Wednesday, October 9, 2013

ဒီနေ့ နေမကောင်းဘူး ။ တော်တော်လေးဖျားနေပါတယ် ။

ဒီနေ့ နေမကောင်းဘူး ။ တော်တော်လေးဖျားနေပါတယ် ။ ဖျားနေတော့ အိပ်ယာထဲ ခွေနေရတာပေါ့ ။ ဒီလိုခွေနေတုန်းမှာ တွေးမိတဲ့ အတွေးလေး တစ်ခုကို ပြောပြချင်ပါတယ် ။ လူတွေရဲ့ စိတ်သဘောထားတွေဟာ လမ်းညွန်ပြောပြသူတွေ ၊ တွေ့မြင်ခံစားရမှု အပေါ်မူတည်ပြီး ပြောင်းလဲတတ်ကြပါတယ် ။ ထိုပြောင်းလဲမှုများထဲတွင် ကောင်းသောပြောင်းလဲခြင်းသို့ ဦးတည်ပြောင်းလဲလာမယ်ဆို အလွန်မင်္ဂလာရှိနိုင်ပါတယ် ။ ဝေဖန်တာ နဲ့ အမုန်းပွားတာကို ဒီနေ့ ခိုင်လေး သေချာ သဘောပေါက်နားလည်ခဲ့မိပါတယ် ။ လူတိုင်းဟာ အမှား မကင်းတတ်ကြပါဘူး ။ မှားတာကို သိတဲ့ အချိန်မှာ STOP လုပ်တတ်ဖို့က အဓိကကြပါတယ် ။ များများမကြည့်ပါနဲ့ ခုfacebook ပေါ်က သူငယ်ချင်းတွေကို ကွင်းပြင်တစ်ခုကို စုဝေးလိုက်ကြရအောင် ။ ပြီးရင် ဒီထဲက အပြစ် ကင်းတဲ့သူ လက်ထောင်ပါဆိုခဲ့ရင် ဘယ်နှစ်ယောက် လက်ထောင်ကြမလဲ ။ ကိုယ်ကို့ကိုယ် မလိမ်တန်း ဝေဖန်မယ်ဆိုရင် တစ်ယောက်မှ လက်ထောင်မယ့်သူရှိမှာမဟုတ်ပါဘူး ။ လူဆိုတာ အမှားမကင်းတတ်သူမျိုးတွေဆို မမှားနိုင်ပါဘူး ။ လူတွေ နားလည်ပေးလို့ရမယ့် အမှားမျိုးနဲ့ နားလည်ပေးလို့မရတဲ့ အမှားမျိုး ဆိုတာဘဲ ကွဲပြားခြားနားမယ်လို့ ယူဆပါတယ် ။ နားလည်လို့ မရတဲ့ အမှားမျိုးတွေကို ကျူးလွန်တဲ့သူတိုင်းကို လက်ညှိုးထိုး အတင်းပြောကာ မပတ်သတ်မဆက်ဆံချင်သလို လုပ်နေမယ့်အစား မိတ်ဆွေအပေါင်းသင်းတွေလို ပေါင်းသင်းကာ သူ့အမှားတွေကို ချိုသာစွာ ထောက်ပြ ပြောဆို ပြုပြင်ပေးကြမယ်ဆိုရင် ကျွန်မတို့ လူဘောင်လောကကြီးဟာ အပြစ်လုပ်သူတွေ နည်းလာလိမ့်လို့ မှတ်ယူမိပါတယ် ။ မှားခဲ့ဘူးကြသူတွေ ချည်းပါပဲ။ အမှားတစ်ခုကို အတင်းတခုလို ပုတ်ခတ်ဝေဖန်နေမယ့်အစား နားလည်ခြင်း လက်တွေနဲ့ အမှားတွေက နိုးထတတ်ဖို့ကို ကျွန်မတို့တွေ ၀ိုင်းဝန်းဖေးမ ကူညီလိုက်ကြရအောင်စို့လား ။ ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment