လူတစ်ယောက်မှာမွေးရာပါ ဇီဇာကြောင်ခြင်းတစ်ခုဆီတော့ရှိတတ်ကြသည်။ခိုင်လေးဆိုရင် ခိုင်လေးထက် အရပ်ပုတဲ့သူကို ချစ်သူအဖြစ် ဘယ်တော့မှ မရွှေးချယ်ဘူးလို့ အရွှယ်ရောက်ကတည်းက ဆုံးဖြတ်ချက် ချခဲ့တယ်။ ခိုင်လေးအသက်25နှစ်အရွယ်ထိချစ်ရမဲ့သူမရှိခဲ့ပါဘူး။ ဒီလိုနဲ့တစ်နေ့မှာချက်တင်ထဲကလေ ကောင်လေးတစ်ယောက်နဲ့အတော်ကိုရင်းနှီးခဲ့ကြပါသည်။ ခင်မင်မှု့ အတိုင်းတာကြာလာတဲ့အခါမှာ သူနဲ့ခိုင်လေး နေ့တိုင်းvzoချက်ဖြစ်ကြသည် အထိ ရင်းနှီးမှု့ တွေ ရှိလာခဲ့သည်။ နေ့တိုင်းတွေ့ဆုံကြုံ
ုတွေများလာတော့ သံယောဇဉ်တွေ တိုးပွားကာချစ်သူတွေအဆင့်ထိရောက်ခဲ့ကြတယ်။ခိုင်လေးကလဲ သူကိုသိပ်ချစ်မိသွားသလို သူကလဲခိုင်လေးကိုသိပ်ချစ်ခဲ့ပါတယ်။ခိုင်လေးဘ၀မှာ သူလောက်ခိုင်လေးကိုချစ်တဲ့သူမျိုး ဂရုစိုက်တတ်တဲ့သူမျိုးလဲ မဆုံခဲံ့ဘူးဘူး။ အွန်လိုင်းမှာဆိုပြီးသူနဲ့ခိုင်လေး အပျော်ပတ်သတ်ခဲ့တာမျိုးလုံးဝမဟုတ်ကြပါဘူး။အချိန်ကြာလာတာနဲ့အမျှ ခိုင်လေးလို့ချစ်ခြင်းတွေပိုမိုခိုင်မာလာခဲ့ကြသည်။သူကရေမြေခြားမှာနေတဲ့သူမို့ ပြန်လာဖို့မလွယ်ဘူးလေ။တကယ်လက်ထပ်မှဘဲ အပြန်လာဖို့ ခိုင်လေးကလဲပြောထားတယ်။ဒီလိုနဲ့သူနဲ့ ခိုင်လေးလက်ထပ်ဖို့ပြင်ဆင်ခဲ့ကြသည်။ပြည့်စုံလို့သူပြန်လာမယ်ဆိုတဲ့အကြောင်းဖုန်းပြောတဲ့နေ့ကဆိုရင
်ခိုင်လေးအတော်ပျော်ရွှင်ခဲ့ရပါသည်။
ဒီလိုနဲ့မြန်မာပြည်ကိုသူပြန်လာတော့ခိုင်လေးလေယာဉ်ကွင်မှာသွားကြိုခဲ့တယ်။နေ့တိုင်းတွေ့ရတယ်ဆိုပေမဲ့ vzoထဲမှာလေ။ခုကအပြင်မှာတွေ့ရမှာဆိုတော့ရင်တွေလဲအရမ်းရင်ခုန်ခဲ့တာလေ။ခိုင်လေးကိုသူမိဘတွေနဲ့
ဲ့မိတ်ဆက်ပေးမှာဆိုတော့ပိုရင်ခုန်မိတာပေါ့ရှင်။ကံကောင်းတာလား ၊ကံဆိုးတာလားတော့မသိပါဘူး...........ခိုင်လေးလေယာဉ်ကွင်းအသွားလမ်းမှာကားဘီးပေါက်တာနဲ့လေယာဉ်စိုက်ပြီး
10မိနစ်လောက်မှခိုင်လေးရောက်သွားခဲ့တယ်။ လူတွေကြားထဲမှာမောင့်ကိုခိုင်လေးအလွယ်တကူရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့ခိုင်လေးခြေလှမ်းတွေရှေ့ကို
ဆက်မလျှောက်နိုင်တော့အောင်အကွယ်တစ်ခုကိုချက်ချင်းကွယ်ရပ်လိုက်မိပါတယ်။
ရက်စက်လိုက်တာ....ရက်စက်လိုက်တာ..........ရက်စက်လိုက်တာရှင်။ခိုင်လေးရင်ကိုတစစီ ကွဲစေခဲ့တာကရက်စက်တတ်တဲ့ကံကြမ္မာလား၊ ခိုင်လေးဇီဇာကြောင်ခြင်းလား....ခိုင်လေးဘယ်သူကိုအပြစ်တင်ရမလဲရှင်။ခိုင်လေးအရမ်းကို
လက်မခံနိုင်ဆုံးပြစ်ချက်ကြီးကမောင်ဆီမှာထင်ထင်ရှားရှားကြီးဘာလို့လာရှိနေရတာလဲရှင်။
မောင့်ရဲ့အကြီးမားဆုံးပြစ်ချက်ကတော့မောင်အရပ်ကအလွန်ဆုံးရှိ5ပေဘဲလေ...ခိုင်လေးက5ပေ3လက်မရှိတယ်လေ။
ဘယ်လိုတွဲသွားမလဲ။ခိုင်လေးဘယ်လိုမှလက်မခံနိုင်ဘူးရှင်။
ခိုင်လေးဘယ်လောက်တောင်ပေါ့လျှော့မိခဲ့လဲ။ခိုင်လေးလက်မခံနိုင်ဆုံးကိစ္စတစ်ခုကိုနှစ်တွေချီပတ်သက်နေတဲ့
မောင့်ကိုမပြောပြခဲ့ဘူးဘးလေ။vzoချက်လဲမောင်ကထိုင်နေတာပဲများတယ်လေ
...သတိမထားမိဘူးပေါ့။ခုတော့ခိုင်လေး..ခိုင်လေးစဉ်းစားနေပေမဲ့ခြေလှမ်းတွေကလေယာဉ်ကွင်းအပြင်ကိုရောက်နေပါပြီ။ခိုင်လေးကိုခွင့်လွတ်ပါလို့မပြောချင်ဘူးမောင်။
ခိုင်လေးဘယ်လိုမှလက်ခံလို့မရလို့ပါ။မောင်ဘယ်လောက်တောင်ခံစားနေရမယ်ဆိုတာ
ခိုင်လေးသိပါတယ်။ဒါပေမဲ့မောင်ရယ်ခိုင်လေးလက်မခံနိုင်ဆုံးမောင့်ရဲ့ချို့ယွင်းချက်ကြီးက
မောင့်ရဲ့ဆီမှာရှိတယ်နေတယ်လေ။ခိုင်လေးကနယ်ကနေရန်ကုန်မှာသင်တန်းလာတတ်နေတာမို့ တစ်ခါတည်းနယ်ကိုပြန်နေလိုက်ခြင်းဖြင့်မောင့်ကိုအပြီးရှောင်နေလိုက်ပါတယ်။မောင်အရမ်းခံစားနေရတယ်ဆိုတာ
ခိုင်လေးသိပါတယ်။ခိုင်လေးကကိုယ့်ကို ကိုယ်ပိုချစ်မိတယ်နဲ့တူပါတယ်ရှင်။မောင်နယ်ကိုလိုက်လာတော့လဲမတွေ့အောင်ပဲရှောင်နေခဲ့သည်။
နောက်ဆုံးတော့မောင်လက်လျှော့သွာပုံရတယ်..နိုင်ငံခြားကိုပြန်သွားတယ်လို့သိရတယ်လေ။
သူကိုခိုင်လေးဘာကြောင့်ရှောင်တယ်ဆိုတာကိုသူအရမ်းသိချင်တဲ့အကြောင်းမေးပို့ထားတယ်လေ။
ခိုင်လေးမပြောပါရစေနဲ့တော့မောင်ရယ်။မောင့်ကိုခိုင်လေးအမှန်တကယ်ချစ်ခဲ့ပါတယ။
်ဒါပေမဲ့ခိုင်လေးကိုခိုင်လေးပိုချစ်ခဲ့တယ်ထင်ပါတယ်မောင်။ခိုင်လေးကိုခွင့်မလွတ်ပါနဲ့..မေ့ပစ်လိုက်ပါရှင်။
ထာဝရနာကျည်းခြင်းတွေနဲ့သာ မေ့လိုက်ပါတော့..........မောင်ရယ်။
ခိုင်လေး(ရွှေတောင်)...........ဒီပို့(စ်)လေးကို ရွှေမြန်မာဥယျာဉ်လေးစတည်ထောင်ကာစကတည်း တင်ခဲ့ဖူးပါတယ်...........အမှတ်တရအနေနဲ့ ပြန်တင်ဖြစ်ခဲ့မိတာပါ........ဇတ်လမ်းလေးတစ်ခုပါဘဲ
No comments:
Post a Comment