Wednesday, October 9, 2013

4.မလေးရှားပြန် မောင်မောင်ဦး ရဲ့ ပိုးကိုက်ခဲ့ရတဲ့ အချစ်ပန်း( ၀ထ္ထုတို )

မြန်မာနိုင်ငံကို အလုပ်ကိစ္စတစ်ခုနဲ့ မဖြစ်မနေ ပြန်ဖို့ အကြောင်းက ဖန်လာခဲ့သည် ။ ဘာဘဲပြောပြော အမိမြေကို ပြန်ရမယ်ဆို ပျော်နေတတ်တာ မြန်မာတိုင်းရဲ့ တူညီတဲ့ ခံစားမှုတစ်ခုဘဲ ထင်ပါသည် ။ မောင်ဦးဆိုတဲ့ ကျွန်တော့် အပြန်ခရီးလေးကို မိသားစုတွေ စုံလင်စွာ လာကြိုခဲ့ကြပါသည် ။ လေဆိပ်အပြင်ဘက်ကို ရောက်တယ်ဆိုရင်ဘဲ ဖေဖေ့ဖုန်းသံလေးမြည်လာပါဧ။် ။ ဖေဖေ ကိုင်လိုက်တော့ ကျွန်တော်ဖုန်းဖြစ်နေပါသည် ။ ရောက်ရောက်ချင်း ဆက်လာတဲ့ ဖုန်းကို အူကြောင်ကြောင်နဲ့ကိုင်လိုက်မိသည် ။ ဘယ်သူမှန်းမသိဘဲဖုန်းကိုင်လိုက်တယ် ဆိုရင်ဘဲ * ဟဲလို အမိန့်ရှိပါ ခင်ဗျာ * * မောင်ဦးရေ မမပါ ။ ဆောက်လုပ်ရေးရုံးက မမဇင်လေ * *သြော် မမဇင် ။ ဟုတ်ခုဘဲ ကျွန်တော် ရောက်တာ ။* *သိတယ်လေ ။ ရောက်လောက်ပြီထင်လို့ မမဆက်လိုက်တာပေါ့ ။ ဒီနေ့ မမဇင် မွေးနေ့လေ။ မောင်ဦးကို ဖိတ်ချင်လို့ပါ ။ မောင်ဦး လာနိုင်မယ်ဆို လာစေချင်တယ် ။ မွေးနေ့က အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေကိုဘဲ ဖိတ်ထားတာလေ ။ လာခဲ့ပါလားဟင် * *ဟုတ်ကဲ့ မမဇင် ကျွန်တော် လာခဲ့ပါ့မယ် * *အိုကေ ။ ၀မ်းသာတယ် ။ ဒါဆို တွေ့မှ စကားတွေ အများကြီး ဆက်ပြောကြတာပေါ့နော် * *ဟုတ်ကဲ့ မမဇင် * အိမ်ပြန်ရောက်တော့ မိသားစုတွေနဲ့ စကားပြောဆိုပြီး ခရီးပန်းလာတာကြာင့် ခဏအနားယူ အိပ်စက် လိုက်ပါသည် ။ အိပ်ယာနိုးတာနဲ့ ရေမိုးချိုးပြင်ဆင်ပြီး မမဇင် ဖိတ်ထားတဲ့ မွေးနေ့ ပွဲလေးကို ချီတက်ထာခဲ့ပါတော့သည် ။ မွေးနေ့ပွဲလေးကို ရောက်တော့ တစ်ယောက်ထဲဟိုကြည့် ဒီကြည့်နဲ့ မမဇင်ကို ရှာဖွေလိုက် ပါသည် ။ ဟော တွေ့ပါပြီ ။ အဖြူရောက် ၀မ်းဆက်နဲ့ စမတ်ကျ လှပနေတဲ့ မွေးနေ့ရှင် မမဇင်။ မမဇင်လည်း ကျွန်တော်ကို တွေ့သွားပါပြီ ။ ကျွန်တော် ရှိရာကို လျှောက်လာတဲ့ မမဇင်ဘေး မှာ အ၀ါရောင် အရိပ်လေးတစ်ခုပါ ကပ်ညှိပါလာခဲ့သည် ။ မမဇင်က ကျွန်တော်ထိုင်ဖို့ နေရာ ချပေးပြီးချင်းချင်း မောင်ဦးမျက်နှာချင်းဆိုင်မှာရှိတဲ့ မျက်မှန်လေးနဲ့ မမတင် ဆိုတဲ့ အ၀ါရောင် အရိပ်လေးနဲ့ မိတ်ဆက်ပေးခဲ့ပါသည် ။ မမတင် ရဲ့အကြည့် ကြောင့်မောင်ဦးရင်တွေ အရမ်းခုန်ခဲ့ရပါသည် ။ မြင်မြင်ချင်း အခုန်မြန်နေတဲ့ ရင်ခုန်သံတွေကလည်း အလိုက်ကန်းစိုးမသိ ။မမတင်မွေးနေ့ မှာ ကျွေးတာတွေကိုစားသောက်ပြီးပြန်လာခဲ့ ရပေမယ့် ကျွန်တော် နှလုံးသားတွေက အ၀ါရောင်အရိပ်လေးထံမှာသာ ကျန်နေခဲ့ပါဧ။် ။ မနက်စောစော မမဇင်ဆီက ဖုန်းဝင်လာသည် ။ ပဲခူးသူ မမတင်က ကျွန်တော်ကို ဘုရားဖူးလာဖို့ ဖိတ်တဲ့ အကြောင်း ပြောပြတာပါ။ မျောက်အုန်းသီးရသလို ဖြစ်သွားတဲ့ကျွန်တော် မောင်မောင်ဦး တစ်ယောက် မမတင် ရှိရာ ပဲခူးသို့ ကြိမ်စက်ကြာ နဲ့ ရိုက်ခေါ်သလိုအခစားတော်ဝင် ရောက်လာခဲ့ပါတော့သည် ။ အဝေးပြေးကားဂိတ်နားသန်းကြွယ်လက်ဘက်ရည်ဆိုင်မှာမနက်စာစားရင်း မမဇင် ကိုစိတ်ထဲကနေကျေးဇူးတင်နေမိသည် ။ ဘာလို့ လဲဆိုတော့ ညကမိတ်ဆက် ပေးတဲ့ မမတင် နဲ့ ခင်မင်ခွင့်ရခဲ့လို့ပါ ။ မကြာခင်မှာဘဲ ကျွန်တော်ရှိရာကို မမတင် တစ်ယောက် ရောက်လာပါသည် ။ ညကတွေ့တာထက် မနက်ပိုင်းမှာပိုလှနေတဲ့ မမတင်ကို တွေ့ရတာ ကျွန်တော်ရင်တွေ အဆမတန်ခုန်လို့ပေါ့ ။မောင့် ဦး တို့စားသောက်ပြီးတာနဲ့  မမတင် ကမောင်ဦးကို ဘုရားဖူးလိုက်ပို့ ပေးသည် ။ မမတင် က မောင်လေးလာဆိုပြီးထုတ်ထုတ်ဆိုင်ကယ်စင်းလုံးငှားပြီး ဘုရားဖူးလိုက်ပို့ပေးပါသည် ။ မရောက်ဖူးသေးတဲ့ ပဲခူးကဘုရားတွေကိုဖူးရင်းစိတ်ထဲမှာ ပျော်နေမိဧ။် ။ ပဲခူးရွှေဆံတော်ဘုရားကအပြန်လမ်းကကုန်းဆင်းဖြစ်သွားတာကြောင့် မမတင် ရဲ့  ပါးလေးကို အမှတ်မထင် နမ်းမိသွားခဲ့သည် ။ ရှက်သွေးဖျာသွားတဲ့ မမတင် ရဲ့ ပါးလေးတွေ ချက်ချင်း ရဲတွက်လာဧ။် ။ မောင်ဦးရင်တွေအရမ်းခုန်လာပြီး မမတင် ကိုချစ်မိသွားပါသည် ။ ရှက်နေတဲ့ မမတင် ကို ဘယ်လိုတောင်းပန်ရမလဲ မသိ အောင် ပူထူနေမိသည် ။ မမတင် မှာလည်း ရှက်လွန်းလို့ ထင်ပါတယ် ခေါင်းကြီး ငုံ့လို့ ။ ဒီလိုနဲ့ ပဲခူးကနေ မောင်ကြီး မပြန်နိုင်ဖြစ်ခဲ့ရပါသည် ။ မမတင် ကို ဖွင့်ပြောတော့ မမကလည်း မောင်ဦး အချစ်ကို လက်ခံခဲ့သည် ။ တစ်ယောက်နဲ့ တစ်ယောက်အကြင်နာတွေအပြန်အ လှန်ပေးကြပြီးအချစ်ပင်လယ်ထဲမျောခဲ့ မိပါသည် ။ မောင်ဦးရန်ကုန်ပြန်တော့ မမတင်က အဝေးပြေးကားဂိတ်ကိုလိုက်ပို့ပေးပါသည်။ရန်ကုန်ကိုရောက်ရောက်မြမတင် ကိုဖုန်းဆက် ပြီးချစ်တဲ့ အကြောင်းတွေတဝကြီးပြောမိကြသည် ။ မမတင် နဲ့ မောင်ဦး ဖုန်းဆက် စကားပြောနေချိန်မှာအပျော်ကြီးပျော်ခဲ့ရဧ။် ။ မလေးရှားမှာမွန်းကျပ်စွာအလုပ်လုပ်ခဲ့ ရတဲ့ အမောတွေက မမတင် နဲ့ ဖုန်းစကားပြောနေချိန်မှာ အမောပြေစေခဲ့ပါသည် ။ မွန်းကျပ်မှူတွေပျောက်ဆုံးစေခဲ့ပါသည် ။ မမတင် နဲ့ ဖုန်းတွေပြောရင်းနဲ့ ဘဲ မလေးရှားကို ပြန်ရမဲ့ နေ့ ကနီးကပ်လို့ လာခဲ့ ပါပြီ ။ ခဏခွဲရအုံးမယ် မမတင် ရယ် ။ *************************************************************** ၁၈.၅.၂၀၁၂နေ့ မှာမလေးရှားကိုမောင်ဦးအလုပ်လုပ်ဖို့ ပြန်သွားခဲ့ ရပါတော့သည် ။ မလေးရှားကိုရောက်တော့ လဲမောင်ဦး မမတင် ကိုလွမ်းတဲ့ စိတ်နဲ့ အလုပ်လုပ်မရဖြစ်နေရပါပြီ ။ .မြန်မာနိုင်ငံကိုဘဲ မောင်ဦးပြန်ချင်စိတ်တွေဖြစ်ပေါ်နေမိသည်။မလေးရှားမှာ၂လလောက် အလုပ်လုပ်ပြီးချိန်မှာတော့ မမတင် ကို လွမ်းတဲ့ စိတ်တွေက တားမရဆီးမရ ဖြစ်လာပါတော့ သည် ။ မမတင်နဲ့ ဖုန်းပြောဖြစ်တော့မမတင် ကလည်း ပြန်ခဲ့ဖို့ ခေါ်တာနဲ့ မိုက်မဲစွာ လက်ရှိ လခအလွန်ကောင်းးနေသော အလုပ်ကနေ ထွက်စာတင်ကာ ချစ်သူရှိရာ မြန်မာမြေကို မျှော် လင့်ချက်တွေ တပွေ့တပိုက်ကြီးနဲ့ ပြန်လာခဲ့ပါတော့သည် ။ လေဆိပ်ကို မမတင် ကိုယ်တိုင် လာကြိုခဲ့သည် ။ မမတင် အနားကို ပြန်ရောက်လာတာမို့ အပျော်တွေက မဖော်ပြနိုင်အောင် ကြည်နူးခဲ့ရဧ။် ။ မမတင် ပဲခူးပြန်သွားမှာကိုဘဲ ကြောက်နေမိပါသည် ။ဘာလို့ လဲဆိုတော့ မောင်ဦး မမတင်ကို အရမ်းချစ်ခဲ့ မိသွားခဲ့လို့ ပါဘဲ ။ မောင်ဦးတစ်ယောက်လည်း မမတင် နဲ့ အတူတူနေနိုင်အောင် ကြိုးစားခဲ့ပါသည် ။ဒါပေမယ့် အလုပ်တွေက တစ်ခုမှ အဆင်မပြေပါဘူး ။ မောင်ဦး ပြန်လာပြီး မကြာခင်မှာဘဲ ဖေဖေကျန်းမာရေးကလည်း ဆိုးလာခဲ့သည် ။ အလုပ်တွေထက် ဖေဖေ နား မှာနေဖို့ အချိန်တွေကို ပိုပေးလာရပါသည် ။ ဒီချိန်မှာ မမတင်ဆီက မထင်ထားခဲ့တဲ့ အပြုမူ တွေကို မောင်ဦး လက်ခံလိုက်ရပါသည် ။ ဖုန်းဆက်တဲ့အချိန်တွေ မှာ ကြင်နာဖေးမတဲ့ စကား တွေထက် အလုပ်လုပ်ဖို့ အကြောင်းတွေကိုသာ အတွင်တွင် ပြောလာပါတော့သည် ။ မမတင် နဲ့ ထမဆုံးစတွေ့ ချိန်မှာ ဒီလိုစကားတွေမပြောခဲ့ဘဲ နီးစပ်ဖို့ အခွင့်  အရေးအပြည့် အဝ ပေးခဲ့ ပြီးမှ့ ဒီချိန်မှာ ဒီလိုစကားတွေပြောလာတော့ မောင်ဦးတစ်ယောက် စဉ်းစားရ တော်တော် လေးခက်သွားခဲ့ပါသည် ။ .မောင်ဦးလဲအလုပ်မရှိတာကတစ်ကြောင်း၊ ဖေဖေကျန်းမာရေးမ ကောင်းတာကတစ်ကြောင်း ကြောင့် စိတ်တွေညစ်လာပြီ့း ဖြစ်သလိုပိုနေမိခဲ့သည် ။သိပ်မကြာခင်မှာဘဲဖေဖေ ဆုံးသွားခဲ့သည် ။ မောင်ဦး အလုပ် ပြန်စလုပ်တဲ့ အချိန်မှာဘဲ မမတင် တစ်ယောက် သူ့ရုံးက အရာရှိတစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းကို ရခဲ့ပါသည် ။ * မမတင်ရယ် ရက်စက်လိုက်တာ ။ မောင်ဦးက အချစ်ဆိုတာကို ဘ၀နဲ့ရင်းနှီးခဲ့ရသူပါ ။ မမတင် မောင်ဦးဆီက ဘာတွေကို မျှော်လင့်ခဲ့တာလဲ ။ မမတင် မျှော်လင့်သလို ဖြစ်မလာ တော့လို့ ခုလိုရက်စက်ခဲ့တာလား ။ မောင်ဦး ဆိုတဲ့ ကျွန်တော်က မိုက်မဲခဲ့တာပါ ။ အချစ် ဆိုတာ ခံစားလို့ကောင်းပေမယ့် ဘ၀နဲ့ချီလာတဲ့ အခါ ငွေကြေး အဆင်ပြေမှုဆိုတဲ့ အရာ လေးပါ ပါဝင်မှ အချစ်ရဲ့ အရသာဟာ ပိုလို့ချိုမိန်ဆိုတာကို မောင်ဦးဆိုတဲ့ ငမိုက်သားက မေ့ လျော့နေခဲ့တာကို ။ ခံပေအုံးပေါ့ မောင်ဦးရာ ။ မိန်းကလေးတွေ အိမ်ထောင်ပြုတယ်ဆိုတာ အားကိုးချင်လို့ဘဲလေ ။ ခုချိန်မှာ မမတင် အတွက် မောင်ဦးဟာ ဘာမှ အသုံးမ၀င်တဲ့ သူ တစ်ဦးဖြစ်နေပြီဆိုတော့ မမတင် အလိုမရှိတော့တာကို မောင်ဦးနားလည်ပေးနိုင်အောင် ကြိုးစားပါ့မယ် ။ ဝဋ်ကျွေးတွေရှိရင် ဒီဘ၀ ဒီမျှနဲ့သာ ကျေပါရစေတော့  မမတင်ရယ် ။ မောင်ဦးမလေးရှားကနေပြန်လာပြီး မမတင် နဲ့ အတူနေရအောင်ကြိုးစားခဲ့ ပေမယ့် မမတင် ဆီကပြန်ရလိုက်တာကတော့ ဝေးကွာခြင်းရဲ့ အဆုးံတစ်ဖက် ။ လူဆိုတာ ဒီနေ့ ဒီအကြောင်းတွေကြုံရဖို့ ကံပါ ရင်ကြုံကိုကြုံရမှာပါ။ ရှောင်လွှဲလို့မရပါဘူး။ ပုထုဇဉ်တွေ မပြောပါနဲ့ ဘုရား ရဟန္တာ တွေတောင် အတိတ်ကံ ဆိုတာရှိရင် ရှောင်လွှဲ လို့မှ ရနိုင်ခဲ့တာ ။ အားလုံး အကျိုးအကြောင်း ဆက်စပ်ပြီး ဖြစ်ရတဲ့အရာတွေချည်းပါပဲလေ ။ ဘာဖြစ်လို့ငါ့ ကျမှ လာဖြစ်ရလဲဆို တာတွေကို မတွေးချင်တော့ပါဘူး ။ ဒီနေ့ အချိန်ငါ ရင်ဆိုင်နေတာက ငါရဲ့ ကံလို့ ဘဲ တွေးလိုက်ပါတော့တယ် ။ အထီးကျန်တောထဲမှာ မောင်ဦးတစ်ယောက် နှလုံးသားဇာတ်ညွှန်းကို တစ်ယောက်ထဲရေးရင် ဗလောင်ဆူနေတဲ့ နှလုံးသား ကိုရင်ဝယ်ပိုက်လိုပေါ့ ။ မောင်ဦးရဲ့ နှလုံးသားက ပွင့်ဖူးခဲ့တဲ့ အချစ်ပန်းလေးဟာ ပိုးကိုက်ခဲ့ရတဲ့ အချစ်ပန်း လေးဖြစ်ခဲ့ရပါပြီ ။ တစ်ဘ၀စာ အတွက် ချစ်ရတဲ့ ချစ်သူကို နှုတ်ဆက်လိုက်ပါတယ် ဂွတ်ဘိုင်......မမတင် ။ * ခိုင်လေး ( ရွှေတောင် ) ဒီဝထ္ထုတိုလေးကို ဖတ်ပြီး အတွေးမှန်လေးတွေကို ရရှိနိုင်ကြပါစေ ။ ဘယ်သူမှ မမှားတဲ့ ဒီဇာတ်လမ်းလေးမှာ အဓိက မှားခဲ့တာ တစ်ချက်ထဲပါ ။ ဖြစ်သင့်တာကို မလုပ်ဘဲ ၊ မလုပ်သင့်တာကို တစ်ခုကို စိတ်အလိုလိုက်မိတဲ့ ရလာဒ်လေးပါပဲ ။ စိတ်ဆိုတာ အရာရာကို ထိန်းချုပ်နိုင်မယ်ဆို ဆင်ခြင်ထိန်းသိမ်းနိုင်စွမ်းရှိသူတွေ အမြှောက်အမြား ပေါ်ပေါက်လာ ကြမှာဘဲနော် ။ စိတ်တစ်ခုရဲ့ စေရာကို လိုက်နေကြသူတိုင်း အမှားမကင်းတတ်ကြဘူး။ ဖြစ်ချင်တဲ့ဆန္ဒတွေ အရမ်းကိုပြင်းပြနေချိန်မှာ ဆင်ခြင်နိုင်မှုဆိုတဲ့ အသိတရားတွေ ဘေးကို ရောက်ကုန်တတ်ကြပါတယ် ။ ဖြစ်ချင်တဲ့ဆန္ဒတွေကို ဆင်ခြင်နိုင်မှုတွေနဲ့ ထိန်းသိမ်းနိုင်ပြီး လောကဓံကို ကြံ့ကြံ့ ခံနိုင်သူ လူသားတွေ ဖြစ်ကြပါစေ ။ Photo: မြန်မာနိုင်ငံကို အလုပ်ကိစ္စတစ်ခုနဲ့ မဖြစ်မနေ ပြန်ဖို့ အကြောင်းက ဖန်လာခဲ့သည် ။ ဘာဘဲပြောပြော အမိမြေကို ပြန်ရမယ်ဆို ပျော်နေတတ်တာ မြန်မာတိုင်းရဲ့ တူညီတဲ့ ခံစားမှုတစ်ခုဘဲ ထင်ပါသည် ။ မောင်ဦးဆိုတဲ့ ကျွန်တော့် အပြန်ခရီးလေးကို မိသားစုတွေ စုံလင်စွာ လာကြိုခဲ့ကြပါသည် ။ လေဆိပ်အပြင်ဘက်ကို ရောက်တယ်ဆိုရင်ဘဲ ဖေဖေ့ဖုန်းသံလေးမြည်လာပါဧ။် ။ ဖေဖေ ကိုင်လိုက်တော့ ကျွန်တော်ဖုန်းဖြစ်နေပါသည် ။ ရောက်ရောက်ချင်း ဆက်လာတဲ့ ဖုန်းကို အူကြောင်ကြောင်နဲ့ကိုင်လိုက်မိသည် ။ ဘယ်သူမှန်းမသိဘဲဖုန်းကိုင်လိုက်တယ် ဆိုရင်ဘဲ * ဟဲလို အမိန့်ရှိပါ ခင်ဗျာ * * မောင်ဦးရေ မမပါ ။ ဆောက်လုပ်ရေးရုံးက မမဇင်လေ * *သြော် မမဇင် ။ ဟုတ်ခုဘဲ ကျွန်တော် ရောက်တာ ။* *သိတယ်လေ ။ ရောက်လောက်ပြီထင်လို့ မမဆက်လိုက်တာပေါ့ ။ ဒီနေ့ မမဇင် မွေးနေ့လေ။ မောင်ဦးကို ဖိတ်ချင်လို့ပါ ။ မောင်ဦး လာနိုင်မယ်ဆို လာစေချင်တယ် ။ မွေးနေ့က အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေကိုဘဲ ဖိတ်ထားတာလေ ။ လာခဲ့ပါလားဟင် * *ဟုတ်ကဲ့ မမဇင် ကျွန်တော် လာခဲ့ပါ့မယ် * *အိုကေ ။ ၀မ်းသာတယ် ။ ဒါဆို တွေ့မှ စကားတွေ အများကြီး ဆက်ပြောကြတာပေါ့နော် * *ဟုတ်ကဲ့ မမဇင် * အိမ်ပြန်ရောက်တော့ မိသားစုတွေနဲ့ စကားပြောဆိုပြီး ခရီးပန်းလာတာကြာင့် ခဏအနားယူ အိပ်စက် လိုက်ပါသည် ။ အိပ်ယာနိုးတာနဲ့ ရေမိုးချိုးပြင်ဆင်ပြီး မမဇင် ဖိတ်ထားတဲ့ မွေးနေ့ ပွဲလေးကို ချီတက်ထာခဲ့ပါတော့သည် ။ မွေးနေ့ပွဲလေးကို ရောက်တော့ တစ်ယောက်ထဲဟိုကြည့် ဒီကြည့်နဲ့ မမဇင်ကို ရှာဖွေလိုက် ပါသည် ။ ဟော တွေ့ပါပြီ ။ အဖြူရောက် ၀မ်းဆက်နဲ့ စမတ်ကျ လှပနေတဲ့ မွေးနေ့ရှင် မမဇင်။ မမဇင်လည်း ကျွန်တော်ကို တွေ့သွားပါပြီ ။ ကျွန်တော် ရှိရာကို လျှောက်လာတဲ့ မမဇင်ဘေး မှာ အ၀ါရောင် အရိပ်လေးတစ်ခုပါ ကပ်ညှိပါလာခဲ့သည် ။ မမဇင်က ကျွန်တော်ထိုင်ဖို့ နေရာ ချပေးပြီးချင်းချင်း မောင်ဦးမျက်နှာချင်းဆိုင်မှာရှိတဲ့ မျက်မှန်လေးနဲ့ မမတင် ဆိုတဲ့ အ၀ါရောင် အရိပ်လေးနဲ့ မိတ်ဆက်ပေးခဲ့ပါသည် ။ မမတင် ရဲ့အကြည့် ကြောင့်မောင်ဦးရင်တွေ အရမ်းခုန်ခဲ့ရပါသည် ။ မြင်မြင်ချင်း အခုန်မြန်နေတဲ့ ရင်ခုန်သံတွေကလည်း အလိုက်ကန်းစိုးမသိ ။မမတင်မွေးနေ့ မှာ ကျွေးတာတွေကိုစားသောက်ပြီးပြန်လာခဲ့ ရပေမယ့် ကျွန်တော် နှလုံးသားတွေက အ၀ါရောင်အရိပ်လေးထံမှာသာ ကျန်နေခဲ့ပါဧ။် ။ မနက်စောစော မမဇင်ဆီက ဖုန်းဝင်လာသည် ။ ပဲခူးသူ မမတင်က ကျွန်တော်ကို ဘုရားဖူးလာဖို့ ဖိတ်တဲ့ အကြောင်း ပြောပြတာပါ။ မျောက်အုန်းသီးရသလို ဖြစ်သွားတဲ့ကျွန်တော် မောင်မောင်ဦး တစ်ယောက် မမတင် ရှိရာ ပဲခူးသို့ ကြိမ်စက်ကြာ နဲ့ ရိုက်ခေါ်သလိုအခစားတော်ဝင် ရောက်လာခဲ့ပါတော့သည် ။ အဝေးပြေးကားဂိတ်နားသန်းကြွယ်လက်ဘက်ရည်ဆိုင်မှာမနက်စာစားရင်း မမဇင် ကိုစိတ်ထဲကနေကျေးဇူးတင်နေမိသည် ။ ဘာလို့ လဲဆိုတော့ ညကမိတ်ဆက် ပေးတဲ့ မမတင် နဲ့ ခင်မင်ခွင့်ရခဲ့လို့ပါ ။ မကြာခင်မှာဘဲ ကျွန်တော်ရှိရာကို မမတင် တစ်ယောက် ရောက်လာပါသည် ။ ညကတွေ့တာထက် မနက်ပိုင်းမှာပိုလှနေတဲ့ မမတင်ကို တွေ့ရတာ ကျွန်တော်ရင်တွေ အဆမတန်ခုန်လို့ပေါ့ ။မောင့် ဦး တို့စားသောက်ပြီးတာနဲ့  မမတင် ကမောင်ဦးကို ဘုရားဖူးလိုက်ပို့ ပေးသည် ။ မမတင် က မောင်လေးလာဆိုပြီးထုတ်ထုတ်ဆိုင်ကယ်စင်းလုံးငှားပြီး ဘုရားဖူးလိုက်ပို့ပေးပါသည် ။ မရောက်ဖူးသေးတဲ့ ပဲခူးကဘုရားတွေကိုဖူးရင်းစိတ်ထဲမှာ ပျော်နေမိဧ။် ။ ပဲခူးရွှေဆံတော်ဘုရားကအပြန်လမ်းကကုန်းဆင်းဖြစ်သွားတာကြောင့် မမတင် ရဲ့  ပါးလေးကို အမှတ်မထင် နမ်းမိသွားခဲ့သည် ။ ရှက်သွေးဖျာသွားတဲ့ မမတင် ရဲ့ ပါးလေးတွေ ချက်ချင်း ရဲတွက်လာဧ။် ။ မောင်ဦးရင်တွေအရမ်းခုန်လာပြီး မမတင် ကိုချစ်မိသွားပါသည် ။ ရှက်နေတဲ့ မမတင် ကို ဘယ်လိုတောင်းပန်ရမလဲ မသိ အောင် ပူထူနေမိသည် ။ မမတင် မှာလည်း ရှက်လွန်းလို့ ထင်ပါတယ် ခေါင်းကြီး ငုံ့လို့ ။ ဒီလိုနဲ့ ပဲခူးကနေ မောင်ကြီး မပြန်နိုင်ဖြစ်ခဲ့ရပါသည် ။ မမတင် ကို ဖွင့်ပြောတော့ မမကလည်း မောင်ဦး အချစ်ကို လက်ခံခဲ့သည် ။ တစ်ယောက်နဲ့ တစ်ယောက်အကြင်နာတွေအပြန်အ လှန်ပေးကြပြီးအချစ်ပင်လယ်ထဲမျောခဲ့ မိပါသည် ။ မောင်ဦးရန်ကုန်ပြန်တော့ မမတင်က အဝေးပြေးကားဂိတ်ကိုလိုက်ပို့ပေးပါသည်။ရန်ကုန်ကိုရောက်ရောက်မြမတင် ကိုဖုန်းဆက် ပြီးချစ်တဲ့ အကြောင်းတွေတဝကြီးပြောမိကြသည် ။ မမတင် နဲ့ မောင်ဦး ဖုန်းဆက် စကားပြောနေချိန်မှာအပျော်ကြီးပျော်ခဲ့ရဧ။် ။ မလေးရှားမှာမွန်းကျပ်စွာအလုပ်လုပ်ခဲ့ ရတဲ့ အမောတွေက မမတင် နဲ့ ဖုန်းစကားပြောနေချိန်မှာ အမောပြေစေခဲ့ပါသည် ။ မွန်းကျပ်မှူတွေပျောက်ဆုံးစေခဲ့ပါသည် ။ မမတင် နဲ့ ဖုန်းတွေပြောရင်းနဲ့ ဘဲ မလေးရှားကို ပြန်ရမဲ့ နေ့ ကနီးကပ်လို့ လာခဲ့ ပါပြီ ။ ခဏခွဲရအုံးမယ် မမတင် ရယ် ။ *************************************************************** ၁၈.၅.၂၀၁၂နေ့ မှာမလေးရှားကိုမောင်ဦးအလုပ်လုပ်ဖို့ ပြန်သွားခဲ့ ရပါတော့သည် ။ မလေးရှားကိုရောက်တော့ လဲမောင်ဦး မမတင် ကိုလွမ်းတဲ့ စိတ်နဲ့ အလုပ်လုပ်မရဖြစ်နေရပါပြီ ။ .မြန်မာနိုင်ငံကိုဘဲ မောင်ဦးပြန်ချင်စိတ်တွေဖြစ်ပေါ်နေမိသည်။မလေးရှားမှာ၂လလောက် အလုပ်လုပ်ပြီးချိန်မှာတော့ မမတင် ကို လွမ်းတဲ့ စိတ်တွေက တားမရဆီးမရ ဖြစ်လာပါတော့ သည် ။ မမတင်နဲ့ ဖုန်းပြောဖြစ်တော့မမတင် ကလည်း ပြန်ခဲ့ဖို့ ခေါ်တာနဲ့ မိုက်မဲစွာ လက်ရှိ လခအလွန်ကောင်းးနေသော အလုပ်ကနေ ထွက်စာတင်ကာ ချစ်သူရှိရာ မြန်မာမြေကို မျှော် လင့်ချက်တွေ တပွေ့တပိုက်ကြီးနဲ့ ပြန်လာခဲ့ပါတော့သည် ။ လေဆိပ်ကို မမတင် ကိုယ်တိုင် လာကြိုခဲ့သည် ။ မမတင် အနားကို ပြန်ရောက်လာတာမို့ အပျော်တွေက မဖော်ပြနိုင်အောင် ကြည်နူးခဲ့ရဧ။် ။ မမတင် ပဲခူးပြန်သွားမှာကိုဘဲ ကြောက်နေမိပါသည် ။ဘာလို့ လဲဆိုတော့ မောင်ဦး မမတင်ကို အရမ်းချစ်ခဲ့ မိသွားခဲ့လို့ ပါဘဲ ။ မောင်ဦးတစ်ယောက်လည်း မမတင် နဲ့ အတူတူနေနိုင်အောင် ကြိုးစားခဲ့ပါသည် ။ဒါပေမယ့် အလုပ်တွေက တစ်ခုမှ အဆင်မပြေပါဘူး ။ မောင်ဦး ပြန်လာပြီး မကြာခင်မှာဘဲ ဖေဖေကျန်းမာရေးကလည်း ဆိုးလာခဲ့သည် ။ အလုပ်တွေထက် ဖေဖေ နား မှာနေဖို့ အချိန်တွေကို ပိုပေးလာရပါသည် ။ ဒီချိန်မှာ မမတင်ဆီက မထင်ထားခဲ့တဲ့ အပြုမူ တွေကို မောင်ဦး လက်ခံလိုက်ရပါသည် ။ ဖုန်းဆက်တဲ့အချိန်တွေ မှာ ကြင်နာဖေးမတဲ့ စကား တွေထက် အလုပ်လုပ်ဖို့ အကြောင်းတွေကိုသာ အတွင်တွင် ပြောလာပါတော့သည် ။ မမတင် နဲ့ ထမဆုံးစတွေ့ ချိန်မှာ ဒီလိုစကားတွေမပြောခဲ့ဘဲ နီးစပ်ဖို့ အခွင့်  အရေးအပြည့် အဝ ပေးခဲ့ ပြီးမှ့ ဒီချိန်မှာ ဒီလိုစကားတွေပြောလာတော့ မောင်ဦးတစ်ယောက် စဉ်းစားရ တော်တော် လေးခက်သွားခဲ့ပါသည် ။ .မောင်ဦးလဲအလုပ်မရှိတာကတစ်ကြောင်း၊ ဖေဖေကျန်းမာရေးမ ကောင်းတာကတစ်ကြောင်း ကြောင့် စိတ်တွေညစ်လာပြီ့း ဖြစ်သလိုပိုနေမိခဲ့သည် ။သိပ်မကြာခင်မှာဘဲဖေဖေ ဆုံးသွားခဲ့သည် ။ မောင်ဦး အလုပ် ပြန်စလုပ်တဲ့ အချိန်မှာဘဲ မမတင် တစ်ယောက် သူ့ရုံးက အရာရှိတစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းကို ရခဲ့ပါသည် ။ * မမတင်ရယ် ရက်စက်လိုက်တာ ။ မောင်ဦးက အချစ်ဆိုတာကို ဘ၀နဲ့ရင်းနှီးခဲ့ရသူပါ ။ မမတင် မောင်ဦးဆီက ဘာတွေကို မျှော်လင့်ခဲ့တာလဲ ။ မမတင် မျှော်လင့်သလို ဖြစ်မလာ တော့လို့ ခုလိုရက်စက်ခဲ့တာလား ။ မောင်ဦး ဆိုတဲ့ ကျွန်တော်က မိုက်မဲခဲ့တာပါ ။ အချစ် ဆိုတာ ခံစားလို့ကောင်းပေမယ့် ဘ၀နဲ့ချီလာတဲ့ အခါ ငွေကြေး အဆင်ပြေမှုဆိုတဲ့ အရာ လေးပါ ပါဝင်မှ အချစ်ရဲ့ အရသာဟာ ပိုလို့ချိုမိန်ဆိုတာကို မောင်ဦးဆိုတဲ့ ငမိုက်သားက မေ့ လျော့နေခဲ့တာကို ။ ခံပေအုံးပေါ့ မောင်ဦးရာ ။ မိန်းကလေးတွေ အိမ်ထောင်ပြုတယ်ဆိုတာ အားကိုးချင်လို့ဘဲလေ ။ ခုချိန်မှာ မမတင် အတွက် မောင်ဦးဟာ ဘာမှ အသုံးမ၀င်တဲ့ သူ တစ်ဦးဖြစ်နေပြီဆိုတော့ မမတင် အလိုမရှိတော့တာကို မောင်ဦးနားလည်ပေးနိုင်အောင် ကြိုးစားပါ့မယ် ။ ဝဋ်ကျွေးတွေရှိရင် ဒီဘ၀ ဒီမျှနဲ့သာ ကျေပါရစေတော့  မမတင်ရယ် ။ မောင်ဦးမလေးရှားကနေပြန်လာပြီး မမတင် နဲ့ အတူနေရအောင်ကြိုးစားခဲ့ ပေမယ့် မမတင် ဆီကပြန်ရလိုက်တာကတော့ ဝေးကွာခြင်းရဲ့ အဆုးံတစ်ဖက် ။ လူဆိုတာ ဒီနေ့ ဒီအကြောင်းတွေကြုံရဖို့ ကံပါ ရင်ကြုံကိုကြုံရမှာပါ။ ရှောင်လွှဲလို့မရပါဘူး။ ပုထုဇဉ်တွေ မပြောပါနဲ့ ဘုရား ရဟန္တာ တွေတောင် အတိတ်ကံ ဆိုတာရှိရင် ရှောင်လွှဲ လို့မှ ရနိုင်ခဲ့တာ ။ အားလုံး အကျိုးအကြောင်း ဆက်စပ်ပြီး ဖြစ်ရတဲ့အရာတွေချည်းပါပဲလေ ။ ဘာဖြစ်လို့ငါ့ ကျမှ လာဖြစ်ရလဲဆို တာတွေကို မတွေးချင်တော့ပါဘူး ။ ဒီနေ့ အချိန်ငါ ရင်ဆိုင်နေတာက ငါရဲ့ ကံလို့ ဘဲ တွေးလိုက်ပါတော့တယ် ။ အထီးကျန်တောထဲမှာ မောင်ဦးတစ်ယောက် နှလုံးသားဇာတ်ညွှန်းကို တစ်ယောက်ထဲရေးရင် ဗလောင်ဆူနေတဲ့ နှလုံးသား ကိုရင်ဝယ်ပိုက်လိုပေါ့ ။ မောင်ဦးရဲ့ နှလုံးသားက ပွင့်ဖူးခဲ့တဲ့ အချစ်ပန်းလေးဟာ ပိုးကိုက်ခဲ့ရတဲ့ အချစ်ပန်း လေးဖြစ်ခဲ့ရပါပြီ ။ တစ်ဘ၀စာ အတွက် ချစ်ရတဲ့ ချစ်သူကို နှုတ်ဆက်လိုက်ပါတယ် ဂွတ်ဘိုင်......မမတင် ။ * ခိုင်လေး ( ရွှေတောင် ) ဒီဝထ္ထုတိုလေးကို ဖတ်ပြီး အတွေးမှန်လေးတွေကို ရရှိနိုင်ကြပါစေ ။ ဘယ်သူမှ မမှားတဲ့ ဒီဇာတ်လမ်းလေးမှာ အဓိက မှားခဲ့တာ တစ်ချက်ထဲပါ ။ ဖြစ်သင့်တာကို မလုပ်ဘဲ ၊ မလုပ်သင့်တာကို တစ်ခုကို စိတ်အလိုလိုက်မိတဲ့ ရလာဒ်လေးပါပဲ ။ စိတ်ဆိုတာ အရာရာကို ထိန်းချုပ်နိုင်မယ်ဆို ဆင်ခြင်ထိန်းသိမ်းနိုင်စွမ်းရှိသူတွေ အမြှောက်အမြား ပေါ်ပေါက်လာ ကြမှာဘဲနော် ။ စိတ်တစ်ခုရဲ့ စေရာကို လိုက်နေကြသူတိုင်း အမှားမကင်းတတ်ကြဘူး။ ဖြစ်ချင်တဲ့ဆန္ဒတွေ အရမ်းကိုပြင်းပြနေချိန်မှာ ဆင်ခြင်နိုင်မှုဆိုတဲ့ အသိတရားတွေ ဘေးကို ရောက်ကုန်တတ်ကြပါတယ် ။ ဖြစ်ချင်တဲ့ဆန္ဒတွေကို ဆင်ခြင်နိုင်မှုတွေနဲ့ ထိန်းသိမ်းနိုင်ပြီး လောကဓံကို ကြံ့ကြံ့ ခံနိုင်သူ လူသားတွေ ဖြစ်ကြပါစေ ။ ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment