သေချာရဲ့လား
လူတိုင်းကပြောနေပြီ..................
တိုင်းပြည် နဲ့ လူမျိုးကို အလွန်ချစ်ပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏
သေချာရဲ့လား..........................
လူတိုင်းကပြောနေပြီ..................
အမျိုးဘာသာ သာသနာ့ကို အလွန်မြတ်နိုးပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏
သေချာရဲ့လား..........................
လူတိုင်းကပြောနေပြီ..................
ဒီမိုကရေစီ အရမ်းလိုချင်ပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏
သေချာရဲ့လား..........................
မပြီးသေးတဲ့စကား ထပ်မံကြားရ
သေချာခြင်းအားလုံး
အစွန်းတစ်ဖက်မှာ အဆုံးသတ်လေ၏။
ခိုင်လေး
( ရွှေတောင် )
No comments:
Post a Comment