၆၈ ။ သားသမီးတွေကို အထူး သတိပြု ကျက်မတ်ဖို့တော့လိုအပ် နေပြီ
ကျွန်မအင်တာနက်ဆိုင်ဆိုတာကြီးကို
လုံးဝမထိုင်ချင်တော့ပါဘူး။
ဒီနေ
့ညဂျူတီချိန်းတော့စိတ်ပျက်စရာအကြောင်းအရာတွေကို တွေးတောရင်း
လေးပင်သောခြေလှမ်းတွေနဲ့ 
အခန်းထဲကို
ရောက်လာခဲ့ ပါသည်။
ခိုင်လေးနားချိန်ကိုရောက်နေပြီဖြစ်ပေမယ့်
အတွေးတွေကတော့ရပ်နားခြင်း မရှိသေးပါဘူး။ခိုင်လေးအမေကအင်တာနက်ဆိုင်ဖွင့်ထားပါတယ်။
မေမေဆိုင်မှာမနက်(၇)နာရီခွဲကနေ
ညနေ(၆)နာရီထိဆိုင်ထိုင်ပေးရပါသည်။နေ
့စဉ်မြင်တွေ့ နေရတဲ့ မြင်ကွင်းတွေမဆန်းပြားပေမယ့်ဒီနေ့ ကြုံတွေ့ ခဲ့ရတဲ့အဖြစ်အပျက်လေးကတော့
ရင်ထဲကိုတော်တော်လေးမချိ
အောင်ခံစားရပါသည်။ဖြစ်ပုံလေးကတော့
ဒီလိုပါရှင်။ဆယ်တန်းအောင်စာရင်းတွေထွက်ပြီးသည့်နောက်ပိုင်းမှာ
်ခိုင်လေးတို့ အင်တာနက်ဆိုင်မှာ အင်တာနက်သုံးသူတွေအရင်ကထက်ပိုများလာပါသည်။
ခုမှအင်တာနက်သုံးတဲ့ ကလေးတွေပိုများလာပါသည်။ ဒီနှစ်မှ(၁၀)တန်းအောင်တဲ့ကလေးတွေပေါ့။
ဒီထဲကအသားဖြူဖြူ
ကလေးမျက်နှာတောင်မကင်းသေးတဲ့ ကလေးမလေးမလေးတစ်ယောက်ကို ခိုင်လေးသတိထားမိပါသည်။
ကလေးမလေးမှာ
အင်တာနက်သုံးချင်လွန်းလွန်းလို့ သူငယ်ချင်းအကောင့် နဲ့ ငှားသုံးနေသူလေး ဖြစ်ပါသည်။
အဲဒီအချိန်တုန်း
ကဆို ကောင်မလေးက စာတောင်ကောင်းကောင်း မရိုက်တက်သေးသူတစ်ယောက် ဖြစ်ပါသည်။
။တစ်နေ
့ခိုင်လေးကောင်တာကိုရောက်လာပြီးအကောင်
့သစ်တစ်ခုဖွင့်ခိုင်းပါသည်။ခုချိန်မှာအကောင့်သစ်
တစ်ခုဖွင်
့ဖို့ ဆိုတာအင်မတန်ခက်ခဲပါသည်။ဒါပေမယ့် ခိုင်လေးသူကိုသနားတာနဲ့ ကြိုးစားပမ်စား
အကောင်
့လေးတစ်ခုဖွင့် ပေးလိုက်မိပါသည်။ဒီကလေးမလေးကတစ်နေ့ ကို(၃)နာရီလောက်အင်တာနက်
ထိုင်တက်လာပါသည်။ခိုင်လေးမျက်စိရှေ့မှာတင်သူမအကောင်
့လေးမှာလူပေါင်းများစွာရှိလာပါတော့ တယ်။
ဒီအထိသဘာဝအတိုင်းဖြစ်နေပါသေးသည်။သဘာဝကိုပုန်ကန်တဲ
့ဖြစ်ရပ်လေးစတင်လာခဲ့ တာကတော့ 
ခိုင်လေးတို
့ဆိုင်မှာအမြဲအင်တာနက်သုံးတတ်တဲ့ ကောင်လေးတစ်ယောက်ရှိပါသည်။သူနမည်ကကိုသူရလို
့ခေါ်ပါသည်။
အသက်က(၂၅)နှစ်လောက်ရှိပါသည်။ဆိုင်ထဲမှာသုံးနေရင်းခုနကောင်မလေးအကောင်
့ကိုရသွားပါသည်။
သူတို
့အကောင့်ထဲကနေစကားတွေနေတိုင်းပြောကြပါသည်။
နေ
့တိုင်းစကားတွေပြေနေကြပေမယ့် ကောင်မလေးက သူရနဲ့ သူမတစ်ဆိုင်ထဲပြော နေကြမှန်းလုံးဝကိုမသိပါဘူး။ဒီလိုနဲ
့သူရတစ်ယောက်ရန်ကုန်မှာ
သင်တန်းသွားတက်တော
့ရန်ကုန်ကနေ ကောင်မလေးကိုချက်တင်ထိုင်ပါသည်။ဒီအခြေအနေတွေရောက်တဲ့အထိ
ခိုင်လေးမသိရှိခဲ
့ပါဘူး။
တစ်နေ
့သူရကကောင်မလေးကို(VZO)ချက်ဖို့ ပြောပါသည်။ကောင်မလေးကမဖွင်
့တက်ဘူးဖြစ်နေတယ်။ဒီမှာပဲ သူရကကောင်တာက မခိုင်လေးကိုလုပ်ပေးခိုင်းဖို
့ပြောလိုက်တော့ကောင်မလေးကကိုလာပြောပါသည်။..
***....VZOကိုဖွင့်ပေးပါလို
့ကိုသူရကပြောခိုင်းလို့ ပါအမ။....ရှင် ညီမလေးကကိုသူရနဲ့ သိလို
့လား VZOဖွင့် ချင်တယ်ဆိုတော့ ညီမလေးအကောင့်ရှိလို့ လားလို့ 
ခိုင်လေးကမေးလိုက်ပါသည်။ကလေးမလေးကသူမမှာကောင့် မရှိကြောင်းနှင့် ဖွင့်လဲမဖွင်
့တတ်ကြောင်း
သူရကမခိုင်လေးကိုလုပ်ခိုင်းဖို
့ပြောလို့ သူကပြောတာပါလို့ သူကပြောသည်။ခိုင်လေးလဲအရမ်းအံ့သြသွားမိပါသည်။
သူရအကောင်
့ကိုသွားကြည့်တော့ခိုင်လေးသိတဲ့ သူရဖြစ်နေပါသည်။ အံ့သြမှုတွေထပ်ဆင့်သွားရပြန်သည်။။ဒါနဲ
့မုန်းချင်လဲမုန်းပါစေမဖြစ်သင့် တာကိုတော့ အသိပေးရမယ်
ဆိုပြီးကောင်မလေးကို
သူရအကြောင်းတွေပြောပြလိုက်ပါသည်။ထင်မှတ်မထားခဲ့ ရုတ်တရက်သိခဲသည့်ကောင်မလေးနဲ
့သူရတို
့တွေ
့ဆုံမူကသာမန်ခင်မင်တာထက်ကိုပိုနေပြီလားလို့ တွေးလိုက်မိတာနှင့် ကောင်မလေးကို
သူရအကြောင်းတွေကိုပြောပြလိုက်မိတာပါ။။….ညီမလေးသူရကအရင်
ရွှေတောင်မှာနေတာပါပဲ။
ဒီဆိုင်မှာအမြဲသုံးတယ်လေ။တစ်ခါတစ်လေညီမရှိတဲ
့အချိန်တွေတောင်ဒီဆိုင်ထဲသူရှိနေတတ်တယ်လေ။
ခုမှတစ်ပတ်လောက်ပဲရှိအုံးမယ်နိုင်ငံခြားသွားဖို
့ရန်ကုန်မှာသင်တန်းသွားတတ်တာပါ ဆိုပြီးပြောပြလိုက်တော့ ကောင်မလေးကအံ့သြနေတဲ
့အရိပ်အရောင်သန်းသွားသည်။သူကရန်ကုန်ကလို့ ပြောတာမမ။
သူမှာမိန်းမရှိတယ်ဟုတ်လား။ဟုတ်တယ်ညီမ။သူမှာမိန်းမရှိတယ်။တကယ်ပြောတာပါ။
ရိုးရိုးတန်းတန်းခင်နေတယ်ဆိုရင်တော
့အကြာင်းမဟုတ်ပါဘူး။ဟုတ်ကဲ့ မမ။ကျေးဇူးတင်ပါတယ်။
ဒီလိုနဲ့
ဒီကိစ္စလေးက ခိုင်လေး စိတ်ထဲမေ့ တေ့ တေ့ ဖြစ်သွားပါသည်။နောက်တစ်လလောက်ကြာတဲ
့အချိန်တွင် ခိုင်လေးသတင်းတစ်ခုကြားသိခဲ့ ရပါသည်။
ခုနကောင်မလေးကတက္ကသိုလ်မှာကျောင်းမတက်ခင်သင်တန်းတစ်ခုတက်နေပါသည်။
ခိုင်လေးပြောပြီးတဲ
့နောက်ပိုင်းသူရနဲ့ ဆက်ပြီးချက်တင်ထိုင်ပြီးရင်းနှီးမူတစ်ခုထက်ပိုခဲ့ ကြပါသည်။
အဲဒီနေ
့ကကောင်မလေး တက်နေတဲ့
သင်တန်းကိုသူရကလိုက်သွားပြီးအပြင်ခေါ်သွားပါသည်။ကောင်မလေးကသင်တန်းမတက်ဘဲလိုက်သွားတော
့
သင်တန်းဆရာမက
အိမ်ကိုပြန်တိုင် လိုက်ပါတယ်။အိမ်ပြန်ရောက်တာနဲ့ ကောင်မလေးပြသနာတွေတက်ပါကောရှင်။
အဲဒီအချိန်ကသူရ
ခိုင်လေးဆိုင်ကိုရောက်နေတဲ့အချိန်ပေါ့ ။ကောင်မလေးသူငယ်ချင်းကသူရကိုစာပေးခိုင်းလိုက်သည်
။ကောင်မလေးသူငယ်ချင်းကသူရကိုမသိတော
့ခိုင်လေးကိုတဆင့် ပေးခိုင်းတော့ မှခိုင်လေးမှာ
အကြောင်းစုံသိခွင့်ရပါတော
့သည်။သိသိချင်းပထမဆုံးအံ့သြတယ်.......ဒုတိယတော့ အသားတွေ
တဆက်ဆက်တုန်တဲ့အထိစိတ်တိုပါသည်။နောက်တော့
မိုက်မဲ လွန်းတဲ့ကောင်မလေးကိုနှမြောမိတယ်။ဒီလိုခံစားချက်ပေါင်းများစွာခိုင်လေးရင်ထဲမှာဖြစ်ပေါ်နေမိသည်
။ကောင်မလေးလိုအဖြစ်ပျက်မျိုးကိုကြူံတွေနေရတဲ့
မိုက်မဲတဲ့ကလေးမလေးတွေ ဘယ်လောက်များနေပြီလဲ။
အင်တာနက်ဆို
တာကို အသုံးပြုကြတာချက်တင်ထိုင်ဖို့ တစ်ခု အတွက် ဘဲ
ကလေးတွေဘာလို့သဘောထားနေကြတာလဲလို့တွေးမိပါသည်။
ချက်တင်ထဲကစာသားလေးတွေပေါ်ကိုသာယာစီးမျောကာ ဖောက်ပြန်မှုတွေဖြစ်လာသည်။
ဒီဖောက်ပြန်မှုတွေကနေ မိမိတို့နစ်နာနေကြပြီဆိုတာကိုညီမငယ်တို့သိသိကြီးနဲ့
ဘာလို့မိုက်တွင်းနက်နေကြရတာလဲလို့ တွေးမိပြီး
စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်။အင်တာနက်ပေါ်မှာ လူတော်တော်များများက အမှန်တရားဆိုတာကို
မျက်ကွယ်ပြုပြီး
ကိုယ်ထင်ရာတွေကိုလုပ်နေကြပါသည်။ ၇ှုပ်ထွေးမှု
၊သစ္စာစောင့်သိမှု၊နှမခြင်းစာနာမှုတွေနည်း
ပါးလာကြပါသည်။ဗုဒ္ဓဘုရား
ဟောခဲ့တဲ့ တရားတော်တွေကိုလဲမေ့...............။လူကျင့်ဝတ်ဆိုတာတွေကို
မျက်ကွယ်ပြုလာတာဟာအဆိုးဘက်ကို ဦးတည်နေတာဖြစ်ပါသည်။
ဒီလိုအဖြစ်ပျက်မျိုးကို
ကို ကြုံတွေရသည့် ခိုင်လေးသူငယ်ချင်းတစ်ယောက်ရှိပါသည်။သူမ အမျိုးသားက
မလေးရှာမှာအလုပ်လုပ်နေတာဖြစ်ပါသည်။သူမေယာက်ာၤးက
အင်တာနက်ပေါ်မှာ 18နှစ်အရွယ် သဲဆိုတဲ့
ကောင်မလေးတယောက်နဲ့အင်တာနက်လိုင်း
ရည်းစားတွေဖြစ်ကြပါသည်။ကောင်မလေးက ရန်ကုန်တိုင်း၊
စမ်းချောင်းမြို့နယ်မှာနေသူပါ။ခိုင်လေး
သူငယ်ချင်းမှာသူ့ယောက်ကျာင်္းဒီလိုဖြစ်နေတာသိရတော့ အရမ်းကိုခံစား
ရတာပေါ့။ခိုင်လေးကို
ဖုန်းဆက်ပြီးရင်ဖွင့်ပြောပြသည်။သူငယ်ချင်းက
သိတော့သူယောကျာင်္းအကောင့်ကိုဖွင့်ပြီး
ပြောထားတာတွေအားလုံး
ဖတ်ကြည့်တာပေါ့။ဒီမှာ ကောင်မလေးက ဒီနှစ်မှာ ၁၀တန်းကျတာ......................
မလေးကိုအလုပ်လုပ်ဖို့
ငွေအရင်းအနှီးမရှိတဲ့အတွက် သူငယ်ချင်းအမျိုးသားကိုစပွန်စာရှာနေသလိုပြောထားတာ
ကိုဖတ်ရှု့ရကြောင်းနှင့်သူအမျိုးသားအကောင့်ဖွင့်ပြီ
ကောင်မလေးကိုခေါ် စကားပြောလိုက်တဲ့ အကြောင်းတွေ
ခိုင်လေးကို
အကုန်ပြောပြသည်။ ကောင်မလေးက ပြန်မေးတယ်တဲ့လေ။အမက
သူကိုသဘောကျနေတဲ့သူလားပြန်မေးတော့ သူငယ်ချင်းလည်းစိတ်အရမ်းဆိုးပြီ*ငါ
သူကိုသဘောကျနေတာမဟုတ်ဘူးဟေ့..........သူ့မိန်းမ ဟေ့*လို့ပြော
လိုက်သည်။ဒီမှာကောင်မလေးက
ဘာပြန်ပြောလဲဆိုတော့*အမမို့ အွန်လိုင်းပေးက ကိစ္စတွေကို လိုက်စိတ်ဝင်စားနေတယ်။သဲတို့က
အပျော်ကျူနေတာ..............အဲ့ဒီလိုဘဲပြောတာဘာဖီလင်
မှမရှိဘူး။တွေ့သမျှကိုပြောနေတာ။အမေယာက်ာၤးမွမဟုတ္ဘူးတဲ့။
ကဲ............
စာဖတ်ပရိတ်သက်ကြီးဘဲတွေးကြည့်ကြပါ။မြန်မာမိန်းကလေးတွေ
ဘယ်လိုအတွေးတွေဝင်နေကြပြီလဲ ။တကယ်ဆို အိမ်ထောင်ရှိသူ တစ်ယောက်ဆိုတာကို
သိရင်သွေးပျက်မတက်ခြောက်ခြားကြောက်လန့်သွားရမှာကို
ထမင်စားရေသောက်လိုပေါ့ပေါ့
လေးပြောချလိုက်ပုံက
တကယ်ကို အနာဂတ်အတွက် ရင်လေးစရာကြီးပါဘဲ။အဆင်ပြေမှုတစ်
ခုအတွက်
သိက္ခာ၊ခန္ဓာကိုယ်ဆိုတာတွေကိုလဲ ၀န်မလေးကြတော့ပါလားလို့ တွေးမိပါသည်။
သို့သော် လက်ရှိကြုံတွေ့နေရတဲ့ အင်တာနက်
ချက်တင်ကြီးကြားမှာ အိမ်ထောင်ရေး
ဖောက်ပြန်သူများ၊မည်သည့်အချိန်ထိ
ဆက်လက်ကြုံတွ့ ကြားသိနေရအုံးမလဲဆိုတာတွေးမိတာနဲ့
တင်ရင်လေးမိပါသည်။မိဘတွေအနေနဲ့
သားသမီးတွေကို အထူး သတိပြု ကျက်မတ်ဖို့တော့လိုအပ်
အကြံပေးလိုက်ချင်ပါသည်။
အချစ်ကိုးကွယ်သူလေး ခိုင်လေး(ရွှေတောင်)
No comments:
Post a Comment