ဖခင်တစ်ယောက် ရဲ့ သွေးသားထဲက မေတ္တာနှိုးးသံလေးပါပဲ
မေမေထက်တောင်ပိုတယ်လို့ ထင်ရအောင် ခိုင်လေးနဲ့ပတ်သတ်ရင် အရမ်းကိုဂရုစိုက်တတ်သူပါ ။ ခိုင်လေးကို ဖအေတူသမီးလို့အားလုံးကပြောကြတယ် ။ ခိုင်လေးက မိဘတွေနဲ့တရင်းတနှီးတော့မနေတတ်ခဲ့ဘူး ။ ကိုယ်ဘာကို နေတတ်သလိုဘဲနေခဲ့သူတစ်ဦးပါ ။ ဖေဖေနဲ့ မေမေက ခိုင်လေးကို သိပ်ချစ်တယ်လို့ လဲ အရင်ကခိုင်လေးမထင်ခဲ့မိပါဘူး ။ ခိုင်လေးတို့ကညီမ3ယောက်ရှိတယ်.......ခိုင်လေးက ကျန်တဲ့ 2ယောက်လို မိဘတွေနဲ့သိပ်ရင်းရင်းနှီးနှီး မနေတော့ ခိုင်လေးကို လဲ ကျန်တဲ့ ညီမတွေလောက်မချစ်ဘူးလို့ မှတ်ယူမိ ခဲ့တာပေါ့ ။ * အဓိက ဖေဖေပေါ့နော်* ဖေဖေ ခိုင်လေးကို အရမ်းချစ်ခဲ့တယ်ဆိုတာကို စတင်သိခဲ့တာကတော့ ရီစရာလေးတစ်ခု ပြောပြရအုံးမယ် ။ တစ်နေ့ပေါ့ ခိုင်လေးအမျိုးသားက ဆိုင်ကယ်နဲ့ မေမေတို့ဆီကို သွားတယ်လေအဲဒီနေ့က ခိုင်လေးကသူနဲ့
လိုက်မသွားဖြစ်ဘူး.......ဖေဖေနဲ့မေမေကအိမ်ရှေ့တန်းလျားမှာထိုင်နေကြတယ်........ခိုင်လေး အမျိုးသားက ဆိုင်ကယ်ကို ကွေ့လိုက်တာ ဆိုက်ကယ်ကမှောက်မလိုဖြစ်သွားပါလေကော။ ဒီချိန်မှာ ဖေဖေက ဘာထပြောလိုက်တယ်ထင်လဲ*တော်သေးတာပေါ့ကွာငါသမီးလေးမပါလို့ပေါ့*တဲ့လေ ။ မေမေကရှင်ဘယ်လိုပြောလိုက်တာလဲဆိုတော့ ဘာမှမဟုတ်သလို အိမ်ထဲထ၀င်သွားတယ်။ခိုင်လေးနဲ့ပတ်သတ်ရင်ဖေဖေရဲ့အမှတ်တရလေးတွေရှိသေးတယ်။ခိုင်လေးသားလေးမွေးတော့လေ..........သားဦးဆိုတော့ ခိုင်လေး မေမေနဲ့ ခိုင်လေးအမျိုးသားကိုဘဲမျှော်ခဲ့တာပေါ့ ။ ဆေး၇ုံကခွဲခန်းထဲကိုဝင်တဲ့အထိ မေမေကော ၊ ခိုင်လေးအမျိုးပါ ရောက်မလာခဲ့ပါဘူး ။ ရောက်လာသူက ဖေဖေ ပါ ။ ဖေဖေကတော့ ခိုင်လေးမနက်7နာရီမွေးမှာကို မနက်5နာရီထဲက ခိုင်လေးနားကိုရောက်နေခဲ့ပါပြီ ။ ခွဲခန်းထဲကို ၀င်တဲ့အထိ ခိုင်လေးနားမှာဖေဖေကတချိန်လုံးရှနခဲ့တယ် ။ နောက်ထပ် ဖေဖေနဲ့ခိုင်လေးကြားက အမှတ်ရစရာလေးတစ်ခုကတော့ ခိုင်လေးကနှလုံးခုန်နှုန်းမြန်တဲ့ရောဂါနဲ့ဆေးရုံတက်ရတုန်းကပေါ့ ။ ညဘက်ဆေးရုံမှာခိုင်လေးအမျိုးသားက သူစောင့်မယ် အဖေပြန်ပါလို့ ပြောတော့............ဖေဖေက မပြန်ဘူး တဲ့လေ..........သူစောင့်မယ်ဆိုပြီးခိုင်လေးကိုစောင့်အိပ်ခဲ့ပါတယ် ။ ခိုင်လေး ကုတင်ဘေးမှာ ခိုင်လေးအမျိုးသားကအိပ်တယ် ။ သူဘေးမှာမှ ဖေဖေက တန်းလျားနဲ့စောင့် အိပ်တယ် ။ ညဘက်ရောက်တော့ ခိုင်လေး နှလုံးခုန်နှုန်းတွေ အရမ်းပြန်မြန်လာခဲ့တယ် ။ ခိုင်လေးဘေးက ကပ်အိပ်နေတဲ့ အမျိုးသားကိုနှိုးတယ်။ မနက်ပိုင်းမှာ နှလုံးကမရပ်တာနဲ့ ဓာတ်ကင်ထားလိုက်ရတဲ့အရှိန်နဲ့ လူက အားလည်းသိပ်မရှိလှဘူး။ အသံကလည်း တိုးမှတိုးလေးနဲ့ အမျိုးသားကို အကြိမ်ကြိမ် နှိုးမိပါတယ် ။ ဘယ်လိုခေါ်ခေါ် မနှိုးဘူး ။ ဖေဖေကကြတော့ခိုင်လေး အကြိမ်ကြိမ် ခေါ်သံကို ကိုကြားတာနဲ့တင်
တန်းနိုးလာခဲ့ပါတယ် ။ ဖေဖေက နားတဖက် လုံးဝမကြားရပါဘူး။ ညဘက် နားကြပ်ဖြုပ်ထားရင် လုံးဝမကြားရတဲ့သူက ခိုင်လေး ခေါ်သံကို တန်းကြားတာ ဖခင်တစ်ယောက် ရဲ့ သွေးသားထဲက မေတ္တာနှိုးးသံတွေပေါ့နော် ။ ဒါဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ဂရုစိုက်ကြင်နာမှုတွေပါ ။ ဘယ်သူကမှ
နှိုင်းယှဉ်လို့မမှီနိုင်ပါဘူး ။ ဖေဖေနဲ့ပတ်သတ်တဲ့အမှတ်တရတွေခိုင်လေးမှာ အများကြီးပါဘဲ ။ ပြောမယ်ဆိုမကုန်နိုင်အောင်ကိုဘဲရှင် ။ ခိုင်လေးဘ၀လေးလဲ အေးချမ်းသာယာနေပါပြီ ။ အရာရာကို နေသားတကျနဲ့ရပ်တည်နေနိုင်ပါပြီ ။ ဒါလေးတွေက *ဖေဖေ ခိုင်လေးကိုသိပ်ချစ်တယ်ဆိုတဲ့ အမှတ်တရ အဖြစ်လေးတွေပါ* ။ဖေဖေက ခိုင်လေးကို သိပ်ချစ်တာ ။ ခိုင်လေး မလေးရှားကို လာတော့ ဖေဖေက လေယာဉ်ကွင်းကို လိုက်ပို့ပေးတယ် ။ မသွားခင်တောက်လျှောက်လည်း ပြန်လာမှာမလားဆိုတဲ့ မေးခွန်းကို အထပ်ထပ်မေးခဲ့တယ် ။ တကယ်တော့ ဖေဖေက ခိုင်လေးကို မလေးရှား နဲ့ စင်ကာပူကို အလည်လွတ်လိုက်တာပါ ။ စင်ကာပူမှာ အလုပ်ရှာရလဲ လုပ်ပေါ့ ။ မရလည်း လည်ပတ်ပြီး ပြန်လာဖို့ အတန်တန်မှာခဲ့ပါတယ် ။ မလေးရှားမှာ အမျိုးသားနဲ့ တူတူနေတော့မယ်ဆိုတော့ အတန်တန်ပြန်ခေါ်ခဲ့တယ် ။ ပြန်မလာလို့ အရမ်းလည်း စိတ်းဆိုး စိတ်မကောင်းဖြစ်နေကြပါတယ် ။ ဖေဖေက လေယာဉ်ကွင်းကို လိုက်ပို့တဲ့နေ့က စိတ်မကောင်းဖြစ်နေပေမယ့် ခိုင်လေးကတော့ အလည်သွားရမှာတွေ အမျိုးသားကိုတွေ့ရမယ်ဆိုတဲ့ စိတ်တွေနဲ့ အရမ်းကို ပျော်ရွင်နေခဲ့မိတယ်ရှင် ။ ပျော်ရွင်ရယ်မောနေတဲ့ ကျွန်မနားကို ဖေဖေက တိုးတိုးလေး ကပ်ပြောခဲ့တယ် ။ * သမီး အဖေပြန်တော့မယ်နော်။ လေယာဉ်ထွက်တဲ့ အထိ ဖေဖေ မစောင့်တော့ဘူး ။ သမီးထွက်သွားတာကို ဖေဖေ မခံစားနိုင်ဘူး *တဲ့ရှင်။ သတိရမိတိုင်း ခိုင်လေး ပြန်ကြားယောင် သတိ၇နေမိတဲ့ ဖေဖေ စကားသံလေးပါ ။ ပြန်ကြားတိုင်း အရမ်းကို ၀မ်းနည်း ခံစားရပါတယ် ။ အဆိုးဆုံး သမီးကို အချစ်တွေ ပိုပေးခဲ့တဲ့ ဖေဖေကို အရမ်းသတိရနေမိပါတယ် ဖေဖေ။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment