ဒီတပတ် ထုတ် WOMEN'S WORLD ဂျာနယ်မှာပါလာတဲ့ ခိုင်လေး ဆောင်းပါးလေး
နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ
♫ ♫ ♫ ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကမယ် လက်ခုပ်သံစည်းချက်လိုက်မှာလား
ညီညီညာညာညှင်းသွဲ့သွဲ့ လေပြေမှာ ယိမ်းနွဲ့ကာ စိုပြည်တဲ့ ပိတောက်တို့ပွင့်စေမယ် ......♪ ♪ ♪ အွန်လိုင်းရေဒီယိုဆီက ထွက်ပေါ်လာတဲ့ တေး...သံလေး ။ အတာကူးတဲ့ တန်ခူးချိန်ခါ သမယ ရောက်ဖို့ နီးကပ်လာပြီလို့ အသိပေးလိုက်သလိုပဲ ။ ရင်ထဲကို ချက်ချင်းတိုးဝင်လာတာက လွမ်းဆွတ် တမ်းတခြင်းဆိုတဲ့ ခံစားမှု ။ ကျွန်မတို့လို ပြည်ပရောက်နေသူများ အနေနဲ့ သင်္ကြန်ဆိုတာ စိတ်ကူးလေးနဲ့ ပုံဖော်ရင်ခုန် ရုံပါပဲ ။ သင်္ကြန်ပွဲတော်ဆိုတာ မြန်မာလူမျိုးတိုင်း ၊ လူကြီး လူငယ်မရွေး နှစ်သက်မြတ်နိုးတဲ့ ရာသီပွဲတော် တစ်ခုပါ။ မြန်မာ သက္ကရာဇ် ၁၃၇၄ ကို အပြီးအပိုင် နှုတ်ဆက်ရတော့မယ့် အချိန်ကို နီးကပ်လာပြီပေါ့လေ ။ နှစ်ဟောင်းက အညစ်ကြေး ၊ အမှားယွင်း နှစ်ဟောင်း က ကံမကောင်းမှုတွေ ၊ ဆုံးရှုံးမှုတွေ ၊ အပူအပင်တွေ ၊ အခက်အခဲ တွေအားလုံးကို သင်္ကြန်ရေနဲ့ ဆေးကြောတယ်လို့ သင်္ကြန်ရောက်တိုင်း ပြောတတ်တဲ့ အဘွားစကားသံလေးကို သတိရမိတယ် ။ ကျွန်မတို့ ၁၀တန်းနှစ်လောက်ထိကို မြန်မာနှစ်ကူးပွဲတော်လေးက စည်းကမ်းတကျနဲ့ ယဉ်ကျေးမှုအမွေနှစ်တွေကို တွေ့ရှိနိုင်ခဲ့ပါသေးတယ်။ ယောကျာင်္းလေးတွေကလည်း နှမချင်းစာနာစိတ် ၊ မိန်းကလေးတွေဆိုလည်း ထိန်းသိမ်းအပ်သော ယဉ်ကျေး မှုတွေကို ထိန်သိမ်းကြလို့ ။ မြင်ရသူတိုင်း ရင်ကို အေးမြစေခဲ့ဘူးတယ် ။ အေးမြတဲ့ အတာရေစင်တွေကလည်း ဘ၀အမောတွေကို ပြေပျောက်စေခဲ့ဘူးပါတယ် ။ တစ်နှစ်တာ ဘ၀ အမောတွေ ကို နှစ်ကူး ပွဲတော်လေးမှာ အေးမြအမောပြေစေခဲ့ဘူးကြတယ် ။ ခုချိုန်မှာတော့ အမောတွေကို ထပ်ဆင့်စေဖို့တွေကို လူငယ်တွေက ပုံစံသစ်တွေနဲ့ ဖန်တီးလာကြပါတယ် ။ ခေတ်မှီတယ် ၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးတွေကို အကာကွယ်ယူကာ ဖြစ်ချင်တိုင်းဖြစ်နေကြပြီ။ မဖော်အပ်တာတွေကို အကုန်ဖော်လို့ ဖော်ချွတ်ပွဲတော်တစ်ခုလို့တောင်
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းရဖို့အတွက် မဟုတ်တဲ့ အတုယူမှုတွေကို လုပ်စရာမလိုပါဘူး ။ ထက်မြက်ထူးချွန်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ စီးပွားရေး ပညာရေး အမြင်တွေ တိုးတက်တာတွေကို အတုခိုးပါ ။ အတူယူပါ။ ဖော်တာ ချွတ်တာတွေ ရှက်ရမယ့်အရာကို ရှက်တတ်ပါစေ။ သင်္ကြန်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုတစ်ခုပါ။ နှစ်ဟောင်းက အညစ်အကြေးတွေကို ခ၀ါချပြီး နှစ်သစ်ကို ကြိုဆိုတဲ့ အချိန်မျိုးမှာ အညစ်ကြေးတွေကို ထပ်မံဖိတ်ခေါ်ယူနေကြတာ သိပ်ကို ရင်နာစရာ ကောင်းလှပါပေတယ် ။ မြန်မာ့နှစ်သစ်ကူးအချိန်မှာ လူသားအားလုံး ကံကောင်းခြင်းလက်ဆောင်တွေကိုဘဲ ရစေချင်မိပါတယ် ။ အခါကြီးရက်ကြီးမှာတောင် ဥပုလ်သီလ မဆောင်တည်နိုင်ကြဘဲ သားသမီးတွေအတွက် အိမ်မှာထိုင် ပူပန်နေရတဲ့ လူကြီးသူမ မိဘတွေလည်း သနားစရာကောင်းပါတယ် ။ မိဘတွေရဲ့ ပူပန်စိုးရိမ်မှုကို သားသမီးတွေဘက်က ချုပ်ချယ်မှု လို့ အတွေးမှားတွေနဲ့ စော်ကားတတ်ကြပါတယ် ။ တကယ့်မိဘနေရာကို ရောက်တဲ့ အချိန်ကြမှ ကိုယ်ချင်းစာနာ တတ်ကြပြန်ပါတယ် ။ အခါလွန်မှ ရမယ့်နောင်တတွေက အဖိုးမတန်တော့ပါဘူး ။ မြန်မာယဉ်ကျေးမှု ပွဲတော်တစ်ခုမှာ မြန်မာ့သက်ြန် သီချင်းသံတွေနဲ့သာ လိုက်ဖက်တယ်လို့ ခံစားနားလည်မိတယ် ။ တူးပို့တေးသံ ၊ မုန့်လုံးရေ ပေါ် ၊ ပိတောက်ပန်း ၊ အတာရေ အေးအေးလေးတွေဟာ သင်္ကြန်ရဲ့ ပြယုဒ်တွေပါပဲ ။ တဖြေးဖြေး နေရာယူလာတဲ့ ဘာမှန်းမသိတဲ့ သက်ြန်ဖျက်တေးသံတွေကိုလည်း မုန်းမိတယ် ။ ဘာဆိုနေမှန်းတောင် သေချာ မသိဘဲ လူတွေ လိုက်ရူးနေတဲ့ ကိုရီးယားသီချင်းသံကြီးကို မကြားချင်ပေမယ့် ဒီနှစ်သင်္ကြန်မှာ သေချာပေါက် ကြားရမယ်ဆိုတာ အသေချာပါပဲ ။
ဒီနေ့ facebookမှာ သတင်းလေးတစ်ခုကို ဖတ်လိုက်ရတယ်။ ဖတ်နေရင်းဒါမျိုးငါတို့ မြန်မာနိုင်ငံမှာ လုပ်ရင်လည်း သိပ်ကောင်းမှာဘဲလို့ တွေးမိလိုက်ပါသေးတယ် ။ ကိုးရီးယားမှာ ရုပ်ရှင်မင်းသမီးတွေကို အစိုးရက အမိန့်တစ်ခု ထုတ်ပြန်ကြေငြာလိုက်ပါတယ် ။ ဒါကတော့ မင်းသမီးတွေ အရမ်းတိုတဲ့ စကပ်တွေ မ၀တ်ရဘူးဆိုတာပါပဲ ။ ၀တ်မယ်ဆို ဒဏ်ငွေ ပေးဆောင်ရမယ်လို့ ပါပါတယ် ။ ဒီလို စည်းကမ်းမျိုး ကျွန်မတို့ နိုင်ငံမှာလည်း ထုတ်ပြန်မယ်ဆို သိပ်ကောင်းမှာပဲ ။ ကျွန်မတို့ မြန်မာမိန်းကလေးတွေက ခေတ်ကိုဖျက်နေတာနဲ့ ခေတ်မှီတာကို သိပ်ခွဲခြားမသိကြပုံပါ ။ “သြော် … သင်္ကြန်၊ သင်္ကြန် …”။ ရင်မောလိုက်ပါဘိ သင်္ကြန်ရယ် ။ ပွဲတော်လေးပြီးချိန်မှာ ဘာတွေ ကြားရမြင်ရအုံးမလဲ ။
ပျော်တဲ.သူတွေလည်းပျော်ကြ၊မပျော
သင်္ကြန်တေးသံလေးတွေကိုလည်း ကြည်နူးတယ်။ သင်္ကြန်ဆိုတာနဲ့ကို ရင်တွေ အရမ်းခုန်နေခဲ့ဖူးတယ်။ ခုချိန်မှာတော့ ရင်ခုန်မှုနေရာမှာ ပူပန်မှုတွေသာ ကြီးစိုးလို့နေတယ်ဆို ပိုလိုက်တာလို့များ ထင်ကြမလား ။ တကယ်ပါ ။ မြန်မာပြည်ကို ချစ်တယ် ။ ဒါကြောင့် မြန်မာယဉ်ကျေးမှုတွေကိုလည်း မြတ်နိုးမိပါတယ် ။ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ အရာတွေ တဖြေးဖြေး ပျောက်ဆုံးလာခြင်းဟာ သိပ်ကိုကြေကွဲ ၀မ်းနည်းစရာကောင်းပါတယ် ။ အဆိုးတွေ ပျောက်ကာ အကောင်းတွေ ပြန်လာပါစေတော့လို့သာ အကြိမ်ကြိမ် ဆုတောင်းမိပါတယ် ။ မြန်ရွှေပြည်မှာ ပျော်ခဲ့ရဖူးတဲ့ သင်္ကြန်ပွဲလေးနဲ့ အတူတူ မေမေရဲ့ စတုဒီသာ မဏ္ဍပ်လေးကိုလည်း အရမ်းလွမ်းမိပါတယ် ။ သင်္ကြန်ရောက်ဖို့ ၃ ရက်လောက်လိုတာနဲ့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးတော့တာပါပဲ။ သင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ တစ်နေ့ တစ်မျိုး မထပ်ရအောင် အလှူဒါန လုပ်တတ်တဲ့ မေမေ ။ ခုချိန်ဆို ဘာတွေ ကျွေးမယ်ဆိုတာ အစီစဉ်တွေ ဆွဲနေလောက်ပါပြီ ။ မနက်၎နာရီလောက်ထဲက အိပ်ရာကထပြီး ဆွမ်းလောင်းဖို့ ချက်ပြုတ်။ လူတွေကို စတုဒီသာ ကျွေးဖို့ စီစဉ်တတ်ပါတယ် ။ ကျွန်မတို့ကို ဖြတ်သမျှကားတွေကို အကုန်တားခိုင်းပြီး မုန့်တွေ ဝေခိုင်းပါတယ် ။ သိတတ်စအရွယ်ထဲက မေမေ အလှူမှာ နေ့စဉ်ပါဝင်ခဲ့ရတာမို့ ဒီအလှူလေးကို လွမ်းဆွတ်မိပါတယ် ။ ကျွန်မတို့ မြို့နယ်လေးမှာ သင်္ကြန်ခါဆို သံယာတော် အပါး ၃၀၀ လောက် နေ့တိုင်း ဆွမ်းလောင်းဖြစ်ပါတယ် ။ ကျွန်မက သင်္ကြန်ရောက်ပြီဆို ရေပက်ဖို့ထက် ပျော်ရွှင်နေကြတဲ့ သူတွေကို လှလှပပလေး ၀တ်ပြီး ထိုင်ကြည့်နေရတဲ့ အရသာကို ပိုနှစ်သက်မိတယ် ။ နောက်ပိုင်းမှာ တဖြေးဖြေး ပျောက်ကွယ်လာတဲ့ ရိုးရာ သက်ြန်ပွဲတော်လေးရဲ့ ယဉ်ကျေးမှု တွေ အတွက်တော့ အထူးပင် ကြေကွဲ ၀မ်းနည်းမိပါတယ် ။ နိုက်ကလပ်တစ်ခုနဲ့တူလာတဲ့ ရာသီပွဲတော်လေးကို မြင်ရတိုင်း ရင်နာမိတယ် ။ လှပတဲ့ သင်္ကြန်ယိမ်းသမလေးတွေရဲ့ အကအလှနေရာမှာ အစားထိုး ၀င်ရောက်လာတဲ့ ဖော်ချွတ်မူးရူးယမ်းကားတဲ့ ဘာမှန်းမသိတဲ့ အကတွေကို ရွံ့ရှာ စက်ဆုတ်မိတယ် ။ မိန်းကလေးချင်းတောင် မျက်စိရှက်စရာ ၀တ်စားဆင်ယင်မှုတွေကိုမှ ဂုဏ်ယူစွာ ၀တ်ဆင်လာတတ်တဲ့ မိန်းကလေးတွေနဲ့ နှမချင်းစာနာစိတ်ကင်းတတ်တဲ့ ယောကျာင်္းတွေကြောင့် ရိုးရာ သက်ြန်လေးဟာ နိုက်ကလပ်ပွဲတော်တစ်ခုနဲ့ တူမှန်းမသိတူလို့လာနေပါပြီ ။ ဒီလို ရုပ်ဆိုးအကျည်းတန်တဲ့ မြင်ကွင်းတွေ အမြန်ဆုံး ပျောက်ကွယ် ပပျောက်ဖို့ ကျွန်မတို့ လူငယ်တွေ လက်တွဲညီညီနဲ့ တိုက်ထုတ်ပစ်ကြပါစို့ ။ နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment