Thursday, February 16, 2012

အနုပညာကို ဘောင်ခတ်လို့မရဘူး

*** ခိုင်လေး ( ရွှေတောင် ) ***

အနုပညာကို ဘောင်ခတ်လို့မရဘူးလို့ ဆိုကြတယ် ။ ဒီအယူဆမှန်တယ်
မှားတယ်ဆိုတာကို မပြောချင်ပါဘူး ။ ကျွန်မအနေနဲ့ဆိုရင် ကျွန်မစိတ်တွေကို
ဘောင်ခတ်တာ ၊ အချိန်သတ်မှတ်တာတွေကို မကြိုက်ပါဘူး ။ ပြောမယ်ဆိုရင် ဒီစာကို ဘယ်နေ့ အပြီးရေးရမယ် ဆိုတာမျိုးပေါ့ ။ စာရေးတယ်ဆိုတာ ခံစားချက်နဲ့ အစပြုရသည်မို့ ရင်ထဲ ဘာမှ ရှိမနေရင် ဘာမှ ချရေးလို့ မရပါဘူး ။ ဒါပေမယ့် ကျွန်မ
ဖန်တီးတဲ့ အနုပညာကိုတော့ ကျွန်မ မကြိုက်သည့် ဘောင်ဆိုတာလေး အနည်း
ငယ်ခတ်ထားမိတယ် ။ အရင်က ဘယ်လိုတွေ ရေးခဲ့မိပါစေ ။ ကျွန်မစိတ်ထဲ အသိ
တစ်ခုဝင်လာချိန်ကအစပြုလို့ သတိထားကာ ဘောင်လေးတစ်ခုကို ခတ်ထားမိတယ်။
ကျွန်မရေးသားလိုက်သော စာများသည် စာဖတ်သူကို အဆိပ်သောက်မဖြစ်စေဖို့ကို
အထူးသတိရေးသားဖို့တော့ လိုအပ်သည်လို့ ကိုယ်ကိုယ်ကို သတိပေးတယ် ။ အချစ်ဝထ္ထုတစ်ပုဒ်ရေးသည်ဆိုပါစို့ ။ ကောင်မလေး ရေချိုးခန်းထဲဝင်သွားသည် ။ ဒါဆို လုံလောက်ပြည့်စုံနေပါပြီ ။ ရေချိုးခန်းထဲဝင်ပြီဆိုထဲက ရေချိုးဖို့ဆိုတာ ကလေးတောင် တွေးတတ်ပါတယ် ။ဒါကိုအဆင်တန်ဆာတွေဋီကာချဲ့ရေးလိုက်တော့ အင်္ကျီလေးကို ဘယ်လို ချွတ်လိုက်တာ ။ ဒါတွေက လိုမှ မလိုအပ်တာ ။ ဒီစကားကို ကျွန်မခုနှစ်တန်းနှစ်လောက်က စာပေဟောပြောပွဲတစ်ခုမှာ ဆရာလယ်တွင်းသားစောချစ် ပြောတာကိုမှတ်သားခဲ့ဘူးပါတယ် ။ အဲဒီထဲက နားထဲမှာ စွဲနေအောင်မှတ်မိနေခဲ့တာ ခုချိန်ထိပါပဲ ။ massage တစ်ခုပါမှ ၀ထ္ထုတစ်ပုဒ်ဖြစ်မှာလားလို့ တစ်ချို့ပြန်မေးတတ်ကြပါသေးတယ် ။ ပါတာမပါတာထက် အရေးကြီးတာ စာဖတ်သူကို အကျိုးမဲ့စေသည့်
massage တွေ မပေးမိဖို့က ပိုအရေးကြီးတယ်လို့ မှတ်ထင်မိပါတယ် ။ စာဖတ်သူကို
အဆိပ်တောက် ဖြစ်စေမယ့်စာမျိုးမဖြစ်စေဖို့ကိုတော့ သတိထားဖို့ လိုမယ်လို့ ယူဆမိတယ် ။

No comments:

Post a Comment