ဒါကတော့ သားသမီးတွေဆီ ပြန်လာမယ့် ယုယ ကြင်နာမှုတွေကိုပါဘဲ ။
ခိုင်လေး ( ရွှေတောင် )
အချစ်ဆိုတာ တခါတရံမှ ထုတ်ယူသုံးစွဲလို့ရတဲ့ ရေမွှေးတစ်ပုလင်းနဲ့ တူတယ်လို့ ရုပ်ရှင်တစ်ကားမှာ ပြောထားတယ် ။ အချစ်ဆိုတာ ရေမွှေးတွေလို လိုအပ်မှ ထုတ်ယူသုံးစွဲရမယ့် အရာမှ မဟုတ်တာရှင် ။ လူတိုင်းရဲ့ နှလုံးသားတွေဆီမှာ ချစ်ခြင်းတစ်မျိုးဆီတော့ ရှိနေတတ်ကြပါတယ် ။ ချစ်ခြင်းတရားကို အခြေခံတဲ့ နားလည်မှုတွေကို တည်ဆောက်ကာ သံယောဇဉ်ကြိုးတွေကို ချည်နှောင်ပြီး သစ္စာတံတိုင်းတွေကို ကာရံမှ မေတ္တာတရားတွေနဲ့ ပြည့်စုံတဲ့ မိသားစုဆိုတဲ့ဘ၀လေးကို အောင်အောင်မြင်မြင်တည်ဆောက်နိုင
ခိုင်လေး ( ရွှေတောင် )
စာအုပ်ထဲက စာကြောင်းလေးတွေကို မှားရေးမိရင် ခဲဖျက်ဆိုတဲ့ အရာက
ဖျက်ပေးသည် ။
လူ့ဘ၀ စာအုပ်ထဲက သင်ခန်းစာလုပ်ဆောင်ချက်တွေကိုတေ
ခဲဖျက်လေးက ဖျက်ပေးတတ်ပါသည် ။
ဖျက်ရာများသော စာအုပ်သည် မျက်နှာပန်းမလှသလို ၊ အမှားများသောဘဝ
သည်လည်း မတင့်တယ်လှပေ ။
ခိုင်လေး ( ရွှေတောင် )
အိမ်ထောင်တစ်ခု သာယာချမ်းမြေ့ဖို့ ဆိုတာ ဇနီးဖြစ်သူသည် အရေးပါတဲ့ နေရာ မှာရှိနေပါသည်။အကြင်နာဇနီးမယားတ
လာပေမည် ။ဇနီးကောင်းဆိုတာ မီးဖိုဆောင် ကိစ္စတွေ နိုင်နင်းရုံ နှင့်လဲ မပြည့်စုံသေးပါဘူး ။ ကိုယ်ခင်ပွန်းသည်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း လိုအပ်တဲ့ အကြံဥာဏ် အချက်လက်တွေကို ပေးနိုင်ရပါမည် ။အမှားကိုတွေ့လျှင်လည်း
လက်ခံလာအောင် အကျိုးကြောင်း ထောက်ပြနိုင်ရမည် ။ လူမှု့ရေး ၊ စီးပွားရေးတို့နှင့်ပတ်သတ်လို့ တိုင်ပင်လာခဲ့လျှင် ဆွေးနွေးတိုင်ပင် နိုင်ဖို့ အရည်ချင်းမျိုးတွေ အဆင်သင့် ရှိနေဖို့လည်း လိုအပ်ပေသည် ။ နေရာတကာဝင်ရောက် စွက်ဖက်ခြင်းမျိုးကို ဆိုလိုခြင်း မဟုတ်ပါ ။ဒါမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။ နမူနာပြောပြရမည်ဆိုပါလျှင်
မိမိ ယောကျာင်္း အလုပ်ကိစ္စ စကားပြောနေမယ် ဆိုပါစို့ ။ ဘေးမှာ မိမိ ကိုယ်တိုင် လဲရှိနေမယ်။ ယောကျာ်င်္းပြောတာကို သဘောမကျတာ ရှိခဲ့မည် ဆိုပါတော့ရှင်။ အဲဒီနေရာမှာ ရှင်ပြောနေတာကတော့ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ၀င်ရောက်ပြောဆိုခြင်းထက် တိတ်ဆိတ်စွာ နားထောင်ပေးလိုက်ခြင်းက မိမိယောကျာင်္းကို ဂုဏ်တက်စေပါဧ။် ။နှစ်ယောက်ထဲရှိတဲ့ အခါကြမှအကျိုးကြောင်းကို သေချာထောက်ပြပြောဆိုသင့်ပေသည်။
အိမ်ထောင်တစ်ခု ထူထောင်တာ မလွယ်သလို ရေရှည်တည်တံ့ ဖို့တာလဲ ခက်ခဲစေပါသည် ။သစ္စာနဲ့ မေတ္တာကိုအရင်းတည်ကာ အပေယူမျှတစွာနဲ့ တစ်ယောက်အပေါ်တစ်ယောက် ယုံယုံကြည်ကြည် လက်တွဲမှာသာလျှင် ချမ်းမြေ့သာယာမှုရှိတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင် နိုင်ကြမည်သာ ဖြစ်ပေသည် ။
ခိုင်လေး ( ရွှေတောင် )
ဘ၀နဲ့ရင်းခဲ့ရသော အသိလေးတွေကို မျှဝေလိုက်ပါသည် ။
*သမီးပြုလုပ်တဲ့ လုပ်ဆာင်ချက်တိုင်းရဲ့တုံ့ပြန်မ
ဆိုတဲ့ စကားလေးဟာ ကျွန်မရဲ့ အသိထဲမှာ စွဲကျန်စေခဲ့လေပြီ ။ ဒီစကားလေးသည်
ကျွန်မကို အသိတရားတစ်ခု ပေးခဲ့သည် ။ ကျွန်မလျှောက်ခဲ့သော လမ်းမှားကြီးကနေ
လမ်းမှန်တစ်ခုပေါ်ရောက်အောင် လမ်းပြခေါ်ဆောင်ခဲ့လေပြီ ။ခုချိန်မှာ အမှောင်ကမ္ဘာ
ထဲကပြေးထွက်လို့ လမ်းမှန်တစ်ခုကို လျှောက်ဖို့ အဆင်သင့်ဖြစ်လို့နေခဲ့လေပြီ ။
* အမှောင်ကြောက်တဲ့ ကျွန်မ အမှောင်ကမ္ဘာထဲကနေ အပြီးတိုင် ပြေးထွက်ပါတော့မည် *
ဒီနေ့ရေးလိုက်တဲ့ စာလေးထဲက စကားတစ်ချို့
ခိုင်လေး ( ရွှေတောင် )
ကျွန်မဘီစကစ်တစ်ချပ်ကို စားနေရင်း အတွေးတစ်ခုဝင်မိသည် ။
ကျွန်မစားနေတဲ့ ဘီစကစ်လေးက အလယ်မှာခရမ်လေးပါဝင်နေခဲ့သည်။
ဒီခရမ်လေးကို စားမိရင်းအတွေးတစ်ခုဦးနှောက်ထဲ
အပေါ်ကဘီစကစ်လေးနှစ်ချပ်ကို အရသာထူးစေဖို့ ကြားညှပ်ခံအနေထားတစ်ခုနဲ့
အရသာထူးအောင် ပံ့ပိုးပေးရှာတဲ့ ခရမ်လေးကို စားနေရင်း လေးစားမိလာသည် ။
ကျွန်မတို့ လူဘောင်လောကမှာလည်း ခရမ်လေးလို ကြားညှပ်ခံ ဘ၀နဲ့ လောကကို
အလှဆင်နေသူတွေ မနည်းရှိနေကြမှာပါပဲ ။ ထိုလူသားတွေကို ဒီစာလေးနဲ့ လေးလေး
စားစား ဦးညွတ်မိပါသည် ။
ခိုင်လေး ( ရွှေတောင် )
ချန်ရစ် ခဲ့ရမယ့် အတိတ်တွေရှိသလို
တစ်သသ နှင့် အမှတ်တရရှိနေရမည့်
အတိတ်တွေလည်း ရှိပါသည် ။
မလိုအပ်တော့သည့် အတိတ်တွေကို တူးဆွ
နေခဲ့လျှင် ဆုံးရှုံးခြင်းတွေကို နှစ်ကျော့ပြန်
ခံစားစေခြင်းနှင့် တူပေသည် ။
မမေ့အပ်တဲ့ အတိတ်တွေကို မေ့ပစ်ခဲ့လျှင်
တန်ဖိုးရှိသည့်အရာတွေကို လွင့်ပစ်လိုက်ခြင်းနှင့်
တူညီကာ အကျိုးနည်းစေမည်သာ ဖြစ်ပေသည် ။
ခိုင်လေး ( ရွှေတောင် )
ယောကျာင်္းတစ်ယောက် ၊ မိန်းမတစ်ယောက် ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။
ယောကျာင်္းလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို
၁။ ကိုယ်အပေါ် ဒီအမျိုးသမီးသည် ဘယ်လို ထိန်းသိမ်းပေးနိုင်မလည်း ။
၂။ မိမိအပေါ် ဘယ်လောက်ထိ စာနာထောက်ထားပေးနိုင်မလဲ ။
၃။ မိမိအပေါ် ထားရှိတဲ့ သစ္စာတရားသည် ဘယ်အတိုင်းတာထိ ရှိမလဲ ။
၎။ ဒီအမျိုးသမီးရဲ့ ကိုယ်ကျင့်တရားသည် ဘယ်ထိ စံထားနိုင်မလဲ ။
၅။ တူညီတဲ့ ကိုးကွယ်မှု့ ဘာသာတရား ။
၆။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်တော်ချစ်သူ ကျွန်တော်မိန်းမပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။
မိန်းကလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို
၁။.ယောကျာင်္းတစ်ယောက် ရဲ့ အရည်ချင်း ။
၂။ မိမိအပေါ် စာနာထောက်ထားတတ်မှု ။
၃။ မိမိအပေါ် သစ္စာရှိမှု ။
၎။ မိမိအပေါ် ဦးဆောင် တာဝန်ယူနိုင်မှု့ ၊
၅။ နှမချင်းစာနာစိတ်ရှိခြင်း ။
၆။ ကိုးကွယ်မည့် ဘာသာတရား တူညီခြင်း ။
၇။ ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း
၈။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်မချစ်သူ ကျွန်မ ယောကျာင်္းပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။
ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။
ခိုင်လေး ( ရွှေတောင် )
သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း
အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ချစ်ခင်စုံမက်လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကျိုးကြောင်းတရားတွေ ရှိနေပါစေ ကိုယ်ကို တိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတဲ့အတွက် ကိုယ်တိုင် စိတ်နဲ့ လက်ထပ်ဖြစ်ကြရတာပါပဲ ။ ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက် တာက သိက္ခာရှိပါသည် ။ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း ၊ ဟိုဘက်မှာလဲ ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေတော်တော် များများကို မလေးရှားမှာ တွေ့နေရပါသည် ။ လက်ရှိ အိမ်ထောင်ရေးမပြေလည်မှုမှာ ကိုယ်ဘက်က မှန်ချင်မှန်နေပေမယ့် အိမ်ထောင်ရေးမပြေလည်လို့ပါဆိုတဲ
ခိုင်လေး ( ရွှေတောင် )
မည်သည့်ဘာသာတရားကိုကိုးကွယ်သူဖြ
မိမိကိုးကွယ်ဆည်းကပ်သည် ဘုရားတရားတော်
အဆုံးမတွေကို တစ်ကယ်လိုက်နာတတ်ဖို့သာ
အရေးကြီးပါသည် ။
ခိုင်လေး ( ရွှေတောင် )
အိမ်ထောင်ပြုတယ်ဆိုတာ လူသားနှစ်ယောက်ရဲ့ ဘ၀နှစ်ခုကို
ပူးတွဲချည်နှောင်လိုက်တာပါပဲ ။ ပူးတွဲချည်နှောင်ထားတာမို့
ထိုလူသားနှစ်ဦးဧ။် ခြေလှမ်းတိုင်းသည် တူညီနေဖို့ လိုအပ်ပါသည် ။
တစ်ယောက်ယောက်က ချန်နေခဲ့လို့မရသလို ၊ ထားခဲ့ဖို့လည်း မဖြစ်နိုင်ပါဘူး။
ဘာလို့လည်းဆိုရင် ပူးတွဲချည်နှောင်ထားတဲ့သူတွေ ဖြစ်နေလို့ပါပဲ ။
ခိုင်လေး ( ရွှေတောင် )
ကျွန်မ အိမ်သန့်ရှင်းရေးလုပ်နေရင်း တွေးမိတယ် ။
လူတွေဟာ ပေးဆပ်ဖို့ထက် ရယူလိုခြင်းတွေသာ
ပိုမိုကြီးစိုးလာကြတယ်လို့ ထင်မြင်မိတယ် ။ ကျွန်မအပါဝင်ပေါ့ ။
ရယူလိုမှု့အားကြီးတဲ့သူတွေသာ တဖြေးဖြေးများပြားလာမယ်ဆို
ကျွန်မတို့ လောကကြီးဟာ ဘယ်လိုမှ သာယာလှပနိုင်မှာ
မဟုတ်တော့ပါဘူး ။ဒါကြောင့် ဒီနေ့ကစပြီး ကျွန်မ ရယူလိုမှု့ထက်
ပေးဆပ်ခြင်းလုပ်ရပ်တွေကိုသာ ပိုမို လုပ်ဆောင်ပါတော့မည် ။
ခိုင်လေး ( ရွှေတောင် )
ကံမကောင်းခြင်းဆိုတာလေ လူတိုင်းမှာ ရှိတတ်ပါတယ် ။ အဆိုးတွေထဲက အကောင်းတွေကိုရှာဖွေယူတတ်ဖို့က အရေးကြီးတယ် ။ နောင်တတွေနဲ့ ပူလောင်ဆွေးမြေ့မနေဖို့လည်း လိုအပ်ပါတယ် ။ အမှားတွေထဲက သင်ခန်းစာ ယူပြီး အမှန်တွေ များလာအောင် လုပ်ဆောင်တတ်ရမယ်လို့ ခိုင်လေးက ခံယူထားတယ်။
ခိုင်လေး ( ရွှေတောင် )
လူတွေသည် ပိုက်ဆံဆိုသော အရာနောက်ကို သည်းကြီးမည်းကြီး
လိုက်ပါနေရင်း ကိုယ်ကျင့်တရားတွေ တဖြေးဖြေး ဆင်းရဲလာကြ
သည်ကို ၀မ်းနည်းစွာတွေ့နေရပါသည် ။ ပိုက်ဆံဆိုသည့်အရာကို
ရှာဖွေဖို့အတွက် မိမိတို့ကိုယ်ကျင့်တရားတွေကို ချနင်းဖို့ ဘာကြောင့်
ဝန်မလေးတတ်ကြပါသလဲဆိုတာကို တွေးမိသည် ။ ကျွန်မ စဉ်းစား
မိသလောက် ရရှိသည့်အဖြေကတော့ လောဘဆိုသည့်အရာကို
အသောမသပ်နိုင်တာကြောင့် လို့ထင်မြင်မိပါသည် ။ လောဘ၊ဒေါသ၊မောဟ
အားကြီးလာတဲ့ အခါမှာ ကိုင်ကျင့်တရားတွေကို တိုက်စားသွားကြလေသည် ။
ခိုင်လေး ( ရွှေတောင် )
မိဘတိုင်း မိမိတို့ရင်သွေးငယ်တွေကို ချစ်ကြသူတွေပါ ။ သားသမီးကို
ကောင်းစေချင် တော်စေချင်တာလည်း မိဘတိုင်းရဲ့ တူညီတဲ့ ဆန္ဒတစ်ခုဖြစ်နေမှာ မလွဲဧကန်ပါပဲ ။သို့သော် ရတနာကဲ့သို့ အဖိုးအနဂ္ဂ ထိုက်တန်သည့် တန်ဖိုးရှိသော ရင်သွေးငယ်တွေကို ရဖို့ဆိုတာ မိဘမည်သော လူသားတို့တွင် တာဝန်ရှိပေသည် ။ မိဘဆိုသည်
မှာ လက်ဦးဆရာတွေပင်ဖြစ်လေသည် ။ ရတနာလေးတွေကို ရတာ နာတာတွေမဖြစ်စေဖို့ ချစ်တဲ့နေရာမှာ ရေတိုကို မကြည့်ကြဘဲ ရေရှည်ကို ကြည့်ကာ ချစ်တတ်ဖို့က အဓိက ကျပေသည် ။
ခိုင်လေး ( ရွှေတောင် )
လူတစ်ယောက်ရဲ့ အပေါ်ယံ အရေပြားပေါ်မှာ ဖြစ်တည်နေသည့်
လှပခြင်း စမတ်ကျခြင်းဆိုသည့် အချက်တွေထက် ပိုအရေးကြီးစေသည်က
လူတစ်ယောက် စိတ်အတွင်းမှာ တည်ရှိနေသည့် စိတ်ထားတွေ လှပဖို့ စမတ်ကျ
ဖို့က ပိုလို့အရေးကြီးပေသည် ။
ခိုင်လေး ( ရွှေတောင် )
ကျွန်မဖုန်းကို မြန်မာပြည်က ဖုန်းနံပတ်တစ်ခု မကြာခဏ
ဝင်ဝင်လာတတ်ပါသည် ။ ခုနလေးတင် အဲဒီနံပတ်လေး ၀င်လာပါသေးသည် ။
တခါတလေ ကျွန်မ မေ့နေတတ်တဲ့ ဖုန်းနံပတ်ပိုင်ရှင်က ကျွန်မကိုတော့ တစ်ရက်မှ
မမေ့ဖူးထင်ပါရဲ့ ။ ဘယ်သူဖုန်းနံပတ်လေးဖြစ်နိုင်မလည
ကြီးတစ်ခုလုံးမှာ ကျွန်မအပေါ် တုနှိုင်းမဲ့ ချစ်နိုင်သူ ကျွန်မကို သိပ်ချစ်တဲ့ ဖေဖေ ဖုန်း
နံပတ်လေးပါပဲ ။ ဖေဖေ ဖုန်းသံလေးဝင်လာတိုင်း ကိုင်လိုက်ချင်ပေမယ့် ဖေဖေ ပိုက်ဆံ
ကုန်မှာစိုးလို့ မကိုင်ဖြစ်ပါဘူး ။ ခိုင်လေးက ဖေဖေဆီ ပြန်ခေါ်ရင်လည်း ခိုင်လေး ပိုက်ဆံ
ကုန်မှာကိုဆိုးတတ်သူ ဖေဖေက သမီးနေကောင်းလား ဖေဖေ မှားနှိပ်တာထင်ပါရဲ့ကွာဆိုပြီး မြန်မြန်ပြောမြန်မြန်ဖုန်းချသွာ
တစ်ရက်ခြားလောက် သားနဲ့ သမီးဆီက massage လေး
တစ်ခုခု ( သို့မဟုတ် ) ဖုန်းသံလေး မကြားရရင် အသေလဲ သတိရမိတတ်သူ ကျွန်မ ဖေဖေ
ကိုကြတော့ တခါတရံ မေ့နေတတ်ခဲ့လေသည် ။ သေချာတာတစ်ခုက
ကျွန်မ ကလေးတွေကို တမ်းတသတိရမိသည့်စိတ်မျိုး ဖေဖေမှာလည်း
ကျွန်မနဲ့ ထပ်တူရှိနေမယ်ဆိုတာပါပဲ ။ သားသမီးဆိုတဲ့ လူသား
တွေရဲ့ ရှင်သန်မှု့နေ့ရက်တိုင်းမှာ မိဘဆိုတဲ့ လူသားတွေကို အမြဲအမှတ်ရ ဦးခိုက်
နေသင့်ပေသည် ။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment