အမျိုးသားရှိတဲ့မလေးရှားနိုင်ငံ
Thursday, April 25, 2013
မြန်မာ မိန်းကလေးတွေ မလာသင့်သောနေရာလေးတစ်ခု
မြန်မာ မိန်းကလေးတွေ မလာသင့်သောနေရာလေးတစ်ခု
အမျိုးသားရှိတဲ့မလေးရှားနိုင်ငံ ကို
ကျွန်မ အလည်ရောက်လာခဲ့ပါတယ် ။ အမှန်တော့ ၁လအလည်လာပြီး မြန်မာပြည်ကို
ကျွန်မပြန်ဖို့ပါပဲ ။ မလေးရှားကို ရောက်တဲ့အခါမှာတော့ မြင်ရ ၊ ကြားရတဲ့
နိုင်ငံခြားရောက် လူတွေရဲ့ ဖောက်ပြန်ခြင်းတွေ ရှုတ်ထွေးပွေလီနေတဲ့
လူမှုဖောက်ပြန်မှုတွေကို လက်တွေ့မြင်လိုက် ၊ ကြားလိုက်ရတဲ့ အခါမှာတော့
ကျွန်မအတွက် အသက်ရှူဖို့တောင် တော်တော်ကျပ်စေခဲ့ပါတယ် ။ န...ိုင်ငံခြားကိုရောက်နေတဲ့
သူတိုင်းကို ကျွန်မ မဆိုလို့ပါ ။ နိုင်ငံခြားဆိုတာကို ရောက်လာသူတိုင်း
ပိုက်ဆံရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အဓိက လာကြပေမယ့်
အနေကြာလာတဲ့အခါမှာတော့ ဦးတည်ချက်တွေ ရွေ့လျား ပျက်ပြားကုန်တတ်ကြပါတယ် ။
အိမ်ထောင်ရှင်တွေ မိသားစုနဲ့ ကြာကြာခွဲနေရတဲ့အခါ လက်တွေ့သာယာမှုကို
စိတ်အလိုလိုက်မိကြတယ် ။ ဒီနေရာ ပြောစရာရှိတာက ဖောက်ပြန်တယ်ဆိုတာ
ခြံခုန်ခြင်းပေါ့နော် ။ခြံခုန်တယ်ဆိုတာ ခုန်တဲ့သူမှာ အပြစ်ရှိသလို
အဲဒီခြုံကို လုံအောင်မခတ်တဲ့ သူမှာလည်း အပြစ်ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ
မှတ်သားဖတ်ရှုခဲ့ဘူးပါတယ် ။ လက်ရှိမြန်မာ အနေထားမှာ အလုပ်ကိုင်တွေ
မကောင်းသေးတာမို့ ကြင်သူသက်ထားဇနီးမယားတွေအနေနဲ့လ ည်းပြန်လာမယ်ဆို
* မလာနဲ့အုံး ဒီမှာ အလုပ်တွေ မကောင်းသေးဘူး ဆက်နေပါအုံးရှင် * ဆိုတဲ့
စကားတွေကိုတာ တော်တော်များ ပြောတတ်ကြပါတယ် ။ သူတို့ဘက်က သူတို့ အတွေးနဲ့
မှန်သလို တစ်ဖက်က အမျိုးသားတွေ အနေနဲ့ကလည်း မိမိဇနိးမယားနဲ့
ကြာကြာခွဲနေရတဲ့အခါမှာ မိသားစုဆိုတာလေးကို တောင်းတမိတတ်ကြပါတယ် ။
တောင်းတမိတဲ့ ဆန္ဒတစ်ခုကို အစားထိုးခြင်းဆိုတာတွေနဲ့ ဖြည့်စီးလိုက်တဲ့
အခါမှာတော့ မလိုလားအပ်တဲ့ ပြသနာတွေ ပေါ်ပေါက်လာတော့တာပါပဲ ။ ဒီလို
ပြသနာတွေကို ကျွန်မတို့ အိမ်ထောင်ရှင်တွေ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ
ဆိုတဲ့ အချက်လေးက အရေးကြီး လိုအပ်နေပါပြီ။ ပြသနာတစ်ခု ဖြစ်လာပြီဆို တစ်ဦး
နဲ့ တစ်ဦး ရန်လိုနေမယ့်အစား ပြသနာရဲ့ ဇစ်မြစ်ကို ရှာဖွေကာ
ညှိနှိုင်းဆောင်ရွက်တတ်ဖို့ အဓိက ကြပါတယ် ။ ဒီလိုအဖြစ်ပျက်တွေဟာ စာရေးသူ
လိုရာကို ဆွဲပြောနေခြင်းမဟုတ်ပါဘူး ။ အမှန်တကယ် သိကြား မြင်နေရတာတွေကို
ဆွေးနွေးတင်ပြခြင်းတာ ဖြစ်ပါတယ် ။ တလောလေးက ကြားလိုက်မိပါတယ် ။ ဒီနေ့
မင်္ဂလာဆောင်တယ် နောက်နေ့မှာဘဲ တခြားအမျိုးသားတစ်ဦးနောက်ကို လိုက်သွားတယ်တဲ့
။ နောက်ကျွန်မ အမျိုးသား အလုပ်လုပ်နေတဲ့ စက်ရုံနားက တခြားစက်၇ုံက
ကောင်လေးတစ်ယောက်ဆို မြန်မာပြည်မှာ မိန်းမရှိနေတယ် ။ ဒီမှာ
အမျိုးသမီးတစ်ယောက်နဲ့ ထပ်ဖြစ်တယ် ။ နောက်ပိုင်း မြန်မာပြည်က မိန်းမကို ဘဲ
ဆက်ပေါင်းမှာမို့ မလေးက မိန်းမကို * ငါ့မှာ မိန်းမရှိတယ် အဆက်ဖြတ်ရအောင်
*လို့ပြောပြတယ် ။ ဘယ်လိုမှ ဖြတ်မရဘူး ။ကောင်မလေးက တပတ်တခါ သူဆီကို
လာနေတာမို့ မြန်မာပြည်က မိန်းမကို အကြောင်းစုံဖွင့်ပြောပြီး မလေးရှားကို
ခေါ်လိုက်ရတယ် ။ မလေးက အမျိုးသမီးလာတဲ့ အခါ ထိတိုက်တွေ့ပြီး ဘာတွေ
ဆင်ဖြစ်မယ်မသိပါဘူး ။ ဒါမျိုးတွေ တပုံတပင်ကို ကြားနေရ မြင်နေရတဲ့ အတွက်
တကယ်ကို အသက်ရှူလို့မ၀အောင်ကို စိတ်ဆင်းရဲမိပါတယ် ။ ကိုယ်နဲ့မဆိုင်သော်ငြား
ကိုယ်လူမျိုးတွေ ခုလို စာရိတ္တတွေ ပျက်ပြားနေကြတာတွေကို ရင်ထဲမချိအောင်
ဖြစ်မိပါတယ် ။ အပျိုလေးတွေ မလေးရှားကို ရောက်လာကြတယ် ။ ရောက်ကာစတော့
ဘာမှမသိသေးတော့ အေးအေးဆေးဆေး နေကြပါတယ် ။ နောက်တဖြေးဖြေး ဆရာကျလာတော့
အတတ်ဆန်းတွေ သင် ကိုယ့်ကို ဆရာကြီးအထာတွေနဲ့ ကိုယ်ကိုကိုယ် ဘယ်ဘ၀ကို
ရောက်လို့ရောက်နေမှန်းမသိဘဲ ဘ၀မြင့်နေသူတွေကို လည်း အများပြားတွေ့နေရပါတယ်။
ကလေးမလေးတစ်ယောက်ဆို သူလုပ်နေတဲ့ စက်ရုံမှာ အိုတီလည်း အမြဲရှိနေတယ် ။
လခလည်း တစ်ထောင်ကျာ်ရနေရဲ့သားနဲ့ သူ့ကောင်လေးနောက်ကို အို
အဖြစ်ခံပြီးထွက်ပြေးလာပါတယ် ။ ကောင်လေးက ၀တ်ကောင်းစားလှလေးတွေနဲ့ သွားရောက်
ပိုးပန်းတာကို အဟုတ်ထင်တာ လိုက်လာလိုက်တာ ကောင်လေးဆီရောက်တော့
ရတဲ့လခကလည်းနည်း အိုတီကမရှိ ။လိုက်လာတာ မှားပြီဆိုတာတွေလည်း ဒုနဲ့ဒေး ပါပဲ ။
မိဘတွေအနေနဲ့ ကိုယ်သားသမီး အပျိုလေးတွေကို ခုလို နေရာမျိုးတွေကို
လွတ်တဲ့နေရာမှာ သေချာ စဉ်းစားပြီးမှ လွတ်စေချင်ပါတယ် ။
တကယ်အလုပ်အဆင်မပြေလို့လွတ်မယ်ဆိုရင်တောင်
သေချာလေး တွက်ကြည့်ပါ ။ မလေးရှားမှာ ပျမ်းမျှ မိန်းကလေးတစ်ယောက်လခသည်
1ထောင်ဝန်းကျင်ပါပဲ ။ ပိုလှ 1သိန်းမနည်းပါ ။ မျက်စိကွယ်ရာ နားကွယ်ရာ မှာ
စိတ်ချလက်ချလွတ်သင့်ပါသလား ။အိမ်ထောင်ရှင်တွေတောင် ဒီရောက်တာနဲ့ ( အို
မလေးရှားမှာ ၊ နိုင်ငံခြားမှာ ဘယ်သူသိတာ မြင်တာမှတ်လို့ မြန်မာပြည်ပြန်ရင်
ဘယ်သူမှ မသိပါဘူးဆိုတဲ့ ပေါ့ပျက်တဲ့ အတွေးခေါ်တွေကို တော်တော်များများ
တွေးတတ်နေကြပါတယ် (လူတိုင်းကို မဆိုလိုပါ ) ။ ကျွန်မရောက်တာ
မကြာသေးဘူးဆိုပေမယ့် စာရေးခြင်းကို ၀ါသနာပါတဲ့ ကျွန်မ နေရာစုံအောင်
လျှောက်သွားပါတယ် ။ လေ့လာပါတယ် ။ ကျွန်မကိုယ်တိုင် သေချာအမှန်တစ်ကယ် သိခဲ့ ၊
မြင်ခဲ့ ၊ ကြားခဲ့တာလေးတွေကို ပြန်လည် မျှဝေ ဆွေးနွေးခြင်းတာဖြစ်ပါတယ်။
နောက်ထပ် ဖြစ်ရပ်လေး တစ်ခု ရှိပါသေးတယ် ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။
နေရာတွေ နာမည်တွေ မထည့်ချင်တော့ပါဘူး ။ မြန်မာဆိုင်လေး ဖွင့်ထားတဲ့
မိသားစုလေးတစ်စုပေါ့ ။ သမီးလေးက ငယ်ငယ်ချောချောလေးပါ။ တစ်နေ့ သမီးလေး
ဈေးသွားတုန်း မလေးမှာရှိတဲ့ အိန္ဒယ ကုလားတွေ ဖမ်းသွားပါတယ် ။ ကလေးမလေးကို
မလေး ငွေ ၁သောင်းနဲ့ လာရွေးခိုင်းခဲ့တယ်။ဖခင်ဖြစ်သူလ ည်းသူတို့ဆက်သွယ်တာနဲ့
တန်းပြီးသွားရွေးခဲ့ပေမယ့် ကလေးမလေးက အကောင်းတိုင်း
ပြန်လာခွင့်မရတော့ပါဘူး ။ ကလေးမလေးမှာ ကိုယ်ဝန်ပါ ပါလာခဲ့တာကြောင့် သူတို့
မြို့လေးရှိရာ မြန်မာပြည်ကို ချက်ချင်းပြန်ပို့စေခဲ့ရပါတယ် ။ဒါတွေဟာ
တကယ်ဖြစ်ပျက်ခဲ့တာတွေပါပဲ။ မိဘနဲ့ တူတူနေတာတောင် စိတ်ချရမှု လုံခြုံမှု
အင်မတန်နည်းတဲ့ မလေးရှား နိုင်ငံလိုနေရာမျိုးကို မြန်မာမိန်းကလေးတွေကို
အတတ်နိုင်ဆုံးမလာစေချင်ပါဘူး ။ မိဘတွေအနေနဲ့လည်း ငွေမျက်နှာတစ်ခုထဲကို
မကြည့်ကြဘဲ မိမိတို့ရင်နှစ်လွယ်ပြီး မွေးဖွားထားရတဲ့ သမီးရတနာလေးတွေကို
မိဘရင်ခွင်မှာဘဲ အေးချမ်းစွာရှိနေပေးပါလို့ ဒီဆောင်းပါးလေးကနေ စေတနာ
ရှေ့ထားကာ အနူးညွတ်တောင်းပန် အသိပေးလိုက်ပါရစေရှင် ။
အမျိုးသားရှိတဲ့မလေးရှားနိုင်ငံ
No comments:
Post a Comment