မိဘဆိုတဲ့စကားထဲမှာကိုက *အမိရယ် အဖရယ် * ဆိုတာ
ပါတယ်.....မိခင်တစ်ယောက်ရဲ့ကျေးဇူးတရားတွေ အရမ်းကြီးမားသလို
ဖခင်တစ်ယောက်ရဲ့ မေတ္တာစေတနာ ဟာလဲ အနှိုင်းမဲ့ပါဘဲရှင်
.........ခိုင်လေးမှာ ခိုင်လေးကို သိပ်ချစ်တဲ့ ဖေဖေနဲ့မေမေ
ရှိတယ်ရှင့်.........မေမေက ခိုင်လေးကို ချစ်သလို ဖေဖေက
မေမေထက်တောင်ပိုတယ်လို့ ထင်ရအောင် ခိုင်လေးနဲ့ပတ်သတ်ရင် အရမ်းကို
ဂရုစိုက်တတ်တယ်..........ခိုင်လေးက ဖအေတူသမီးလို့
အားလုံးကပြောကြတယ်...........ခိုင်လေး မိဘတွေနဲ့
တရင်းတနှီးတော့မနေတတ်ဘူး.........ကိုယ်ဘာကို နေတတ်သလိုဘဲ
နေခဲ့တယ်......ဖေဖေနဲ့ မေမေက ခိုင်လေးကို သိပ်ချစ်တယ်လို့ လဲ အရင်က
ခိုင်လေးမထင်ခဲ့မိဘူး........ခိုင်လေးတို့က
ညီမ3ယောက်ရှိတယ်.......ခိုင်လေးက ကျန်တဲ့ 2ယောက်လို မိဘတွေနဲ့
သိပ်ရင်းရင်းနှီးနှီး မနေတော့ ခိုင်လေးကို လဲ ကျန်တဲ့ ညီမတွေလောက်
မချစ်ဘူးလို့ ခိုင်လေးက ထင်နေခဲ့တာလေ............ခိုင်လေး ကို
ဖေဖေနဲ့မေမေ* အဓိက ဖေဖေပေါ့နော်* ...အရမ်းချစ်ခဲ့တယ်ဆိုတာကို
စတင်သိခဲ့တာကတော့ ခိုင်လေး အသက် 18နှစ်မှာ
ယောကျာင်္းနောက်လိုက်ပြေးခဲ့တုန်းပေါ့...........ဖေဖေ ညတိုင်း ယောကျာင်္းကြီးတန်မဲ့
ငိုခဲ့တယ်တဲ့လေ...........ရီစရာလေးတစ်ခု
ပြောပြရအုံးမယ်..........တစ်နေ့ပေါ့..... ခိုင်လေးအမျိုးသားကလေ
............ဆိုင်ကယ်နဲ့ မေမေတို့ဆီကို သွားတယ်လေ..........အဲဒီနေ့က ခိုင်လေးကသူနဲ့
လိုက်မသွားဖြစ်ဘူး.......ဖေဖေနဲ့မေမေက
အိမ်ရှေ့တန်းလျားမှာထိုင်နေကြတယ်တဲ့........ခိုင်လေး အမျိုးသားက
ဆိုင်ကယ်ကို ကွေ့လိုက်တာ ဆိုက်ကယ်က
မှောက်မလိုဖြစ်သွားတယ်လေ.........ဖေဖေက ဘာထပြောလိုက်တယ်ထင်လဲ *
တော်သေးတာပေါ့ကွာ ငါသမီးလေးမပါလို့ပေါ့*တဲ့လေ...........မေမေက
ရှင်ဘယ်လိုပြောလိုက်တာလဲဆိုတော့ ဘာမှမဟုတ်သလို အိမ်ထဲထ၀င်သွားတယ်လေ။
ခိုင်လေးနဲ့ပတ်သတ်ရင် ဖေဖေရဲ့ အမှတ်တရလေးတွေ
ရှိသေးတယ်ရှင့်.............ခိုင်လေး သားလေးမွေးတော့လေ
..........သားဦးဆိုတော့ ခိုင်လေး မေမေနဲ့ ခိုင်လေးအမျိုးသားကိုဘဲ
မျှော်တာပေါ့.........ဆေး၇ုံကခွဲခန်းထဲကိုဝင်တဲ့အထိ မေမေကော
ခိုင်လေးအမျိုးပါ ရောက်မလာပါဘူး.........ဖေဖေကလေ
ခိုင်လေးမနက်7နာရီမွေးမှာကို မနက်5နာရီထဲက ခိုင်လေးနားကို
ရောက်နေပြီလေ.........ခွဲခန်းထဲကို ၀င်တဲ့အထိ ခိုင်လေးနားမှာ
ဖေဖေကတချိန်လုံးရှိနေပေးခဲ့တယ်............နောက် ဖေဖေနဲ့
ခိုင်လေးကြားက အမှတ်ရစရာလေးတစ်ခုကတော့ ခိုင်လေးက
နှလုံးခုန်နှုန်းမြန်တဲ့ရောဂါနဲ့ဆေးရုံတက်ရတုန်းကပေါ့............ညဘက်
ဆေးရုံမှာ ခိုင်လေးအမျိုးသားက သူစောင့်မယ် အဖေပြန်ပါလို့ ပြောတော့
............ဖေဖေက မပြန်ဘူး တဲ့လေ..........သူဘာစောင့်မယ်ဆိုပြီး
ခိုင်လေးကိုစောင့်အိပ်တယ်လေ...........ခိုင်လေး ကုတင်ဘေးမှာ ခိုင်လေးအမျိုးသားက
အိပ်တယ် သူဘေးမှာမှ ဖေဖေက တန်းလျားနဲ့စောင့် အိပ်တယ်ရှင့်။ညဘက်ရောက်တော့
..........ခိုင်လေး နှလုံးခုန်နှုန်းတွေ အရမ်း
ပြန်မြန်လာတယ်..........ခိုင်လေးဘေးက ကပ်အိပ်နေတဲ့ အမျိုးသားကို
နှိုးတယ်..........မနှိုးဘူးရှင့်........ဖေဖေကကြတော့ ခိုင်လေးညီးသံကိုကြားတာနဲ့တင်
တန်းနိုးလာတယ်..........ဖေဖေက နားတဖက် လုံးဝမကြားဘူး.....ညဘက်ဆို နားကြပ်ဖြုပ်ထားရင် လုံးဝမကြားရတဲ့သူက ခိုင်လေး ညီးသံကို တန်းကြားတာ....ဖခင်တစ်ယောက် ရဲ့ သွေးသားထဲက မေတ္တာနှိုးးသံတွေပေါ့နော်..........ဒါ
ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ဂရုစိုက်ကြင်နာမှုတွေပါ......ဘယ်သူကမှ
နှိုင်းယှဉ်လို့မမှီနိုင်ပါဘူး..........ဖေဖေနဲ့ပတ်သတ်တဲ့အမှတ်တရတွေ
ခိုင်လေးမှာ အများကြီးပါဘဲ .........ပြောမယ်ဆို
မကုန်နိုင်အောင်ကိုဘဲရှင်.............ခိုင်လေး အတွက်မမေ့နိုင်တဲ့
အမှတ်ရစရာလေးတစ်ခုကတော့ ............ခိုင်လေး အမျိုးသားရှိတဲ့ မလေးရှား ကို လိုက်လာတော့ ဖေဖေက လေယာဉ်ကွင်းကို လိုက်ပို့ပေးတယ် ။ ခိုင်လေးကတော့ သူငယ်ချင်းတွေနဲ့ တူတူသွားရတာကော အမျိုးသားကိုပါ တွေ့ရမှာဆိုတော့ ပျော်နေတာပေါ့ ။ လေယာဉ်ထွက်ဖို့ နာ၇ီဝက် အလိုမှာ ဖေဖေက ခိုင်လေးကို ပြောလာတယ် .........သမီးဖေဖေ မခံစားနိုင်လို့ ပြန်တော့မယ်တဲ့ရှင် ..........ခိုင်လေး ခွဲသွားမှာကို ဖေဖေ ခံစားနေရတာကို ဒီတော့မှ သတိပြုမိပါတော့တယ် ......ခိုင်လေးလည်း ဖေဖေကို အရမ်းချစ်ပါတယ် ဖေဖေ.......ဒီအဖြစ်လေးတွေကတော့ *ဖေဖေ
ခိုင်လေးကိုသိပ်ချစ်တယ်ဆိုတဲ့ အမှတ်တရ အဖြစ်လေးတွေပါ*
ခိုင်လေး ( ရွှေတောင် )

No comments:
Post a Comment