နှစ်ပတ်လည်နေ့လေး
ဘယ်တော့မှ မမေ့ရမဲ့ နေ့လေးတစ်ရက်ပါဘဲရှင်..............ဒီနေ့ လေးက ခိုင်လေး သိပ်ချစ်ရတဲ့ ချစ်သူကို
ရရှိပိုင်ဆိုင်ခဲ့ရတဲ့ နေ့လေးတစ်နေ့ပါဘဲ.............ကျန်ခဲ့တဲ့ နေ့တွေမှာ စိတ်ညစ်စရာတွေကို ခိုင်လေး အများကြီး
ရင်ဆိုင် ကြုံတွေ့ခဲ့ရပေမယ့် မောင်ပြောခဲ့တဲ့ စာရေးသူတစ်ယောက်ရဲ့ စိတ်ထားမျိုး ထားနိုင်အောင် ကြိုးစားပြီး
သေတဲ့ အထိ စာတွေ ဆက်ရေးနေအုံးမှာပါရှင်.............ခိုင်လေးက အချစ်ဝထ္ထုတွေကိုဘဲ အဓိက ရေးတတ်သူပါ......
အချစ်ဆိုတာကို ကိုးကွယ်တယ်လို့ ထင်ချင်လဲ ထင်နိုင်ပါတယ်နော်...........အချစ်ဆိုတာ ပုံသွင်းလို့ရတဲ့
ဖယောင်းလေးလိုပါဘဲ
ပျော်စရာတွေကိုလဲ
ဖန်တီးစေနိုင်သလို လွမ်းစရာ ဆွေးစရာတွေကိုလဲ
ရရှိစေနိုင်ပါတယ်..........အချစ် ဆိုတာ လူတိုင်းစိတ်ဝင်စားတဲ့ အရာတစ်ခုပါ
နှလုံးပါသူတိုင်း အချစ်ဆိုတာကို ရှောင်လွဲ
လို့မရနိုင်ပါဘူးရှင်........အချစ်နဲ့ ဆက်စပ်
ပတ်သတ်တဲ့
အလွမ်းဆိုတာကို လဲ မလိုချင်လဲ ရှောင်လွဲလို့
မရနိုင်ပါဘူး..........ချစ်မိရင် လွမ်းရတယ်.........အချစ်နဲ့ အလွမ်းဆိုတာ
ကျောချင်းကပ် မောင်နှမတွေပါဘဲ.............ခိုင်လေး လဲ ခိုင်လေး ချစ်သူကို
အရမ်းချစ်မိသလို အရမ်းလွမ်းနေရပါတယ်..........အချစ်တွေနဲ့ ထပ်တူ
အလွမ်းတွေကို ခံစားရင်း နှစ်တစ်နှစ်ကို ပိုင်ဆိုင် ခဲ့ပါပြီ *မောင်*
ချစ်သူသက်တမ်းတစ်နှစ်ပြည့် ခဲ့ပေမယ့် အချိန်ကြာလို့ သွေးအေးတယ်ဆိုတာ မရှိခဲ့ဘဲ အမြဲ နာလည်ပေးခဲ့တဲ့ မောင် ကို
အရမ်းကျေးဇူးတင်ပါတယ်* မောင်*
သူ့သဘာဝအတိုင်း
စီးဆင်းးနေသလို
"ကေ" နဲ့"မောင်" ရဲ့
အချစ်မှာလည်း
မပျက်မယွင်း အတိုင်းထက်အလွန်
ယုံကြည်မှု အရင်းတည်လို့
နားလည်မှုများနဲ့
အချစ်ရဲ့လမ်းသစ်ဆီ
လျှောက်လှမ်းချင်တယ်လေ။
ဒီရက်တွေ မှာ ခိုင်လေး အတွက်နဲ့ စိတ်ညစ်ခဲ့ရတဲ့ အက်ဓမင်များနှင့်တကွ ဥယျာဉ်သူ ဥယျာသား
အားလုံးကို ခိုင်လေးမှ အထူးတောင်းပန်ပါတယ်ရှင်.......စာရေးသူတစ်ယောက်ရဲ့ စိတ်ထားနဲ့
ကွန်မန့်တွေကို ကြံကြံခိုင်ခိုင် ရင်ဆိုင်ရင်း သေတဲ့ အထိ စာတွေ ရေးသွားအုံးမှာပါ
ခိုင်လေး စာတွေကို အားပေးခဲ့တဲ့ သူငယ်ချင်း အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်
No comments:
Post a Comment