သွားခြင်းကတော့ အဓိပ္ပာယ်အတော်လေး ကွာခြားပါတယ်။ အပေါ်က ပြောခဲ့တဲ့ အချက်တွေကြောင့် တည်ငြိမ်မှု ရှိသွားခြင်းက ကောင်းတဲ့ဘက် ကို ဦးတည်နေသော်လည်း ၊ အေးစက်ခြင်းကတော့ ချစ်သူတွေ အတွက် ဆိုးတဲ့ဘက်ကို ဦးတည်စေပါတယ်ရှင်။

ချစ်သူတွေ တည်ငြိမ်သွားခြင်း

ချစ်သူသက်တမ်းကြာလာသည်နှင့်အမျှ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်လာတတ်ကြပါသည်။ ချစ်သူဖြစ်ကာစကလို တီတီတာတာ တွေ ပြောဖို့ကလဲ ရင့်ကျက်တည်ငြိမ်သွားကြပြီလေ။ လက်ထပ်ဖို့တာရှိတော့တာမို့ ထူးထူးထွေထွေ ပြောဖို့လဲ မရှိတော့ပါဘူး။ ဒီအချိန်မှာ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး ရှေ့ဆက်ရမယ့်ဘ၀ ခရီးသာယာရေး အတွက် *မောင် တစ်ထမ်း မယ်တစ်ရွက်* ကြိုးပမ်းရမှာက အဓိက ကျနေပါပြီ။ အမြဲ ပြုနေကြအလေ့အကျင့်လေးတွေ ပျောက်ဆုံးမသွားဖို့ကသာ ပိုအရေးကြီးစေပါတယ်။ ခိုင်လေးတို့မှာ အလေ့ကျင့်လေးတွေ ရှိပါတယ်။ ချစ်သူတိုင်းမှာလဲ ရှိနေကြမှာပါ ။ အဲဒီအလေ့ကျင့်လေးတွေကိုတော့သေသည့်တိုင်အောင် ဘယ်တော့ မပျက်စေဖို့က အရမ်းကို အရေးကြီးပါတယ်။ တန်ဖိုးထားရပါ့မယ်။ ဒါတွေ ပျောက်ဆုံးသွားပြီဆိုရင်တော့ တည်ငြိမ်ခြင်း မဟုတ်တော့ပါဘူး ။ အေးစက် စိတ်ကုန်သွားခြင်းဖြစ်ပါတယ်ရှင်။

ချစ်သူ့ ဘ၀ အေးစက်သွားခြင်း

ချစ်သူတွေ ကြားမှာ နားလည်မှုတွေ ပျောက်ဆုံးကာ *မဖြစ်လို့ ဆက်ဆံနေရတဲ့* အဖြစ်လောက် ခါးသီး စရာကောင်းတာ မရှိတော့ပါဘူး။ဒီလို အဖြစ်မျိုးကို ဘယ်ချစ်သူတွေမှ လိုချင်ကြမှာ မဟုတ်လောက်ပါဘူးနော်။ မလိုချင်ရင် မဖြစ်အောင် ဘယ်လိုနေကြမလဲ။ အရမ်းလောဘမကြီးဖို့က အရေးကြီးဆုံးပါဘဲ ။ နမူနာပေါ့နော်...........သူဆီက ကိုယ်တစ်စုံတစ်ခုကို တောင်းဆိုတော့မယ်ဆို သူအတွက်ကော စိတ်ချမ်းသာအောင် ဘာပြန်လုပ်ပေးရမလဲဆိုတာကို သူတောင်းဆိုစရာမလိုဘဲ ကိုယ်ကအလိုက်သိနေသင့်တယ်။ ရက်တွေ လတွေ ကြာလာတဲ့ အမျှ တစ်ယောက်ကို တစ်ယောက် *ပိုပြီးနာလည် ခွင့်လွတ် တတ်လာရမယ်* တစ်ယောက်နဲ့ တစ်ယောက် အရွဲ့တိုက် ခြင်းတွေကိုလဲ ရှောင်းသင့်ပါသည်။ ချစ်သူဘ၀မှာ တကယ်ပဲ လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးကြရင် တစ်ဦးအပေါ်တစ်ဦး ကိုယ်ရေးကိုယ်တာကိစ္စတွေ ကို မဖုံးကွယ်ထားသင့်ဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို ဆွေးနွေးသင့်တယ်။ မကျေနပ်တာကို ဖွင့်မပြောပဲ စိတ်ကောက်နေခြင်း မျိုးတွေက အေးစက်ခြင်းကို ဦးတည်သွားစေတော့ပါပဲရှင်။ အေးဆက်ခြင်းတွေ များလာရင် ခွဲခွာခြင်း ဆိုတဲ့ လမ်း ပေါ်ကို လျှောက်လှမ်းကြရတော့တာပါပဲ။ ချစ်ခြင်းမေတ္တာကို အခြေမခံဘဲ ၊ ဒီကောင်မလေးချောတယ် ဒီကောင်လေးချောတယ် အလှကြိုက်ရုံ သက်သက်နဲ့ အပျော်သဘော အချစ်ကို မကစားလိုက်ပါနဲ့ ။ ခုတွေ့ ခုချစ် ခုကွဲ ဆိုရင်တော့ သိပ်ကိစ္စမရှိလှပေမယ့် အခန့်မသင့်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် တာ ညားသွားခဲ့မယ်ဆို စိတ်ပျက်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခုကို ဖြစ်ကတတ်ဆန်း တည်ဆောက်မိကြသလို ဖြစ်နေကြပါလိမ့်မယ်။ ကိုယ်ကိုကိုယ် တန်ဖိုးမထားရင် လူဘ၀ဟာ စိတ်ပျက်စရာချည်းဖြစ်နေပါလိမ့်မယ်။ အချစ်ဆိုတာ တန်ဖိုးရှိပါတယ်။ ချစ်သူဘ၀မှာ အထူးရှောင် သင့်တဲ့ အချက်လေးတစ်ခုရှိပါသေးတယ်။

သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။ ဟန်ဆောင်ကြင်နာမှုတွေ မပေးကြဖို့ပါ။

လူမှူရေးအဆောက်အအုံရဲ့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး အိမ်ယာထူထောင်မှု အိမ်ထောင်ပြုကြမယ့် ချစ်သူတိုင်း တည်ငြိမ်စွာနဲ့ ပျော်ရွင်ချိန်မှာကော စိတ်ဆင်းရဲချိန်တွေမှာပါ ချစ်သူဘေးနား နားလည်မှုချစ်ခြင်းတရားတွေနဲ့ ရှေ့ဆက်လျှောက်လှမ်း နိုင်ကြပါစေ။ အေးစက် ခြင်းဆိုတဲ့ လမ်းခွဲခြင်းတွေ ကင်းဝေးကြပါစေရှင်။



ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment