၇၂ ။ ငှက်ပျောသီး ထိပ်ပိုင်းပုပ်လေး
Women's World Journal ( ၅ . ၈ . ၂၀၁၄ )
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
အကြောင်းအရာ တစ်ခုကြောင့် ကျွန်မစိတ်တွေ အတော်လေးလှုပ်ရှားနေခဲ့သည် ။ စိတ်လှ
ုပ်ရှားခြင်းမှ တစ်ဆင့်တက်ပြန်တော့ ၀မ်းနည်းခြင်းများသည် ရင်ထဲသို့ အလိုလို တိုး၍၀င်လာကြလေသည်
။ ငိုချင်လာသည့် စိတများအား ဖြေသိမ့်ရင်း ဆိုဖာခုံပေါ်သို့
ခြေပစ်လက်ပစ် ထိုင်ချလိုက်မပါသည် ။ ထိုင်မိပြီး မကြာခင် ကျွန်မမြင်ကွင်းထဲသို့ ငှက်ပျော်သီးလေးတစ်လုံး
ဝင်ရောက်လာပါသည် ။ ထိုငှက်ပျော်သီးအား စိုက်ကြည့်ရင်း ကျွန်မ အသိတွေ တဖြည်းဖြည်းလင်းလက်လာကြ၏။
ကျွန်မတို့ ဘ၀တွေမှာ နာကျင်စရာ
ပျော်ရွင်စရာ ကြည်ကွဲစရာ ကြည်နူးစရာ ၀မ်းနည်းစရာ ၀မ်းသာစရာ အစရှိသော ခံစားချက်ပေါင်းများစွာကို
လူတိုင်းခံစားဖူးတတ်ကြပေမည် ။ ပျော်စရာရှိရင် ရေကုန်ရေခမ်းပျော်တတ်ကြမည် ။ တပါးသူကို
မျှဝေဖို့ပင် မေ့ချင်မေ့နေတတ်ကြ၏ ။ တစ်စုံတခု ၀မ်းနည်းနာကျင်စရာ ကြုံလာခဲ့လျင်ဖြင့်
ဆက်နွယ်မှု့ အားလုံးကို သိမ်းကျုံးနားကြည်းတတ်ကြပြန်သည် ။ ယောကျာင်္းတစ်ယောက်ကို မုန်းမိပြီဆိုပါစို့
ယောကျာင်္းတွေအားလုံး မကောင်းဘူး ဆိုတာမျိုးပေါ့ ။ သက်ရှိ သက်မဲ့တိုင်းမှာ အကောင်း အဆိုးဆိုတာရှိစမြဲပါ
။
ဒီနေ့ မိန်းကလေးတစ်ယောက်၏ စော်ကားမှု့သဘော သက်ရောက်စေသည့်
အပြုမှူတို့ကို ကျွန်မလက်ခံလိုက်ရသည် ။ ထို မိန်းကလေး နှင့်ကျွန်မကြား အပေးယူဆိုသည့်
အရာနှင့် တွက်ချက်မည်ဆိုလျှင် ကျွန်မအနေနှင့် သူမဆီမှ မည်သည့်အယူမျိုးမှ မရှိခဲ့ဘူးပါ
။ ကျွန်မဘက်ကသာ သူမအား အပေးရှိခဲ့ပါသည် ။ ထိုကဲ့သို့သော သူမျိုးမှ ကျွန်မအပေါ် ယခုကဲ့သို့ ဆက်ဆံလိုက်ခြင်း အပေါ်အသည်းခိုက်အောင်
နာမိပါသည် ။ လုံးဝပတ်သတ် ဆက်ဆံချင်စိတ် မရှိတောပါဘူး
။ သူမနှင့် ပတ်သတ်သော ပတ်ဝန်းကျင် မိသားစုများနှင့်ပါ ခပ်ကင်းကင်းနေချင်သွားမိသည်
။ နေဖို့ကိုလည်း ဆုံးဖြတ်လိုက်မိပါ၏ ။ သို့သော် ဒီလို ကင်းကင်းနေဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်
အကြောင်းအရာတွေက ရှိနေပြန်သည် ။ သူမကို မဆက်ဆံလို့ရ၏် ။ သူမမိသားစုနှင့် မဆက်ဆံဘဲနေဖို့ကျပြန်တော့
ကျွန်မအတွက် အခက်တွေ့စရာတွေ ရှိနေပြန်သည် ။ဝေခွဲမရသော ထိုရှုပ်ထွေး စိတ်များဖြင့်
နောက်ကျိနေရပါ၏ ။
ထိုအချိန်မှာပဲ တိုက်ဆိုင်စွာဖြင့်
ငှက်ပျော်သီးလေး တစ်လုံးမှ ကျွန်မစိတ်တွေအား
လမ်းပြပေးခဲ့လေသည် ။ ထိုင်နေသော ကျွန်မမျက်စိရှေ့တည့်တည့်၌
ရှိနေသည်က ငှက်ပျော်သီးလေးတစ်ဖီး ။ ထိုငှက်ပျော်ဖီးထဲ၌
ငှက်ပျော်သီးလေးတစ်လုံး၏ ထိပ်ပိုင်းလေးသည် ပုပ်နေပါ၏ ။ ဘာရယ် မဟုတ်စိုက်ကြည့်နေရင်း
ကျွန်မအသိထဲကို အတွေးတွေ တန်းစီလို့ ၀င်ရောက်လာကြသည် ။ ငှက်ပျော်ထိပ်ပိုင်းလေး ပုပ်နေပေမယ့်
ကျန်သည့်အစိတ်ပိုင်းများသည် စားလို့ရနေပါသေးသည် ။ပုတ်နေသော ထိပ်ပိုင်းလေးကြောင့် တခြားအစိတ်ပိုင်းတွေကို
ပါအဆုံးရှုံးခံကာ လွှတ်ပစ်လိုက်ရမည်လား ။ မဟုတ်တာပဲ ။ မလုပ်သင့်ဘူး ။ ပုပ်တဲ့ အပိုင်းကို
ဖြတ်ထုတ်လိုက်ပြီး ကောင်းနေသေးသည့် အပိုင်းကို စားရမည် ။ ထိုအတွေးလေးက ကျွန်မစိတ်တွေအား
ကြည်လင်သွားစေခဲ့ပါပြီ ။
ငှက်ပျော်သီးထိပ်ပိုင်းပုပ်လိုပဲ
မကောင်းသည့် သူမကိုသာ ကင်းအောင်နေဖို့ ဆူံဖြတ်လိုက်မိသည် ။ သူမ၏မိသားစုများနှင့်ပါ
မပတ်သတ်ဘဲနေဖို့ဆိုသည်မှာ ဆိုင်မှမဆိုင်တာ ။ သူမတစ်ယောက်တည်း ကွက်မကောင်းပေမဲ့ ကျန်တဲ့
မိသားစုဝင်တွေ အားလုံးကျွန်မအပေါ် ကောင်းနေခဲ့ပါသည် ။ ငှပ်ပျော်သီထိပ်ပိုင်းပုပ်ကို
ဖြတ်ထုတ်လိုက်ပြီး အကောင်းတွေကို စာသုံးနိုင်သကဲ့သို့ သူမကို မေ့ပစ်လိုက်ပြီး ကျန်နေသည့်
မိသားစုတွေကို အရင်လိုပင် ဆက်ဆံဖို့ ဆုံးဖြတ်လိုက်မိပါတော့သည် ။
သူတော်ကောင်းဆိုတာ သူကောင်းကောင်း
မကောင်းကောင်း ကိုယ်ကောင်းအောင်နေရမယ်ဆိုသည့် စကားအတိုင်း သူမ ကျွန်မအပေါ် ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကျွန်မ မဆိုးမိဖို့ကိုဘဲ သတိထားလိုက်ပါတော့မည်
။ ကျွန်မသည် မိကောင်းဖခင်သားသမီး ဖြစ်သူမို့ မိမိစိတ်ထဲရှိသည့် အတိုင်းပြုမူဆောင်ရွက်ခြင်းကား
မိဘကိုပါထိခိုက်နစ်နာစေတတ်ကြောင်းကို သင်ခန်းစာတွေလည်း ရခဲ့ဖူးပေသည် ။ ဒီအတွက် မိမိနှ
ုတ်မှထွက်ဆိုသော စကား ၊ ကိုယ်ကပြုမူဆောင်ရွက်သော
အပြုမူတို့သည် မိဘကို တိုက်ရိုက်အချိုးကျခြင်း မဖြစ်အောင် ဆင်ခြင်ဆောင်ရွက်ဖို့လည်း
ဆင်ခြင်လိုက်မိ၏ ။ မိဘက ဆုံးမသွန်သင်နေပါလျှက် မိမိဗီဇကိုက ဆိုးနေသူတွေလည်း အများပြားတွေ့ခဲ့ဖူးပေ၏။
ထိုထဲတွင် အပါဝင်မဖြစ်စေဖို့ ကိုယ့်ကိုယ်ကို ဆင်ခြင်လိုက်မိသည် ။ အမိယုတ်တော့ နှုတ်ကြမ်း အဖယုတ်တော့ ကိုယ်အမူအရာကြမ်း ဆိုတဲ့စကားပုံလေးလို မိမိ အပြောဆို
အပြုမူ တို့ကြောင့် မိဘတွေကို သိက္ခာချသူ မဖြစ်ရလေအောင် ကျွန်မတို့ သားသမီးတွေ ဆင်ခြင်ရမည်။
စိတ်၏စေရာအတိုင်း
တစ်သွေမတိမ်းလိုက်ပါ လုပ်ဆောင်တတ်ကြသူတို့ အနေဖြင့် အထူးသတိထားသင့်ပါ၏် ။ စိတ်ကစေခိုင်းတာ
မှန်ပေမယ့် လုပ်သင့် မလုပ်သင့် ဆိုတာကို ဝေဖန်ပိုင်းခြားသင့်ပေသည်
။ ယခုကျွန်မခံစားလိုက်ရသော ကိစ္စလေး၌ စိတ်ကိုသာ အလိုလိုက်ပြီး စိတ်ထဲ ရှိနေသည့် အတိုင်း
လုပ်လိုက်မိပါလျှင် ဖြစ်နေသည့် ပြသနာထက် ပို၍အရုပ်ဆိုးစေသော ဖြစ်ရပ်များအာုး ရင်ဆိုင်ရမည်မှာ
အသေချာပင် ဖြစ်သည် ။ မထင်မှတ်ဘဲ ငှက်ပျောသီး
ထပ်ပိုင်းပုပ်လေး တစ်လုံး၏ လမ်းပြမှု့ကြောင့်
အသိတရားတွေ ပြန်လည်ဝင်ရောက်လာခဲ့သည် ။ ကိစ္စတစ်ခု ဖြစ်တည်လာပြီဆိုလျှင် လိုအပ်သည့်သူ
လိုအပ်သော အပိုင်းကိုသာ ဖြတ်ထုတ်ပစ်တတ်ဖို့ ၊ မိမိစိတ်ထင်တိုင်း လုပ်လိုက်သည့် အပြုမူတို့သည်
မိမိ၏မိဘများအား တိုက်ရိုက်အချိုးကျတတ်ကြောင်း အစရှိသည့်အချက် ၊စိတ်ခံစားချက်များအား
အသိနဲ့ ထိန်းနိုင်ရမယ်ဆိုသည့် သ်ငခန်းစာကောင်းလေးကို ရရှိပိုင်ဆိုင်လိုက်ရပါတော့သည်
။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment