ဒီနေ့ မျက်မှောက်ခေတ် လူငယ်တော်တော်များများ ပြောတတ်ကြတဲ့ စကားလေး2ခွန်းရှိပါသည်။
ဘာတဲ့ အရွယ်ရောက်ပြီ........အချိန်တန်ပြီတဲ့ လေ.......
အရွယ်ရောက်ပြီ
ဆိုတာကို အရင်ဆုံး ပြောကြည့်ရအောင်လား...........လူတစ်ယောက်အရွယ်ရောက်ပြီလို့ ဘာနဲ့ သတ်မှတ်မှာလဲ။
အရွယ် ဆိုတဲ့ စကားလေးက အ ဆိုတာကို ဖယ်ထုတ်လိုက်ရအောင် *ရွယ်* ဆိုတာ ဘယ်လို အဓိပ္ပာယ်
သတ်မှတ်မလဲ...... *ရွယ်* ဆိုတာ ချိန်ရွယ်တာ ရည်ရွယ်ချက် လို့ မှတ်ယူရပါတယ်ရှင်.......အရွယ်ရောက်တယ်ဆိုတာ
အသက်ရွယ် တစ်ခုနဲ့ သတ်မှတ် မှတ်ယူလို့ မရပါဘူး............ လူတစ်ယောက်မှာ ရည်မှန်းချက် ရည်ရွယ်ချက်ဆိုတာ
လူတိုင်း လူတိုင်းမှာ ရှိတတ်ကြပါသည်။ ဒါတွေ ပြည့်စုံပြီးလား....ကိုယ်အတိုင်းတာလေးနဲ့ အညီ ပြည့်စုံကြပြီလား....
ကိုယ်ရည်မှန်းချက်တွေ ကိုအနေထားနဲ့ အညီ လိုက်လျောညီထွေစွာ ပြည့်စုံပြီဆိုမှ တစ်ကယ်အစစ်မှန် အရွယ်ရောက်တာပါ။
ရှိတတ်ပါတယ် အသက်ကတော့ 25 လောက်ရှိနေပါပြီ....ခုထိ မိဘဆီက လက်ဖြန့်တောင်းနေရတဲ့ သူတစ်ယောက်ကို
သူအသက်ရွယ်ကို ကြည့်ပြီး အရွယ်ရောက်ပြီလို့ မသတ်မှတ်နိုင်ပါဘူးရှင်။
အချိန်တန်ပြီ
ဆိုတာလေးကိုလဲ
တွေးကြည့်ကြရအောင်လား.........အချိန်တန် တယ်ဆိုတာလဲ ကိုယ်ရောက်နေတဲ့
အခြေနေတစ်ခုအပေါ် ကို မူတည်နေပါတယ်.....လူတိုင်းအတွက် အရေးကြီးတဲ့
စားဝတ်နေရေး ဆိုတဲ့
အခြေခံ အချက်3ချက်ကို ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီလား......ဘ၀အတွက် ရင်ဆိုင်စရာတွေ
ဖြေရှင်းနိုင်ပြီလား.......ဒါတွေ တစ်ကယ်ခံနိုင်မှ အချိန်တန် တယ်လို့ သတ်မှတ်သင့်ပါတယ်ရှင်...........
ခုခေတ် လူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆို ပြောတတ်ကြလွန်းတဲ့ အချိန်တန် အရွယ်ရောက်ပြီ ဆိုတဲ့
စကားလေးကို တွေးကြည့်မိတာလေးပါရှင်......ဒီတော့ ကိုယ်ကိုကိုယ် အချိန်တန် အရွယ်ရောက်ပြီလို့ ပြောနေကြတဲ့
သူတွေ အကုန်လုံး ခုခိုင်လေးပြောတဲ့အချက်လေးတွေ နဲ့ တစ်ကယ်ပြည့်စုံကြပြီလား သေချာ ပြန်သုံးသပ်ကြည့်ကြပါ။
အမှန်တစ်ကယ် အချိန်တန် အရွယ်ရောက်ကြပြီလားဆိုတာ အဖြေမှန် ပေါ်လာနိုင်ကြပါစေ။
No comments:
Post a Comment