ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့

မနက်က
ကိစ္စတစ်ခုရှိတာနဲ့ ဆိုက်ကယ်လေး စီးလို့ ပြည်ကို
သွားခဲ့ပါတယ် ။လမ်းတစ်ဝက်မှာဘဲ ယာဉ်ထိန်းရဲတွေ က စစ်ဆေးရေးဂိတ်ကနေတားပါတယ် ။ ခပ်တည်တည်ဘဲ
ရပ်ပေးလိုက်တယ် ။ တားနေတာကို မရပ်လို့မှ
မရတာကို.။ လိုင်စင်တောင်းတယ် ။
ပြာကလက်စိန်ခိုင်လေးဘဲ ဘယ်ရမလဲ
အိတ်ထဲကို နှိပ်လိုက်တယ် ။ "အယ်မေ့ကျန်နေပြီ ပါဘူးတော"့သွားပြီ အဲဒီမှာ ပြစ်မှုက တစ်မှု
။ နောက်ထပ်မေးတယ် ဆိုက်ကယ်
ဝှီးတက်တဲ့လေ။ " ဟင် ပါဘူးထင်တယ်" သွားပြန်ကော
2မှူ ရှိနေပြီ။တော်သေးတယ် ဆိုက်ကယ်ဦးထုပ်တော့ ဆောင်းထားလို့ ပေါ့။ ဒါနဲ့ ဒဏ်ငွေ
11000ဆောင်လိုက်ရတာပေါ့ ရှင်။ စိတ်ကလဲ တိုနေပြီလေ။ဝက်သားတုတ်ထိုးစားမယ်
၊ စပါကီ စားမယ်လို့
အပြတ်တွေးထားတဲ့အတွေးလေးတွေ
ခုတော့ ကုန်ပြီလေ။ ဒီလိုစိတ်ညစ်စရာတွေနဲ့ ရှုတ်ရှက်ခတ်နေတဲ့စဉ်မှာပင် ပြည်ရောက်ခံနီးမှ
ဘီးကထပေါက်ပြန်တယ်ရှင်..........ဘယ်လောက်ကံဆိုးစေတဲ့ နေ့လဲ ဒေါသတွေက တစ်ကိုယ်လုံးကို
လွှမ်းခြုံ သွားပါပြီ။ စိတ်တိုတိုနဲ့ ဆိုက်ကယ်ကို ဘီဖာဆိုင်ထိ တွန်း....ဆိုက်ကယ် တွန်းနေရင်း မောတော့ စိတ်တိုတာတွေက ဒီဂရီတွေတက်
။ ဘီးဖာဆိုင်ရောက်တော့ ဆိုက်ကယ်ထားပြီး.........လိုင်းကားဆိုသော အရာကို တားပြီး ပြည်ကို
ခရီးဆက်ခဲ့ပါတယ်။ ခိုင်လေး တက်စီးတဲ့ ကားက လူတွေက ကျပ်နေတာဘဲ
။ .ဈေးသည်တွေ ပြန်ချိန်မို့ ကားပေါ်မှာ ဈေးသည်တွေက အများပြားပေါ့ရှင်။ ကြီးကျယ်တာမဟုတ်ပေမယ့် အနံ့သက်ဒဏ်တွေကို ခိုင်လေး ခံနိုင်ရည်မရှိဘူး ။ နဂိုကမှ ဒေါ်သန့်လို့
အိမ်က ခေါ်ခံရသူပါ ။ အိမ်မှာဆို သောက်ရေအိုးက
ရေခွက်တောင်တစ်ယောက်ထဲ တစ်ခွက်ထားတဲ့ သူမျိုး ။ ကားပေါ်ရောက်လို့ အမောဖြေမယ်ကျန်သေး ....ဘေးက အန်တီကြီး တစ်ယောက်
ငိုက်လိုက်တာမှ တအားပါဘဲ ။ တချိန်လုံး ခိုင်လေး
ပေါ်ကိုမှီလို့။ကားကကျပ်ပါတယ်ဆိုမှ
သူက ခိုင်လေးကို မှီပြီး အိပ်မောကျလာလိုက်သေးတယ်။ သူဆီကရနေတဲ့ ချွေးနံ့က
တမျိုး။အော်ငိုချင်စိတ်ပေါက်သွားခဲ့ပါတယ်
။ ဒီအချိန်မှာ ခိုင်လေး
ခေါင်းထဲကို မဆီမဆိုင်အတွေးတွေ တန်းစီ ၀င်လာခဲ့ပါတယ် ။
ဘာကိုအရင်တွေးလိုက်မိလဲဆို
ဆိုက်ကယ်အဖမ်းခံရတာကစပြီး တွေးလိုက်မိတယ်။ဖမ်းတဲ့ သူအပြစ်လား ၊ စည်းကမ်းပေါ့လျော့တဲ့ ခိုင်လေး အပြစ်လား။
တကယ်တော့ ဆိုက်ကယ်စီးရင် လိုအပ်တဲ့ လူလိုင်စင်၊ဆိုက်ကယ်လိုင်စင်၊
ဦးထုပ် ဆိုတာတွေ ခိုင်လေး ပြည့်ပြည့်စုံစုံပါခဲ့မယ်ဆိုရင် ဘယ်သူမှ ဖမ်းစရာမလိုဘူးလေ...။
ခိုင်လေး ပေါ့လျော့လို့အပြစ်ပေးခံရတာကို ဘယ်သူကို စိတ်တိုနေတာလဲ တိုရင်းတို ကိုယ်ကို တိုရမှာလေ။ တကယ်တော့ ခိုင်လေးက တစ်လနေလို့ တခါတောင် အပြင်ထွက်တဲ့သူမဟုတ်ပါဘူ ။ပြည်ဆိုတာလဲ3လတစ်ခါလောက်နေမှ တစ်ခေါက် ရောက်တာမျိုးလေ။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်သွားမယ့် ခရီးအတွက်လိုအပ်တာတွေကို ကိုယ်တိုင်သေချာပြင်ဆင်ရမှာဘဲလေ။
ဒီလိုတွေးမိ လိုက်တော့ တိုနေတဲ့ စိတ်တွေ ပြေလျော့ သွားပါတယ်။
ဒီလို စိတ်ပြေသွားချိန်မှာ ခုနက စိတ်တိုနေတဲ့ ဘေးက
အန်တီကြီးကို ခိုင်လေး သေချာကြည့်မိလိုက်တယ်.........ငိုက်ယုံတင်မဟုတ်ဘဲ နှစ်ခြိုက်ခြိုက်ကို သူအိပ်ပျော်နေရှာတာ ။ဈေးသည် အန်တီကို ငေးကြည့်နေမိရင်း စိတ်တိုနေတာတွေ အစား ဂရုနာသက်မိသွားတယ်။ ခိုင်လေးမနက်ကဆို
7.00နာရီ ထိုးမှ အိပ်ယာထတယ်....ဒါတောင်
.မေမေ အတင်းနိုးလို့ပါ...... 7နာရီမှ ထတာကို အိပ်ချင်မူးတူး
ဖြစ်နေသေးတယ်လေ။ ဒီဈေးသည် အန်တီဆို ခိုင်လေးတို့ ဇိမ်နဲ့ နှက်နေတဲ့ မနက်
3နာရီလောက်ထဲက ထနေရပြီလေ။ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ ဘ၀သမားတွေပါ။ခိုင်လေး တို့ သုံးနေတဲ့
ဂျိုင်းလိမ်းတောင့်ဆိုတာတွေ
ရေမွှေးဆိုတာတွေ သူတို့ ဘယ်သုံးနိုင်မှာလဲနော်။ ဘ၀အတွက်
ရုန်းကန်နေရတဲ့ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့ ဆိုတာဘဲရှိမှာလေ။
ဒါကို နားလည်မိလိုက်တဲ့ အချိန်မှာ ခိုင်လေး ရင်ထဲမှာ ရှိနေတဲ့ ဒေါသတွေ၊စိတ်တို ခြင်းဆိုတဲ့ နေရာမှာ စာနာနားလည်ခြင်းနှင့် သနားခြင်းဆိုတာတွေက နေရာ
အပြည့် ယူသွားပါတော့ သည်။ အိမ်ရှေ့ကို ရောက်လို့
ကားပေါ်က ဆင်းတော့မှ မှီနေတဲ့ အန်တီကို ညင်တာစွာနဲ့ ဖယ်လိုက်မိတဲ့ အချိန်မှာ ဈေးသည် အန်တီနိုးသွားပါသည်။ ခိုင်လေးကားပေါ်က
ဆင်းခံနီးမှာ သူပြုံးပြလိုက်တဲ့ အားနာမှု အပြုံးကို...........နားလည်မှု အပြုံးနဲ့ နှစ်ခြိုက်စွာ နှုတ်ဆက် ပြန်ပြုံးပြရင်းစိတ်လက် ပေါ့ပါးစွာဖြင့် ကားပေါ်ကနေ ဆင်းခဲ့ပါတော့တယ်ရှင် ။ ဘ၀ က
ပေးတဲ့ လောကဒဏ်ရေမွှေးနံ့ ရှိနေတဲ့ လူသားတိုင်းကိုစာနာခြင်းဆိုတဲ့ စိတ်လေးတွေ မွေးပြီးနားလည် ပေးလိုက်ကြပါစို့ရှင်။
·
လွန်ခဲ့သောတစ်နှစ်ခွဲလောက်က ရေးသားခဲ့သော ဆောင်းပါးအဟောင်းလေးပါရှင် ။
မြန်မာပြည်တွင်
ထုတ်ဝေသော Women's World Journal ပါ ဆောင်းပါးလေးပါ။
ခိုင်လေး(ရွှေတောင်)
No comments:
Post a Comment