၁၈
။ ချွန်း နဲ့ တူသော မိန်းမများ
ခိုင်လေး ( ရွှေတောင်
)

၁၈
။ ချွန်း နဲ့ တူသော မိန်းမများ ( ခိုင်လေးက ချွန်းတစ်ခုကို ကောင်းတဲ့ ဘက်က အမြင်လေးနဲ့
ကြည့်ပြီး နှိုင်းယှဉ်ရေးသား တင်ပြထားခြင်းပါ ) ။
...
ဆင်နဲ့လှည့်တဲ့ ရှင်ပြုပွဲတိုင်းကို သဘောကျနှစ်ခြိုက်သူ ကွှန်မ ရှင်လောင်းလှည့်လာတဲ့
ဆိုင်းသံ ဗုံသံတွေကြားတိုင်း အပြေးလေးထွက်ကြည့်မိတတ်တာ ခုချိန်ထိပါပဲ ။ ကျွန်မအထူးနှစ်သက်မိသာကတော့
ဆင်ဆိုတဲ့ သတ္တ၀ါကြီးကို ထိန်းချုပ်နေတဲ့ ချွန်းဆိုတဲ့ ကိရိယာသေးသေးလေးကိုပါ ။ ဆင်(elephant)သည်
ကုန်းမြေပေါ်တွင် အကြီးဆုံး နို့တိုက် သတ္တ၀ါ ဖြစ်သလို ၊ ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော
သတ္တဝါ ဖြစ်ပါသည်။ ကြီးကျယ်မြင့်မြတ်ပါတယ်ဆိုတဲ့ ဒီလို သတ္တ၀ါကြီးကို ထိန်းချုပ်ထားတဲ့
အရာလေးကတော့ ချွန်းဆိုတဲ့ ကိရိယာသေးသေးလေး တစ်ခုဖြစ်နေခဲ့ပြန်တယ် ။ ဆင်တစ်ကောင်ရဲ့
ကြီးကျယ်မြင့်မြတ်ခြင်းတွေကို ပိုလို့ဂုဏ်ရှိန်ဝါတိုးစေခဲ့တာလည်း ဒီချွန်းလေးကြောင့်ဘဲဖြစ်သလို
၊ မှန်ကန်တဲ့ လမ်းတွေကို ရွေးချယ် လျှောက်လှမ်းတတ်စေခဲ့တာလည်း ဒီချွန်းဆိုတဲ့ အရာလေးကြောင့်ပါပဲ
။
ချွန်းဆိုတဲ့အရာလေး
နဲ့ သဏ္ဌန် တူတဲ့ လူပုဂ္ဂိုလ်တွေ ကွှန်မတို့ လောကကြီးမှာ ရှိတယ်ဆိုတဲ့ အကြောင်းလေးကို
ဆက်စပ်တွေးမိရာကနေ စာရေးဖို့အကြောင်းအရာလေးတွေ ကျွန်မခေါင်းထဲကို အလျှိုလျှိုဝင်ရောက်လာခဲ့ပါသည်
။ မိသားစုဆိုတဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့ ပထမဆုံး အိမ်ထောင်ပြုခြင်းဆိုတဲ့ အမှုကို
အရင်ဆုံးပြုကြရသည် ။ အိမ်ယာထူထောင်မှု ရှိမှသာ မိသားစုဆိုတဲ့ လူမှုအဆောင်အုံတစ်ခု ဖြစ်တည်လာမှာပါ
။ ဒါကြောင့် အိမ်ထောင်ပြုခြင်းသည် မိသားစုတစ်စုကို စတင်ခြင်းဖြစ်သည် ။ မိသားစုတစ်စုကို
စတင်သူ နှစ်ဦးသာရှိသည် ။ ဇနီးမောင်နှံဆိုတဲ့ လူသားနှစ်ဦးဖြင့် စတင်တည်ဆောက်ရပါသည်
။ ဇနီးမောင်နှံတို့တွင် အဓိက ခရာကျသည့် ဇနီးမယားတို့သည် ဆင်ကိုထိန်းပေးတဲ့ ခွန်းနဲ့တူသော
မိန်းမတစ်ယောက်ဖြစ်ဖို့ အထူးလိုအပ်ပါသည် ။ အိမ်ထောင်တစ်ခုကို မေတ္တာတရားကို အခြေခံ ၊
သစ္စာတရားကို ခြံစည်းရိုးခတ် ၊ နားလည်မှုဆိုတဲ့ အကာနဲ့ ကာရံ ပြီး ၊ စည်းလုံးခြင်းတွေကို
မိုးကာထားရပါမည် ။
အိမ်ထောင်ရှင်
အမျိုးသမီးတို့သည် မိသားစု အဆောက်အအုံရဲ့ အဓိက အကျဆုံး လူသားများပင်ဖြစ်ကြပေသည် ။ ချွန်းနဲ့
တုသော မိန်းမများဆို ပိုမှန်ပါလိမ့်မည် ။ ဘုန်းတန်ခိုးကြီးမားကြကုန်သောဆင်တို့သည်
အိမ်ထောင်ဦးစီး လင်ယောကျာင်္းတို့နှင့် တူညီကြကုန်သည် ။
ချွန်းနဲ့
တူသော မိန်းမများသည် မိမိလင်ယောက်ျား စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်ပေးတတ်ကြပါသည်
။ ခုခေတ်ခါမှာ ယောကျာင်္း မိန်းမ ရင်ဘောင်တန်း အလုပ်လုပ်ရတဲ့ အချိန်ကာလမို့ အိမ်မှုကိစ္စတွေကို
အိမ်အကူလုပ်သားများဖြင့်ထားကြရပါသည် ။ ကိုယ်တိုင် မချက်ပြုတ်နိုင်တောင် မိမိခင်ပွန်းသည်
စားသောက်ရန်အတွက် ညွှန်ကြားစီမံပေးတတ်ရပါသည် ။ စားသောက်သောအခါ ကိုယ်တိုင် ပြင်ဆင်ကျွေးခြင်းအမှုတို့ကို
ပြုကျင့်ကြပေသည် ။ အ၀တ်တန်ဆာများကို ကိုယ်တိုင် မလျှော်ဖွတ်နိုင်လျှင်တောင် ကိုယ်တိုင်ရွေးချယ်ထုတ်ပေးခြင်း
အမှု့တို့ကို ပြုကျင့်ကြပေသည် ။ လင်မယားပင်ဖြစ်လင့်ကစား မလိုအပ်တဲ့ အချိန်မှာ မိမိတို့
လျှို့ဝှက်ရမယ့် အရာတွေကို လွတ်လပ်စွာ ဖော်ပြနေနိုင်ထိုင်ခြင်းတွေသည် ယောကျာ်းများစိတ်ကို
ညဉ်းငွေ့စေပါသည် ။ ငါ့ ယောကျာင်္းရှေ့မှာဘဲ တစိမ်းမှ မဟုတ်တာဘဲဆိုတဲ့ အသိတွေနဲ့ လိုအပ်တာထက်
ပိုတဲ့ လွတ်လွတ်လပ်လပ် နေနိုင်ခြင်းတွေကို သတိထားဆင်ခြင်သင့်ပါသည် ။ မိမိထက် အသက်ကြီးသူု
မိမိထက် အသက်ငယ်သူဖြစ်ပါစေ မိမိခင်ပွန်းသည် အိမ်ထောင်ဦးစီးဖြစ်နေသည့် အတွက် ရိုသေသမှုရှိတတ်ရပါမည်
။
အိမ်ထောင်တစ်ခုကို
တည်မြဲသာယာအောင်ထိန်းသိမ်း စောင့်ရှောက်တဲ့ နေရာမှာ ငါမှငါဆိုတဲ့ အတ္တစွဲတွေ ရှိနေလို့လည်း
အဆင်မပြေနိုင်ပါဘူး ။ တစ်ဦးနဲ့ တစ်ဦး နားလည်မှုဆိုတဲ့ ဝေါဟာရကို သေသေချာချာ သဘောပေါက်ဖို့
လိုအပ်ပါပေသည် ။ ချွန်းနဲ့တူသော မိန်းမများသည် ပါရမီဖြည့်ဖက် မိတ်ဆွေကောင်းဇနီးသည်
မိန်းမမြတ်များသာဖြစ်ပါသည် ။ သာဓကဆိုရလျှင် ပညာရှိ မဟော်သဓာဧ။် ဇနီး အမရာဒေ၀ီ ၊ သောတ္တိသေနမင်းသား
ဇနီး သမ္ဘူလာဒေ၀ီ တို့လင်ယောကျာ်းတို့ ဧ။် အားထားရာ ဇနီးမယား မိတ်ဆွေကောင်းများ ဖြစ်ကြပေသည်
။ ဇနီးမယားတို့သည် ဇ၀နတိက္ခ ဂမ္ဘီရ ဥာဏ်နှင့် ပြည့်စုံကြသဖြင့် လင်ယောကျာင်္းတို့ ဧ။် တိုင်ပင်ရာအစစ်
ဖြစ်ကြလေ ဧ။် ။
ဇနီးမောင်နှံဆိုသည်
မှာ တစ်ဦးမေတ္တာ တစ်ဦးအပြန်အလှန်ခံယူကြရင်း နှစ်ရှည်လများ သေတပန်သက်တစ်ဆုံးပေါင်းသင်းကြရမယ့်သူတွေပါ
။ ကိုယ်နှင့် စိတ် ထပ်တူချစ်ရမယ့် သူတွေဆိုလည်း မမှားပါဘူး ။ မိမိတကယ်ချစ်မြတ်နိုးလျှင်
နားလည်တတ်မှုနဲ့ သည်းခံတတ်မှုတွေဟာ သူ့ အလိုလို ပေါက်ဖွားလာတတ်ပါတယ် ။ မိမိချစ်မြတ်နိုးသော
သူကို စိတ်တွင် ထာဝရ စိုးမိုးနေတတ်ပါသည် ။ မျက်စိနှစ်လုံးစဖွင့်ချိန် မိုးသောက်ချိန်ကစပြီး
မိမိခင်ပွန်းသည် အတွက်ကို စတင် စဉ်းစားပေးတတ်ကြပါသည် ။ မနက်စာမြင်ဆင်တာက အစ မိမိအမျိုးသားဘာလေးကြိုက်တတ်တာဆိုတာကို
အရင်ဆုံးတွေးမိ စီစဉ်မိတတ်ကြပါသည် ။ အလုပ်မတူရင်တောင် ထမင်းစားချိန်တွေမှာ ဖုန်းဆက်ပြီးဖြစ်စေ
ယောကျာင်္းရေ ထမင်းစားရတာ အဆင်ပြေလားဆိုတဲ့ ဂရုတစ်စိုက်မေးသံလေး တစ်ခုဟာ အိမ်ထောင်ရေးမှာ
အရေးပါ အသက်ဝင်တတ်တယ်ဆိုတာကို မမေ့လျော့တတ်ကြတာ ချွန်းနဲ့တူတဲ့ မိန်းမတွေရဲ့ အကျင့်လေးတစ်ခုပေါ့
။ အိမ်ထောင်သက် ဘယ်လောက်ကြာပါစေ ချစ်ခြင်းတရားတွေ ၊ ဂရုစိုက်ခြင်းတွေက လတ်ဆက်အောင်
ဖန်တီးတတ်ရမှာ အိမ်ထောင်ရှင်မတွေရဲ့ တာဝန်ပါပဲ ။
ကိုယ်နားမှာ
ရှိစေချင်သူကို နေချင်အောင် ထားတတ်ဖို့ကလည်း မိန်းမတွေရဲ့ လိမ်မာပါးနက်မှုပေါ်မှာ မူတည်နေပါသည်
။ ကျွန်မဆို အမျိုးသားနဲ့ တူတူနေရချိန်ဟာ အင်မတန်ကို နည်းပါးပါတယ် ။ မနက် မျက်စိပွင့်တာနဲ့
အလုပ်တန်းသွားပြီး ည10နာ၇ီလောက်မှ အလုပ်က ပြန်ရတဲ့ ခင်ပွန်းသည်နဲ့ တူတူနေရချိန်ဆို
အိပ်ချိန်လောက်သာရှိပါသည် ။ စနေ ၊ တနင်္ဂနွေ နှစ်ရက်သာ ညနေ5နာရီ ပြန်ရပါသည် ။ ညနေဘက်ဆို
ဟင်းချက်ရတဲ့တာဝန်က ကျွန်မ တာဝန်မို့ သူ့ညနေ ပြန်ရတဲ့ ပိတ်ရက်လေးတွေဆို ဟင်းချက်တဲ့
အနားမှာ သူထိုင်နေမှ ကျေနပ်မိပါသည် ။ ဒီလို ထိုင်နေစေချင်တာကို အပြောမတတ်ရင်တော့ ရန်တောင်ဖြစ်နိုင်ပါသည်
။ သူတို့မှာလည်း ဒီရက်လေးတွေ နားရတာဖြစ်နေတယ်လေ ။ ကျွန်မပြောဆိုပုံလေးကို နမူနာ အနေနဲ့
တင်ပြချင်ပါသည် ။
*
မောင်ရေ ကျွန်မ ဟင်းချက်တော့မယ် ။ မီးဖိုးထဲ လိုက်ခဲ့ပါလားဟင်။ နေ့တိုင်း တစ်ယောက်ထဲ
နေရတာလေ။ ခုလို မောင် စော ပြန်ရတဲ့ ရက်လေးတွေကို မောင်နားမှာဘဲ နေချင်တာ ။ ဟင်းချက်ရအုံးမယ်
။ ဒီတော့ မောင်လည်း လိုက်ထိုင်နေလေနော် ။ မောင်က ထိုင်ပြီး ဂိမ်းဆော့ရင်း စောင့်ပေးနော်
။*
ဒီလိုလေး
ပြောလိုက်တော့ သူလည်း သူ့ဝါသနာပါတဲ့ ဂိမ်းလေးဆော့ရင်း ထိုင်နေပေးဖြစ် ၊ ကိုယ်လည်း
အနားရှိစေချင်တာ ရှိနေတော့ ဆန္ဒပြည့်ရသည် ။ နှစ်ဦးနှစ်ဖက် အဆင်ပြေစိတ်ချမ်းသာစရာကောင်းရပါသည်
။ မိမိလိုချင်တာကို ညင်ညင်သာသာနဲ့ နားဝင်အောင် ပြောတတ်ဖို့က အရေးကြီးပါပဲ ။ ချွန်းနဲ့
တူသော မိန်းမများရဲ့ အားသာချက်က ဒီအချက်ပါပဲ ။ တစ်ချို့ အမျိုးသမီးတွေ ရှိတတ်ကြပါသည်
။ လိုချင်တာကို မရလျှင် အော်ဟစ်သောင်းကျန်းတတ်တာတွေ ၊ ဆဲဆိုတာတွေ ။ ဒီအမူအကျင့်တွေကို
ယောကျာ်းးလေးတိုင်း ရွံ့ရှာဖုန်းတီးတတ်ကြပါသည် ။ ဒီလို နည်းတွေနဲ့ မိမိတို့ယောကျာ်းတွေကို
ဘယ်တော့မှ သိမ်းသွင်းလို့မရဘူးဆိုတာကို ကိုယ်တွေ့သင်ခန်းစာတွေနဲ့ ရင်းပြီး ရဲရဲကြီး
ပြောလိုက်ချင်ပါသည် .။ အော်ဟစ် ဆူပူ ဆဲဆို မှုတွေဟာ ယောကျာ်းတွေကို အဝေးကို မောင်းထုတ်လိုက်တာနဲ့
တူတူပါပဲ ။ မိမိတို့နားကို ရောက်အောင် ခေါ်တဲ့ နည်းလမ်း မဟုတ်ပါဘူး ။ နောက်တစ်ခုက ဒီလို
အော်ဟစ်သောင်းကျန်းတတ်တဲ့ မိန်းမတွေကြောင့် နည်းနည်းပျက်စီးနေတဲ့သူ ပိုပျက်ဆီးစေတတ်တယ်ဆိုတာကို
သတိမူစေချင်ပါသည် ။ ဒီလို အကျင့်စရိုက်တွေဟာ မိမိအဆင့်တန်းကိုပါ ဖော်ပြနေသလို ဖြစ်တတ်ပါသည်
။
စီးပွားရေးလူမှုေ၇း
ပြသနာအားလုံးကို အကောင်းဆုံး အကြံဥာဏ်ပေးစွမ်းနိုင်ခြင်းသည်လည်း ချွန်းနဲ့ တူသော မိန်းမများရဲ့
လက္ခာတစ်ရပ်ဖြစ်ပေသည် ။ချွန်း နဲ့တူသော မိန်းမများသည် သက္ကဋကျမ်းလာဇနီးကောင်း လက္ခဏာလေးပါးနဲ့
ပြည့်စုံသူများဖြစ်သည် ။ ယင်းလက္ခဏာလေးပါးမှာ …….
၁။
အိမ်မှုကိစ္စ ကျွမ်းကျင် လိမ္မာခြင်း
၂။
သားကောင်းရတနာ ဖွားမြင်ခြင်း
၃။လင်ယောကျာ်းကို
အသက်တမျှ မြန်နိုး ချစ်ကြင်ကာ မိမိအသက်ကို လင်ယောကျာ်းထံ အပ်နှံထားခြင်း
၎။လင်ယောကျာ်း
ဧ။် အလိုကို လိုက်လျောကာ လုပ်ကျွေုးပြုစုတတ်ခြင်း တို့ ဖြစ်ပါသည် ။
ချွန်းနဲ့တူသော
မိန်းမများသည် လင်ယောကျာင်္းအပေါ်တွင် မိခင်ကဲ့သို့ ပြုစုစောက်ရှောက်ကြပါသည် ။ ရှက်ကြောက်၇မယ့်
အရာကို နှမအရင်းကဲ့သို့ ရှက်ကြောက်တတ်ကြပေသည် ။ ဘေးရန်များနဲ့ ကြုံတွေ့ကြတဲ့အခါ မိတ်ဆွေကောင်းသဖွယ်ပြုမူတတ်ကြပြန်သည်
။ချစ်ခင်နှစ်သက်ဖွယ် မျာနှာအမူရာဖြင့် ရှိချိန် ၊ တည်တံ့တင့်တယ်သော အမူရာရှိချိန် တို့ကို
ခွဲခြားနားလည်တတ်ကြပါသည် ။ မိမိလင်ယောကျာ်း ဒေါသထွက် ပူလောင်နေချိန်တွေမှာ ကြည်လင်ရှင်းသန့်တည်ခံသော
မျက်နှာမျိုးဖြင့် ဒေါသထွက်သူကို ပြေလျော့စေအောင် ပြောဆို ဆက်ဆံသူတွေလည်း ဖြစ်ကြပေသည်
။ အရာရာကို မှန်ကန်တဲ့ လမ်းကြောင်းတွေကို လျှောက်တတ်အောင် ၊ လမ်းချော်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ
မဖြစ်ရလေအောင် ချွန်းဆိုတဲ့ အရာလေးက တည့်မတ်ပေးနိုင်သလို ၊ ချွန်းနဲ့တူတဲ့ မိန်းမတွေကလည်း
မြင့်မြတ်တဲ့ ဆင်နဲ့ တူတဲ့ မိမိတို့ ခင်ပွန်းလင်ယောကျာ်းတွေကို ဘေးထွက်ဆိုးကျိုးတွေနဲ့
လမ်းမချော်အောင် ထိန်းသိမ်းပေးတတ်ကြတဲ့ မိန်းမကောင်း မိန်းမမြတ်များပင် ဖြစ်ကြပေသည်
။ * မယားလိမ္မာ လင်ချမ်းသာ * ဆိုတဲ့ စကားလေးအတိုင်း အိမ်ထောင်ရှင် မြန်မာ အမျိုးသမီးတိုင်း
*ချွန်း * နဲ့ တူသော မယားလိမ္မာ လေးတွေ ဖြစ်ကြပါစေ ။ ပြောနေကြစကားလေးကို ထပ်ပြောပါရစေ
။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ချွန်း နဲ့တူ သော မိန်းမကောင်း မိန်းမမြတ် အိမ်ထောင်ရှင်မ
အရေအတွက်တွေ များပြားလာပါစေ လို့ဆုတောင်းရင်း
မြန်မာမိန်းကလေးတွေကို
သိပ်ချစ်လို့ ရေးသားတင်ပြလိုက်ရတဲ့ ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတော့သည် ။
ခိုင်လေးစာဖတ်
ပရိတ်သတ် ညီကို မောင်နှမ အားလုံး
၁။
တစ်ယောက်သူကား၊ တစ်ယောက်အား၊ လှည့်စားမပြု ကင်းပါစေ။
၂။
တစ်ရပ်ရပ်တွင်၊ တစ်ယောက်မြင်၊ မာန်ဝင်ထေမဲ့ ကင်းပါစေ။
၃။
ကိုယ်နှုတ်စိတ်ထင့်၊ ဒေါသဖြင့်၊ ပြုကျင့်ဆင်းရဲ ကင်းပါစေ။
ကိုးကား……………………အိမ်ထောင်မှု
သုခလမ်ညွှန် ၊ ကောင်းကြွယ် ။
No comments:
Post a Comment