*ဟေ့ကောင် ငါစော်ကို စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။*
ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်သော်ညား နားထဲတိုးဝင်လာခြင်းကြောင့် ကြားနေရလေသည် ။ ကြားမိတော့ ရင်မောပြန်တာပေါ့ ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာကြပါသနည်း ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရသည့် အသံတွေ ၊ မမြင်ချင်လည်း မြင်နေရတဲ့
မြင်ကွင်းတွေ ကို မုန်းမိလာပြီ ။ ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေရဲ့ အဖြစ်တွေကတော့ တစ်ကယ့်ရင်မော စရာအတိပါပဲ ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး သူ့တို့ရေးထားတာတွေကို အမှန်လို့သတ်မှတ်နေကြတဲ့ သူတွေကို တစ်ခုတော့ ပြောချင်မိသည် ။ ပညာတွေ သင်ထားခဲ့တာ အလကား မဟုတ်ပါဘူး ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ လို့ပြောချင်မိပါသည် ။ပြောတိုင်း ၊ ရေးထားတိုင်း ယုံနေရအောင် ကျွန်မတို့မှာ အမေအမွေပေးထားတဲ့ ဦးနှောက်က အလကားမှ မဟုတ်တာပဲ ။ ဦးနှောက်ဆိုတာ တွေးတောဖို့ ၊ အသိဥဏ်ဆိုတာ ဝေဖန် ပိုင်းခြားဆင်ခြင်ဖို့ အတွက်ပါ ။ ယောကျာင်္းတစ်ယောက် ၊ မိန်းမတစ်ယောက် ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။
ယောကျာင်္းလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို
၁။ ကိုယ်အပေါ် ဒီအမျိုးသမီးသည် ဘယ်လို ထိန်းသိမ်းပေးနိုင်မလည်း ။
၂။ မိမိအပေါ် ဘယ်လောက်ထိ စာနာထောက်ထားပေးနိုင်မလဲ ။
၃။ မိမိအပေါ် ထားရှိတဲ့ သစ္စာတရားသည် ဘယ်အတိုင်းတာထိ ရှိမလဲ ။
၎။ ဒီအမျိုးသမီးရဲ့ ကိုယ်ကျင့်တရားသည် ဘယ်ထိ စံထားနိုင်မလဲ ။
၅။ တူညီတဲ့ ကိုးကွယ်မှု့ ဘာသာတရား ။
၆။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်တော်ချစ်သူ ကျွန်တော်မိန်းမပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။
မိန်းကလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို
၁။.ယောကျာင်္းတစ်ယောက် ရဲ့ အရည်ချင်း ။
၂။ မိမိအပေါ် စာနာထောက်ထားတတ်မှု ။
၃။ မိမိအပေါ် သစ္စာရှိမှု ။
၎။ မိမိအပေါ် ဦးဆောင် တာဝန်ယူနိုင်မှု့ ၊
၅။ နှမချင်းစာနာစိတ်ရှိခြင်း ။
၆။ ကိုးကွယ်မည့် ဘာသာတရား တူညီခြင်း ။
၇။ ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း
၈။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်မချစ်သူ ကျွန်မ ယောကျာင်္းပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။ ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။
ခိုင်လေး ( ရွှေတောင် )
ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့ ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ တွေ့ဆုံနေကြရပါလိမ့်မည် ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိရှိ ဒါတွေက အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ကသာ ပိုအရေးကြီးပါသည် ။ နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာမိန်းကလေးတွေရယ်။ မဟုတ်တဲ့ဆိုဒ်မှာ ညီမလေးတို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါပဲ ။လူတစ်ယောက်ရဲ့ နောက်ကြောင်းရာဇ၀င်ကို သေသေချာချာ မသိပါပဲ ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ မိမိတို့ ဘ၀တွေကို နင်းခြေမခံမိကြပါနဲ့ ။ လူုဖြစ်ရတဲ့ ဘ၀လေးမှာ လူဖြစ်ရကျိုးနက်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့ သိပ်အရေးကြီးပါသည် ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား အမှန်တမ်းစကားတွေလားဆိုတာကို ဝေဖန်ခွဲခြားနိုင်ခြင်း မပြုနိုင်ခင်မှာ ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိနိုင်သည် ။ အွန်းလိုင်းချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။ တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘ၀ကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ရှိနေပါပြီ ။ ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်တတ်ဖို့တော့ လိုအပ်ပါသည် ။ အွန်လိုင်းမှာ ချစ်သူဖြစ်ပြီးသာနဲ့ ပုံတွေတင်ကြတာလည်း ခေတ်စားလာပါသည် ။ စကား စပ်မိတုန်းလေး ပြောလိုက်ချင်ပါသေးသည် ။ မိမိချစ်သူကို ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် ကြေငြာတတ်ကြသည် ။ တစ်ချိန်တစ်ခ့က ကျွန်မ အပါဝင်ပေါ့ ။ တစ်ကယ်တမ်းမယူဖြစ်တဲ့ အခါမှာ နစ်နာသွားကြသာ ကျွန်မတို့ မိန်းကလေးတွေပါပဲ ။ နောက်တစ်ခု ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ်ကြတာလည်း မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။ တောင်းတာကို ကျွန်မ အပြစ်မဆိုပါဘူး ။ လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ်ဆိုတာကို ပြောပြချင်တာပါ ။ ဟုတ်ပြီ ချစ်သူအကောင့်ကို password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီပေါ့ ။ ဒီထက်ပိုတဲ့ စွပ်ဖက်မှု့တွေဖြစ်တဲ့ သူ့စာမျက်နှာမှာ ကိုယ်ပုံတွေတင်တာမျိုး သူအနေနဲ့ ကိုယ်ကစကားတွေ ၀င်ပြောတာမျိုးကြတော့ ရရှိတဲ့ အခွင့်ရေးကို အလွဲသုံးစားလုပ်တာနဲ့ တူပါသည် ။ တဖက်လူကလည်း ခုစကားပြောနေသူဟာ အကောင့်ပိုင်ရှင် ဟုတ်မဟုတ်ဆိုတာကို သိနေတတ်ကြပါသည် ။ ဒီတော့ တဖြေးဖြေး မိတ်ပျက်စရာတွေ ဖြစ်လာပြန်သည် ။ အကောင့်ဆိုတာ ကြိုက်သလောက် ထပ်ဖွင့်ရတယ်ဆိုတာကို မေ့မထားစေချင်ပါဘူး ။ကိုယ့်ကို ပေးသိထားတဲ့ အကောင့်ကို လိုအပ်တာထက် ပိုချုပ်ကိုင်လာတဲ့ အခါတွေမှာ အသစ်တွေ ထပ်ဖွင့်သုံးကြတော့တာပါပဲ ။ ဒီတော့ ဘာတွေ လုပ်တယ်ဆိုတာ သိချင်လို့ password တောင်းတယ် ။ နောက်အသစ်ထပ်ဖွင့်သုံးတော့ အလကားဖြစ်နေပြီပေါ့ ။ သူပေးတာကို လိုအပ်တဲ့ အခါလေးပါဘဲ ဖွင့်ကြည့်တာမျိုးဆို သူလည်း စိတ်မညစ်ရဘူး ၊ ကိုယ်သိချင်တာလေးတွေလည်း သိနေရမယ် ။ ယောကျာင်္းလေး အများစုဟာ သိပ်စိတ်ရှုတ်မခံတတ်ကြဘူးဆိုတဲ့
ဧ။် ။ မိဘတွေနဲ့ တွေ့ပေးကြည့်မည် ။ အားလုံးသေချာ အိုကေပြီးဆိုရင်တောင် ဆေးစစ်ရပါအုံးမည် ။ အားလုံး အဆင်သွားပြီဆိုရင်တော့ လက်ထပ်ကြတာပေါ့ ။ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲ ။ခုတော့ ဒီလိုမျိုးမဟုတ်ပါဘဲ ချက်တင်မှာ စာရိုက်မည်။ စာရိုက်လို့ နှစ်ရက်လောက်ဆို free call တွေခေါ်ပြီး စကားပြောသည် ။ ၁၀ရက်လောက်ပြောလို့ အဆင်ပြေပြီဆို အပြင်မှာ တွေ့ဖို့ ချိန်းပါတော့သည် ။ ဟော အပြင်မှာလည်းဆုံပြီးကော တူတူနေတဲ့ အဆင့်ကို တန်းရောက်ကြတော့တာပါပဲ ။ ကျွန်မ လက်ရှိနေထိုင်နေတဲ့ မလေးရှားမှာဆိုရင်
အကုန်လုံးကို မဆိုပါဘူး ။ တော်တော်များများသော ယောကျာင်္းမိန်းမတွေဟာ စကားပြောဖော်တစ်ယောက်မှ မရှိရင် မဖြစ်သလို အခြေနေမျိုးတွေကို အံ့သြစွာ
တွေ့မြင်နေရပါသည် ။ တစ်ကြိမ်တစ်ခါမှ မြင်ဘူးတွေ့ဘူးချင်းမရှိဘဲ ဖုန်းတွေကို
တစ်နေကုန် free သွင်းပြီး ပြောမည် ။ စကားပြောလို့ နည်းနည်းလေး အိုကေလာတာနဲ့
အပြင်မှာ ဆုံဖို့ချိန်းပါတော့သည် ။ တစ်ခါတွေ့ပြီးပြီဆိုတာနဲ့ နောက်တစ်ကြိမ်ဆို အိမ်ပါလာတော့တာပါပဲ ။ မြင်ရတာ တွေ့ရတာတွေဟာ သိပ်ကို စိတ်မောစရာ ကောင်းပါတယ် ။ နောက်တစ်ခုက ကျွန်မတွေးမိသည် ။ မလေးရှားမှာ နိုက်ဂျင်တီးယား လူမည်းတွေကိုဆို ကျွန်မတို့ မြန်မာတွေ သိပ်ပြောကြ
သည် ။ လူမည်းတွေသည် မိန်းမဆို ချစ်ခြင်း ၊ ကြင်နာခြင်းဆိုတာတွေ သူတို့ဆီမှာ
ရှိရဲ့လားလို့ ထင်ရအောင် မိန်းမဆို ထည်လဲတွဲကြသည် ။ မလေးရှားရောက် သူတို့လူမျိုး မိန်းကလေး တော်တော်များများသည် မကောင်းတဲ့ အလုပ်ကိုသာ လုပ်ကိုင်စားကြပါ
သည်
။ ဒါပေမယ့် သူတို့ လေးစားတာ တစ်ခုရှိပါသည် ။ အဲဒါဘာလည်းဆိုတော့ လက်ထပ်
လက်စွပ်ပါပဲ ။ ကျွန်မကိုယ်တိုင် မကြာခဏ ကြုံရတာမို့ သေချာ သိနေတာပါ။
ကျွန်မနဲ့ အလွန်ရင်းနှီးတဲ့ မမတစ်ယောက်ရှိပါသည် ။ မမတို့ သားမိနှစ်ယောက်စလုံးက
လူမည်းပစ္စည်းတွေ ချည်းရောင်းတဲ့ လူမည်းဆိုင်မှာ အလုပ်လုပ်သူပါ ။ ကျွန်မကလည်း
နေ့ခင်းတွေဆို အားနေတာမို့ အဲဒီမမဆီမှာ စကားသွားသွားပြောဖြစ်ပါသည် ။ အဲဒီကို
သွားတိုင်း လူမည်းတွေနဲ့ မကြာခဏ ဆုံပါသည် ။ ကျွန်မကိုတွေ့တိုင်း မကြာခဏဆိုသလို
သွားတိုင်း လူမည်းတွေနဲ့ မကြာခဏ ဆုံပါသည် ။ ကျွန်မကိုတွေ့တိုင်း မကြာခဏဆိုသလို
ကျွန်မကို သဘောကျကြောင်းလာလာပြောပြီး မိတ်ဆက်တတ်ပါသည် ။ ဒီလိုအချိန်တွေ
မှာ ကျွန်မမှာ အိမ်ထောင်ရှိကြောင်း ၊ သားတစ်ယောက် ၊ သမီးတစ်ယောက်ရှိကြောင်း
ပြောပြကာ လက်မှာဝတ်ထားတဲ့ လက်ထပ်လက်စွပ်ကို ပြလိုက်ရင် တကယ့်ကို လေး
မှာ ကျွန်မမှာ အိမ်ထောင်ရှိကြောင်း ၊ သားတစ်ယောက် ၊ သမီးတစ်ယောက်ရှိကြောင်း
ပြောပြကာ လက်မှာဝတ်ထားတဲ့ လက်ထပ်လက်စွပ်ကို ပြလိုက်ရင် တကယ့်ကို လေး
လေးစားစား တောင်းပန်ကာ နောက်ဘယ်ချိန်တွေ့တွေ့ အေးအေးဆေးဆေး မိတ်ဆွေ
တွေလို
နှုတ်ဆက်တတ်ပါသည် ။ ဆိုင်မှာ ထိုင်တဲ့ မမကလည်း ပြောပြဘူးသည် ။ သူအရင်ဒီမှာ
အလုပ်လုပ်ဖူးတဲ့ မလေးမက လူမည်းတွေနဲ့ သိပ်ရောသတဲ့ ။ ဒီတော့
နောက်ဝင်လာတဲ့ မြန်မာမမကိုလည်း အရင်မလေးမလိုဘဲ ဆက်ဆံကြတာပေါ့ ။ဒီမှာ
့မြန်မာမမက ငါကို ဒီလို လာမဆက်ဖို့ နင်တို့အရင်ဆက်ဆံလို့ရတဲ့ မလေးမနဲ့ သူမဟာ
မတူညီကြောင်းပြောကာ ပုံမှန်ရောင်းသူဝယ်သူ ဆက်ဆံရေးမျိုးကိုသာ ဆက်ဆံတဲ့အခါ
သူတို့ဘက်ကလည်း လေးလေးစားစားဘဲ ပြောင်းလဲ ဆက်ဆံ ကြပါသည် ။ ကျွန်မပြော
ချင်တာက လူမည်းတွေကို ရစရာမရှိအောင် ပြောတတ်တဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ
သူတို့ဘက်ကလည်း လေးလေးစားစားဘဲ ပြောင်းလဲ ဆက်ဆံ ကြပါသည် ။ ကျွန်မပြော
ချင်တာက လူမည်းတွေကို ရစရာမရှိအောင် ပြောတတ်တဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ
သည် ကျွန်မရောက်နေသော မလေးရှားမှာတာ့ လူတစ်ရာမှာ ၆၀ရာခိုင်နှုန်းသော
သူတို့သည် အပျို အအို ဆိုသည့် အရာကို စည်းမထားကြတော့ပါ ။ သူတစ်ပါးမိန်းမ ၊
သူငယ်ချင်းမိန်းမ ၊ အိမ်ထောင်ရှိသူ ဆိုတာတွေကို ထည့်မတွေးကြတော့ဘဲ မိန်းမဖြစ်
ရင် ပြီးရောဆိုတာမျိုးတွေ ဖြစ်ကုန်ကြတာဟာ သိပ်ကိုရင်နာစရာ ကောင်းလှပါသည် ။
ဒီလိုပြောလို့ မင်းမြန်မာလူမျိုး မဟုတ်ဘူးလားလို့ မေးနိုင်ပါသည် ။ ကျွန်မ မြန်မာလူမျိုး
ပါ ။ မြန်မာလူမျိုး ကိုယ်လူမျိုးတွေကို သိပ်ချစ်လို့ မှားတယ်လို့ထင်တာတွေကို ပြောပြ
ခြင်းပါ ။ အမုန်းခံကာ ပြောမိပါသည် ။ ကိုယ်အမေလောက် ရှိတဲ့ အမျိုးသမီးတွေကို
မိန်းမတော်ကာ လက်ချိတ်သွားရမှာကိုလည်း မချက်တတ်ကြတော့ပြန်ဘူး ။ မလေးမှာ
မိန်းမတွေက အသက်တော်တော်ကြီးကြီးတွေ ကောင်လေးတွေက ငယ်ငယ်လေးတွေ
တွဲကြတာ တော်တော်ကို ခေတ်စားလာသလိုပါပဲ ။ ယောကျာင်္းတစ်ယောက်နဲ့ တူတူ
တွဲကြတာ တော်တော်ကို ခေတ်စားလာသလိုပါပဲ ။ ယောကျာင်္းတစ်ယောက်နဲ့ တူတူ
လိုက်အိပ်တာကိုလည်း လွယ်လင့်တကူ ခေါင်းညိမ့်လက်ခံတဲ့ မိန်းကလေးတွေ ဘာလို့
ဒီလောက်ထိပေါများလာသလဲဆိုတာကို တွေးမရအောင်ပါပဲ ။ တစ်ချို့ဆို နှစ်ယောက်
တစ်ပြိုင်တည်းထားသူတွေကလည်း ရှိပါသေးသည် ။ တစ်ပတ်မှာ ၇ရက်ရှိမယ်ဆို သူ့ရက်နဲ့ သူ့အချိန်ခွဲကာ သွားကြသူတွေကိုလည်း မမြင်ချင် မကြားချင်အဆုံးပါပဲ ။
တစ်ပြိုင်တည်းထားသူတွေကလည်း ရှိပါသေးသည် ။ တစ်ပတ်မှာ ၇ရက်ရှိမယ်ဆို သူ့ရက်နဲ့ သူ့အချိန်ခွဲကာ သွားကြသူတွေကိုလည်း မမြင်ချင် မကြားချင်အဆုံးပါပဲ ။
ရှက်ရမယ့် အရာကို ရှက်ရကောင်းမှန်းမသိ ဂုဏ်ယူစွာဝင့်ကြွားနေသူတွေကိုလည်း
မတွေ့ချင်ဘဲ တွေ့နေရတာလည်း ကျွန်မအတွက် ဆိုးတဲ့ဒုက္ခတစ်မျိုးပါပဲ ။
အကြောင်းအရာလေးတစ်ခုကို ပြောပြချင်သည် ။ ကျွန်မနဲ့ ခင်တဲ့ လူတစ်ယောက်ပါ ။ သူမှာမိန်းမလည်းရှိနေပါသည် ။ မိန်းမလေးက သူ့ထက်လည်း တော်တော်လေးအသက် ငယ်ပါသည် ။ ချစ်ဖို့လည်းကောင်းသည် ။ ဒီလူအကျင့်က ဟုတ်တာကော မဟုတ်တာပါ စကားအကြီးကြီတွေ ပြောတတ်တာပါပဲ ။ နောက်တစ်ခုက ဒီလူက အရမ်းကို ချက်တင်ထိုင်ပါသည် ။ အလုပ်က ပြန်လာပြီဆိုတာနဲ့ ရေတောင်မချိုးနိုင်ဘဲ ကွန်ပြူတာ တန်းဖွင့်တော့တာပါပဲ ။ ချက်တင်ထဲမှာ နောက်ထပ်ကောင်မလေးတွေနဲ့ အွန်လိုင်းချစ်သူထားပါသည် ။ ဒါဘာထူးဆန်းလို့ ထင်နိုင်ပါဧ။် ။ ဟုတ်ဒါအထူးဆန်းပါဘူး ။ ထူးဆန်းတာက တဖက်မိန်းကလေးတွေက သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာကို သိသိနဲ့ ပြန်ကြိုက်တာသတဲ့ ။ သူ့မိန်းမကိုကြတော့ ထားစရာ နေရာမရှိအောင် တိုတတ်ပါသည် ။ နောက်ထပ်ရည်းစားတွေထားတာ ၊ ကောင်မလေးတွေက သူ့မှာ မိန်းမရှိနေမှန်းသိသိနဲ့ ပြန်ကြိုက်တယ်ဆိုတာတွေကို ဂုဏ်ယူစွာနဲ့ ကြွားတတ်ပါသည် ။ ကြားရတဲ့ ကျွန်မ အသက်ရှူဖို့ ခဏခဏ မေ့သွားတတ်သည် ။ ကိုယ်နဲ့ မဆိုင်ပေမယ့် မြန်မာမိန်းကလေးဆိုတာနဲ့ ကျွန်မနဲ့ ဆိုင်သလို ခံစားမိသည် ။ မခံချင်တဲ့ စိတ်တွေကခဏခဏ နှိုးကြွလာမိသည် ။ သူ့ကို တစ်ခုခု ပြန်ပြောချင်သည် ။ ပြောချင်တဲ့ စိတ်ကို ချုပ်ထိန်းလိုက်ရတာ တစ်ကိုယ်လုံးမှာ ရှိတဲ့ အာရုံကြောတွေ ခေတ္တခဏမျှ တုံ့ဆိုင်းသွားသလားထင်ရပါဧ။် ။ အတွေးခေါ်တွေ တဖြေးဖြေး ဆင်းရဲလာတဲ့ မြန်မာမိန်းကလေးတွေ အတွက်ပါ ။ ဘာကိုမှ အလေးနက်မရှိတဲ့ ခပ်ပေါ့ပေါ့လူစားတွေကတော့ သူကို အထင်ကြီးချင်ကြီးနေကြမှာပေါ့ ။ ခေတ်ကာလ မြန်မာမိန်းကလေးတွေရဲ့ အတွေးမှာ အယူဆမှားတွေကို သန့်စင်သွားအောင် ဘယ်အရာနဲ့ ဆေးကြောပေးရမလဲလို့ အခါခါတွေးမိသည် ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အနှစ်သာရ ရှိစွာနေထိုင်ဖို့ဆိုတာ ဆင်းရဲတော၊ ချမ်းသာတော ၊ တော်တာ ၊ ညံ့တာနဲ့ မဆိုင်ပါ ။ ကျွန်မတို့ တတွေ လူဖြစ်ပြီး လူပီတအောင် နေတတ်ဖို့ အရေးကြီးပါသည် ။ ကြောက်ရမယ့် အရာကို ကြောက်ကိုကြောက်တတ်ရမည် ။ ရှက်ရမယ့် အရာကို ရှက်တတ်ရမည် ။ ထိန်းသိမ်းရမယ့် လူကျင့်ဝတ်တွေကို ထိန်းသိမ်းနိုင်ရမည် ။ ဒါမှ လူပီတသူလို့ သတ်မှတ်နိုင်မှာပါ ။ အကျင့် သီလ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော မိန်းမကောင်းလေးတွေ မိသားစုတိုင်းမှာ ရှိနေပါလျှင် အိမ်သာ၏ ။ သီလသတီ = ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်
မလေးရှားရောက် မြန်မာတွေရဲ့ လူနေမှု ပုံစံလေးကို ပြောချင်ပါသေးသည် ။ ဒီနေရာမှာ ခိုင်လေး အကြောင်းလေး နည်းနည်း ပြောပြချင်ပါသည် ။ ခိုင်လေး မလေးရှားမှာ ခုလက်ရှိနေပါသည် ။ အမျိုးသားနဲ့ တူတူနေပါသည် ။ တူတူနေတယ်ဆို မလေးရှားရောက် မြန်မာစတိုင်လို မယူရသေးဘဲ တူတူနေနေတာမျိုး မဟုတ်ပါဘူး ။ တရားဝင်လက်ထပ်ပြီး လိုက်နေခြင်းမျိုးပါ ။ ခိုင်လေး အမျိုးသားရှိလို့သာ လိုက်နေရပေမယ့် မလေးရှားမှာ နေနေတာကို ခိုင်လေးမိဘတွေက လုံးဝ သဘောမကျပါဘူး ။ ခိုင်လေးကို အိမ်က မြန်မာပြည်ကိုသာ ပြန်ခေါ်နေခဲ့တာပါ ။ အိမ်ထောင်ရှင် ယောကျာင်္းတစ်ယောက်ကို အဝေးမှာ ကြာကြာ တစ်ယောက်ထဲ ထားဖို့ မသင့်ဘူးလို့ မှတ်ယူတာမို့ သူနဲ့ တူတူလိုက်နေရခြင်းပါ ။ မလေးရှားရောက်တဲ့အခါ ခိုင်လေး အလုပ်လုပ်မယ်လို့ ပြောပါသည် ။ အမျိုးသားက ပေးမလုပ်ပါဘူး။ သူများဆီမှာ တစ်ခါမှ အလုပ်အလုပ်ဘူးဘဲ အဆင်ပြေမှာ မဟုတ်ဘူးတဲ့ ။ လုပ်တတ်မှာလည်း မဟုတ်ဘူးဆိုပြီး အိမ်မှာဘဲနေခိုင်းခဲ့ပါသည် ။ ဒီတော့ တစ်နေ့ တစ်နေ့ အိမ်မှုကိစ္စလေးတွေလုပ် ပြီးတာနဲ့ စာတွေဖတ် သတင်းတွေဖတ် ၊ စာရေး ဒါခိုင်လေး အလုပ်ပါပဲ ။ ခိုင်လေးမှာ အကျင့်တစ်ခုရှိပါသည် ။ သိချင်တဲ့ အရာတစ်ခုကို သေချာလေ့လာတတ်တာပါပဲ ။ မလေးရှားကို ရောက်ပြီး မလေးရှားရောက်တဲ့ မြန်မာတွေ အကြောင်းကို လေ့လာဖြစ်ခဲ့သည် ။ အသေးစိတ်ကို လေ့လာမိပါသည် ။ တခြားနိုင်ငံတွေကို ရောက်ဖူးပေမယ့် ခုလောက် ကြာကြာမနေဘူးတာမို့ မလေးရှားရောက် မြန်မာတွေ အကြောင်းလောက်တော့ မသိခဲ့ပါဘူး ။ မလေးရှားကို ရောက်နေတဲ့ မြန်မာ ယောကျာင်္းလေးတွေ အကြောင်းကို အရင်ပြောချင်ပါသည် ။ အိမ်ထောင်ရှိသူတွေ ဖြစ်လင့်ကစား မလေးရှားရောက်တာနဲ့ *အင်ဒိုနီးရှား*မတွေနဲ့ တူတူနေကြသူတွေ သိပ်များပါသည်။ ( လူတိုင်းကို မဆိုလိုပါ ) ။ မြန်မာချင်းကြိုက်ကြသည် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူအိပ်ကြတော့တာပဲ။ ကွဲသွားကြလည်း ဘာမှထူးထွေ မခံစားကြရသလို နေနိုင်ကြပြန်သည် ။ အတွဲ တစ်တွဲဆို တစ်မြို့ထဲ သားတွေပါ ။ နှစ်ယောက်စလုံး အိမ်ထောင်တွေပါပဲ ။ မလေးရှားကို ရောက်တော့ ဖောက်ပြန်ကြသည် ။ တူတူနေနေကြသည် ။ မြန်မာပြည်က မိသားစုတွေကတော့ ဒါတွေကို ပြန်သိမှာ မဟုတ်ပါဘူး ။ သိပ်ကို စိတ်ပျက်စရာကောင်းလှတဲ့ အဖြစ်တွေပေါ့ ။ လူတွေ လူတွေ ဘာလို့ သိရက်နဲ့ မိုက်မဲနေကြပါသလဲ ။ ဒီမေးခွန်းကို ကျွန်မ ရင်ထဲမှာ အထပ်ထပ်ကို မေးနေမိသည် ။ အချစ်ဆိုတာ တစ်ကယ်ကို သိမ်မွေ့နူးညံ့ပြီး တန်ဖိုးရှိပါတဲ့ ခံစားမှုလေးတစ်ခုပါ ။ ဒီခံစားမှုလေးကို လူတွေက မဟုတ်တဲ့ နေရာမှာ အသုံးချနေတာကတော့ လုံးဝကို မဖြစ်သင့်ပါဘူး ။ အိမ်ထောင်ရေးတိုင်းမှာ အတွင်းကျိတ် ပြသနာလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီလို ပြသနာတွေ ဖြစ်ကျတဲ့ နေရာမှာ ယောကျာင်္းလေး ကော မိန်းကလေးတွေပါ အေးဆေးစွာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံး နဲ့ အဖြစ်သင့်ဆုံးပါပဲ ။ ဒါပေမယ့် ပြသနာတက်ချိန်မှာ ဘယ်သူက အေးအေးဆေးဆေး ဖြေရှင်း နိုင်မှာလဲ လို့ တွေးမိကြပါလိမ့်မယ်။ မှန်ပါတယ် ဒါပေမယ့် အတတ်နိုင်ဆုံးတော့ သွေးအေးအေးထားစေချင်ပါသည် ။ ဒီနေရာမှာ ဖြစ်တတ်တာလေးတွေကို တင်ပြချင်ပါတယ် ။ ရိုးသွားတတ်တယ်
အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ ရိုးသွားတယ်လို့ မဟုတ်ပေမယ့် အပြောင်းလဲဆိုတာတော့ ရှိလာတတ်ပါသည် ။လူတစ်ယောက်က နေ့တိုင်း ကြက်သားဟင်းကို စားနေရပေမယ့် တစ်ခါတစ်ရံမှာ ငပိရည်တို့စရာလေးကိုတော့ စားချင်တဲ့စိတ်တွေ ၀င်လာတတ်ကြတာ ထုံးစံပါပဲ ။ အိမ်ရှင်မတွေအနေနဲ့ ကြက်သားဟင်းကို ကြော်တာလေးကတမျိုး၊ချက်တာလေးကတစ်ဖုံ။သုတ်ပေးတာလေးက
နားဝင်အောင် နူးညံ့တဲ့ နည်းလမ်းလေးတွေနဲ့ ပြောပြဖြေရှင်းသင့်သည် ။
သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း
အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ချစ်ခင်စုံမက်လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကျိုးကြောင်းတရားတွေ ရှိနေပါစေ ကိုယ်ကို တိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတဲ့အတွက် ကိုယ်တိုင် စိတ်နဲ့ လက်ထပ်ဖြစ်ကြရတာပါပဲ ။ ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက် တာက သိက္ခာရှိပါသည် ။ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း ၊ ဟိုဘက်မှာလဲ ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေတော်တော် များများကို မလေးရှားမှာ တွေ့နေရပါသည် ။ လက်ရှိ အိမ်ထောင်ရေးမပြေလည်မှုမှာ ကိုယ်ဘက်က မှန်ချင်မှန်နေပေမယ့် အိမ်ထောင်ရေးမပြေလည်လို့ပါဆိုတဲ
မိန်းကလေးတွေ အနေနဲ့လည်း ပိုက်ဆံလာရှာတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းမှန်လမ်းမှန်တွေနဲ့ဘဲ ရှာစေချင်ပါတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူလိုက်အိပ်နေရမယ်ဆိုတဲ့ အောက်တန်းကျတဲ့ ပုံသေနည်းကြီးကို ကျွန်မတို့ မြန်မာမိန်းကလေးတွေ ထိန်းသိမ်းရမယ့် ကိုယ်ကျင့်တရားဆိုတာနဲ့ တွန်းလှန်တိုင်ထုတ်ပြစ်ကြရအောင်
ခိုင်လေး ( ရွှေတောင် )
ဒီဆောင်းပါးလေး ခိုင်လေး ရေးတယ်ဆိုတာ မှားနေတဲ့သူတွေကိုဘဲ ဆင်ခြင်စေဖို့ကိုဘဲ ဦးတည်
ရေးသားပါသည် ။ ကောင်းမွန်စွာ နေထိုင်နေကြသော အမျိုးကောင်းသားသမီးတွေကို မရည်ရွယ်ပါ ။ ခိုင်လေးစာကို နှစ်သက်အားပေးလို့ဖတ်တာဖြစ်စေ ( သို့မဟုတ် ) ဘယ်လို အကြောင်းတွေကြောင့် ဖတ်ကြသည်ဖြစ်ပါစေ ခိုင်လေးစာကို ဖတ်ကြသော သူငယ်ချင်း အားလုံးကို လေးလေးစားစားကို ကျေးဇူးတင်ပါသည် ။ ဆောင်းပါးလေးထဲက အကြောင်းအရာတွေနဲ့ တိုက်ဆိုင် နေသူတွေ မှားနေသူတွေ ကို သိရှိ ပြင်ဆင်စေရန်ကိုသာ ရည်ရွယ်ရေးသားခဲ့ပါသည် ။ ကောင်းအောင်နေထိုင်နေသူတွေကို မဆိုလိုပါ။ ကောင်းမွန်စွာနေထိုင်နေသူတွေကိုလည်း မရည်ညွှန်းခဲ့ပါ ။ ထိခိုက်စေတဲ့ စိတ်မပါရှိသလို ၊ နစ်နာစေတဲ့ စကားလုံးမျိုးလည်း လုံးဝ မပါခဲ့ပါ ။ စာဖတ်ပရိတ်သတ် သူငယ်ချင်းအားလုံးအေးချမ်းကြပါစေ ။ ကျန်းမာချမ်းသာကြပါစေ ။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment