ခွဲခွာနေရတဲ့ နေ့ရက်လေးတွေကို
အလွမ်းတွေကို သယ်ပိုးရင်း ပင်ပမ်းကြီးစွာ
ဖြတ်ကျော်နေရတယ် မောင်ရယ် ။
ရေးလက်စ ၀ထ္ထုတိုလေးထဲက စကားလုံးတစ်ချို့ 
ခိုင်လေး ( ရွှေတောင် )
အလွမ်းတွေကို သယ်ပိုးရင်း ပင်ပမ်းကြီးစွာ
ဖြတ်ကျော်နေရတယ် မောင်ရယ် ။
ရေးလက်စ ၀ထ္ထုတိုလေးထဲက စကားလုံးတစ်ချို့ 
ခိုင်လေး ( ရွှေတောင် )
ကျွန်မဘ၀ထဲကို တဖြည်းဖြည်း တိုးဝင်လာတဲ့ ချည်နှောင်ခြင်းတွေထဲ
အတ္တချည်နှောင်ခြင်းတွေ ပါဝင်နေခဲ့မယ်ဆို ခုချိန်ကတည်း ကဖြတ်တောက်
ပစ်မယ် ။ အတ္တချည်နှောင်ခြင်းတွေနဲ့ တတ်နိုင်သမျှဝေးချင်လို့ပါ ။
ခိုင်လေး ( ရွှေတောင် )
အတ္တချည်နှောင်ခြင်းတွေ ပါဝင်နေခဲ့မယ်ဆို ခုချိန်ကတည်း ကဖြတ်တောက်
ပစ်မယ် ။ အတ္တချည်နှောင်ခြင်းတွေနဲ့ တတ်နိုင်သမျှဝေးချင်လို့ပါ ။
ခိုင်လေး ( ရွှေတောင် )
စစ်မှန်တဲ့ ပေးဆပ်မှု့မျိုး ရှင်တို့ပေးဆပ်ခဲ့ဘူးလား
။
မလုပ်ဘူးဘဲ မဝေဖန်ပါနဲ့ ။ မျှော်လင့်ချက်တစုံတရာ
မရှိဘဲ ပေးဆပ်နေသူတွေအတွက် သိပ်ကို နာကျင်
ခံစားရစေတယ် ။
ခိုင်လေး ( ရွှေတောင် )
မလုပ်ဘူးဘဲ မဝေဖန်ပါနဲ့ ။ မျှော်လင့်ချက်တစုံတရာ
မရှိဘဲ ပေးဆပ်နေသူတွေအတွက် သိပ်ကို နာကျင်
ခံစားရစေတယ် ။
ခိုင်လေး ( ရွှေတောင် )
ငါ့စိတ်တွေအိုက်စပ်နေတယ် ။
စိတ်ရှုပ်ခြင်း ချွေးဒီးဒီးကျလာပြန်တယ် ။
အေးချမ်းသော စိတ်အစဉ်အတွက်
နှီးယပ်တောင်တစ်ချောင်း အမြန်လိုအပ်နေတယ်။
ခိုင်လေး ( ရွှေတောင် )
စိတ်ရှုပ်ခြင်း ချွေးဒီးဒီးကျလာပြန်တယ် ။
အေးချမ်းသော စိတ်အစဉ်အတွက်
နှီးယပ်တောင်တစ်ချောင်း အမြန်လိုအပ်နေတယ်။
ခိုင်လေး ( ရွှေတောင် )
အတုအယောင်တွေ အောင်မြင်သော ခေတ် ။
ရင်တွင်းစိတ်ထားကို ဖုံးကွယ်ဟန်ဆောင်ကာ
ဖော်ရွေချင်ယောင်ဆောင်သော ခေတ် ။
စိတ်ပါလို့လုပ်ဆောင်ခြင်းထက် ပေါ်ပြူလာလုပ်ချင်စိတ်ဖြင့်
လုပ်ဆောင်သူများသော ခေတ်။
အကြောင်းအရာကိစ္စတိုင်းကို သေချာစွာ သိမြင်ခြင်းမရှိဘဲ
သူများယောင်တိုင်း လိုက်ယောင်သော ခေတ် ။
ငါဆိုတဲ့ အတ္တတွေ များသော လူသားတို့စိုးမိုးရာ ခေတ် ။
ငါပြောတာ ငါထင်တာမှ အမှန်ထင်သော ခေတ် ။
ခေတ် ခေတ် ခေတ် ခေတ် ခေတ် ခေတ် ခေတ် ခေတ်
တွေးမိတာလေးပါ ။

တိတ်ဆိတ်နေသော ငါကမ္ဘာအား လွမ်းခြင်းရသတွေ
ထပ်မံဖြည့်စီးပေးလိုက်တယ် ။
ခိုင်လေး ( ရွှေတောင် )
ထပ်မံဖြည့်စီးပေးလိုက်တယ် ။
ခိုင်လေး ( ရွှေတောင် )
တစိမ့်စိမ့်လွမ်းနေရတဲ့
အရာသာကို ကျွန်မနှစ်သက်နေမိပြီ မောင် ။
တစိမ့်စိမ့်လွမ်းနေရင်း အလွမ်းတွေကို တစိမ့်စိမ့်ရှူရှိုက်နေမိတယ် ။
ခိုင်လေး ( ရွှေတောင် )
တစိမ့်စိမ့်လွမ်းနေရင်း အလွမ်းတွေကို တစိမ့်စိမ့်ရှူရှိုက်နေမိတယ် ။
ခိုင်လေး ( ရွှေတောင် )
နှလုံးရောဂါမရှိပဲ
နင်နဲ့တွေ့တိုင်း ငါရဲ့ဘယ်ဘက်ရင်အုံက
တုန်ရီလှိုက်မောခြင်းတွေနဲ့အတူ ရင်ခုန်နှုန်းတွေ မြန်လာတတ်တယ် ။ နင်မျက်နှာ
လေး မြင်ရယုံရနဲ့ ငါနှလုံးသားလေးဘာလို့ ဒီလောက်ခုန်နေခဲ့ရတာလဲ။
ညှို့ဓာတ်ပြင်းလွန်းတဲ့ နင်အကြည့်တွေအောက်မှာ ငါနှလုံးသားလေး ကျရှုံး
ခဲ့ရပြီထင်တယ် ။

ချစ်လို့အလျှော့ပေးနေတာပါ
မောင် ။ ဒါပေမဲ့ မိန်းမတစ်ယောက်မှာ
ထားသင့်ထားအပ်တဲ့ မာနတွေ အပြည့်နေရှိပါတယ် ။ဒါတွေကို
မေ့ထားခဲ့တာ မောင်ကို အရမ်းချစ်နေလို့ပါ။မိန်းမတွေအတွက် ကိုယ့်ချစ်သူဆီက အလိုချင်ဆုံးအရာဟာ ကိုချစ်သူရဲ့ နှောင်ကြိုးမဲ့ကြင်နာခြင်းတွေပါ ။ တကယ်တော့
အချစ်ဆို တာဦးနှောက်ကမဆုံးဖြတ်နိုင်တဲ့ နှလုံးရဲ့ ယုံကြည်မှုတစ်ခုပါပဲ မောင် ။
အချစ်ဝထ္ထုလေးရေးနေပါတယ် ။

ကျွန်မ
တဖြည်းဖြည်း နားလည်လာတဲ့ အချစ်ဆိုတာ
ပေးဆပ်ခြင်း၊ ရယူခြင်း၊ စွန့်လွှတ်ခြင်းတို့ကို အချိုးတူ
ပေါင်းစပ်ထားတဲ့ အရာတစ်ခုပဲ ။
ခိုင်လေး ( ရွှေတောင် )
ပေးဆပ်ခြင်း၊ ရယူခြင်း၊ စွန့်လွှတ်ခြင်းတို့ကို အချိုးတူ
ပေါင်းစပ်ထားတဲ့ အရာတစ်ခုပဲ ။
ခိုင်လေး ( ရွှေတောင် )
အလွမ်းတွေ
အားကောင်းလိုက်ပုံများ
ကျွန်မပတ်ဝန်းကျင်တစ်ခုလုံး
အလွမ်း
တွေပြည့်လျှံနေလေရဲ့
။အလွမ်းပန်းတွေ
သီကုံးပန်ဆင်ရင်း
မောင်အား ဆက်၍
လွမ်းနေပါ၏
။
ခိုင်လေး
( ရွှေတောင် )
မောင်
... မောင်နဲ့ ကျွန်မက လူချင်းတော့ နီးကပ်နေကြတယ် ။
ရင်ဘတ်ချင်းအပ်
နေတာမျိုးတော့ မဟုတ်ဘူး ။ ကျောချင်းကပ်
နေကြသူတွေပါ
။ လူချင်းနီးကပ်နေပေမယ့် စိတ်ချင်းမနီးစပ်ကြ
သူတွေပေါ့မောင်
။ တစ်နေရာတည်းမှာ နီးနီးလေးရှိပြီး ကျောချင်း
ကပ်နေထိုင်ကြသူတွေပါ
။
ခိုင်လေး
( ရွှေတောင် )
ရေးနေသော
ဝထ္ထုလေး
No comments:
Post a Comment