Tuesday, August 26, 2014

၄၆ ။ ကြောက်ဖို့ကောင်းတဲ့နေ့ပြန်တိုးကြီး



၄၆ ။ ကြောက်ဖို့ကောင်းတဲ့နေ့ပြန်တိုးကြီး
Newsweetဂျာနယ်ပါဆောင်းပါးလေးပါ ။ 2008 ခုနှစ်
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
ကျွန်မတို့ရပ်ကွက်ထဲ နောက်ဆုံးပေါ်ခေတ်စားနေသည့် ငွေချေးစနစ်ကတော့ ပိုက်ဆံ(၁၀၀၀၀)ယူရင် (၁၂၀၀၀) ပြန်ပေးရပြီး တစ်နေ့(၅၀၀) နှုန်းနဲ့ (၂၄) ရက် အပြတ်သွင်းရတဲ့ နေ့ပြန်တိုးချေးရခြင်းပါပဲ ။ လူတစ်ယောက်ဟာ ငွေ(၁)သောင်း ချေးမိရင်တစ်နေ့(၅၀၀) ပြန်သွင်းရ၏ ။ မပြေလည်လို့ ချေးယူသုံးစွဲရသည့် လက်လုပ် လက်စား အလုပ်သမားများသည် ထိုနေ့ပြန်တိုးဆိုသည့် အရာကြီးကို ယူမိသည်နှင့် (၁)သောင်းချေးတာကနေ (၂)သောင်းဖြစ်ကြသည်က များပေသည်။ နာမည်နဲ့လိုက်အောင် နေ့ပြန်တွေ တိုးတိုးသွားတော့တာပါပဲ ။ လူတစ်ယောက်သည် သူ့လုပ်ကားခ တစ်နေ့ (၁၅၀၀)ရခဲ့ရင် မိသားစုစားစရိတ် မနှုတ်နိုင်ခင်မှာတင် နေ့ပြန်တိုး (၅၀၀) ကို စသွင်းရပြီ။ ရက်နည်းနည်းရလာတဲ့အခါ မသွင်းနိုင်တော့ ပထမနေ့ပြန်သွင်းဖို့ နောက်ထပ်နေ့ပြန် ထပ်ယူရပြန်လေသည် ။ အဲ့ကနေစပြီး သံသရာလည်တော့တာပါပဲ ။
ကျွန်မတို့  ရက်ကွပ်ထဲ၌ မကြာသေးမီကဘဲ ထမင်းဆိုင်အသေးစားလေး တစ်ခုပေါ်လာပါသည် ။  ဆိုင်နာမည်က "ရွှေမိ" ထမင်းဆိုင်လို့ ပေးထား၏ ။ ညနေဆို လက်လုပ်လက်စားအပြင် စီးပွားရေးအဆင်ပြေသူတွေပါ အုံခဲနေတတ်သည် ။ အလကားပေးတယ်ထင်ရအောင် အရမ်းရောင်းကောင်သည့် ဆိုင်လေးပါ ။ အဓိကနာမည်ကြီးသည်က "ရွှေမိ" ပဲဟင်းပါပဲ ။ ဒီလိုနေရင်းနှင့် တစ်လလောက်အကြာ မှာတော့ထမင်းဆိုင်လေးက ရုတ်တရက်ပိတ်သွားခဲ့လေသည် ။ ပထမ ထင်မိတာက ခရီးတွေ ဘာတွေ ခဏထွက်သွားသည်လို့ ထင်မိကြတာပေါ့ ။ ကျွန်မလည်း တစ်ပတ်လောက် ဘုရားဖူးသွားပြီးပြန်လာသည့်အထိ "ရွှေမိ" ဆိုင်လေး ပြန်မဖွင့်နိုင်သေးပါဘူး ။ နောက်နေ့ဈေးသွားသည့် အခါကြမှ နေ့ပြန်တိုး ဒဏ်ကြောင့် ဒေါ်ရွှေမိ တစ်ယောက် ယောက်ျားနှင့်ကလေးကိုထားပြီး ပြေးပြီဆိုတာသိရလေသည် ။ ယောကျာင်္းဖြစ်သူကလည်း မိန်းမ ဘာတွေလုပ်နေသည်ဆိုနေတာကို အကုန် မသိရှာပါဘူး။
"မယား" လုပ်တာ "လင်" သိရမယ်ဆိုတဲ့ အချက်နဲ့ နေ့တိုင်းညနေရောက်ပြီဆို ဒေါ်ရွှေမိ အိမ်ရှေ့တွင် နေပြန်တိုးချေးသူတွေဖြင့် စည်းကားနေတော့တာပါပဲ ။ ဒေါ်ရွှေမိရဲ့ယောင်္ကျားနှင့် သားမှာ  သနားစဖွယ် မျက်နှာငယ်လေးနဲ့ နေ့ပြန်ချေးသူတွေကိုတောင်းပန်နေကြရတာကို တွေနေရပါတော့သည် ။  ကဲစဉ်းစားကြည့်ပါအုံး(၁)သောင်းချေးတာကနေ သိန်းပေါင်းများစွာအထိဖြစ်သွားတတ်သည့် ဒီနေ့ပြန်တိုးကြီးဟာ ဘယ်လောက်ကြောက်စရာကောင်ပါသနည်း ။ ဒါတွေကိုလူတွေမသိကြတာမဟုတ်ပါဘူ။ဘာဖြစ်လို့မကင်းနိုင်ကြသလဲ။ဒေါ်ရွှေမိလိုလူတွေဘယ်နှစ်ယောက်ပေါ်လာအုံးမှာလဲလို့စဉ်းစားမိရင်းရင်မောမိပါ၏ ။လူတိုင်းလူတိုင်းအကြွေးမကင်းဘူးဆိုတာ သိပေမယ့် ဒီနေ့ပြန်တိုင်း ဆိုတာကြီးကတော့ အရှိဆင်းရဲသားတွေအတွက် နလန်မထူးနိုင်အောင် အဆိုးဆုံးနဲ့ဒုက္ခအပေးဆုံးပါပဲ ။ ရောင်းအားကောင်းနေသည့် "ရွှေမိ"ထမင်းဆိုင်လေးဟာ ဘယ်လောက်ပဲရော်းအာကောင်းကောင်းနေ့ပြန်တိုးဒဏ်ကိုတော့တောင့်မခံနိုင်ခဲ့ရှာဘူး။
အိမ်ထောင်တစ်ခုမှာဘာကိုပဲလုပ်လုပ်ယောကျာင်္းနဲ့မိန်းမတိုင်တိုင်ပင်ပင်ရှိသင့်ပါသည်။တစ်ယောက်ဦးနှောက်နဲ့ဆုံးဖြတ်တာထက်နှစ်ယောက်ပေါင်းဦးနှောက်နဲ့ဆုံးဖြတ်တာဟာပိုပြီးမှန်ကန်တဲ့အဖြေကိုထွက်စေနိုင်မှာပါ။တစ်ယောက်လုပ်တာကိုတစ်ယောက်ကလည်း သိအောင်ကြိုးစားသင့် ပေ၏ ။ မိန်းမလုပ်တာမို့ ကျွန်တော်မသပိါဘူးဆိုတဲ့ စကားဟာလည်း ဥပက္ခာပြုလွန်းတယ်လို့ယူဆမိပါသည် ။ ညံ့ရာလည်းရောက်ပါ၏ ။ မလိုအပ်သည့် အသုံးစရိတ်တွေအတွက် နေ့ပြန်တိုးကို အသုံးချမိမယ်ဆိုရင်ဖြင့် ဒီထက်မက ဆိုးသည့် အဖြစ်တွေကို တပ်ဆင့်ရင်ဆိုင်ရနေအုံးမည်သာ ။ ဒါကြောင့်တတ်နိုင်သလောက်ဒီနေ့ပြန်တိုးဒဏ်က ကင်းဝေးအောင် ရှောင်ရှားကြရင်း အကြွေးကင်းအောင် အလုပ်ကို ကြိုးစားလုပ်ခြင်းဟာ မိသားစု ဘ၀ ကိုလည်း ခိုင်မြဲစေပြီး သာယာချမ်းမြေ့တဲ့ အချိန်တွေကို ပိုင်ဆိုင်ကြရမှာပါ။သူများဆီက ပိုက်ဆံကိုအားကိုးမဲ့အစားရတဲ့ဝင်ငွေနဲ့လောက်ငှအောင်သုံးပြီးချင့်ချန်နိုင်ခြင်းဟာမင်္ဂလာရှိပြီးစိတ်ချမ်းသာစရာကောင်းသလိုဒီနေ့ပြန်တိုးဒဏ်ကလဲကင်းဝေးကြမှာဖြစ်ပါတယ်။ အဲ့ဒီလောက်ဆိုးတဲ့" နေပြန်တိုကြီးကို"ဝေးဝေးကရှောင်ကြပါစို့ရှင်။
ခိုင်လေး(ရွှေတောင်)

No comments:

Post a Comment