ပျော်ရာမှာမနေ တော်ရာမှာနေရ
ကိုယ်ဆီကိုယ်င
ကိုယ် ဠာန၌
ပျော်သော်ညားလည်း
အဝေးတစ်နေရာ
ရောက်နေရသူ လူအပေါင်း၏
စိတ်နှလုံး၌
ညှိုးရော်နွမ်းခြောက်နေစေ၏ ။
ပျော်ရာမှာမနေ တော်ရာမှာနေရ
ထိုထိုစကား
နှလုံးသွင်းလျှက်
မိသားစုအရေး
တာဝန်ထမ်းလို့
ဖြစ်လာပီတိ
ခံစားမှု့အား
ပြောင်းလဲ
ကြည်နူးရပြန်၏ ။
အိမ်လွမ်းသည့်စိတ်
ဖြေသိမ့်ရင်းဖြင့်
ပဇာ
သဗ္ဗာ ကိုယ်ဆီကိုယ်င
တော်ရာအရပ်၌
ပျော်စပ်ချင်ယောင်
ဟန်ဆောင်ကာဖြင့်
ဘ၀အရေး
တိုက်ပွဲဝင်လို့
နေရကြလေ၏ ။
စိတ်ကူးထဲ
ပေါ်လာသည်ကို ချရေးမိသည် ။
ခိုင်လေး
( ရွှေတောင် )
မလေးစံတော်ချိန်
နေ့လည် ၂ နာရီ ။ သောကြာနေ့ ( 2.5.2014 )
No comments:
Post a Comment