Monday, December 17, 2018

ပြိုင်စံရှားသည့်အိုဘယ့်မိခင်


ESSENCE မဂ္ဂဇင်း  - ဒီဇင်ဘာလ ၊ ၂၀၁၄ ခုနှစ်

၁၁
ပြိုင်စံရှားသည့်အိုဘယ့်မိခင်
မိုးလေးတစိမ့်စိမ့် စွေနေ၏ ။ အေးမြမြရာသီဥတု၏အောက်တွင် ရှိနေသော အိမ်လေးတစ်လုံး ။ အိမ်ကလေးမှာ သွပ်မိုးပျဉ်ကာလေးဖြစ်သည် ။ လူလတ်တန်းစားမကျ ၊ ဆင်းရဲသားမကသောထိုအိမ်လေးထဲ၌ အသက်လေး ဆယ်ကျော်ခန့်ရှိသောဒေါ်တင်ရွှေအမည်ရှိအမျိုးသမီးတစ်ဦးအလုပ်ရှုပ်နေ၏ ။ မနက်ဖြန်ဈေးရောင်းရန်အတွက် ပြင်ဆင်နေခြင်းဖြစ်သည် ။
ဒေါ်တင်ရွှေမှာ စကော့ဈေးထဲ၌ ခေါပျဉ်၊ ရွှေထမင်း၊ မုန့်လိပ်ပြာ၊ စလူမုန့်၊ သာကူမုန့်ဦးနှောက် မုန့်ဗိုင်းတောင့် ၊ အုန်နို့နဲ့ဆမ်းစား အစရှိသည့် မြန်မာမုန့်မျိုးစုံအားရောင်းချသူတစ်ဦးပင် ။တစ်ချက်ဝှေ့ခနဲ တိုက်ခတ်လာသည့် မိုးစက်များပါဝင်နေသည့် လေအေးတချက်ကြောင့် ဒေါ်တင်ရွှေ၏ပုခုံးနှစ်ဖက်ကျုံ့ဝင်သွားလေ၏။ မိုးငွေ့ပါလို့ထင်ပါ့ အေးလိုက်တာ ဟု တွေးရင်း “ မနက်ဖြန်ဈေးထွက်ချိန်အခုလို မိုးအုံ့နေရင်တော့ ဒုက္ခပါပဲ ” ဟု ညည်းတွားလိုက်မိသည် ။ ယခုရက်တွေက ဒေါ်တင်ရွှေအတွက် ငွေလိုသည့်ရက်များပင် ။ ကလေးတွေ ကျောင်းအပ်ရတော့မည် ။ အကြီးမက ယခုနှစ်ကိုးတန်းကျသဖြင့် ကျောင်းပြန်အပ်ရမည် ။ အငယ်ယောကျာင်္းလေး လေးယောက်ကိုလည်း ကျောင်းအပ်ရမည် ။ သားသမီး ငါးယောက်တာဝန်ကို ဈေးဗန်းခေါင်းရွက်ကာမညည်းမညူရှာကျွေးနေသူဖြစ်သည် ။ ဟိုတွေး၊ဒီတွေးဖြင့် လက်ကလည်း အလုပ်နှင့်လက်မပြတ်ပေ။
ကြွေပု တစ်ယောက် မနက်ကတည်းက သတင်းစာထဲမှာ ဖတ်ရသည့် သင်တန်းခေါ်ယူသော ဖြတ်ပိုင်းလေးကို ဖတ်နေမိသည်မှာ ဘယ်နှကြိမ်မှန်းပင် မသိတော့ပေ ။ ဒီနှစ်ကိုးတန်းကျထားသည်မို့ ကျောင်းလည်း ဆက်မတက်ချင်တော့ပေ ။ သတင်းစာထဲ၌ ပါလာသော သင်တန်းလေးအား စိတ်ဝင်စားနေသည် ။ သင်တန်းက အဆောင်လည်းပေးမည် ။ ထမင်းလည်းကျွေးမည် ။ စတိုင်ပင်လည်းပေးဦးမည် ဆိုသောကြောင့် အထူးပင် စိတ်ဝင်စားနေမိ၏ ။ ကျောင်းပြီးလျှင်လည်း အစိုးရချည်မျှင်နှင့် အချောကိုင်စက်ရုံတွေမှာ အလုပ်ဝင်၍ရသေးသည်။ပညာအရည်ချင်းကလည်းရှစ်တန်းအောင်မို့အချက်အလက်အားလုံးကြွေပုနှင့်ကိုက်ညီ နေပါသည် ။ အလွန်လည်း တက်ချင်နေမိသည် ။ အမေကို ခွင့်ပြုချက်တောင်းရန် အမေ့အရိပ်ကဲကို စောင့်ကြည့်နေခြင်းပါ ။ မနက်ကတည်းက အလုပ်နှင့် လက်မပျက်သောအမေ့အနားမှာ မယောင်မလည်လုပ်နေမိသည် ။ ယခုတော့ အရဲစွန့်ကာ ပြောမည်ဟုဆုံးဖြတ်ကာ အမေအနားသို့ ကြွေပု ကပ်ရတော့သည် ။
“ အမေ 
“ဟေ ! ပြောလေကြွေပု ”

ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၁၂

ကြွေပုအမေ့ကိုခဏမျှ စိုက်ကြည့်လိုက်သည် ။ ကြွေပုစိတ်ထဲ အမေလက်ခံကောင်းပါရဲ့ဟု အားတင်းလိုက်သည် ။ အမေ့ကို လက်ခံအောင်ပြောရမည် ။
“အမေ့ကို ကြွေပု ခွင့်တောင်းစရာလေး ရှိလို့ပါ ”
“အင်း …ဘာများလဲ ပြောပါဦး ”
“သမီး ရက်ကန်းကျောင်း တက်ချင်လို့ပါ ။ အဲဒီကျောင်းကို လျှောက်မလို့ပါ အမေ”
သမီးကြွေပုဆီက ဒေါ်တင်ရွှေ မထင်သည့်စကားကို ကြားလိုက်ရခြင်းကြောင့် ချက်ချင်းဘာပြန် ပြောရမှန်းမသိအောင်ဖြစ်သွားသည်။ သမီးကြွေပုကစာမေးပွဲကျလို့ အမေဖြစ်သူကို ညှာတာထင်ပါရဲ့။ကြွေပုက အမေဆီကနေ ပြန်လာမည့်အဖြေကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေရှာသည် ။ အမေ ဘာဖြေမလဲဆိုသည့် မျှော်လင့်ချက်တွေနဲ့ပေါ့ ။ ဒေါ်တင်ရွှေ ဘယ်လို ပြန်ဖြေရမည်နည်း ။
“သမီးရယ် တစ်နှစ်တည်း ကျတာဘဲ ။ နောင်နှစ်ထပ်ဖြေပါအုံး”
“ဟင်အင် အမေ ။ သမီး ဒီသင်တန်းကိုပဲ စိတ်ဝင်စားနေပြီ ။ သင်တန်းက စာတော်ရင် အဲဒီကျောင်းမှာ ဆရာမလည်း ပြန်လုပ်လို့ရတယ်အမေ ။ အဆောင်လည်းပေးတယ် ။ ထမင်းလည်းကျွေးတယ်အမေ ။ သင်တန်းဆင်းရင်လည်း အလုပ်က အဆင်သင့်လေ ”
အားကျိုးမာန်တက် ရှင်းပြနေသည့် သမီးကိုကြည့်ရင်းဒေါ်တင်ရွှေ စိတ်မကောင်း ဖြစ်နေမိသည် ။ သမီးမျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး မေးခွန်းတစ်ခု ပြန်မေးလိုက်သည် ။
“သမီးက ဆုံးဖြတ်ပြီးပြီလား...........တစ်ကယ်ရော ၀ါသနာပါလို့လားသမီးရယ်”

“သမီး တကယ်တက်ချင်နေတာပါ အမေ ။ သမီး တက်ပါရစေနော် အမေ ”
သမီး၏တောင်းဆိုစကားလေးက ဒေါ်တင်ရွှေကို ခတ္တခဏငိုင်သွားစေပါသည် ။ ဒေါ်တင်ရွှေ သမီးကြွေပု၏ ဦးခေါင်းကလေးကို ညင်သာစွာ ပွတ်သပ်ရင်း ဆက်ပြောလိုက်သည် ။
“ကြွေပု အရမ်းတက်ချင်နေတယ်ဆိုလည်း  လျှောက်ကြည့်ပေါ့ ။ အမေ သဘောတူပေးရမှာပေါ့ ။ အမေ့သဘောကတော့ ကြွေပုကို ကျောင်းတက်စေချင်တာပါပဲ ။ သမီးက ဒီသင်တန်းကိုမှ စိတ်ဝင်စားနေပြီဆိုတော့လည်း သမီးသဘောပေါ့လေ ”

ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၁၃

“အမေ တကယ်ပြောတာနော် ။ ဟေးးးးးး ပျော်လိုက်တာ ။ သမီး ပြောစရာရှိသေးတယ် အမေ ။ သမီးလေး သင်တန်းမှာ ဆရာမပြန်ဖြစ်အောင် ကြိုးစားမှာ သိလား ။ တကယ်လို့ သမီးသာ ဆရာမဖြစ်ခဲ့ရင် မေမေ သမီးနဲ့ လိုက်နေရမယ်နော် ”
သမီးဆီကကြားလိုက်ရသော တောင်းဆိုသံလေးကြောင့် ဒေါ်တင်ရွှေ အံ့သြသွားရပြန်သည် ။ သို့သော် သမီးကြွေပု စိတ်ချမ်းသာစေခြင်းအလို့ငှာ ခေါင်းညိတ်ပြလိုက်မိ၏ ။ အမေ့၏လက်ခံမှု့ကိုကြွေပုရသည်နှင့် ကျေနပ်သွား၏ ။မျက်နှာလေးတစ်ခုလုံး ၀င်းပသွားလေသည် ။ကျောင်းဆရာမဖြစ်လျှင် အမေ့လိုက်နေမည် ဆိုသော ခေါင်းညိတ်လက်ခံမှု့အား ကြွေပု မှတ်သားထားလိုက်ပါတော့သည် ။

“သမီးလေ ဆရာမဖြစ်ကို ဖြစ်ရမယ် အမေ သိလား ”
ကြွေပုသည် ထိုစကားကို ဆိုပြီးသည်နှင့် ပေါ့ပါးသော ခြေလှမ်းများဖြင့် အိမ်ရှေ့သို့ ထွက်သွားပါတော့သည် ။ သားသမီး ငါးဦးထဲမှာ အကြီးဆုံးသမီး ။ မိန်းကလေး တစ်ဦးတည်းပါသူ ။ အနေအေးကာ ပြောရင်ပြောသလို ဖြစ်အောင် လုပ်တတ်သူ ။ဒေါ်တင်ရွှေတစ်ယောက် ထိုင်နေသည့် နေရာမှာပင် မျက်ရည်တွေ ပါးပြင်ပေါ်သို့ စီးကျလာရ၏ ။ထွက်ခွာသွားသော သမီးလေး နောက်ကျောကိုငေးမောရင်း ဒေါ်တင်ရွှေတစ်ယောက် အတိတ်ကမ္ဘာလေးထဲသို့ အလည်ရောက်သွားရပြန်သည် ။
 သမီးလေးကြွေပု နှစ်နှစ်သမီးလောက်မှာ သမီးအဖေ လေဖြတ်ပြီး ဆုံးပါးသွားခဲ့သည်။ သမီးဖေဖေ့ မရှိတော့ပေမယ့် ထားရစ်ခဲ့သော ပစ္စည်းလေးတွေဖြင့် သားအမိနှစ်ယောက် အခြေနေမပျက်နေနိုင်ခဲ့သည် ။ သမီးဖေဖေကဒေါ်တင်ရွှေထက် ၁၅နှစ်တိတိကြီးပြီး ရုပ်ရည်ရူပကာချောမောသူတစ်ဦးဖြစ်သည် ။ ကြွေပုက အဖေနှင့် အမေဆီက အလှတရားတွေကို ပေါင်းစပ်ထားသူမို့ နန်းဆန်ဆန်လေးနှင့် အင်မတန် ချောမောလှပသူတစ်ဦးပင် ။ သမီးလေး အသက်ဆယ်နှစ်လောက်မှာ ဒေါ်တင်ရွှေကသူ့ထက် ငါးနှစ်ခန့်ငယ်သော ကိုထွေးဆိုသည့် လူငယ်တစ်ဦးဖြင့် နောက်အိမ်ထောင်ပြုခဲ့လေသည် ။ မည်သည့်အလုပ်ကိုမှ မယ်မယ်ရရ မလုပ်ချင်သော ကိုထွေးသည် အရက်လေးသောက် ဖဲလေးရိုက်လိုက်ဖြင့်သာ နေချင်သူဖြစ်သည် ။ သို့နှင့် သားလေးယောက်ထွန်ကားခဲ့ရသည် ။
ကိုထွေးကို စိတ်ကုန်နေပေမယ့်တည်မိသည့်ဘုရား လင်းတနားနား ဆိုသကဲ့သို့ သားတွေ မျက်နှာအား ထောက်ထားပြီး သည်းခံပြီးနေလာခဲ့သည်မှာ ယခုဆို သမီးလေးကြွေပုတောင်အရွယ်လေးရလာခဲ့ပြီ ။ စကော့ဈေးထဲမှာ မုန့်မျိုးစုံကို ဗန်းရွက်ရောင်းပြီး သမီးလေးနဲ့ သားလေးယောက်အတွက် ခါးချည့်အောင် ဈေးရောင်းကျွေးခဲ့သည် ။ ဖခင်ကပြည့်ပြည့်စုံစုံထားခဲ့ပါလျှက် ဒေါ်တင်ရွှေ၏ မှားယွင်းသော ချွေးချယ်မှုကြောင့်
ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၁၄

သမီးလေးပါရောပြီး ဒုက္ခခံနေခဲ့ရလေသည် ။ နောက်အိမ်ထောင်နှင့်ရသည့်မောင်လေးတွေကိုလည်းသမီးက မောင်အရင်းတွေလိုပင် ချစ်ရှာ၏ ။ ထိုသို့ သိတတ်လိမ်မာသည့် သမီးတောင်းသောကတိအား မေမေ တည်အောင် ကြိုးစားပါ့မယ်ကွယ်ဟု ရင်ထဲမှာ တီးတိုးကတိပေးနေမိပါသည် ။
“သမီးလေး ဆရာမ ဖြစ်တဲ့ တစ်နေ့ မေမေ သမီးနဲ့တကယ်လိုက်နေမယ် ”

စိတ်ထဲကမှ ကတိတွေ အထပ်ထပ်ပေးနေမိပါသည် ။

******************************************************

သုံးနှစ်ခန့်ကြာသော်…………………

တစ်နေ့တွင် သမီးလေး သင်တန်းကျောင်းမှ စာတစ်စောင်ရောက်လာပါသည် ။

မေမေ
နေကောင်းတယ်နော်...........မောင်လေးတွေရော နေကောင်းကြတယ်မဟုတ်လား။အားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ။ သမီးလည်း အစစအရာရာ အဆင်ပြေပါတယ်။မေမေကို သမီး အသိပေးခွင့်တောင်းစရာလေးရှိလို့ စာရေးလိုက်ပါတယ် ။ အခုသမီး နဲ့ တစ်ကျောင်းတည်းဖြစ်၊ သမီး ဆရာလည်းဖြစ်တဲ့ ကိုအောင် နဲ့ သမီး ရည်ငံနေကြပါတယ် မေမေ ။ သူက သမီးကျောင်းပြီးတာနဲ့လက်ထပ်ချင်တယ်လို့ ခွင့်တောင်းနေပါတယ် ။ သမီး တစ်ကိုယ်ကောင်းမဆန်ချင်ပါဘူး။ကြွေပုအမေနဲ့ မောင်လေးလေးယောက်ကိုပါ တစ်သက်တာ တာဝန်ယူနိုင်မှလက်ထပ်မယ်လို့ ကိုအောင်ကို ပြောထားပါတယ်  ။ သူကလည်း တာဝန်ယူပါ့မယ်လို့ ကတိပေးလာပါတယ် ။ မေမေဆီမှာ လာပြီးတောင်းရမ်းချင်တဲ့အကြောင်း သမီးကို ပြောနေပါတယ် ။ ဒါကြောင့် သမီး မေမေဆီကို
ခွင့်တောင်းတာပါ ။ မေမေဆီကို သူကိုယ်တိုင် လာတွေ့ပါလိမ့်မယ် ။ မေမေ ဆုံးဖြတ်ချက်ကိုပဲ သမီးအတည်ယူမှာပါ ။
မေမေကို အရမ်းချစ်တဲ့

သမီးလေး
ကြွေပု

ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၁၅

သမီးလေး စာက ဆုံးသွားပေမယ့် စာလေးကို စိုက်ကြည့်နေမိသည်။ သမီးလေးတောင် အိမ်ထောင်ပြုရမည့်
အရွယ်ကိုရောက်နေခဲ့ပြီပဲ ။

******************************************************

သမက်တော်ရမည့် ကိုအောင်ဆိုသည့်ကလေး ဒေါ်တင်ရွှေ ရှေ့မှောက်သို့ ရောက်လာခဲ့ပါသည် ။ သမက်လောင်းကို တွေ့လိုက်ရချိန်မှာတော့ ဒေါ်တင်ရွှေတစ်ယောက် အလွန်မင်း တုန်လှုပ်သွားခဲ့ရလေသည် ။
“အောင်မလေး ဘုရားဘုရား ”
ပါးစပ်မှထုတ်၍ ဘုရားတမိတဲ့အထိကို တုန်လှုတ်သွားခဲ့သည် ။ သမီးလေးကြွေပုရယ် ဘယ်လိုလူမျိုးကိုများ ရွေးချယ်ခဲ့ပါလိမ့် ။ ဘာသာမတူသည့် ဘာသာခြားတစ်ဦးဖြင့် ဘယ်လိုနည်းနှင့်မှ သဘောမတူနိုင်ပေ ။ ဒေါ်တင်ရွှေ၏အတွေးကို အကင်းပါးသည့်သမက်လောင်းက ရိပ်မိဟန်တူပါ၏ ။
“ ကျွန်တော်က ဗုဒ္ဓဘာသာ ကိုးကွယ်သူပါ အန်တီ......အဖေက ဟိန္ဒူလူမျိုးမို့ ကုလားဆင်နေတာပါ ။
အန်တီမယုံကြည်သေးဘူးဆိုရင် ကျွန်တော် သာသနာ့ဘောင်ဝင်ပြီး ရဟန်းခံပြပါမယ် ခင်ဗျာ ”
အပြောမဟုတ်ဘဲ အမှန်တကယ် ရဟန်းခံခဲ့ပါသည် ။ သမီးလေးကြွေပုကို တစ်သက်တာကြင်နာပါ့မည့် ဆိုသောကတိတွေကိုလည်း အထပ်ထပ်ပေးရှာ၏ ။
“ကြွေပု ကို ကျွန်တော် တကယ်ချစ်မြတ်နိုးတာပါ အန်တီ ။ တစ်သက်လုံး စိတ်ချမ်းသာအောင် ထားပါ့မယ်ဗျာ ။ ကြွေပု မေမေနဲ့ မောင်တွေကို ကျွန်တော် တစ်ကယ် တာဝန်ယူမှာပါ ”
သမက်လောင်း၏အပြောဆို အပြုမူတို့သည် ဟန်ဆောင်နေခြင်းမဟုတကြောင်း လေ့လာပြီးသည့်နောက် သမီးလေး ကြွေပုနှင့်ကြည်ဖြူစွာ လက်ခံသဘောတူပေးခဲ့ပါသည် ။ သမီးလေး အမှန်တစ်ကယ်ကို လူရွေးမှန်ခဲ့တယ်ဟု ဆိုရပေမည် ။ သမက်ဖြစ်သူသည် သမီးကြွေပုအား အမှန်တကယ် ချစ်မြတ်နိုးပြီး မိသားစု စိတ်အပြည့်ရှိသူ တစ်ဦးဖြစ်နေခဲ့သည် ။ ပညာတတ်ဆရာတစ်ဦးနှင့် ဘ၀လက်တွဲခွင့်ရလို့ ၀မ်းသာရပေမယ့် ကိုယ့်သမီးလေးအား နှမြောစိတ်ကလေးလည်း ဖြစ်တည်ခံစားမိ၏ ။
သည်လိုနင့် သမီးကြွေပုတစ်ယောက် ကိုယ်လေးလက်ဝန်ရှိလာခဲ့ပြီး မြေးဦးကိုယ်ဝန်ပင် လွယ်ထားရလေပြီ ။ မြေးဦးလေး မွေးဖွားခါနီးအချိန်၌ ဒေါ်တင်ရွှေ၏ ဝေခွဲရခက်နေသော စိတ်တံခါးတွေ ပွင့်လာကြတော့သည် ။
ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၁၆

ဒေါ်တင်ရွှေတစ်ယောက် အိမ်သားဖြစ်သူအား သမီးကလေးမွေးဖွားတော့မှာမို့ သွားနေလိုက်ဦး မည်ဟု ပြောကာ အငယ်ဆုံးသားဖြစ်သူ ကိုထွေးအားလက်ဆွဲ၍ သမီးဆီသို့ အရောက်လာခဲ့သည် ။ ။ ဒေါ်တင်ရွှေ အစီစဉ်တကျ ကြိုတင်ပြင်ဆင်ထားခဲ့သည်ကိုတော့ မည်သူမှမရိပ်မိကြပေ ။ သမီးဆရာမ ဖြစ်ရင် မေမေ လိုက်နေမယ်နော် ဆိုသောကတိစကားတည်ဖို့အတွက် ဒေါ်တင်ရွှေသမီးဆီသို့ အပြီးတိုင်ထွက်လာခဲ့ခြင်းပင်။ ရှစ်တန်းကျောင်းသားသားငယ်ကိုထွေးအတွက် ကျောင်းထွက်လက်မှတ်တွေကိုပါ အပြီးတစ်ပါတည်း ယူဆောင်လာခဲ့သည် ။ သမီးကြွေပုခမျာ ကတိတောင်းထားသည့်တိုင် အမေကိုဖြစ်သူကို လိုက်နေဖို့မခေါ်ခဲ့ရှာပေ ။ ဒေါ်တင်ရွှေတစ်ယောက် ယောကျာ်းဖြစ်သူနှင့် မသင့်မတင့်ဖြစ်ခြင်း မရှိပါဘဲ သမီးဆီသို့ အရောက်လာခဲ့ပါပြီ ။


ခြောက်လခန့်ကြာသော်
မြေးဦးလေးပင် ငါးလသားရခဲ့လေပြီ။ ကြွေပုမွေးခါနီးကတည်းက ရောက်နေသည့် အမေ့လည်း လပေါင်းများစွာ တိုင်ခဲ့၏ ။ သည်နေ့တော့ဖြင့် အမေကို ပြောရပေမည် ။ ကြည့်ရသည်မှာ ကြွေပုကို အားနာ၍ မပြောခြင်းဖြစ်မည် ။ ကြွေပုစပြောမှ ဖြစ်ချေတော့မည် ။ ကလေးနို့တိုက်နေရာသို့ လာထိုင်သော အမေ့အား ဘယ်ကစပြောရမလည်း တွေးရင်းဖြင့်
မေမေ ခုဆိုရင် သမီးလေးလည်း ငါးလရနေပြီ ။ အမေ့ကို ဦးလေးလည်း မျှော်ရော့မယ် ။ မေမေ ပြန်သင့်ပြီ ။ သမီး အမေကို မနေစေချင်လို့ နှင်တာ မဟုတ်ပါဘူးနော် ။အမေ အမျိုးသားအနေနဲ့ပြောစရာ ဖြစ်နေမှာစိုးလို့ပါ ။ အမေတို့ကိုလည်း ပြသနာမဖြစ်စေချင်ဘူး အမေ”
“သမီး သေချာနားထောင်နော်....အခု မေမေလာတာ ခဏလာတာ မဟုတ်ဘူး....သမီးနဲ့ အပြီးနေဖို့လာခဲ့တာ ။
ဘယ်တော့မှ မပြန်တော့ဘူး သမီး”
“ရှင် ! မေမေတကယ်ပြောနေတာလား”

“တကယ်ပြောတာ ........မေမေ ဆုံးဖြတ်ပြီးရင် မပြင်တတ်တာ သမီးသိပါတယ် ”

ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၁၇

ပြောပြီးသည်နှင့် ကြွေပုရင်ခွင်ထဲက နို့ဝနေသည့် ကလေးအားချီ၍ ထွက်သွားပါတော့သည် ။ တဒင်္ဂအတွင်း ကြွေပု၏ခံစားမှု့တွေ မျိုးစုံနေသည် ။။ အံ့သြခြင်း ၊ ၀မ်းသာခြင်း ၊ အားနာခြင်း အစရှိသော ခံစားချက်တို့ဖြင့် ကျန်ရစ်ခဲ့လေသည် ။

******************************************************

သို့နှင့် ရက်ကိုလစား ၊ လကို နှစ်စား၍မြေးမလေးတစ်ယောက်ကနေ သုံးယောက်မြောက်သည့် အထိမြေးတွေထိန်းကျောင်းရင်း ဘ၀ကို ကျေနပ်ပျော်ရွင်စွာနေခဲ့လေသည် ။ အမျိုးသား ဘယ်လိုပင်ပြန်ခ်ါခေါ် ဒေါ်တင်ရွှေတစ်ယောက်ကတော့ လုံးဝပြန်မလိုက်တော့ပေ ။ သားလေးယောက်စလုံးကလည်း ဒေါ်တင်ရွှေနဲ့ပင် အားလုံးလိုက်နေခဲ့ကြသည် ။ အမျိုးသားသေလျှင်ပင် မပြန်ခဲ့သည်အထိ ပြတ်သားနိုင်ခဲ့၏ ။ သားသမက်လုပ်သူကလည်း ပေးထားသည့်ကတိကို လေးစားတစ်ဦးပင် ။ ဒေါ်တင်ရွှေနှင့်တကွ သားလေးယောက်စလုံးကို အပြုံးမပျက် အားလုံးကို တာဝန်ယူခဲ့လေသည် ။ သမက်လုပ်သူက ရက်ကန်းကျောင်းမှထွက်ပြီး စီးပွားရေးလောကထဲသို့ ခြေစုံပြစ်ဝင်ခဲ့သည် ။ သမီးဖြစ်သူ ကြွေပုကလည်း တစ်ဖက်တလမ်းမှ ကြိုးစားစုဆောင်းခြင်းတို့ကြောင့် အခြေတကျ နေနိုင်ခဲ့ကြသည် ။သမက်ဖြစ်သူ၏ ဂရုစိုက် ခြင်းကြောင့် ဒေါ်တင်ရွှေတစ်ယောက်မြေးမလေးသုံးယောက်ကိုလိုလေးသေးမရှိအောင်ကို ပြုစုစောင်ရှောက်ရင်း ကျေနပ်ပျော်ရွင်နေနိုင်ခဲ့ပါသည် ။
“ မေမေတို့များ ဘယ်လောက်ပင်ပမ်းနေပါစေ အမြဲ ပြုံးနေတာဘဲနော် ”
သမီးကြွေပုက အမြဲပြောတတ်သည် ။ ထိုသို့ပြောလာချိန်တိုင်း ကျွန်မရင်ထဲကနေ တိတ်တခိုးလေး ပြန်ပြောမိတဲ့စကားလေး တစ်ခွန်းရှိသည်။
“ သမီးကြွေပုကို ချစ်တဲ့ မေမေ့ချစ်ခြင်းတရားတွေပေါ့ ။ သမီးအပေါ်ထားတဲ့ အမေ့မေတ္တာ ၊ ထုပမာဏကို နှိုင်းယှဉ်စရာ မရှိပါဘူးကွယ် ”

******************************************************
နှစ်နှစ်ဆယ်ခန့်ကြာသော်

ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၁၈

မြေးသုံးယောက်တောင် အိမ်ထောင် ကျကုန်ကြလေပြီ ။ ဒေါ်တင်ရွှေ အသက်သည်လည်း ရှစ်ဆယ်တိုင်ခဲ့လေပြီ ။ ယခုချိန်ထိ သမီး သမက် မြေးတွေနှင့် ပျော်ရွင်စွာ နေနိုင်နေတုန်းပင်။ သည်လိုနှင့် တစ်နေ့မှာ ဇယာ၏ဖောက်လွဲဖောက်ပြန်မှုကြောင့် စတင်နှိုးစက်ပေးလာခဲ့လေသည် ။ ဒေါ်တင်ရွှေတစ်ယောက် ရင်ဘတ်တွေ အလွန်အောင့်ရာကနေ သတိလစ်သွားခဲ့လေတော့သည် ။ ဆေးရုံပေါ်၌ ငါးရက်တိတိ ဆေးကုသမှုခံယူခဲ့ရသည် ။ ငါးရက်လုံး သမီးကြွေပုက အနားကနေတစ်ဖွားမှမခွာ ပြုစုပေးရှာသည် ။ သမီးကြွေပု၏ ပြုစုဂရုစိုက်ခြင်းတွေသည် ဆေးဝါးတွေနည်းတူပင် အစွမ်းထက်စေခဲ့ပါ၏ ။ ဆေးရုံက ဆင်းရသော်လည်း တစ်လလောက် အနားယူပြီးလျှင် နှလုံးစက်ထည့်ဖို့ ဆရာဝန်က ညွှန်ကြားလိုက်ပါသည်။
အိမ်ပြန်ရောက်သည်နှင့် သမက်ဖြစ်သူက နှလုံးစက်ထည့်ရန် ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ်ခဲ့သည် ။ ခွဲစိတ်ရမည့် ရက်ပါ တခါတည်း ယူထားလိုက်ပါသည် ။ ရန်ကုန်ဆေးရုံကြီး၌ ရက်ယူခဲ့ပြီး နောက်နေ့မှာပင် မြေးအငယ်ဆုံးမလေးက ကလေးမွေးဖို့အတွက် သူ့အမျိုးသားတပ်ကနေ အိမ်သို့ပြန်ရောက်လာခဲ့ကြလေသည် ။ နှလုံးစက်ထည့်ရန်ရက်ချိန်းယူထားသည့်နေ့ကို ရောက်ဖို့ နှစ်ရက်ခန့်အလိုတွင် ဒေါ်တင်ရွှေ ရန်ကုန်သို့ ဆင်းရန် စီစဉ်ရပါသည် ။ သမီးကြွေပုနှင့်အတူ သမက်လုပ်သူပါ လိုက်ဖို့စီစဉ်ကြသည် ။ သွားဖို့ အဆင်သင့်ဖြစ်ချိန်၌ သမက်ဖြစ်သူက အစီစဉ်ပြောင်းပါသည် ။


“ကြွေပု ဒီလိုလုပ်ပါလား သမီးငယ်ကလည်း မွေးဖို့ရက်နီးနေပြီ မင်းနေခဲ့လိုက်ပါလား ။ အမေခွဲမဲ့နေ့ရောက်မှ ကြွေပု လိုက်လာခဲ့လေ ။ တော်ကြာ ဒီကြားထဲ မွေးဟယ်ဖွားဟယ်ဆို  သမီးငယ် အားငယ်နေလိမ့်မယ် ”
ကြွေပုတွေဝေသွားမိသည် ။ အမျိုးသားပြောသည်ကလည်း ဆီလျော်နေသည်မို့ စိတ်အိုက်သွားသည် ။ အမေ့ကို အားနာစွာ ကြည့်လိုက်မိတယ်ဆိုရင်ဖြင့် အပြုံးမပျက်သည့် အမေထုံးစံအတိုင်း နာလည်မှုအပြုံးဖြင့်
“သမီးကြွေပု နေခဲ့လိုက်လေ......မေမေခွဲမယ့်နေ့မှ လိုက်လာနော် ။ သားပြောတာ ဟုတ်တယ် ။ မြေးက သားဦးမွေးမှာလေ ။ အတွေ့ကြုံလည်း မရှိသေးဘူး ”
“မေမေ....သမီး ဆက်ဆက်လိုက်လာမယ်နော်....မကြောက်နဲ့နော်........ဘာမှ မဖြစ်ဘူးသိလား”
“အေးပါသမီးလေးရယ်.....စိတ်ချမယ်...မြေးလေးကို ဂရုစိုက်နော် ။ ကလေးကငယ်သေးတယ် ။ ပြီးတော့ မွေးမှာလည်း သားဦးလေ”
“ ဟုတ်ကဲ့ပါမေမေ”
ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၁၉

မေမေ နှင့်အမျိုးသားတို့ နှစ်ဦးသား ရန်ကုန်သို့ ထွက်ခွာသွားလေသည် ။ အမေ့တို့ ထွက်ခွာသွားသည့် ကားကလေးအား မျက်စိတဆုံးငေးနေမိစဉ်
“မေမေ”
သမီးငယ်လေးခေါ်သံက ကြွေပုအာရုံတွေကို ဆွဲငင်စုစည်းလိုက်သည် ။ သမီး မျက်နှာလေးက မွေးခါနီးလေ နုဖတ်လာလေပဲ ။ ကြည့်ရတာမိန်းကလေးပဲ မွေးမယ်ထင်ပါရဲ့ ။ ခြေထောက်လေးတွေ ငုံ့ကြည့်လိုက်မိတော့ ဖောယောင်နေသလိုထင်ရတာမို့ မေမေအတွက် ပူပန်မှုများသည် သမီးငယ်လေးဆီသို့ ချက်ချင်းကူးပြောင်းသွားကြပါတော့သည် ။
“ငယ်လေး နေရတာ ကောင်းရဲ့လား ”
“ကောင်းပါတယ် မေမေ ။ အခုနလေ မေမေ လိုက်သွားမယ်ထင်နေတာ....မေမေသွားနေတုန်း
သမီး မီးဖွားရမှာကို ကြောက်နေတာမေမေ ”
“သမီးလေးရယ်”
သမီးလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်မိသည် ။ သားသမီးတွေ ဘယ်အရွယ်ကိုရောက်နေနေ မိဘရင်ခွင်ထဲကိုတိုးဝင်လာတိုင်း မွေးကင်းစ နို့တိုက်ကလေး အရွယ်လေးတွေလို့ပဲ စိတ်ထဲမှာ ခံစားမိသည်မှာ မိဘတိုင်း၏ တူညီသော ခံစားမှုတစ်ခုပင် ။ သမီးလေးဆံစလေးတွေကိုညင်သာစွာ သတ်ပေးရင်း သမီးလေး အဆင်ပြေပြေ အန္တာရယ်ကင်းကင်းမွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးနေမိပါတော့သည် ။
******************************************************
သည်ကနေ့ကြွေပုစိတ်တွေလေးနေသည် ။ ရင်ထဲ တစ်မျိုးတမည်ခံစားနေရသည် ။ မေမေ နှလုံးစက်ထည့်မည့် နေ့ကို ရောက်ခဲ့ပါပြီ။ ဒီနေ့ ညနေမေမေကိုနှလုံးစက်ထည့်မှာမို့ ယခုမနက် မေမေရှိနေတဲ့ ရန်ကုန်သို့သွားရန် ဒေါ်ကြွေပုတစ်ယောက် ကားစောင့်နေစဉ်
“မေမေ ရေ............နာတယ် သမီးနာတယ်မေမေ”
သမီးငယ်၏အော်သံသည် နားထဲသို့ တိုးဝင်လာလေ၏ ။ ခြေထောက်တွေ၏ ဦးတည်ရာက သမီးအသံလာရာဆီသို့ အပြေးတစ်ပိုင်း။ သမီးခင်ပွန်း လက်ထဲမှ အော်ဟစ်ညဉ်းညူနေသည့် သမီးငယ်အား မြင်လိုက်ရသည်နှင့် ဘာလုပ်ရမှန်းမသိအောင် ပူထူသွားသည် ။ သမက်ဖြစ်သူက
“ အမေ ကျွန်တော် ကားသွားထုတ်လိုက်အုံးမယ် အမေ ခဏကြည့်ထားနော် ”
ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၂၀

“ သြော်……..အေး မြန်မြန်လုပ်သားရေ”
ကိုယ်တိုင် ကလေးသုံးယောက်မွေးသည့်တိုင် သမီးငယ်၏ ကာယိကဒုက္ခဝေဒနာအားမြင်တွေ့ရချိန်တွင် ကြွေပု ပြာယာခတ်အောင် စိတ်ပူပန်နေရသည် ။ ခေါင်းထဲ၌ သမီးငယ်၏ အော်ဟစ်ညည်းသံအား စိတ်မကောင်းသည်ကလွဲ၍ တခြားမည်သည့် အကြောင်းအရာမှ မရှိတော့ပေ။ဆေးရုံရောက်သည့်တိုင်အောင် သမီးကတော်တော် နဲ့ မမွေးနိုင်ပြန် ။ ခွဲမွေးရမည်ဟု ဆရာဝန်ကြီးက ပြောလာပြန်သည်မို့စိတ်ပူမှုဒီဂရီက မြင့်တက်သွားရလေတော့သည် ။ အစဦးကတည်းက နာမှာကြောက်သဖြင့် ခွဲမွေးရသည်ဆို တစ်မျိုးပေါ့ ။ အခုက ရိုးရိုးမွေးဖို့ စီစဉ်ထားရာမှ ခွဲမွေးဖို့ဖြစ်လာသည်မို့ အရမ်းစိတ်ပူနေမိ၏ ။ သမီးငယ် ခွဲခန်းထဲဝင်သွားချိန်၌ ကျွန်မလက်ကိုင်ဖုန်းလေးဆီမှ အသံမြည်လာခဲ့သည် ။
“ဟဲလို”
“ကြွေပု မင်းမရောက်သေးဘူးလား အမေက ခွဲခန်းထဲကို ၀င်တော့မယ် မင်းကို မေးနေတယ်”
“အစ်ကိုရေ အခုမှပဲ အမေကိစ္စ ခေါင်းထဲ ပြန်ဝင်လာတော့တယ်။ ဒီမှာ သမီးလေးက မွေးနေပြီ....ရိုးရိုးမမွေးနိုင်လို့
အခုပဲ ခွဲခန်းထဲဝင်သွားတယ်ကိုရယ် ။ ကြွေပု စိုးရိမ်လိုက်တာ”
“ဟုတ်လား.........သမီးငယ် တော်တော် နာနေလောက်ပြီ.....တိုက်တိုက်ဆိုင်ဆိုင်ကွာ.....ကဲ
သမီးငယ်ကို ဂရုစိုက်နော် အမေကို သေချာဂရုစိုက်ပါ့မယ်...သမီးငယ်မွေးပြီးတာနဲ့ ကိုဆီ တန်းဖုန်းဆက်နော်”
“ဟုတ်ကဲ့ ကို ....မေမေ အားငယ်နေလောက်ပြီ ကိုရယ် ။ ..ဖြစ်ပုံကလည်း တိုက်ဆိုင်လွန်းတယ်နော်”
“ဘယ်တတ်နိုင်မလဲ  ။ ကိုရှိပါတယ် ။ အမေလည်း နားလည်မှာပါကို ။  အမေကို ဂရုစိုက်မယ်နော် စိတ်ချ ကြွေပု”

ဖုန်းချသွားပါပြီ ။ ရင်ထဲမှာ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ် မေမေ ။ ကြွေပုအတွေးစမဆုံးခင် ---

“မွေးပါပြီရှင် သားလေးပါ ကိုးပေါင်ခွဲ ရှိပါတယ်”

ဆရာမအသံကိုကြားသည်နှင့် စိတ်အာရုံတွေက ဆရာမလက်ထဲက ကလေးတွန်းလှည်းလေးဆီ ချက်ချင်းရောက်သွားရပြန်တော့သည် ။ အားပါး ချစ်ဖို့ကောင်းလိုက်တာ ။
“ဆရာမ သမီးလေးကော နေကောင်းလား”
“ကောင်းပါတယ် အန်တီ ခဏနေ ထွက်လာပါလိမ့်မယ်”
ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၂၁

နာရီဝက်ခန့်အကြာတွင် သမီးငယ်လေးကို ကျန်းကျန်းမာမာနှင့် တွေ့ရပါသည် ။ ပြုံးနေသည့် သမီးလေးနှင့် သမက် ။ ချစ်ဖို့ကောင်းသည့် မြေးလေးတို့နှင့်အတူ ကြည်နူးပီတိတွေ ဖြာဝေနေသည့် အခန်းလေးထဲမှ ကြွေပု အပြင်သို့ ခဏထွက်ခဲ့လိုက်သည် ။မေမေ ရေ ကြွေပုကို မေမေ နားလည်ပေးပါနော် ။ မိခင်တစ်ယောက်ရဲ့ မေတ္တာတရားနဲ့ မေမေ ကြွေပုကိုခွင့်လွတ်နားလည်ပေးမယ်လို့ ကြွေပုယုံကြည်နေပါတယ်မေမေ။ ၅၂၈ မေတ္တာ နှစ်ခု လွန်ဆွဲကြတဲ့အခါမှာ မိခင်တစ်ယောက်ရဲ့ အတ္တ၊ချစ်ခြင်းမေတ္တာတွေက သမီးငယ်ဘက်ကို အားသာသွားခဲ့ရသည် ။ သမီးကို မေမေနားလည်ပေးပါနော် ။ ဖုန်းလေးထုတ်ပြီး အမျိုးသားဆီသို့ ဖုန်းခေါ်လိုက်သည် ။
“ဟဲလို ...ကိုလား...မေမေ ခွဲခန်းက ထွက်ပြီလားဟင်...ဘယ်လိုနေလဲကို”
“ ဖြေးဖြေးမေးပါ မိန်းမရာ ။ အမေ သက်သာမှာပါ ။  ဒါနဲ့ သမီးလေးကောသက်သာလား ...ဘာလေးမွေးလဲ မိန်းမ”
“သမီးနေကောင်းတယ် ကို ...သားလေးမွေးတယ် ကိုးပေါင်ခွဲတောင်....ချစ်ဖို့ကောင်းတယ်..မေမေ ဖုန်းပြောလို့ရပြီလားဟင် ”
“ မရသေးဘူးလေ ။ ခွဲခန်းထဲက ထွက်မလာသေးဘူး ။ ထွက်လာရင်လည်း မေ့ဆေးအရှိန်နဲ့ဆိုတော့ တန်းပြီး ဖုန်းပြောလို့ ဘယ်ဖြစ်မလည်း မေမေ့ ဖုန်းပြောလို့ရပြီဆိုတာနဲ့ ကြွေပုဆီ ကိုဖုန်းခေါ်လိုကမယ်နော် ”
“ဟုတ်ကဲ့ ကို ”
“ ကဲဒါဆိုရင် ဖုန်းချတော့မယ်နော် ။ ကိုလည်း မြေးလေးကို တွေ့ချင်လိုက်တာကွာ ။ သမီးငယ်ကို ဂရိုစိုက်နော် ”
ဖုန်းလေးချသွားပေမယ့် လက်ထဲက ဖုန်းလေးကို ကိုင်ထားမိဆဲ ။ အမေနဲ့ ဖုန်းပြောရမည့် အချိန်ကိုသာ စောင့်စားနေမိသည် ။ မျက်လုံးတွေက နာရီကိုသာ ကြည့်နေမိပါတော့သည် ။

************************************
“ကလင် ကလင် ကလင် ”
မျှော်နေသည်မို့ တန်းကိုင်လိုက်မိသည် ။
“ကိုလား အမေသက်သာလားကို ”
“သက်သာတယ် ကြွေ့ပု ။ အမေနဲ့ ပြောလိုက်အုံးနော်”

ပြိုင်စံရှားသည့်အိုဘယ့်မိခင်                                                                                                 ၂၂

“မေမေ သက်သာလားဟင်...နာနေလားမေမေ ...သမီးတောင်းပန်ပါတယ်မေမေ ....ရင်ထဲမှာ
တစ်ကယ်ကို မကောင်းပါဘူး..... တဖက်က မွေးမိခင် ၊ တဖက်က သမီးရင်နဲ့လွယ်မွေးထားရသည့် သမီးလေး။ ကြွေပုတစ်ကယ်ကို ဝေခွဲရ ခက်စေခဲ့ပါတယ်  အမေ ။ နောက်ဆုံးတော့ အမေဆိုတဲ့ မိဘအတ္တရဲ့ လွန်ဆွဲတဲ့ဘက်ကို သမီးပါခဲ့ရတယ်....မေမေကိုရှိခိုးတောင်းပန်ပါတယ်နော်”

“သမီးလေးကြွေပု ၀မ်းနည်းမနေပါနဲ့ ကွယ်.....အမေ သက်သာပါတယ် ။ သားသမက်တစ်ယောက်လုံး အနားရှိနေပေးတာပဲကွယ်....မိဘဆိုတာ ဒီလိုပဲလေ.....မေမေလည်း  သမီးနေရာမှာဆို အဲဒီတိုင်းပဲ ရွေးချယ်မိမှာပါ ။မိခင်တစ်ယောက်ရဲ့ အနှိုင်းဆမဲ့ မေတ္တာတရားကို မေမေ နားလည်တယ် မြေးမလေးကို ဂရုစိုက်နော်ကဲ မေမေ နားတော့မယ် ”
ဖုန်းလေးကိုကိုင်ထားရင်း စိတ်လက်ပေါ့ပါးစွာ ကျေကျေနပ်နပ်ပြုံးလိုက်မိပါ၏ ။ စိတ်တွေကို ဖြေလျော့ပစ်လိုက်စဉ်တွင် ကျွန်မအတွက် ပေါ့ပါးခြင်း လက်ဆောင်တစ်ခုကိုပိုင်ဆိုင်ခွင့်ရရှိလိုက်သည် ။ တစ်နေ့တစ်ချိန် အမေနေရာကိုကြွေပုရောက်ခဲ့ရင်လည်း အမေ့လိုစာနာနားလည်နိုင်အောင် ကြွေပု ကြိုတင်ပြင်ဆင်ထားပါ့မယ် မေမေ ။ အခုချိန်မှာလည်းအမေ သမီးကို အပြုံးမပျက် နားလည်ပေးခဲ့ပြန်သည် ။ မေမေ့ကို ကြွေပုအရမ်းချစ်ပါသည်ဟု မေမေ့ဆီအပြေးသွား၍ ပြောလိုက်ချင်သည် ။ မိခင်တိုင်းဟာ သားသမီးတိုင်းအတွက်ထာဝရ အပြုံးမပျက်တဲ့အမေတွေပါပဲ။ ထိုမိခင်များထဲမှ ကြွေပု၏အမေကတော့ ကြွေပုအတွက် ပြိုင်စံရှားသည့်မိခင်တစ်ဦးပင် ။

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment