၂ ။ မျက်နှာမဲကြီးမှ
ဖြူဖွေး နူးညံ့ မျက်နှာလေးဆီသို့
ရေးသားသူ = ခိုင်လေး
( ရွှေတောင် )
ခုတစ်လောထွက်လိုက်ရတဲ့
အပြင် ။ စီးလိုက်ရတဲ့ ဆိုက်ကယ် ။ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းနေရာတွေကို
ဘောင်းဘီရှည် ၊ အကျီင်္လက်ရှည်တွေ ၀တ်ပြီး ကာကွယ်လို့ရပေမယ့် မျက်နှာအစိတ်ပိုင်းကိုတော့
ဘယ်လိုမှ ကာကွယ်လို့မရနိုင်ဘူး ။ ဆိုက်ကယ်ဦးထုပ်ကို မှန်ကာချထားပေမယ့် အပြည့်ဝတော့
အကာကွယ် မပေးနိုင်ခဲ့ပါဘူး ။ အလိုလိုမှ အညှိရောင်သန်းချင်နေတဲ့ အသားအရေက ခုတော့ မဲချင်နေပါပြီ
။ အပြင်ကပြန်လာတိုင်း မှန်ကြည့်မိပြီဆိုတာနဲ့ မျက်နှာမဲကြီးကိုမြင်ရတာ သိပ်ကို စိတ်ပျက်စရာကောင်းလှပါ
တယ် ။ မျက်နှာလိမ်းခရမ်တွေကလည်း ကိုယ်နဲ့တည့်မတည့် အဆင်ပြေ မပြေ စမ်းလိမ်းနေရတာနဲ့
စိတ်မရှည်ချင်ဘူး ။
ဒါဆိုအပြင်မထွက်ဘဲ
နေရမလား ။ ဒါလည်း အဆင်မပြေပြန်ဘူး ။ ဘာလို့လဲဆို အမျိုးသားကို နေ့တိုင်းထမင်းပို့ရတာမို့
ဘယ်လိုမှ အပြင်မထွက်ဘဲ နေလို့မရပါဘူး ။ ကိုယ်မျက်နှာကို မြင်တိုင်း စိတ်ဆင်းရဲတာကလည်း
အလှမက်သူ ကျွန်မအတွက် စိတ်ဒုက္ခကြီးစွာ ခံစားနေရပါတယ် ။ ဘယ်သူမဆို လူတစ်ယောက်ကို တွေ့ပြီးဆိုတာနဲ့
အရင်ဆုံးကြည့်မိတာက မျက်နှာလေ ။ ကိုယ်မျက်နှာလေးက မွတ်နေအောင် ချောမနေရင်တောင် အနာဆာကင်းကင်းလေးနဲ့
ရှင်းသန့်နေဖို့တော့ လိုအပ်တာပေါ့ရှင် ။ ခုတော့ မျက်နှာမဲကြီး ။
ကိုယ်တိုင်စိတ်ညစ်နေတာကို
တစ်ယောက်တည်း မခံစားဘဲ အမျိုးသားကိုပါ နားပူအောင် ပြောပြောနေမိတယ် ။ သူလည်း နားထောင်ယုံမှ
တပါး ဘာလုပ်ပေးတတ်မလဲ ။ ဒီလိုနဲ့ ကိုယ်မျက်နှာကို ကြည့်တိုင်းစိတ်ဆင်းရဲနေရတဲ့ ဝေဒနာကို
ခံစားရင်းရက်တွေကို ဖြတ်ကျော်လာလိုက်တာ တစ်နေ့မှာတော့ ကွန်ပြုတာသုံးနေတဲ့ အမျိုးသားက
……….
*မိန်းမရေ မင်းအတွက်
နည်းလမ်းကောင်းလေး တစ်ခုတွေ့ပြီဟေ့ ။ ငါလည်း နားမပူရတော့ဘူး ။*
*ရှင် ဘာတွေ ပြောနေတာလည်း
*
*ခဏလေး မောင်ပြီးအောင်ဖတ်လိုက်အုံးမယ်
။ ပြီးရင် ပြောပြမယ် *
သူစာဖတ်တာကို ဘေးမှာထိုင်စောင့်ရင်း
* ဒီလူဘာတွေ ပြောနေပါလိမ့်* ဟုတွေးနေမိတယ် ။ ခဏကြာတော့ ကွန်ပြူကို ပြူးကြည့်နေရာကနေ
ကျွန်မထိုင်နေရာဘက်သို့ လှည့်လာပါတယ် ။
*ကဲရပြီ မိန်းမရေ
။ ပြောပြမယ် ။ သေချာနားထောင်နော် ။ မင်းမျက်နှာမဲလေးကို ပြန်ပြီးဖြူချင်နေတယ်မလား
*
*အင်း *
*ဟုတ်ပြီ။ နည်းလမ်းရပြီ
။ သေချာ လိုက်မှတ်နော် ။ *
*အင်းပါ ။ စကားပလင်ခံနေတာနဲ့
စိတ်မရှည်တော့ဘူးနော် *
* မိန်းမကလည်း စိတ်ချည်းပဲ
။ ပြောပြမယ် ။ လုပ်ရမှာက လွယ်တယ် ။ သကြားရှိရင် ရတယ်ကွ ။ လုပ်ရမယ့် နည်းလမ်းက နေ့တိုင်း
ညမအိပ်ခင် တစ်နာရီလောက်မှာ မင်းမျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်ရမယ်
။ မျက်နှာသစ်တဲ့နေရာ သုံးတဲ့ မျက်နှာသစ်ဆပ်ပြာကို facial foam တစ်ခုခုနဲ့ သစ်ရမယ်နော်
။ မျက်နှာသစ်ပြီးရင် ၁၅မိနစ်လောက် ရေမသုတ်ဘဲနေရမယ် ။မျက်နှာသစ်ပြီးတာနဲ့ လုပ်ရမှာက
သကြားလေးတွေကို မျက်နှာပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးရမယ်တဲ့ ။ တစ်ခုရှိတာက အဲဒီသကြားက
အပွင့်သေးသေးလေးတွေကို ရွေးရင် ပိုကောင်းတယ် ။ အဲဒီလို သကြားတွေ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်လောက်
ညင်ညင်သာသာလေးမျက်နှာ အနှံ့ကို ပွတ်နယ်ပေးနေရမယ် ။ပြီးရင် နာရီဝက်လောက်ထားလိုက် ။ နာရီဝက်ပြည့်ပြီဆိုရင်တော့
ရေနွေးခပ်နွေးနွေးလေးနဲ့ ဆေးလိုက်လို့ရပြီ ။ ပြီးရင် မျက်နှာသုတ်ပုဝါနုနုလေးနဲ့ မျက်နှာကို
ဖိဖိပြီး ရေခြောက်အောင် လုပ်ရမယ် ။ အထူးသတိပြုသင့်တာက မျက်နှာကို ရေသုတ်ရင် မျက်နှာသုတ်ပုဝါကြီးနဲ့
အတင်းပွတ်သုပ်တာမျိုး မလုပ်ရဘူးတဲ့ ။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်နိုင်ရင်ပိုကောင်းသတဲ့
။ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပေါ့ ။ သုံးပတ်လောက် ဆက်တိုက်လုပ်ရင် မိန်းမမျက်နှာလေး
နူးညံ့ဖြူဝင်းလာလိမ့်မယ် ။ တကယ်တော့ သကြားဆိုတာ ကာဗွန် တမျိုးပဲလေ ။ သကြားမှာ ကာဗွန်ရဲ့
သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိတယ်လို့ ရေးထားတယ် ။
မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိတယ်တဲ့ ။ နောက်ပြီး
မျက်နှာပြင်အောက်မှာ ရှိတဲ့ ဆားဝက်ခြံ၊ တင်းတိတ်၊ အရေပြား တွန့်တာ၊ မျက်ရစ်ကျတာ၊ အသားတွဲ
တာ၊ ချွေးပေါက်တွေ ကျယ်ပြီး ကြီးတာ၊ အဆီအမြဲပျံနေတတ်တာ၊ မျက်နှာပြင်ခြောက်သွေ့ပြီး
မျက်နှာက တင်းတင်းရင်းရင်း မရှိဘဲ ကျနေတာမျိုး တွေကို သကြားရဲ့ ဓာတ်က ပြုပြင် စုပ်ယူသွားမှာဖြစ်တယ်လို့
ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း တစောင်ရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်များမှာ ရေးထားတယ်လို့ ခု မောင်ဖတ်လိုက်တဲ့ စာထဲမှာ ရေးထားတယ် ။*
No comments:
Post a Comment