မျက်ကွင်းညိုလို့
စိတ်ညစ်နေသူများအတွက်
မှန်ထဲကြည့်နေရင်း
ကိုယ့်ကိုယ်ကို စိတ်ပျက်လက်ပျက် ဖြစ်လာမိတယ် ။ ဟုတ်တယ်လေ ။ ခုရက် အိပ်ရေးပျက်တာတွေ
များပြီးမျက်ကွင်းတွေ ညိုနေကြတာ ကြည့်လို့မှမကောင်းတာကို ။ သွားစရာ လာစရာကိစ္စတွေနဲ့
ရှုပ်နေပြီး ကောင်းကောင်လည်း အိပ်မပျော် ။ မကြာခဏဆိုသလို လန့်လန့်နှိုးနေတော့ အိပ်ရေးကမ၀ချင်တော့ဘူးပေါ့ ။ အိပ်ရေးမ၀တာတွေများတော့
မျက်ကွင်းတွေကလည်း ညိုလာပြီလေ ။ ညိုလာတာက အကြောင်းမဟုတ်ဘူး ။ နောက်သုံးနှစ်ရက်နေရင်
တက်ရမယ့်ပွဲအတွက် ဒီမျက်ကွင်းညိုကြီးနဲ့တော့ ဒုက္ခပါပဲ ။ ထိုင်ရမလို ထရမလိုနဲ့ ဘာလုပ်ရမှန်းကို
မသိတော့ပါဘူး ။
*သမီးရေ
မီးမီးလာတယ်ဟေ့*
အိမ်ရှေ့မှ
မေမေလှမ်းပြောသော စကားသံကိုကြားလိုက်ရင် ချက်ချင်းတုံ့ပြန်စကားပြန်ဆိုလိုက်ပါတယ် ။
*ဟုတ်ကဲ့
မေမေ ။ အခန်းထဲ လွှတ်လိုက်မေမေ *
မီးမီးဆိုတာ
ကျွန်မအချစ်ဆုံးသူငယ်ချင်းပါ ။ ဖုန်းလေးဘာလေးတောင် မဆက်ပဲရောက်လာပုံအရဆို ကြည့်ရတာ
ဘယ်လိုအရေးတော်ပုံတွေ ပေါ်လာပြန်လည်းမသိပါဘူး ။ အတွေးပင်မဆုံးလိုက်ရပဲ အခန်းတံခါးကို
တွန်းဝင်လာသော မီးမီးကို တွေ့ရပါပြီ ။
*ဒေါ်မီးမီးတို့
ဖုန်းတွေဘာတွေတောင် မဆက်ပဲ ပေါ်လာတယ်ဆိုတော့ ဘာတွေဖြစ်လာပြန်တုန်း*
*ဘာမှမဖြစ်ပါဘူးဟယ်
။ အန်တီလေးက ဒီနားသူ့အသိအိမ်ကို လိုက်ပို့ခိုင်းလို့ လိုက်ပို့ရင်းနင့်ဆီဝင်ချင်လို့
ဝင်လာလိုက်တာ *
*အော်
။ အေးပါ ။ နင်က ဘာမှမဖြစ်ပေမဲ့ ငါမှာတော့ ဖြစ်နေတယ် *
*ဟေ ။ ဘာတွေဖြစ်နေလို့တုန်းဟ *
*နောက်ရက်ကို
ပွဲတစ်ခုတက်ရမှာကို နင်သိတယ်မလား*
*အေး
သိတယ်လေ ။ အဲဒါဘာဖြစ်လို့လဲ *
*အဲဒါက
ဘာမှမဖြစ်ဘူးဟေ့ ။ ဖြစ်နေတာက ခုရက်ပိုင်းတွေကို ငါ အိပ်လို့မပျော်တွေဖြစ်ပြီး အိပ်ရေးတွေပျက်နေတာ
။ အိပ်ရေးပျက်တော့ ခုငါ့မျက်ကွင်းတွေက တအားညိုနေတယ်လေ ။ ဒီမျက်ကွင်းညိုကြီးနဲ့ ငါဘယ်လိုပွဲတက်ရမလဲ
တွေးပြီးစိတ်ညစ်နေတာ*
*ပြစမ်း
။ ငါသေချာကြည့်မယ် ။ *
ပြောပြောဆိုဆို
ကျွန်မမျက်နှာကိုဆွဲပြီး အနီးကပ်ကြည့်ပါတော့တယ် ။
*အေး
။ ဟုတ်သားပဲနော် ။ နင်မျက်ကွင်းတွေ တော်တော်ညိုနေတယ် ။ မိတ်ကပ်နဲ့ဖို့တောင် ရပါ့မလားမသိဘူး
။ နေအုံးဟ ငါခုမှ သတိရတယ် ။ ငါဒေါ်လေးမျက်ကွင်းတွေ ညိုတုန်းက သူအသိပြောတဲ့နည်းကိုလုပ်လိုက်တာ
သက်သာသွားတယ် ။ နေအုံး ငါဒေါ်လေးကို ဖုန်းဆက်မေးလိုက်အုံးမယ် ။ ခဏလေး *
မီးမီးတစ်ယောက်
သူ့ဒေါ်လေးဆီကို ချက်ချင်းဖုန်းခေါ်နေပါတယ် ။ ဖုန်းဝင်သွားတာနဲ့ သူမမေးချင်တာတွေ မေးနေပါတယ်
။ ဖုန်းပြောပြီးတာနဲ့ ၀င်းပပျော်ရွင်သောမျက်နှာဖြင့်
*ကဲ
ဘာမှစိတ်မညစ်နဲ့တော့ အားလုံးအဆင်ပြေသွားပြီလို့မှတ်လိုက် *
*ဘာကို
အားလုံး အဆင်ပြေရမှာလဲဟ *
*ဟ
ပြေပြီလေ ။ ဒေါ်လေးက နည်းပေးလိုက်တယ် ။ ခဏလေးနဲ့ သက်သာတယ်တဲ့ ။ ဒီတော့ နင်ပူစရာမလိုတော့ဘူးလေ
။ ဟုတ်ဘူးလား *
*ဟုတ်ပါပြီ
။ နင့်ဒေါ်လေးပြောတဲ့ နည်းလေးကို ပြောပြစမ်းပါအုံး*
*နည်းကလွယ်လွယ်လေး
။ လုပ်ရတာလည်း လွယ်တယ် ။ ဒီလိုဟ ။ မျက်ကွင်းညိုရင်
မီးဖိုထဲကအာလူးတစ်လုံးနဲ့တင် ကိစ္စပြီးတယ်ဆိုပဲ ။ အာလူးကိုအခွံနွာပြီး အသားတွေပါးပါးလှီး နုတ်နုတ်စဉ်း ရမယ်တဲ့ ။ပြီးရင်လက်နဲ့ဆုပ်ပြီးအရည်ညှစ်။ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်မှာ အုံပေးရမယ် ။ ၁၅မိနစ်လောက်တော့ ကြာ အောင်ထားပေးရမယ်။ အဲဒါကို နေ့စဉ် (သို့မဟုတ်) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်းကနေ ကင်းဝေးပြီး နင်ပြန်ပြီးလှပသွား ပါလိမ့်မယ်။*
မီးဖိုထဲကအာလူးတစ်လုံးနဲ့တင် ကိစ္စပြီးတယ်ဆိုပဲ ။ အာလူးကိုအခွံနွာပြီး အသားတွေပါးပါးလှီး နုတ်နုတ်စဉ်း ရမယ်တဲ့ ။ပြီးရင်လက်နဲ့ဆုပ်ပြီးအရည်ညှစ်။ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်မှာ အုံပေးရမယ် ။ ၁၅မိနစ်လောက်တော့ ကြာ အောင်ထားပေးရမယ်။ အဲဒါကို နေ့စဉ် (သို့မဟုတ်) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်းကနေ ကင်းဝေးပြီး နင်ပြန်ပြီးလှပသွား ပါလိမ့်မယ်။*
*အယ် လုပ်ရတာလည်း လွယ်ကူလိုက်တာ ။ လုပ်ဆို
ခုချက်ချင်းကို ငါလုပ်တော့မယ် ။ လာခဲ့နင်လည်း ကူလုပ်ပေး *
*အေးပါ ။ အေးပါ ။ ကူညီမယ့် ကူညီ အစဆုံးတိုင်
ကူညီရတော့မှာပေါ့ဟယ် ။
မျက်ကွင်းညိုခြင်းတွေပျောက်ပြီး လှလှပပလေး
ပွဲတက်ရတော့မယ့်အရေး ကြိုတွေးကာ ပျော်ရွင်နေမိပါတော့တယ် ။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment