တန်ဖိုးရှိသည့် ဂယ်ပေါက်လေးတွေ ပြင်ဆင်ကြရအောင်
စံတော်ချိန် သတင်းစာ
လောကကြီးမှာသင်ကို အများဆုံးချစ်ခင်သည့်ပုဂ္ဂိုလ်မှာတခြားလူမဟုတ်ပါ။ သင်ကိုယ်တိုင်ပင်ဖြစ်သည်။
လူတိုင်းလူတိုင်းမှာ ပညာတတ်သူဖြစ်စေ ၊မတက်သူဖြစ်ပါစေ၊ ပြည်စုံသူ (သို့ မဟုတ်) မပြည့်စုံသူဖြစ်ပါစေ
လူအားလုံးတွင်မိမိအတွက်ဂယ်ပေါက်တစ်ခုတော့ ရှိနေဖို့လိုအပ်ပါသည်။ဒီနေရာမှာဂယ်ပေါက်ဆိုတာကိုတော့အနည်းငယ်ရှင်းပြချင်ပါသည်။သိပြီးသားလူတွေရှိနေပေမယ့်မသိသေးသည့်
သူတွေအတွက်ရှင်းပြချင်ပါသည်။ပဒက်ဆိုတဲ့သတ္တ၀ါကိုတော့ကြားဖူးကြမယ်လို
့ထင်ပါသည်။ပဒက်တစ်ကောင်ကိုဖမ်းမိဖို့ အတွက် ပဒက်တစ်ကောင်ရဲ့ ဂယ်ပေါက်ကိုပိတ်တတ်ဖို
့လိုပါသည်။ပဒက်ကောင်ရဲ့ ဂယ်ပေါက်ကိုမပိတ်နိုင်ဘူးဆိုရင်
ပဒက်ဆိုတဲ့သတ္တ၀ါကိုဘယ်လိုမှဖမ်းလို့မမိနိုင်ပါဘူး။ပဒက်တွင်းနဲကင်းမြီးကောက်တွင်းလဲမှားတက်ကြပါသေးသည်။ပဒက်တွင်းမှာပင်ကူမျှင်လိုအတန်းလေးတွေပါရှိတတ်ပြီး
ကင်းမြီးကောက်တွင်းမှာတော့ မပါ ပါဘူး ။အသိဥာဏ်နည်းသည့် သတ္တ၀ါဖြစ်သော ပဒက်
ကောင်တွေတောင်မှ မိမိန္တာရာယ်နှင့် ရင်ဆိုင်သည့်အခါ အသက်ရှင်နိုင်ရေး
့အတွက်ဂယ်ပေါက် တွေဖောက်ထားရကောင်းမှန်းသိနေကြပါသည်။အသိဥာဏ်ပိုသည့်လူသားတွေက
ပိုပြီးသိသင့် တယ်လို့ ယူဆမိသည်။
တခါတုန်းက ဖြစ်ရပ်မှန်ဇတ်လမ်လေးတစ်ခုကိုပြောပြချင်ပါသည် ။ (၁၉၅၄)ခုနှစ်ပတ်ဝန်ကျင်လောက်ကနယ်မြိုလေးတစ်မြိုမှာမိသားစုတစ်စုရှိခဲ့ပါသည်။အဲဒီမိသားစုလေးမှာအိမ်ထောင်ဦးစီးဖခင်ကမိခင်ထက်
(၁၅)နှစ်ခန် အသက်ကြီးသည် ။အိမ်ထောင်ဦးစီးကအသက်အရွယ်ကြီးရင့်လာသည့်အခါ
့အလုပ်မလုပ်နိုင်တော့တာမို့ မိန်းမလုပ်သူကအိမ်ထောင်တာဝန်တွေကို တစ်လှည့်
တာဝန်ယူခဲ့ရသည် ။ မိန်းမလုပ်သူက ယောက်ကျားကို နေ့တိုင်းဆေးလိပ်ဖိုးပေးပါသည်။
အဖိုးအိုကသူ့ မိန်းမပေးတဲ့ ဆေးလိပ်ဖိုးတွေကိုနေ့စဉ် ၀ယ်မသောက်ဘဲ ဆုထားခဲ့သည် ။ဒီလိုနဲ့
ဆုလာလိုက်တာ တစ်နေ့ မှာတော့ ဇနီးသည် စိတ်ပျက်လက်ပျက်နဲ့ အိမ်ရှေ့မှာထိုင်နေတာကို
အဘိုးအိုကတွေ့လိုက်ရသည် ။ဒီတော့ သူ့မိန်းမကိုမေးတာပေါ့ ။
*မိန်းမမင်းမျက်နှာမကောင်းပါလား။ဘာဖြစ်နေတာလဲ* ။ *ကျွန်မအရင်းတွေလဲမရှိတော့ ဘူးရှင်။ ဒီနေ
့ဆိုကျွန်မစားဖို့ တောင်တစ်ပြားမှလက်ထဲမရှိတော့ဘူး။အဲဒါကြောင့်စိတ်ညစ်နေတာ။*
*အဖိုးအိုကရုတ်တရက်သူ မိန်းမဘေးကနေထထွက်သွားသည်။ခဏအကြာတွင်ငွေတစ်ထပ်ကိုကိုင်ပြီးအဖိုးအိုပြန်ရောက်လာပါသည်။လက်ထဲမှငွေများကို
သူ့မိန်းမလက်ထဲသို့ ထည့်ပေးလိုက်လေသည် ။ ဇနီးသည်မှာအံ့သြစွာနှဖြင့် *ရှင်ဒီပိုက်ဆံတွေဘယ်ကရတာလဲ။*အဖိုးအိုပေးတဲ့ငွေမှာ
(၁၀၀)ကျပ်တိတိရှိပါသည်။အဲဒီခေတ်ကရွှေတစ်ကျပ်သားမှ(၂၈၀)ဘဲပေးရသည်။ငွေ(၁၀၀)ကြီးများတောင်ဆိုတော့
မိန်းမလုပ်သူက အံ့သြမိသည်ပေါ့ ။ * *မိန်းမ ! မင်းပေးတဲ
့ဆေးလိပ်ဖိုးငွေထဲကနေငါဆုထားတဲ့ ငွေတွေပါ။အရေးကြီးတဲ့ ချိန်ဆိုတာလူတိုင်းရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ဒီလိုရင်ဆိုင်ရတဲ့အခါ
ကိုယ့် ကိုယ်ကိုကယ်နိုင်ဖို့ အတွက်ဂယ်ပေါက်ဆိုတာရှိထားရမယ် ။
အသိဥာဏ်နည်းတဲ့သတ္တ၀ါလေးတွေဖြစ်တဲ့ ပဒက် ကောင်တွေတောင်သူတို့ ရှင်သန်ဖို့ အတွက်
ဂယ်ပေါက် တွေဖောက်ထားတတ်ရင် အသိဥာဏ်ပိုတဲ့ လူသားတွေကပိုပြီး
မိမိဂယ်ပေါက်တွေကိုအဆင်သင့် ပြင်ဆင်စုဆောင်းထားသင့် တယ်လို့ သူဇနီးကိုရှင်းပြလိုက်ပါသတဲ့
။
ဒီဇတ်လမ်းလေးကိုအတုယူပြီးကျွန်မတို တစ်တွေလည်း ကိုယ်ပိုင်ဂယ်ပေါက်လေးတွေ
ပြင်ဆင်ထားဖို့ လိုအပ်ပါသည် ။ဘ၀ဆိုတာ ပုံသေကားချပ်တွက်ချက်လို့ မရနိုင်ပါဘူး ။ အခြေနေတစ်ခုကြုံခာချိန်တိုင်းမှာ
အဆိုးတွေက ကိုယ်ကိုလွှမ်းခြုံမသွားစေဖို့အတွက် ကြိုတင်ပြင်ဆင်မှုဆိုသည့် အရာဟာ
မရှိမဖြစ်လိုအပ်ပါသည် ။ ကြိုတင်ပြင်ဆင်ခြင်း = ဂယ်ပေါက်လို့ ပြောမယ်ဆိုရင်လည်း
မှန်နိုင်ပါသည် ။ ကြိုဆင်ပြင်ဆင်မှု့တိုင်းဟာ အကျိုးမဲ့ခြင်းကို
မဖြစ်စေနိုင်ပါဘူး ။ အကျိုးတိုးပွားခြင်းကိုသာ ဖြစ်စေတတ်ပါသည် ။ ပြင်ဆင်ခြင်း
ဂယ်ပေါက်တွေကို ဖောက်လုပ်ထားဖြင်းဖြင့် အဆိုးတွေကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေလို့
ဆန္ဒပြုရင်း……………..
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment