ရွှေမြန်မာဥယျာဉ် မိသားစုဝင်အားလုံး မင်္ဂလာပါရှင် ။ ခိုင်လေး စီစဉ်နေကြ အင်တာဗျူး အစီစဉ်လေးကို တင်ဆက်
ဖို့ အလှည့်ကြရောက်လို့ လာပြန်ပါပြီ ။ ဒီတခါ ခိုင်လေး အင်တာဗျူးဖို့ ရွေးချယ်ထားသူကတော့ ပဉ္စမအကြိမ်မြောက်
ရွှေအမြူတေ ၀ထ္ထုရှည်ဆုရှင် ဆရာသင်းရီ ဘဲဖြစ်ပါတယ်ရှင် ။ ကဲ အင်တာဗျူး အစီစဉ်လေးကို စလိုက်ကြရအောင်နော်။
ဆရာနာမည်အရင်းနှင့်အတူ ဆရာမိသားစုကို သမီးတို့ ရွှေမြန်မာဥယျာဉ်မိသားစုလေးနဲ့ မိတ်ဆက်ပေးပါအုံးဆရာ။
ဦရဲ့နာမည်အရင်းက ဦးသိန်းထွန်းပါ။ ဇနီးက ဒေါ်ချိုပါ။ သူက အလယ်တန်းပြဆရာမ ပင်စင်စားပါ။ နှစ်ယောက်လုံးရဲ့မွေးဇာတိက
ပြည်ခရိုင် သဲကုန်းမြို့ပါ။ အခုလောလောဆယ် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် ဇေတဝန်လမ်းတိုက်(၆) ၆လွှာမှာ ဇနီး၊သားသ္မီး(၃)ယောက်နဲ့
အတူနေထိုင်လျက်ရှိပါတယ်။ မိသားစုပေါင်းက(၄)ယောက်ပါ။ သားအကြီးဆုံး ကိုလမင်းက ဂျီတီအိုင် နဲ့ကျောင်းပြီးပြီးတော့ပြည်မြို့မှာ
သူ့ဇနီးနဲ့ အေးအေးသင်းနဲ့ အတူ မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေး လုပ်ကိုင်နေပြီး ဦးအတွက် သက်နှင်းစု၊ နဲ့ ချစ်ပေါက်စ ဆိုတဲ့
မြေးမလေးနှစ်ယောက် မွေးပေးထားပါတယ်။ သူ့အောက်က ထားထားခိုင်က ဥပဒေနဲ့ ကျောင်းပြီးပြီးတော့ ရန်ကုန်မှာပဲ ဝိုင်းကျူရှင်
ပြနေပါတယ်။ သူခင်ပွန်း ကိုဆွေလတ်က မြန်မာနိုင်ငံလူငယ်များရဲ့မဲပြာပုဆိုး ထွက်ပေါက်အတိုင်း စင်္ကာပူကိုထွက်ပြီး
ပိုက်ဆံရှာနေရပါတယ်။
ဦးအတွက်မြေးမလေးတစ်ယောက်မွေးပေးထားပါတယ်။ ဒီမြေးကမြေးဦးပါ။ သူနာမည်က ပိုးသံသာတဲ့။ တတိယသ္မီးငြိမ်းငြိမ်းနိုင်ကလည်း
ဥပဒေနဲ့ပဲဘွဲ့ရပြီးတော့ 7day News Journel မှာ အမှုဆောင်အယ်ဒီတာ ဖြစ်နေပါပြီး။ သူခင်ပွန်း ကိုစောစည်သူမိုး ကလည်း
7day News Journe မှာပဲ ဒီဇိုင်းအယ်ဒီတာပါ။ သူတို့နှစ်ယောက်က မြန်မာနိုင်ငံကြီးလွတ်လပ်ပါစေတော့ဆိုတဲ့အတိတ်နိမိတ်
လွတ်လပ်ခေတ် ဆိုတဲ့သားလေးတစ်ယောက် ဦးအတွက် မွေးပေးထားပါတယ်။ ဒီမြေးကတော့ စတုတ္ထမြောက် မြေးပါပဲ။
စုစုပေါင်း မြေး(၄)ယောက်နဲ့ အဘိုးပေါ့။ အသက်(၆၃)နှစ်ရှိပါပြီ။ ဒါပေမဲ့ ကိုယ့် ကိုယ် ကိုယ် ၁၆နှစ်သား လူငယ်စိတ်နဲ့အတူ
လူငယ်တွေနဲ့ဒွေးရောယှက်တင် ခင်ခင်မင်မင်နေရတာကိုပျော်ပါတယ်။လူငယ်တွေ ကိုတိုးတတ်တဲ့လူငယ်တွေဖြစ်စေလိုလို့
လူငယ်တွေနဲ့နီစပ်အာင် ရင်းရင်းနှီးနှီးဆွေးနွေးနိုင်အောင်နေတာပါ။ ဦးရဲ့သားသ္မီးတွေနဲ့လည်း မိဘနဲ့ သားသ္မီးလိုနေတာထက်
သူငယ်ချင်းလိုနေတာပါ။ သူတို့ကို ကိုယ်ကတရင်းတနှီး ဝေဖန်နိုင်သလို ကိုယ့်ကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ဝေဖန်ခွင့်
ပေးထားတယ်။ ဦးတို့မိသားစုထဲမှာ ပွင့်လင်းတဲ့ဒီမိုကရေစီရှိတယ် လို့ပြောချင်တာပါ။ စတုတ္ထသားတော့ ပထဝီနဲ့ ကျောင်းနောက်
ဆုံးနှစ်ပါ။ ကျောင်းပြီးအောင် မဖြေတော့ဘူးလို့ ဂျစ်ကန်ကန် လုပ်နေပါတယ်။ သူ့လက်သုံးစကားက ဘွဲ့ရတာနဲ့မရတာ
သိပ်မထူးဘူးတဲ့။ တတ်မှမတတ်တာတဲ့ တတ်အောင်က ကိုယ့်ဘာသာကိုယ် လုပ်ရတယ်တဲ့။ သူ့စကားက မှန်တော့မှန်သလိုလိုပါ။
ဒါပေမဲ့ ဦးကိုယ်တိုင်က ဘွဲ့ရအောင်ထိ ကျောင်းနေခဲ့သူ မဟုတ်တဲ့အတွက် သားသ္မီးတွေအားလုံးကို တတ်တတ် မတတ်တတ်
ဘွဲဝတ်စုံလေးနဲ့ မြင်ချစ်စိတ် ပေါက်မိတယ်တာပါ။ ဒါပေမဲ့ ဦးတို့မိသားစုမှာ စောစောကပြောသလို ပွင့်လင်းတဲ့ ဒီမိုကရေစီ
သဘောတရားရှိတဲ့အတွက် ငါအဖေပဲ ဆိုတဲ့ အဏမသုံးခဲ့ပါဘူး။ ၂၃ နှစ်ဆိုတဲ့ သူ့အသက်ဟာ အထိုက်အလျောက်တော့
တွေးနိုင်ခေါ်နိုင်ရှိပြီးပဲ။ သူ့အတွက် သူ့ဆန္ဒအတိုင်း ဆုံးဖြတ်ပိုင်ခွင့်ပေးထားပါတယ်။ သူ့ဒဿနနဲ့သူနေနေတဲ့ အဲဒီ
သားအငယ်ဆုံးကောင် ဝေယံမြင့်ဦး က အခု နိုင်ငံခြားသတင်းဌာနတစ်ခုဖြစ်တဲ့ (AP) သတင်းဌာနမှာ
ဗီဒီယို သတင်းထောက် လုပ်နေပါတယ်။ ဦးကတော့ ရနံ့သစ်မဂ္ဂဇင်း မှာ အတိုင်ပင်ခံအယ်ဒီတာ အဖြစ် တာဝန်ယူထားရင်း
စာတွေရေးဖြစ်အောင် အားထုတ်နေပါတယ်။

စာပေခရီးလမ်းကို ဆရာ စတင်လျှောက်ဖြစ်ခဲ့ ပုံလေးကိုလည်း သိပါရစေ ။
ပူးတွဲပြီး အယ်ဒီတာလုပ်ခဲ့တာပါ။ ပထမဆုံး ဝတ္ထုတို ဖြစ်တဲ့ (ပါအင်ယားမှာလုပ်သည်) ဆိုတဲ့ဝတ္ထုတို (၁၉၆၉) ခုစက်တင်ဘာထုတ်
သွေးသောက် မဂ္ဂဇင်းမှာ ဖော်ပြခံရပါတယ်။ အဲ့ဒီတုန်းက ဆရာအသက် ၁၉ နှစ်ပါ။ စာရေူဆရာကြီးသော်တာဆွေ ရဲ့စကားနဲ့
ခပ်ကြွားကြွားပြောရရင် ငယ်ဖြူစာရေးဆရာ ပေါ့။ အဲ့ဒီတုန်းက ကလောင်နာမည်က သကာထွဏ်း သဲကုန်းပါ။ ဆက်ပြီးတော့
ဖြူနီညိုပြာ၊ မိုးဝေ၊ သွေးသောက် မဂ္ဂဇင်းတွေမှာ ဝတ္ထုတို ဆက်ရေးလာခဲ့ပါတယ်။ ဒါပေမဲ့ ဆရာက စာရေးတာကိုတင်
ဝါသနာပါတာမဟုတ်ဘဲ နိုင်ငံရေးကိုပါဝါသနာပါသူဖြစ်လေတော့ (၁၉၇၄) ဒီဇင်ဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းမှာ
တတ်တတ်ကြွကြွပါဝင်မိတဲ့အတွက် ထောင်နန်းစံသွားခဲ့ရပါတယ်။ ထောင်ထဲရောက်တော့ စာမရေးဖြစ်တော့ဘူးပေါ့
ထောင်ကပြန်ထွက်လာတော့ ရေးလက်စ ကလောင်နာမည်က ဆက်သုံးလို့မရတော့တဲ့အတွက် စာရေးရဖို့ လက်ဆွံ့ပြီး
မရေးဖြစ်ခဲ့တာ နှစ်အတော်ကြာပါတယ်။ (၁၉၈၃) ကျတော့မှ စာရေးချင်စိတ်ကပြန်နိုးလာပြီး စာပြန်ရေးတော့
ထွဏ်းလူအောင် (သဲကုန်း) ဆိုတဲ့ ကလောင်နာမည်ကို သုံးပြီးရေးခဲ့ပါသေးတယ်။ ဒါပေမယ် အဲ့ဒီကလောင်လည်းကြာမရှည်လိုက်ပါဘူး။
စာပေစိစစ်ရေးက ဖြတ်လွန်းတောက်လွန်းတာကိုစိတ်ကုန်ပြီး ဒီတစ်သက်စာမရေးတော့ဘူး ဆိုပြီး (၁၉၈၅) မှာ ရေးအားကောင်းနေဆဲ
လက်ကို ရပ်ပစ်လိုက်မိလို့ စာမရေးတာဖြစ်တော့ပဲ နှစ်အတော်ကြာရပ်တန့်သွားပြန်ပါတယ်။ နိုင်ငံရေးစိတ်ဝင်စားသူပီပီ (၈၈) ပြည်သူ
အရေးတော်ပုံကြီးမှာ အပြည့်ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲပချုပ်ရဲ့ သဲကုန်းမြို့နယ်ပြည်သူလွတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့
ရွေးချယ်တင်မြှေက်ခံရပါတယ်။ အရွေးမခံခင်တည်းက ဒါဟာထောင်ကျမယ့်အပေါက် ဆိုတာသိပါတယ်။ ဒါပေမဲ့ လူဆိုတာကိုယ့်ပခုံးပေါ်
ကိုကျလာတဲ့ သမိုင်းပေးတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ဒါမှလည်းလူပီသတယ်လို့ခံယူထားသူပါ။
ဒါကြောင့် တာဝန်ကျေအောင်ထမ်ဆောင်တဲ့အခါ (၁၉၉၀) နိုဝင်ဘာလထဲမှာစစ်အစိုးရဲ့ဖမ်းစီခြင်းခံရပြီးတော့ နိုင်ငံတော်ပုန်ကန်မှုနဲ့ တစ်သက်တစ်ကျွန်းထောင်ဒဏ် (၂၅) နှစ်ခံလိုက်ပါတယ်။ ကံကောင်းထောက်မစွာ နိုင်ငံရေးအချိုးအကွေ့တစ်ခုနဲ့ကြုံလို့ တစ်နှစ်ခွဲအကြာမှာ ထောင်ကပြန်လွတ်လာပါတယ်။လွတ်တဲ့အခါမှာလည်း ဆက်လက်ပြီးတော့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရပါတယ် ဒီနေ့ထိလည်း ကျရာတာဝန်အခန်းကနေထမ်းဆောင်နေဆဲပါ။ဒါပေမဲ့ စာရေးသမားတစ်ယောက်ဟာ စာမရေးဘဲ မနေနိုင်ပါဘူးဒါကြောင့် (၁၉၉၈) ခုနှစ်မှာ သင်းရီးဆိုတဲ့ကလောင်နာမည်အသစ်နဲ့ စာပြန်ရေးဖြစ်ပါတယ်။ဒီနေ့အထိဆိုပါတော့မသေမချင်း ရေဖြစ်နေဦးမှာပါပဲ။ ၆၃ ဆိုတဲ့အရွယ်ဟာ သံသရာခရီးဆက်ဖို့ သိပ်ကိုနီးကပ်လာနေတဲ့အရွယ်ဖြစ်လို့ စာရေးဖြစ်အောင်ပိုပြီး အားထုတ်ရဦးမယ် ။ ဘဝ ဆိုတာသိပ်ကိုတိုလွန်းပါတယ်။ ပထမအရွယ် ဆိုတဲ့ လူလားမမြောက်သေးခင်ကာလကိုနုတ်၊ အိုမင်းမစွမ်းကာလကိုနုတ်ရင် အမြီးနုတ်ခေါင်းနုတ်နဲ့ နောက်ဆုံးစာကလေးခေါင်းချည်းကျန်တယ်ဆိုတာ လုပ်နိုင်ကိုင်နိုင် အရွယ်က သိပ်ကိုမှနည်းလွန်းတိုလွန်းပါတယ်။ ဒါကြောင့် စာရေးဆရာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လောကရဲ့ကောင်းကျိုးတစ်ခုခုကိုဆောင်ရွက်သွားနိုင်ပါမှမနုဿတ္တဒုလ္လဘ ဆိုတဲ့ ခက်ရခက်ဆစ်လူဖြစ်ရကျိုးလေးနပ်မယ်လို့အခိုင်အမာ ယုံကြည်ခံယူပါတယ် ဘဝ တစ်ခုရဲ့အဓိပ္ပာယ်ဟာ ပြည့်စုံမသွားပါဘူးလို့ မြင်ပါတယ်။
ဆရာဝတ္ထုတွေကို (အမှတ်တရစုစည်းမူ) စာအုပ်တွင် ဆရာဦးတင်ခိုင်ကေ ရးသားထားတယ်နော်။
ဆရာဝတ္ထုတိုတွေကို ကလောင်ဖြင့် မရေးဘဲရင်ဖြင့် ရေးသည်လို
ဆရာပြောခဲ့ဘူးတယ်နော် ။ အဲဒီစာအုပ်လေးကို အစအဆုံးဖတ်လိုက်မိချိန်မှာတော့ ဆရာဦးတင်ခိုင်ပြောတဲ့  စကားလေးကို အပြည်အ ၀ထောက်ခံလိုက်ပါတယ်။ သမီး သိချင်တာလေးက ဇတ်လမ်းစာပုဒ်ကို ဖန်တီးတောမယ်ဆို ဘယ်လိုခံစားမှုလေးနဲ့  ဇတ်လမ်းလေးကို အစတည်လဲဆိုတာကို သိချင်ပါတယ်။
ဘို့တစ်ဘို့တည်းထားလို့မရပါးဘူး။ တပါးသူရဲ့ရင်ခုန်သံကိုလည်း နားစွင့်ထားဖို့လိုပါမယ်။ အဲ့ဒီရင်ခုန်သံတွေကိုလည်း
ကူးယူ မျှဝေခံစားတတ်ဖို့လို့တယ်။ ခံစားပြီးရင်လည်း အဲ့ဒီရင်ခုန်သံပိုင်ရှင်တွေရဲ့အကျိုးစီးပွားအတွက် တတ်စွမ်းနိုင်သမျှ
ဆောင်ရွက်ရပါမယ်။ အဲ့ဒါလို လူမျိုးဆိုတာ ရခိုင်းနှုန်းနဲ့ကြည့်ရင် အလွန်းပါးတဲ့အရေအတွက်။ အဲ့ဒါကို ပြောချင်လို့ အဲ့ဒီ
ဝတ္ထုလေးကိုရေးဖြစ်သွားတာပါ။
အသည်းအိမ်ထဲကြွေခဲ့ ပေါ့ ပန်းခရေ”ဆိုတဲ့  ၀တ္ထုလေးကို ဖတ်နေရင်း ရင်ထဲနင့်
နေခံစားခဲ့ ရပါတယ် ဆရာ။ သုံးနှုန်းထားတဲ့ စကားလုံးအသုံးနှုန်းလေးတွေက အရမ်းကိုနုရွနေပါတယ်။ ဒီဖတ်လမ်းလေး
ဖြစ်တည်ခဲတဲ့  အတွေးလေးကိုသိပါရစေဆရာ။ ကဗျာသမားဆိုတာ သူ့ အကျိုးအမြတ်အတွက် ဘယ်တောမှမကြည့်ဘူး။ နှလုံးသားပေါင်းများရဲ့  ထိခတ်တဲ့ ရင်ခုံသံတွေရဲ့ အကျိုးအမြတ်ကိုဘဲကြည့်တယ်ဆိုတဲ့ စာသားတွေယနေ့ ထိ မှတ်မိနေအောင် ရင်ထဲကို စွဲမြဲနေပါတယ် ။
စရေးသူတစ်ယေက်ဟာဘယ်စာကိုပဲရေးရေး မှလုံးသွေးနဲ့ရေးဖို့လိုတယ်လို့မြင်ပါတယ်။ နို့မဟုတ်ရင်
စာကြောင်းတွေပဲဖြစ်နေပြီးတော့ရင်ခုန်သံမပါနိုင်ပါဘူး။ ရသစပေမှာ ရင်ခုန်သံမပါရင် ဆားမပါတဲ့ဟင်းလို့ပါပဲ။
လူပီသအောင်နေထိုင်ဖိုဆိုတာ ဘယ်အချက်တွေပေါ်ကို မူတည်နိုင်မလဲဆိုတာ ဆရာအမြင်လေးကို သိပါရစေ။
အမြီးနုတ်ခေါင်းနုတ်နဲ့ နောက်ဆုံးစာကလေးခေါင်းချည်းကျန်တယ်ဆိုတာ လုပ်နိုင်ကိုင်နိုင် အရွယ်က သိပ်ကိုမှနည်းလွန်းတိုလွန်း
ပါတယ်။ ဒါကြောင့် စာရေးဆရာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လောကရဲ့ကောင်းကျိုးတစ်ခုခုကိုဆောင်ရွက်သွားနိုင်ပါမှ
မနုဿတ္တဒုလ္လဘ ဆိုတဲ့ ခက်ရခက်ဆစ်လူဖြစ်ရကျိုးလေးနပ်မယ်လို့အခိုင်အမာ ယုံကြည်ခံယူပါတယ် ဘဝ တစ်ခုရဲ့
အဓိပ္ပာယ်ဟာ ပြည့်စုံမသွားပါဘူးလို့ မြင်ပါတယ်။
ချီတုံချတုံ ဖြစ်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်သည့်စွမ်းအားမဲ့ခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ဖြင့် (lack of determination power)
လို့ဆိုရမှာပါ။ ဘယ်အကြောင်းအရာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုပေးနိုင်ဖို့ ဆိုတာဟာ အရေးအကြီးဆုံး
ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် တွေဝေတယ် ဆိုတာဟာ ညံ့ဖျင်းတာပါပဲ။
ယနေ့ ခေတ်ကာလကြီးမှာ လူငယ်တွေရဲ့ အခန်းကဏတွေ အရမ်းကိုအရေးပါနေပါပြီ။ ဒါပေမယ့် တစ်ချို့ ချို့သောလူငယ်တွေ
လမ်းမှားပေါ်မှာ အချိန်တွေဖြုန်းနေကြပါတယ်။ ဒီအပေါ်ဆရာရဲလမ်းကြောင်းတည့်ပေးစေနိုင်မယ့် လမ်းညွှန်မူစကားလေးကိုလဲသိပါရစေဆရာ။ ထိုက်တန်တဲ့  တန်ဖိုးပေးမှထိုက်တန်တဲ့  ရလဒ်ကောင်းကိုပြန်ရမယ်ဆိုတဲ့ စကားကို ဆရာလက်ခံပါသလား။

ဒီအပေါ် ဆရာသုံးသပ်ချက်အမြင်လေးကို သိပါရစေ။
အခု အချိန်ဟာ တိုင်း ပြည်အနေနဲ့ ပြောင်း လဲ ခဲ့ တဲ့ ခြေလှမ်း တွေကို စတင်လာ တဲ့ အချိန်ဖြစ်လို့ ပညာ ရေး ဟာ တစ်နည်း တစ်ဖုံ ပြောင်း လဲ လာ ပါ လိမ့် မယ်။ လူ ငယ်တွေအနေနဲ တွေ ဝေ ငေး မော လို့ မရ ပါ ဘူး။ (capacity building) လို့ခေါ် တဲ့ စွမ်း ရည်မြင့်တင်ရေး တွေ လုပ်ရပါ လိမ့် မယ်။ အဲဒီလိုမှမကြိုးစားရင် မိမိကိုယ်မိမိသာ မက ကိုယ်သား စဉ်မြေး ဆက်ကိုပါ အမှောင်တွင်း ထဲ ဆွဲနှစ်သလိုဖြစ်ပါလိမ့် မယ်။ ဦး က တော့ လူ ငယ်တွေကို တန်ဖိုး ထား လေးစား စွာ နဲ့ ချစ်ပါ တယ်။ ဘာ ကြောင့် ဆို တိုင်း ပြည်
ရဲ့အနာ ဂတ်ဟာ သူ တို့ လက်ထဲမှာ ရှိ နေတာ ကြောင့် ဖြစ်ပါ တယ်။အား ကိုး ပါ ရ စေ လို့ ပဲ ပြော ချင်ပါ တယ်။
ထိုက်တန်တဲ့ တန်ဖိုးပေးမှ ထိုက်တန်တဲ့ ရလဒ်ကောင်းကိုပြန်ရမယ်ဆိုတဲ့ စကားစုလေးအပေါ် ဆရာအမြင်လေး
တွင်းနက်နင်တူးရပါတယ်။
တိုးတက်ကြီးပွားလိုသူတို့ ၏ အရင်းအနှီးလက်နက်ကောင်ကို ဘယ်အရာလို့  ဆရာ သတ်မှတ်ခံယူထားပါသလဲ
ဘယ်အရာကိုမှမရနိုင်သလို အတတ်ပညာ နည်းပညာမရှိရင်လည်း ထိုက်တန်ကောင်းမီန်တဲ့အောင်မြင်မှုမျိုးမရရှိပါဘူး။
ဒါကြောင့်ပညာအခြေခံတဲ့ကြိုးပမ်းအားထုတ်မှုလို့ပြောတာပါ။
ဘ၀ကို အဓိပါယ်ရှိရှိနေထိုင်သွားတတ်ဖို့ နည်းလမ်းကောင်းလေးများရှိရင် လမ်းညွှန်ပေပါအုံး ဆရာ။
အမြီးနုတ်ခေါင်းနုတ်နဲ့ နောက်ဆုံးစာကလေးခေါင်းချည်းကျန်တယ်ဆိုတာ လုပ်နိုင်ကိုင်နိုင် အရွယ်က သိပ်ကိုမှနည်းလွန်းတိုလွန်း
ပါတယ်။ ဒါကြောင့် စာရေးဆရာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လောကရဲ့ကောင်းကျိုးတစ်ခုခုကိုဆောင်ရွက်သွားနိုင်ပါမှ
မနုဿတ္တဒုလ္လဘ ဆိုတဲ့ ခက်ရခက်ဆစ်လူဖြစ်ရကျိုးလေးနပ်မယ်လို့အခိုင်အမာ ယုံကြည်ခံယူပါတယ် ဘဝ တစ်ခုရဲ့
အဓိပ္ပာယ်ဟာ ပြည့်စုံမသွားပါဘူးလို့ မြင်ပါတယ်။
နှစ်ခုရဲကွာခြားချက်လေး နဲ့ ပတ်သတ်ပြီး ဆရာအမြင်လေးကိုသိချင်ပါတယ် ဆရာ
ဦး ထင်တာတော့ ပဉ္စသိင်္င်္ခနတ်ဆိုတာ တင်စားပြီးပြောတာလို့ထင်တာ ပဲ။ တကယ်တော့ ဒုကရစရိယာကျင့်စဉ်ကို ၆ နှစ်ကြာအောင်ကျင့် နေသည့်တိုင် ဘု ရားအဖြစ်ကိုမရောက်သေးပဲ ဘုရား လောင်းဟာ ကိုယ့်ကိုယ် ကိုယ် ဝေဖန်ရေး လုပ်တာ လို့ ပဲ ထင်ပါ တယ်။
ဝေ ဖန်ေ၇း ဆို တာမှာ ကိုယ်ကိုယ်ကိုယ်ဝေဖန်တာလဲပါပါ တယ်။ ကို့ယ်ကိုယ်လည်း ပေတံတခု နဲ့ အမြဲ ဝေဖန်နေဖို့ လိုပါ တယ်။ သူ များ ကို ကိုယ်ကဝေဖန်တာကျတော့ ကောင်း စေလို တဲ့ စေ တနာ နဲ့ ဝေဖန်တာ မျိုး ဖြစ်ဖို့ လိုပါ တယ်။ ကဲ့ရဲ့ ရှုတ်ချလို လို့ လုပ်တဲ့ ဝေ ဖန်ရေး ဟာ..မကောင်း တဲ့ မလုပ်အပ်တဲ့ ဝေ ဖန်ရေးပါ။.ဒီနေရာ မှာ ကိုယ်ပိုင်အခွင့်အရေးကိုဝင်ရောက်စွက်ဖတ်တာ ဆို တဲ့တံခါး နဲ့ဆီး ပိတ်ထား လိုက်မယ်ဆို ရင်တော့ဝေဖန်ရေး ဆို တာ ရှိ နိုင်တော့ မယ်မထင်ပါ ဘူး။ အရေး ကြီး တာ က စေတနာ ပါ တဲ့ ဝေဖန်ရေး ဖြစ်ဖို့ပဲ လိုပါ တယ်။
ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဟု(၀တ္ထုရှည်)ဆုချီးမြှင့် ခံခဲ့ ရတဲအပေါ် ဆရာရင်တွင်းပီတိစကားလေးကိုလည်း ကြားပါရစေ
ဆုပေးပွဲကိုလည်း အထူးဖိတ်ကြားခံရတော့ ဆုရမှာသေချာတယ် ဆိုပြီး ဆုပေးပွဲကိုသွားခဲ့တာ။
ဆုရွေးချယ်ရေးအဖွဲ့ကပုဂ္ဂိုလ်တွေကလည်း ဦးကို ကြိုကြိုဆိုဆိုနဲ့ ဆိုတော့ ဆုရမှာသေချာ လို့ထင်ပြီးပျော်နေတာ။
ဒါပေမယ် ဆုပေးပွဲသာပြီးသွားတယ် မရလိုက်ပါဘူး။ ရွှေအမြုတေဆူပေးပွဲက ကြိုပြီးကြေငြာတာမဟုတ်ဘူး။
ရုပါရှင်အကယ်ဒမီဆုလို အခမ်းနာကျမှ တစ်ယောကါချင်းကြေငြာတာ အဲ့ဒီတုန်း နည်းနည်းခံစားလိုက်ရ ပေမဲ့
ဒီနှစ်မရ နောက်နှစ် ရကိုရရမယ်လို့ကြိုးစားခဲ့တာပါပဲ။ လာမယ့်နှစိတွေမှာလည်း အခန်းဆက်ဝတ္ထုတို့ ဝတ္ထုတိုတို့မှာ
ဆုချိတ်အောင်ကြိုးစားအားထုတ်နေပါတယ်။
ဆရာရေးသားခဲ့သော ၀တ္ထုတို၊၀တ္ထု၇ှည်ပေါင်း ဘယ်လောက်ရှိနေပြီလဲဆိုတာကိုလည်း စပ်စုပါရစေ
စာရေးချင်စိတ်ရှိတဲစာပေ၀ါသနာရှင်များအတွက် ဆရာလမ်းညွှန်အားပေးမူ စကားလက်ဆောင်လေးကို ကြားပါရစေ ဆရာ
လက်နဲ့မရေးပါနဲ့လို့ပြောချင်ပါတယ်။ လူငယ်စာပေဝါသနာရှင်တွေကိုကြိုဆိုပါတယ်။ ဦးအယ်ဒီတာလုပ်နေတဲ့ ရနံ့သစ်မဂ္ဂဇင်းကို ပို့ပါ
ဂရုတစိုက်ဖတ်ပေးပါမယ်။
ရွှေမြန်မာ မိသားစုဝင်တွေအနေနဲ့လည်း ဒီအင်တာဗျူး အစီစဉ်လေးကို ကျေနပ်သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
နောက်များမှာလည်း ခုလိုတန်ဖိုးရှိတဲ့ အင်တာဗျူး အစီစဉ်လေးတွေကို ကြိုးစားတင်ဆက်ပေးသွားပါအုံးမယ်ရှင် ။
No comments:
Post a Comment