* တစ်သက်လုံး လူလုပ်ရမယ့် ကလေးကို ကျက်သရေ မယုတ်စေနဲ့ * ဆိုတဲ့
စကားဟာ ကျွန်မအတွက် မဟုတ်ခဲ့လေဘူးလား ။ လူတစ်ယောက်ရဲ့
တန်ဖိုးဆိုတာကိုမည့်သည့်အရာ တွေနဲ့ တိုင်းတာ သတ်မှတ်ကြပါသနည်း ။
ကျွန်မမွေးဖွားရာဇာတိကို ပြောပါဆိုလျှင် ဖြေဖို့ ဆွံ့အနေမိသည် ။ ဘ၀မှာ
မဖြေချင်ဆုံး မေးခွန်းသည် ထိုမေးခွန်းသာ ဖြစ်ခဲ့ဘူးသည် ။ကလေးငယ်
တစ်ယောက်ရဲ့ဘ၀အစ မလှပ ခဲ့ပုံကို ထင်ဟပ်စေသည့် ထိုမေးခွန်း ကို မျက်ရည် အ၀ိုင်းသားဖြင့် ရှောင်ထွက်ခဲ့တဲ့ အကြိမ်အရည်တွက်တွေလည်း မနည်းရှိခဲ့ဖူး
ပေသည် ။ လူ့သဘာဝကိုက မပြောလေပိုသိချင် ၊ မဖြေလေ ပိုမေးလေပါပဲ ။
ဒီလွဲမှားတဲ့ သိမ်ငယ်မှုတွေကို ဖယ်ထုတ်ရှင်းလင်းပေးခဲ့သူတစ်ဦး ပေါ်ပေါက်
လာခဲ့သည် ။ ထိုသူကတော့ ကျွန်မကိုသိပ်ချစ်တဲ့ ကျွန်မရဲ့ ဆရာမ ဒေါ်မေသူပင်
ဖြစ်လေတော့သည် ။
****************************** ************
တစ်ယောက်ရဲ့ဘ၀အစ မလှပ ခဲ့ပုံကို ထင်ဟပ်စေသည့် ထိုမေးခွန်း ကို မျက်ရည် အ၀ိုင်းသားဖြင့် ရှောင်ထွက်ခဲ့တဲ့ အကြိမ်အရည်တွက်တွေလည်း မနည်းရှိခဲ့ဖူး
ပေသည် ။ လူ့သဘာဝကိုက မပြောလေပိုသိချင် ၊ မဖြေလေ ပိုမေးလေပါပဲ ။
ဒီလွဲမှားတဲ့ သိမ်ငယ်မှုတွေကို ဖယ်ထုတ်ရှင်းလင်းပေးခဲ့သူတစ်ဦး ပေါ်ပေါက်
လာခဲ့သည် ။ ထိုသူကတော့ ကျွန်မကိုသိပ်ချစ်တဲ့ ကျွန်မရဲ့ ဆရာမ ဒေါ်မေသူပင်
ဖြစ်လေတော့သည် ။
******************************
ကျောင်းဆရာမလေး မေသူက ရွှေတောင်မြို့သူမဟုတ်သော်လည်း သည်မြို့သူဟု
ပြောနိုင်လောက်အောင်ပင် ဒီမြို့လေးမှာ အနေကြာသူဖြစ်သည် ။ ကျောင်းသား မိဘတွေကလည်း ကိုယ်မြို့သူလိုပင် ခင်မင်နေကြပေပြီ ။ မြို့လေးကို
ရောက်ကာစက မပျော်လှသော်လည်း ခုချိန်မှာတော့ တခြားတစ်နေရာကို
ပြောင်းရမှာကိုပင် စိုးရိမ်နေမိပါသည် ။မေသူ သင်ကြားပေးရသည်က သတ္တမတန်းပါ။ ဧရာဝတီမြစ်ကမ်းဘေး၊ ရန်ကုန် ပြည်လမ်းမကြီးပေါ်တွင်တည်ရှိသော ထိုမြို့လေးသည် စည်ကားသော မြို့လေးတစ်မြို့ဖြစ်ပါသည် ။ ကျီးသဲလေးထပ်
ဆရာတော်ဘုရားကြီး ၊ ဗန်းမော်ဆရာတော် ၊ သခင်ကိုယ်တော်မှိုင်းစသည့် အထင်ကရ ဆရာတော်တွေ ၊ လူပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့တဲ့မြို့လေး ဖြစ်ပါသည် ။
မေသူအတွက် ငွေကြေးကို အဓိကမထား ၊ စေတနာနဲ့ဝါသနာကိုသာ အရင်းခံသူမို့
စေတနာလုပ်ဆောင်ချက်လေးတွေကို ပိုလုပ်မည်ဟု ဆုံးဖြတ်ထားသူပါ ။

ဒီနှစ် ကျောင်းတွေ ဖွင့်ချိန်ရောက်ခဲ့လေပြီ။နှစ် တစ်နှစ်ရဲ့ အစကို အဖြူအစိမ်း သစ်သစ်လွင်လွင်လေးနဲ့ တက်ကြွနေတဲ့ ကလေးတွေ ငေးကြည့်နေမိသည် ။
ကြည့်နေတဲ့ မြင်ကွင်းထဲကို ၀င်လာတဲ့ အဖြစ်ပျက်လေးတစ်ခု ။ အဖြစ်ပျက်လေး
အစဆုံးကို သေချာ မြင်လိုက်ရတာမို့ ထိုနေရာကို ချက်ချင်းအရောက်သွားလိုက်
မိသည် ။ ကလေးမလေး တစ်ဦး ။ မျက်ရည်အ၀ိုင်းသားနဲ့ မြေပြင်ပေါ် ဖင်ထိုင်
ရက်လေး လဲနေရှာသည် ။ ပြန်ထဖို့ မေ့လျော့နေလောက်အောင် စိတ်ထိခိုက်
ခံစားလိုက်ရပုံပါပဲ ။ ထီမထီ မျက်နှာပေးလေးတွေနဲ့ သူမကို ၀ိုင်းကြည့်နေတဲ့
ကလေးမ သုံးဦး ။ မတူမတန်သလို ကြည့်နေကြသည် ။ အနားရောက်တယ်
ဆိုရင်ဘဲ လဲကြနေတဲ့ ကလေးမကို ဆွဲထူလိုက်ပါသည် ။ ဘေးကကလေးတွေပါ
တပါတည်း လှည့်ကြည့်ရင်း
ကလေးမ သုံးဦး ။ မတူမတန်သလို ကြည့်နေကြသည် ။ အနားရောက်တယ်
ဆိုရင်ဘဲ လဲကြနေတဲ့ ကလေးမကို ဆွဲထူလိုက်ပါသည် ။ ဘေးကကလေးတွေပါ
တပါတည်း လှည့်ကြည့်ရင်း
* ဆရာမ မေးပါရစေအုံးကွယ် ။ သူကို ဘာလို့ တွန်းတာလဲ *
ကျွန်မမေးသံ အဆုံးမှာအနည်းငယ် ကြောက်ရွံ့ပုံလေးတွေ အရင်ကြည့်ပါသည် ။
ဒီထဲက နည်းနည်းပိုရဲမယ်ထင်ရတဲ့ တစ်ယောက်ဆီက စကားသံ ထွက်လာသည် ။
* သူက သမီးတို့နဲ့ တူတူထိုင်ချင်တယ်လို့ လာပြောတယ် ဆရာမ ။ သမီးတို့က
မထိုင်ချင်ဘူးလို့ ပြန်ပြောပါတယ် ။ ဒါကို သူက အတင်းလိုက်ပြောနေလို့ စိတ်တို
မထိုင်ချင်ဘူးလို့ ပြန်ပြောပါတယ် ။ ဒါကို သူက အတင်းလိုက်ပြောနေလို့ စိတ်တို
လာတာနဲ့ တွန်းလိုက်မိတာပါ *
* ကလေးတို့က သူငယ်ချင်းနဲ့ ဘာလို့ တူတူမထိုင်ချင်ရတာလည်း *
* မထိုင်ချင်ဘူး ဆရာမ ။ အိမ်က မေမေတို့ကလည်း မှာထားတယ် ။ သူနဲ့
မပေါင်းရဘူး ။ တူတူလည်း မထိုင်ရဘူးတဲ့ ။ သူက ထောင်ထဲမှာ မွေးတာမို့
ကျက်သရေ မရှိဘူးတဲ့ ဆရာမ ။ နောက်ပြီး ထောင်ထဲမှာ ကြီးတာမို့ သူမှာ
ရောဂါတွေ ပါလာတယ်လို့လဲ ပြောပါတယ် ။ သူဆီက ရောဂါတွေ သမီးတို့ဆီ
ကို ကူးလိမ့်မယ်လို့ မှာထားပါတယ် *
ရောဂါတွေ ပါလာတယ်လို့လဲ ပြောပါတယ် ။ သူဆီက ရောဂါတွေ သမီးတို့ဆီ
ကို ကူးလိမ့်မယ်လို့ မှာထားပါတယ် *
အဖြေစကားသံတွေကို ရင်နာစွာ ကြားလိုက်ရချိန်မှာတော့ ကျွန်မစိတ်တွေ
မချင့်မရဲဖြစ်မိလိုက်သည် ။ ကျွန်မ တတ်သလောက်လေး ကလေးတွေကို ရှင်း
မချင့်မရဲဖြစ်မိလိုက်သည် ။ ကျွန်မ တတ်သလောက်လေး ကလေးတွေကို ရှင်း
ပြချင်မိသည် ။ သို့သော် ဒီကလေးမလေးရဲ့ အကြောင်းကို သေသေချာချာ မသိရသေးတာမို့ ကလေးတွေကို မေးခွန်းလေး တစ်ခုသာ ထပ်မေးလိုက်မိပါသည် ။
* ကလေးတို့က ဘယ်အတန်းကလည်း *
*သမီးတို့က မူလတန်း ကျောင်းကနေ လေးတန်းအောင်လို့ ကျောင်းကြီးကို
ခုနှစ်မှာ ပြောင်းလာတာပါ ဆရာမ ။ ငါးတန်းတက်ရမှာပါ *
* အေး အေး ။ ကောင်းပါပြီ ။ နောက်ကို ဒါမျိုး ကိုယ်ထိလက်ရောက် သူတစ်ပါးကို
အနိုင့်မကျင့်ရဘူးနော် ။ ဆရာမ နောက်တစ်ခါတွေ့ရင်တော့ ကလေးတို့ကို
အနိုင့်မကျင့်ရဘူးနော် ။ ဆရာမ နောက်တစ်ခါတွေ့ရင်တော့ ကလေးတို့ကို
အပြစ်ပေးရလိမ့်မယ် *
* ဟုတ်ကဲ့ပါ ဆရာမ *
ဆိုတဲ့ ပြိုင်တူကတိပေးသံနဲ့အတူ ကျွန်မနားကနေ ထွက်ခွာသွားပါသည် ။ အနားမှာ ကျန်နေရစ်သူလေးကတော့ မလှုပ်မရှက် ။ ခေါင်းကိုငုံ့ထားကာ
ဆိုတဲ့ ပြိုင်တူကတိပေးသံနဲ့အတူ ကျွန်မနားကနေ ထွက်ခွာသွားပါသည် ။ အနားမှာ ကျန်နေရစ်သူလေးကတော့ မလှုပ်မရှက် ။ ခေါင်းကိုငုံ့ထားကာ
ဘာတွေ တွေးနေပါလိမ့် ။ သူမလက်ကို ညင်သာစွာ ဆွဲခေါ်ကာ သူမတက်ရ
မည့် ကျောင်းဆောင်အထိ လိုက်ပို့ပေးလိုက်ပါသည် ။ ထိုနေ့တစ်နေ့လုံး
ကျွန်မ ခေါင်းထဲတွင် ထိုကလေးမလေး အကြောင်းသာ စိုးမိုးနေတော့သည် ။
ငယ်ငယ်ရွယ်ရွယ် ကလေးတစ်ဦးသည် အဘယ်ကြောင့် သူမနှင့် လားလားမျှ မအပ်စပ်သော ထောင်ဟူသောနေရာသို့ ရောက်ရှိခဲ့ပါသနည်း ။
******************************
အို ! လူတွေဘယ်နှယ့် ပြောလိုက်တာပါလိမ့် ။ မလွယ်ကြပါလားနော် .. လို့ရင်ထဲ
တီးတိုးညဉ်းတွားလိုက်မိသည် ။ ပါးစပ်ကတော့
* အင်း * တစ်လုံးသာဖြေလိုက်မိပါသည် ။* ရှေ့ သုံးအိမ်ကျော်ဆို ရောက်ပါပြီ ။ တည့်တည့် သွားလိုက်ရင် တွေ့ပါလိမ့်မယ် *
*ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် *
ဟိုမေး ဒီမေးဖြင့်မေသူတစ်ယောက် သဲသဲ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ရသည် ။သဲသဲမိခင်ဆိုသူက ကျွန်မကို လေးလေးစားစား ကြိုရှာပါသည် ။ ကျွန်မ ရောက်လာရခြင်း
ကိစ္စကို အရင်ဆုံးရှင်းပြဖြစ်သည် ။ ထိုနောက် သဲသဲလေး အကြောင်းကို မေးမြန်းခဲ့သည် ။
*ဒီလိုပါ ဆရာမရယ် ။ ကျွန်မက ရပ်ကွက်ထဲမှာ တောက်တိုမယ်ရ အကုန်လုပ်ပါတယ် ။အ၀တ်လျှော်ဆိုလည်း လျှော်လိုက်တယ် ။ ပိုက်ဆံလိုတဲ့သူတွေက ပစ္စည်းလေးတွေ
ပေါင်ခိုင်းလည်း အပေါင်ဆိုင်တွေဘာတွေလည်း သွားပေးတယ် ။ မုန့်ဖိုးလေး ဘာလေးရတာကို ။ ဒီလိုနဲ့ ကျွန်မ အိမ်ထောင်ကျတယ်ဆရာမ ။ အိမ်ထောင်ကျပြီး မကြာခင်မှာမထင်မှတ်တဲ့ ပြသနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ကျွန်မအမျိုးသားက သူ့မိဘ ပစ္စည်း
တွေ အဆင်မပြေလို့ ပေါင်ပေးပါဆိုတာနဲ့ ကျွန်မလည်း ပေါင်ပေးခဲ့ပါတယ် ။ တကယ်တော့အဲဒီပစ္စည်းတွေဟာ သူ့မိဘဟာတွေမဟုတ်ဘူးဆရာမ ။ သူခိုးလာတာတွေ ဖြစ်နေတယ် ။ဒီမှာဘဲ ပြသနာတွေ တန်းဆီတက်တော့တာပါပဲ ။ ကျွန်မမသိပါဘူးလို့ ရှင်းပြလို့လည်း မရ
ဘူးလေ ။ နောက်ဆုံး ကျွန်မတို့ လင်မယားနှစ်ယောက်လုံးထောင်ကျ ခဲ့ပါတယ် ။ ဒီချိန်မှာသဲသဲလေးက ကျွန်မဗိုက်ထဲမှာပေါ့ ။ ကိုယ်ဝန်အရင့်မာကြီးနဲ့ ထောင်ကျခဲ့ပါတယ် ။ သဲသဲ
လေးကို ထောင်ထဲမှာဘဲ ဗိုက်နာတာမို့ ထောင်ထဲမှာဘဲ မွေးဖွားခဲ့တယ် ။ ကျွန်မထောင်က
ထွက်မှ သဲသဲလေးလည်း ထွက်ခဲ့ရပါတယ် ။ ပတ်ဝန်းကျင်က ထောင်ထဲမှာ မွေးတဲ့ ကလေး
ဆိုပြီး အမျိုးမျိုးတွေ နှိမ့်ချဆက်ဆံကြတယ်လေ။ ဒီတော့ သဲသဲက အမေကိုလည်း အကောင်းမမြင်ချင်တော့ဘူး ဆရာမ ။ သဲသဲ အကြောင်းကတော့ ဒါပါပဲ ဆရာမရယ် *
* အင်း ! သဲသဲလေး အကြောင်းကို ခုလို သိလိုက်ရတာ တကယ့်ကို စိတ်မကောင်းပါဘူး။သဲသဲလေးက စာတော့ တော်ရှာတယ်နော် ။ ဒီလို အလားလာကောင်းတဲ့ ကလေးတစ်
ယောက်ကို စိတ်ဓာတ်ရေးရာ ရှုံးနိမ့်ခြင်းတွေ မဖြစ်စေချင်ဘူး ။ ကျွန်မ သဲသဲလေးကို
တတ်နိုင်သလောက် ပြုပြင်ဆုံးမကြည့်မယ် ။ သူ့ပညာရေးကိုလည်း ကျွန်မတာဝန်ချင်ပါတယ် *
*ကြားရတာ ၀မ်းသာလိုက်တာ ဆရာမရယ် ။ ဘယ်လိုကျေးဇူးတင်ရမှန်းကို မသိပါဘူး။တကယ်ကို ကျေးဇူးတင်ပါတယ် ဆရာမရယ် *
*ရပါတယ် ။ သဲသဲလေး အကြောင်းကို ကြားရတာ တကယ်ကို စိတ်မကောင်းဖြစ်မိတာမို့ခုလို ကူညီချင်သွားတာပါ ။ ကျွန်မသိချင်တာလေးတွေလည်း စုံစုံလင်လင် သိရပြီပေါ့ ကျွန်မကို ပြန်ခွင့်ပြုပါအုံးရှင် *
*ဟုတ်ကဲ့ပါဆရာမ ။ သဲသဲကို ဆရာမလက်ကို အပ်ပါတယ်နော် *
*ဟုတ်ကဲ့ပါ ။ သွားပြီနော် *
အိမ်အပြန်လမ်းတစ်လျှောက် လူတွေရဲ့ အယူမှား အတွေးမှား သတ်မှတ်ချက်မှားတွေကို
ဆင်ခြင် သုံးသပ်နေမိသည် ။ ဘာဆိုဘာမှ မသိတဲ့ ကလေးတစ်ယောက်အပေါ် ဘာလို့များခွဲခြားမှု့တွေ ၊ ဝေဖန်မှု့တွေ ပြင်းထန်စေရသလဲ ။ ပြစ်မှု့တစ်စုံတစ်ရာ မရှိတဲ့ ကလေးငယ်တစ်ယောက်ကို ဘာလို့ ပြစ်ဒဏ်တွေ ချမှတ်ချင်နေကြသနည်း ။ လူတစ်ဖက်သားကို
ထိခိုက်နစ်နာစေသည့် အယူဝါဒတွေကို ဘယ်သူတွေကများ သတ်မှတ်စေခဲ့ပါသလဲ ။ အကြောင်းတရားတွေ ကြောင့် ဖြစ်တည်လာရတဲ့ အပေါ်မှာ ဘာလို့ နားလည်မပေးနိုင်ကြရသလဲဆိုတဲ့ မေးခွန်းပေါင်းများစွာဖြင့် အိမ်သို့ပြန်ရောက်လာခဲ့ပါသည် ။
******************************
ညအိပ်ခံနီး ဘုရားဝတ်ပြုအပြီး ဆုတောင်းလေးတစ်ခုကို မမေ့မလျော့ ဆုတောင်းမိသည် ။အပြစ်မဲ့ ကလေးငယ်အပေါ် ရှိနေသော ခွဲခြားမှု့တွေ ၊ ဝေဖန်မှု့တွေ ပပျောက်ကင်းစေပါ
စေလို့ ဆုတောင်းမိပါသည် ။ နောက်နေ့တွေမှ စတင်ကာ သဲသဲလေးကို ကျွန်မနားမှာ ခေါ်
ထားဖြစ်ခဲ့သည် ။ သဲသဲလေး အသက်ရွယ်နဲ့ နားလည်စေမယ့် စကားလုံးတွေကို တစ်လုံး
ချင်းအေးဆေး တည်ငြိမ်စွာ ရှင်းပြ ပြောဆိုခဲ့သည် ။
*သမီး လူဆိုတာ အမျိုးအမျိုး ရှိတတ်ကြတယ် ။ ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်စရာ မလိုဘူး
လို့ ဆရာမ မဆိုလိုပါဘူး။ ပတ်ဝန်းကျင်နဲ့ နေကြသူတွေမို့ သူတိုစကား အပြုမူတွေကိုနားထဲ ထည့်သင့်တာကို ထည့် ။ မထည့်သင့်တာကို ဖယ်ရှားရမယ် ။ခုချိန်မှာ သမီးမေမေကို နာကျည်းနေတာ အကောင်းမမြင်တာတွေဟာ သဲသဲအတွက် ငရဲကြီးစေမယ် အရာတွေ
ပဲသမီး။ လူတစ်ယောက်တန်ဖိုးသတ်မှတ်ချက်ဆိ
တိကျတဲ့ ရည်မှန်းချက် တစ်ခုရှိရမယ် ။ သမီး ဘာဖြစ်ချင်လည်း ဆရာမကို ပြောပြပါအုံး *
*သမီး ဆရာဝန်မကြီး ဖြစ်ချင်တယ် ဆရာမ *
*ဟုတ်ပြီ ။ ဒါ သမီး ဖြစ်ချင်တဲ့ ရည်မှန်းချက်ဘဲ ။ ဒီရည်မှန်းချက် ရည်ရွယ်ကို စိတ်ကူးထဲမှာ
တင် ထားလို့ အရာထင်မလာဘူး ။ တကယ့်ဖြစ်လာအောင် သမီးကြိုးစားရမယ် ။ သမီး လိုချင်
တာကို ပြတ်ပြတ်သားသား သိနေပြီလေ ။ ငါဖြစ်အောင်လုပ်မယ့် ဆိုတဲ့ စိတ်ကို မွေးပါ ။ လူတွေက သမီးကို ပေးထားတဲ့ ရှုံးနိမ့်မှု့ကိုတောင် သမီး လက်ခံနိင်ခဲ့သေးရင်လိုရာပန်းတို င်
ဖြစ်တဲ့ အောင်နိင်မူကိုလည်း ရအောင်ကြိုးစားရမှာပေါ့ ။ သမီးတို့ခုချိန် အသက်ငယ်စဉ် မှာ အခွင့်အရေးကောင်း များစွာကို ရတတ်တယ် ။ ဒီချိန်မှာ ကြိုးစားရယူဖို့ အရေးကြီးတယ် ။ သမီးဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ဟန့်တားနေတဲ့ သိမ်ငယ်မှု့တွေကို အဝေး
တင် ထားလို့ အရာထင်မလာဘူး ။ တကယ့်ဖြစ်လာအောင် သမီးကြိုးစားရမယ် ။ သမီး လိုချင်
တာကို ပြတ်ပြတ်သားသား သိနေပြီလေ ။ ငါဖြစ်အောင်လုပ်မယ့် ဆိုတဲ့ စိတ်ကို မွေးပါ ။ လူတွေက သမီးကို ပေးထားတဲ့ ရှုံးနိမ့်မှု့ကိုတောင် သမီး လက်ခံနိင်ခဲ့သေးရင်လိုရာပန်းတို
ဖြစ်တဲ့ အောင်နိင်မူကိုလည်း ရအောင်ကြိုးစားရမှာပေါ့ ။ သမီးတို့ခုချိန် အသက်ငယ်စဉ် မှာ အခွင့်အရေးကောင်း များစွာကို ရတတ်တယ် ။ ဒီချိန်မှာ ကြိုးစားရယူဖို့ အရေးကြီးတယ် ။ သမီးဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ဟန့်တားနေတဲ့ သိမ်ငယ်မှု့တွေကို အဝေး
မောင်းထုတ်လိုက်ပါ ။ ဆရာမကလည်း သမီးကို ကူညီမယ် ။ သမီးကလည်း ကြိုးစားပါ ။
ဟုတ်ပြီလား ။*
* ဟုတ်ကဲ့ပါ ဆရာမ ။သမီး ကြိုးစားပါ့မယ် *
ကျွန်မရဲ့ ကူညီပေးမှု့ ၊ သဲသဲ ရဲ့ ကြိုးစားမှု့တို့ဖြင့် တစ်ဆင့်ချင်း တက်လှမ်း
လာလိုက်တာ သဲသဲလေးက ခုဆို အထက်တန်းကျောင်းသူကြီး ပင်ဖြစ်လို့နေပါပြီ ။ မကြာခင်
ကျွန်မရဲ့ ကူညီပေးမှု့ ၊ သဲသဲ ရဲ့ ကြိုးစားမှု့တို့ဖြင့် တစ်ဆင့်ချင်း တက်လှမ်း
လာလိုက်တာ သဲသဲလေးက ခုဆို အထက်တန်းကျောင်းသူကြီး ပင်ဖြစ်လို့နေပါပြီ ။ မကြာခင်
ဖြေဆိုရမယ့် ဆယ်တန်းစာမေးပွဲကြီးအတွက် ပြင်ဆင်မှု့တွေဖြင့် ဆရာတပည့် နှစ်ယောက်
လုံးဝ
မအားနိုင်ကြပါ ။ စာမေးပွဲနောက်ဆုံးနေ့ ပေါ့ပါးသွက်လက်သော ခြေလှမ်းတွေနဲ့
အပြုံးတွေ ဝေဆာနေပုံကစာမေးပွဲဖြေနိုင်လား မဖြေနိုင်ဘူးလားဆိုတာကို မေးနေစရာ
မလိုအောင် အဖြေထွက်နေပါတော့သည် ။ * အလိုရှိသော အရာကိုရရှိခြင်းသည် ၊
အောင်မြင်မူ ရရှိသည့်အရာကိုနှစ်သက်ခြင်းသည် ပျာ်ရွင်မူပင်ဖြစ်သည်။* ဆိုတဲ့
စကားလေးဟာ သဲသဲအတွက်တော့ တကယ့်အမှန်တရား တစ်ခုပါပဲ ။
****************************** **********************
******************************
ဒီနေ့ အောင်စာရင်းတွေ ထွက်ပါပြီ ။ သိပ်တော် ၊ သိပ်ထက်တဲ့ ကျွန်မ သမီးတပည့်လေး ။
သဲသဲတို့ အိမ်သေးသေးလေးထဲမှာ တိုးဝှေ့စုံပြုံနေကြတဲ့ လူတွေ ။ တစ်ချိန်တစ်ခါက မိမိ
တို့ရင်သွေးငယ်တွေနဲ့ တူတူမထိုင်စေချင် ၊ မပေါင်းစေချင်ခဲ့သူတွေ ။ ခုချိန်မှာ သဲသဲဆိုတဲ့ ကလေးမတစ်ယောက်ရဲ့ အောင်မြင်မှု့ကို ၀ိုင်းဝန်းချီးမွှမ်း ထောပနာ ပြုနေကြလေပြီ ။ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ရသူမို့ သူမ တက်ချင်သော ဆေးကျောင်း
သို့ ၀င်ခွင့်ရဖို့သေချာနေပြီ ။ မိမိတို့ ရင်သွေးငယ်တွေကို ဆုံးမတဲ့ အခါမျိုးမှာတောင် သဲသဲဆို... ဆိုတာမျိုး နှိုင်းယှဉ်ခံဘ၀ကို ရောက်ခဲ့ရလေပြီ ။ လူတစ်ယောက်သည် မည်မျှတန်ဖိုး ရှိသနည်းဆိုတာကို ထိုသူဧ။် ပြုမူလုပ်ဆောင်ချက်တွေပေါ်မှာသာ သက်သေတည်နေသည် ဆိုတာကို သမီးသဲသဲက သက်သေတည်ခဲ့လေသည် ။
ကြည်နူးချမ်းမြေ့ ဂုဏ်ယူခြင်းအပြုံးတွေ ထင်ဟပ်နေတဲ့ သဲသဲမိခင်ရဲ့ ပီတိတွေက ကျွန်မရင်ကို အေးမြစေလိုက်တာ။ သဲသဲကို မည်သူမျှ အထင်သေး ဝေဖန်ကြတော့
မည်မဟုတ်ပါ ။

တန်ဖိုးမြင့်သူ
ဖြစ်စေဖို့ အချိန် နှင့် ကြိုးစားအားထုတ်မှု့တွေကို အရင်းတည်
ကြိုးစားခဲ့တာမို့ ရလာဒ်ကောင်းကို ခံစားရကြောင်း သမီးသဲသဲ က သက်သေထူ
လိုက်နိုင်ပြီဖြစ်သည် ။
ခိုင်လေး ( ရွှေတောင် )
လိုက်နိုင်ပြီဖြစ်သည် ။
No comments:
Post a Comment