Friday, September 28, 2012

မရိုးနိုင်တဲ့ တောင်းတမှု ( ခံစားမှုဆောင်းပါး )

   ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေ ဘယ်လောက်ထိ များတယ်ဆိုတာ လူတိုင်း မသိနိုင်ပါဘူး ။ အောင်မြင်မှုတစ်ခု ပိုင်ဆိုင်မှုတစ်ခုစီတိုင်းရဲ့ေ
နာက်ကွယ်မှာ ထိုက်တန်တဲ့ အရင်းအနှီးပေါင်းများစွာ ရှိနေတတ်ပါတယ် ။ ဘာအတွက် ဘာကြောင့်လူတွေ ကိုယ်လုပ်ချင်တာတွေကို လုပ်နေခွင့်ရနေလျှက်နဲ့ ပျော်ရွင်ခြင်းဆိုတာကို မပိုင်ဆိုင်ရတာလည်း ဆိုတာ   တွေးရင်း လွမ်းနေမိပါတယ် ။  ဒီနေ့ အကိုကွန်ဆူးမားရေးတဲ့ ``ဆဌမမြောက် တံခါးခေါက်သံ´´ဆိုတဲ့ ဘလော့လေးကို ဖတ်ပြီး ပါးပြင်  ပေါ်မှာ မျက်ရည်တွေ ပြည့်နှက်ခဲ့ရတယ်။   ဖေဖေ နဲ့ မေမေ ကို အရမ်းလွမ်းမိတယ် ။ ခုလို အဝေးတစ်နေရာမှာကိုယ်စိတ်ချမ်းသာ မှုတစ်ခုအတွက် ကျွန်မ ရောက်ရှိလာခဲ့ပါတယ် ။  ကျွန်မ ဖြစ်ချင်တာလေးကို လုပ်ခွင့်ရတဲ့အတွက် ကျေနပ်စေခဲ့ပေမယ့် ပျော်ရွင်မှု ဆိုတာကို အပြည့်ဝ ကျွန်မ မပိုင်ဆိုင်ခဲ့ပါဘူး ။  ကျွန်မထင်ခဲ့မိတာက ကိုယ်လုပ်ချင်တာလေးကို လုပ်ခွင့်ရမယ်ဆို သိပ်ကို ပျော်ရမယ် လို့ပေါ့ ။  တစ်ကယ်လက်တွေ့မှာ ကျွန်မ ကျေနပ်မှုတစ်စုံတစ်ရာကိုသာ ပိုင်ဆိုင်စေခဲ့ပါတယ် ။  ဒါကြောင့်  *လူ့အလိုကို နတ်တောင် မလိုက်နိုင် *  ဆိုတဲ့ စကားပုံလေး ပေါ်ပေါက်လာပုံရပါတယ် ။  ဟုတ်တယ် ကျွန်မလည်း ဒီစကားပုံလေးလိုပါပဲ ။  ခုချိန်မှာ ကျွန်မ ဖေဖေ နဲ့ ကျွန်မ မေမေကို အရမ်းလွမ်းနေပါတယ်။  သူတို့ကော  ကျွန်မလိုဘဲ လွမ်းနေမယ်လို့ အပြည့်ဝ ယုံကြည်နေမိပါတယ် ။ မေမေ ပြောနေကြ စကားလေး တစ်ခုကိုလည်း သတိရမိတယ် ။
*ညဉ်းတို့ကို သူများတွေက ချစ်တယ်ဆိုတာ ငါတို့ မိဘတွေအမြင်ကတ်သလောက်ဘဲ ရှိပါတယ်အေ *
                       ဒီစကားလေးက အလွန်မှန်တယ်ဆိုတာကို အပြင်လောကကြီးကို ခြေချမိချိန်မှာတော့ လက်တွေ့ပိုသိလိုက်ရ ပါတော့တယ်။  ဒီနေ့ နေမကောင်းလို့ အိပ်ယာထဲခွေနေရင်းက ပျင်းလာတာနဲ့  ကွန်ပြူတာလေးကို ဖွင့်မိချိန်မှာ အကိုကွန်ဆူးမား ဘလော့လေးကို ဖတ်လိုက်မိခြင်းက တွေးစရာလေးတွေ ခေါင်းထဲကို တန်းစီရောက်လာခဲ့သလို အလွမ်းတွေကို သက်သေတည်စေတဲ့ မျက်ရည်တွေနဲ့ လှိုက်လှိုက်လှဲလှဲ ငိုခဲ့ရပါတယ် ။  မေမေ ကို လွမ်းတယ် ။  ဖေဖေကို လွမ်းတယ် ။  ခုသမီးတစ်ယောက်ထဲ ။ အဖော်မဲ့ အခန်းထဲမှာ ``သက်သာလား´´ ဆိုတဲ့ အားပေးစကားလေးတစ်လုံးကို အရူးမူး တမ်းတနေမိပါတယ် ဖေဖေ နဲ့ မေမေရယ် ။ နောင်တ ဆိုတာ တသသ လွမ်းနေရမယ့် အရာမဟုတ်သာကြောင့် အကောင်းဆုံးဆိုတာကို တွေးတော ဖြစ်သင့်ခြင်းတွေ နဲ့ ရှေ့ဆက်ရမယ်ဆိုတဲ့ ကျွန်မခင်ပွန်းသည်စကားလေးကို နှလုံးသွင်းကာ အနာဂတ်မှာ သမီးကောင်းတစ်ယောက်ဖြစ်စေဖို့ ကြိုးစားနေပါတယ် ဖေဖေ နဲ့ မေမေ ။ အဝေးက သမီးအတွက် ပူပန်မှုတွေ နဲ့ အိပ်မှပျော်ရဲ့လား။   အဆိုးဆုံးသမီးလေးမို့ စိုးရိမ်မှုတွေနဲ့ ပူပန်နေမယ်ဆိုတာ သိနေပါတယ် ။ မိဘမေတ္တာဆိုတာကို နှိုင်းပြစရာ အကောင်းဆုံးစကားလုံးတွေ ဘယ်လောက်ပေါ်လာပါစေ မိဘတွေရင်ထဲက မေတ္တာတရားကို မှီအောင်တော့ မဖော်ကြူးနိုင်ကြပါဘူးနော် ။
ဘ၀ဆိုတာ တိုတိုလေးပါ ။ တစ်ဘ၀မှာ တစ်ခါသာ တော်ရတဲ့ သားသမီးတွေကို မိဘတော်ခွင့်ရနေသမျှ ကျွန်မကတော့ ထာဝရခွင့်လွတ်ရင်း မိဘဆိုတဲ့ အတိုင်း မားမားမတ်မတ် ရပ်တည်ဆုံးမပေးနေရမှာဘဲ
                        ဆိုတဲ့ မေမေစကားလေးတွေကိုလည်း ကြားယောင်နေမိပါတယ် ။ ဘ၀တိုတိုလေးမှာ ဆိုးလို့ ပစ်ထားလိုက်ရမယ့် အချိန်တွေကို ကျွန်မမေမေက နှမြောတယ်ဆိုဘဲ ။  အချိန်လွန်ကာမှ ငါ မဆုံးမလိုက်ရလေခြင်းဆိုတဲ့ အချိန်လွန်နောင်တတွေကို ဘယ်တော့မှ မရချင်တဲ့ မေမေ သမီးကို စိတ်မှန်းတွေနဲ့ လှမ်းဆုံးမနေမယ်ဆိုတာကို ကျွန်မသိနေပါတယ် ။   နေမကောင်းချိန်မှာ မေမေ့ ရင်ခွင်ထဲမှာ ၀င်ခွေနေခဲ့ရတဲ့ အချိန်လေးတွေကို သတိရမိတယ်။  ခုရက်ပိုင်းအတွေးတွေထဲမှာ ရှိနေတတ်တာ တမ်းတမှုတွေသာ များနေ ပါတယ် ။ တခါခါ ကိုယ်ကိုကိုယ် ပြန်သုံးသပ်မိပါတယ် ။ အတိတ်ကို တမ်းတရင်း နောင်တ တောထဲ တ၀ဲဝဲလည်နေတာလားလို့။ နောင်တ ဆိုတာကို ကျွန်မ မလိုချင်ဘူး ။ တခါခါ ဘ၀ဆိုတာ မလိုချင်တာတွေကိုလည်းပိုင်ဆိုင်ရတတ်တယ်လေ ။ ဟိုးငယ်ငယ်လေးထဲက ကျန်း မာရေးချူချာတဲ့ ကျွန်မကို မေမေက အမြဲပြောတတ်တာလေး တစ်ခုရှိသေးတယ် ။
*ငါသမီးကို ချိန်ခွင်ပေါ် တစ်ဖက်ကတင်ပြီး  တစ်ဖက်က ပိုက်ဆံတွေနဲ့ ချိန်မယ်ဆိုရင် ပိုက်ဆံတွေက ပိုလေးမယ်ထင်တယ်တဲ့ *
                           မေမေ ပြောရလောက်အောင်ကို ကျွန်မက ချူချာလွန်းသူတစ်ဦးပါ။ ဆေးရုံဆိုတာကို ခဏခဏ အလည်ရောက်နေ သူ တစ်ဦးဆိုလည်း မမှားပါဘူး ။ ဒီလို ချူချာတာတွေက ငယ်စဉ်ကာလမှာတင် မဟုတ်ဘဲ ခုအရွယ်တိုင်အောင် အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုတစ်စိုက်ထားရသူတစ်ဦးပါ ။ နှလုံးခုန်နှုန်း  အရမ်းမြန်တဲ့ ရောဂါက အချိန်မရွေးထထဖြစ်တတ်တာမို့ မိဘတွေက မျက်ခြေအပျက် မခံရဲဘဲ ထားခဲ့ရသူပါ ။  ခုထိုင်နေတာအကောင်းကနေ ချက်ချင်းကို ထဖြစ်ချင်ဖြစ်တတတ်တဲ့ ကျွန်မရောဂါကြောင့် မိဘမပါတဲ့ ဘယ် ခရီးကို မှမသွားခဲ့ဘူးသလို မိဘတွေနဲ့ တစ်ပတ်ကြာအောင်တောင် ခွဲမနေခဲ့ဘူးပါဘူး ။  ခုတော့အမျိုးသားရှိတဲ့ မလေးရှားနိင်ငံကို အ လည်ရောက်လာရင်းကနေ စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ဒီမှာ မပြန်ဖြစ်တော့ဘဲ ဆက်နေခဲ့တယ်။ ပြန်လာဖို့ ချော့ခေါ်ပေ မယ့် လုံးဝ မပြန်တော့တဲ့ အတွက်  အရမ်းစိတ်ဆိုးပြီး မေမေပြောခဲ့တယ် ။ ဘယ်တော့မှ အိမ်ကိုဖုန်းမဆက်နဲ့ ဆိုတဲ့ စကားလေး က လည်း တစ်ပတ်တောင်မခံပါဘူး ။ အပြုံးမပျက်ခွင့်လွတ်ပေးတတ်တဲ့ မေမေရဲ့ မေတ္တာတွေက ဘယ်တော့မှ မခမ်းခြောက်နိုင်ခဲ့ပါဘူး ။ ဖေဖေ ရဲ့ချစ်ခြင်းတွေက ကျွန်မဘ၀အခက်ခဲမှန်သမျှကို ဖြေရှင်းပေးစေခဲ့သလို မေမေချစ်ခြင်းတွေက ကျွန်မဘ၀ရဲ့ ရပ်တည်မှုတွေကို သိက္ခာရှိနေစေဖို့ ထာဝရ အရိပ်မိုးပေးထားပါတယ် ။  ခုချိန်မှာ ကျွန်မ သိပ်ပြောချင်တဲ့ စကားလေးကတော့ ဖေဖေ နဲ့ မေမေကို ကျွန်မ အရမ်းကို သတိရနေမိပါတယ် ။  ဖေဖေ နဲ့ မေမေ ကို အရမ်းချစ်ပါတယ် ။  နားနှစ်ဖက်ကို လက်အစုံနဲ့ ပိတ်ကာ ပဲ့တင်ထပ်အောင် အော် လိုက်မိပါတော့တယ် ။
``ဖေဖေ နဲ့ မေမေကို အရမ်း ချစ်တယ် ။ အရမ်းသတိရတယ်´´ လို့....

Sunday, September 23, 2012

ကျွန်မရဲ့မရိုးနိုင်တဲ့ လူသားပီသမှုလေး တစ်ခုပါပဲ * မောင် * (၀တ္ထုတို)

ကျွန်မမှားလား ... ကျွန်မ မောင်ကို သိပ်ချစ်မိတာ မှားသွားလား ။ ဟင်အင် ! ကျွန်မနှလုံးသားက သူအလိုလို ဖြူစင်စွာ ချစ်မိသွားတာ ကျွန်မ မတတ်နိုင်ဘူး မောင် ။ အသက်ရှူလိုက်တိုင်း မောင်ကို လွမ်းတဲ့ ဝေဒနာက ရင်ဘတ်ထဲ က တဆင့် နွမ်းလျလျ ကျွန်မနှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်လာတယ် ။ မောင်ဆိုတဲ့ ကောင်လေးကို ခင်မင်ပြီး ကာလတွေနောက်ပိုင်းမှာ အချိန်တိုင်းလိုလို လွမ်းနေမိတယ် ။ ဘာကြောင့်လဲ ? ။ နာ၇ီတိုင်း တမ်းတနေမိတယ် ။ အဲဒါကရော ဘာကြောင့်လဲ ? ။ အဲဒီအဖြေကို သေချာ သိလိုက်တဲ့ အချိန်မှာကျွန်မ မောင်ကို သိပ်ချစ်နေမိပြီ မောင် ။ ကဗျာမကြိုက်တဲ့ ကျွန်မ အလွမ်းကဗျာတွေ ဖတ်မိနေပြီမောင် ။ အချစ်ကြောင့်ရေးတဲ့ကဗျာထက်အလွမ်းကြောင့်ရေးတဲ့ ကဗျာက ပိုပြီး ခံစားရတယ် မောင် ။ ကျွန်မ မောင်ကို ချစ်ခဲ့တာ အဖြူရောင်သက်သက်ပါ မောင် ။ဘာမျှော်လင့်ချက်မှ မရှိပါဘူး ။ ဘ၀တွေအားလုံး မပြည့်စုံကြပေမယ့် အနားမှာ မောင် ရှိနေရင် ပြည့်စုံပြီးသားပါ မောင် ။ မောင်ကို ကျွန်မချစ်တယ် ။ဘာဘဲ ဖြစ်ဖြစ် မောင်ကို ချစ်နေရတာလေးကိုဘဲ ကျွန်မ ကျေနပ်ပါတယ် ။ အချိန်တွေ ပြောင်းပြန်လှန်လို့ရချင်ရလိမ့်မယ် ။ကျွန်မရင်ထဲက အချစ်တွေက ဘယ်တော့မှ မပြောင်းလဲပါဘူး ။ အတိတ်ကို လည်း မတွေးချင်ဘူး ။ အနာဂတ်ကိုလည်း မစဉ်စားချင်ဘူး ။လက်ရှိအချိန်လေးမှာ မောင်ကို စိတ်ချမ်းးသာအောင် ကျွန်မ ဖြည့်စီးပေးချင်မိပါတယ် မောင် ။ ကျွန်မ နှလုံးထဲမှာ မောင်ကို အေးချမ်းတဲ့ချစ်ခြင်းမေတ္တာနဲ့ အမြဲနေရာပေးထားပါတယ် ။ အချိန်တိုင်းလိုလို ခြောက်ကပ်တိတ်ဆိတ်ပြီး ပျော်ရွင်မှု မဲ့ခဲ့တာ ကြာပါပြီ ။ ငယ်ရွယ်တဲ့အသက်ရွယ်တစ်ခုမှာ မှားခဲ့ အမှားတခုက  ကျွန်မတစ်ယောက်ထဲကိုတင် အကျိုးသက်ရောက်စေတာ မဟုတ်ဘဲ မိဘတွေကိုပါခံစားနာကျင်စေခဲ့ရပါတယ်မောင် ။ ကျွန်မ တစ်ကယ်တော့ မောင်ကို မချစ်သင့်ပါဘူး ။ လူတိုင်းက ကဲ့ရဲ့ ရှုတ်ချကြလိမ့်မယ် ဆိုတာသိနေပေမယ့်  ကျွန်မ ရဲ့ အမှတ်မရှိတဲ့ နှလုံးသားက မောင်ကို  ဖြူစင်စွာ ချစ်မိခဲ့ပြန်တယ် ။ ငယ်ရွယ်တဲ့ အသက်ရွယ်မှာ လောကဒဏ်ဆိုတာကို အမျိုးမျိုး ခံခဲ့ရတယ် ။ ယိုင်နဲ့နေတဲ့ ကျွန်မ ဘ၀ကို မောင်ကို ချစ်မိတဲ့ အချစ်တွေက တည့်မတ်ပေးစေခဲ့ပါတယ် ။မောင် ရဲ့ အေးချမ်းတဲ့  * သုလေး * ဆိုတဲ့ ခေါ်သံလေးက ကျွန်မဘ၀အတွက် အားဆေး လေးပါဘဲ မောင် ။ ရိုးသားပွင့်လင်းတဲ့ကျွန်မစိတ်ကို အမြဲ လိပ်ပြာသန့်သလို မောင်ကို ချစ်တဲ့ အချစ်တွေ အတွက်လည်း ကျွန်မ ကျေနပ်မိပါတယ် ။ မောင် ရီသံလေးတွေ မောင်အပြုံးတွေကို မြင်ရတိုင်း အမြဲ စိတ်ချမ်းသာနေခဲ့သူပါ မောင် ။ ကျွန်မ ဘုရားရှိခိုးပြီးတိုင်း အမြဲ သစ္စာဆို ဖြစ်တယ်မောင်။

* ကျွန်မ မောင်ကို အမှန်တစ်ကယ် ဖြူစင်စွာ ချစ်မိခဲ့ပါတယ် *

ထိုမှန်သော သစ္စာစကားကြောင့် မောင်ရဲ့ ပျော်ရွင်ခြင်းနဲ့ အပြုံးတွေကို ထာဝရ မြင်တွေ့နေပါရစေလို့ ။ မောင်ဆီက ကျွန်မပြန်လိုချင်တာ တစ်ခုထဲပါမောင် ။ မောင်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေကျွန်မကိုတော့ ထာဝရ ချစ်နေခွင့်လေးတော့ ပေးပါမောင် ။ မောင် ဓာတ်ပုံလေးကို စိုက်ကြည့်နေတဲ့ ကျွန်မမျက်လုံးတွေေ၀၀ါးလာကြပါတယ် ။ မျက်လုံးအိမ်တစ်ခုလုံးမျက်ရည်တွေက ပြည့်လျှံနေစေခဲ့တာကို ။ မောင် နဲ့ ကျွန်မ အကိုတစ်ယောက် မိတ်ဆက်ပေးမှု ဖြင့် ရင်းနှီးခဲ့ကြပါတယ် ။ ဒီကနေတဆင့် တက်လို့ မောင်ရဲ့ စိတ်ဝင်စားမှုတွေကို ကျွန်မ ပိုင်ဆိုင်ခဲ့ရတယ် ။ ယောကျာင်္းတွေကိုကြောက်နေမိတဲ့ ကျွန်မ မောင်ကို တော့ မြတ်နိုးစွာချစ်မိခဲ့ပါတယ် ။ မလှပခဲ့တဲ့ အတိတ်က အဖြစ်တွေက အရိပ်ပမာ ခြောက်လှန့်နေတာမို့ မောင်ကို ပိုင်ဆိုင်ရမယ်ဆိုတာကိုတော့ မျှော်လင့်မထားခဲ့ပါဘူး ။ မောင်က ပထမဆိုတာကိုမှ အမြဲလိုချင်တတ်သူမျိုးလေ။ကျွန်မ မောင်ကို ချစ်နေခွင့်ရနေတာလေး တစ်ခုကိုဘဲ ကျေနပ်နေတတ်ပါပြီ ။ တစ်ချိန်ချိန်မှာ မောင် ကျွန်မကို ထားသွားမယ်ဆိုတာကိုလည်း သိနေခဲ့ပါတယ် ။ခုတော့ ကျွန်မ မရောက်ချင်တဲ့နေ့လေးကို ရောက်ခဲ့ရပါပြီ ။ ဘာတဲ့ မောင် ဒုတိယလူဆိုတာကို ဘယ်လိုမှ ရင်ထဲ ထည့်မရဘူးဆိုဘဲ။ဟုတ်ကဲ့ မောင် ။ မောင် စိတ်ချမ်းသာသလို ဆုံးဖြတ်ပါ ။ မောင် ပျော်ရွင် ဖို့ စိတ်ချမ်းသာဖို့သာ ကျွန်မ အတွက် အဓိက ကျပါတယ်မောင် ။ မောင်က နောက်ဆုံး စကားလေး ပြောတယ် ။ 
* မောင် သုလေးကို တစ်ကယ်ချစ်ခဲ့တာပါ ။ ဒုတိယဆိုတဲ့ အသိကြီးက မောင်ကို တချိန်လုံး ခြောက်လှန့်နေလို့ပါသုလေး ။ မောင်ကို နာနာကျည်းကျည်း မုန်းလိုက်ပါနော် *
*မုန်းရမယ် ဟုတ်လားမောင်  ။ မောင်ရယ် ချစ်ခဲ့တာ မုန်းဖို့ မှ မဟုတ်တာဘဲရှင် *
ဒီစကားလေး နဲ့ မောင်ကို နှုတ်ဆက် ကျောခိုင်းထွက်ခွာ လာခဲ့ပေမယ့် ကျွန်မ နှလုံးသားတွေကတော့ မောင်နားမှာ ဘဲရှိနေကြပါတယ် မောင်  ။ မောင်ကို သုလေး အရမ်းချစ်တယ် ။
အချစ်တစ်ခုကို တွေ့ရှိဖို့ ရှာဖွေစရာ မလိုအပ်ဘူး...........
သတ်မှတ်ချက် စည်းမျဉ်းတွေ လဲ မလိုဘူး..............
အချစ်ဆိုတာ ဘယ်ချိန်မှာ တွေ့မယ်.............
ဘယ်နေရာမှာ တွေ့မယ်ဆိုတာတွေလဲ မရှိဘူး............
သတ်မှတ်ချက်တွေ စံနှုန်းတွေနဲ့ ရှာဖွေနေမယ်ဆို............
ဒါက ရှာဖွေမှု တစ်ခုသတ်သတ်ပါဘဲ..........အချစ်မဟုတ်ဘူး
အချစ်ဆိုတဲ့ အရာက ဘ၀နဲ့လဲမဆိုင်ဘူး............
ဖြစ်သင့်သင့်ခြင်း.....မဖြစ်သင့်ခြင်းတွေလဲ မပါဘူး............
ချစ်ချင်လာရင် ချစ်ချင်တဲ့အချိန်မှာ.........
သူဘာသူရင်ထဲက ဘယ်သူမှ မတားဆီးနိုင်အောင်
ချစ်မိမှာဘဲ.........
အသိတရားတွေကလဲ အချစ်ကို မတားဆီးနိုင်ဘူး...............
အိမ်ထောင်ပြုတဲ့ ထိကို မဆိုလိုဘူးနော် .........
အချစ်တစ်ခုထဲကို သီးသန့်ပြောတာပါ
အချစ် ဆိုတာ ရိုးသားတယ်
ဖြူစင်တယ်...........လူတွေက ခေါင်းစဉ်အမျိုးမျိုးတွေတပ်ပြီး ...........
အရောင်တွေ ဆိုး အကျည်းသန်အောင် လုပ်နေကျတာလေ...........
အချစ်နဲ့ ဘ၀တော့ မတူဘူးပေါ့နော်...........
အချစ်ကို ရင်ထဲက မညာတမ်းခံစားခွင့်ရှိတယ်..........
အိမ်ထောင်ရေးမှာတော့ အချစ်ဆိုတဲ့ နှလုံးသားကို ငုံ့ကြည့် သင့်သလို...........
အသိတရားဆိုတဲ့ တွေးခေါ်မှု ဦးနှောက်ကိုလဲ မော့ကြည့်သင့်တယ်ရှင့်...............


ပြန်လာခဲ့ပါတော့ ချစ်သူ
လာပါတော့.......လာပါတော့ အော်ကာခေါ်လဲ
ပေါ်မလာ...............
ခါခါမော့ ခါခါမော့ မျှော်ကာနေလဲ
ရောက်မလာ.............
ငါမျှော်လင့်ချက်တွေကို ဥပက္ခာပြု
စောင့်မျှော်ရတဲ့ သူတစ်ယောက်ရဲ့
ရင်ထဲက နာကျင်ခြင်းတွေကို ကျောခိုင်း ထားရက်သူ
မင်းမြင်လှည့်ပါ ချစ်သူရယ်...
ငါရဲ့ အလွမ်းတွေကို  တံတားခင်း.......
တမ်းတခြင်းတွေကို ပန်းခင်းထားတဲ့
လမ်းပေါ်မှာ ခဏလောက်တော့

လျှောက်လှမ်းပေးဖို့ ငါမျက်ရည်တွေက
ဒူးထောက်ခရ ဖိတ်ခေါ်နေပါတယ်..........
ပြန်လာခဲ့ပါတော့ ချစ်သူရယ်
မောင် ကို လွမ်းတဲ့ စိတ်တွေနဲ့ မရေးတတ်ရေးတတ် ကဗျာလေးတွေ ကျွန်မ အခန်းထဲမှာ ပြည့်နေပြီမောင် ။ ပြန်မလာမှာ သေချာတဲ့သူကို မျှော်မိနေတာ ရူးသွပ်ခြင်းတစ်မျိုးပါပဲလေ။ နှလုံးသားဒဏ်ရာတွေကို သက်သာစေဖို့ အကျိုးရှိစေမယ့် အလုပ်တစ်ခုကို ကျွန်မ၀င်လုပ်ခဲ့ပါတယ် ။ သူနာပြုတစ်ယောက်က လူနာတွေ ကို ပြုစုတဲ့နေရာမှာဘဲ ရှိနေသင့်တယ် လို့ မှတ်ယူလိုက်ချိန်မှာတော့ မောင်ကိုလွမ်းဆွတ်ရင်း လူနာတွေ နဲ့ ကျွန်မ နေသားတကျ ရှိနေတတ်ပါပြီ ။ အားလျော့ မှေးမှိန်နေတဲ့ မျှော်လင့်ချက်မဲ့ မျက်ဝန်းတွေကို အရောင်တက်လာစေဖို့ အရောင်တင်ပေးသူလို့ ခေါ်မယ်ဆိုလည်း မမှားနိုင်င်ပါဘူး ။ မောင် သုလေး ဘ၀ထဲကနေ အပြီးထွက်သွားချိန်ကစပြီး ဒီဆေးရုံလေးမှာ သုလေး စိတ်ရော လူပါ နှစ်ပြီး အလုပ်လုပ်လာတာ ခုဆို 5နှစ်တိုင်ခဲ့လေပြီ။ ဒီဆေးရုံလေးမှာက ခုခံအားကျဆင်းတဲ့ ဝေဒနာရှင်တွေဘဲ ရှိကြတယ် ။ ဆေးရုံကို ရောက်လာကာစဆို လူနာတိုင်းကငါတို့ သေကို သေရတော့မယ်ဆိုတဲ့အသိတွေနဲ့ မျှော်လင့်ချက်တွေ ပျက်သုန်းနေကြသလို သူတို့ မျက်လုံးလေးတွေကလည်း မျှော်လင့်ချက်တွေ အရောင်ဖျော့နေကြပါတယ် ။ မေတ္တာ တရားတွေကို စေတနာတွေပါ ထပ်လောင်းဖြည့်စီးကာ လူနာတွေကြားမှာ ကျွန်မဘ၀လေးကို နှစ်မြှပ်နေခဲ့ခြင်းတွေဟာလူသားအကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်နေခြင်ပါပဲ ။ ကျွန်မ ကိုးကွယ် ယုံကြည်သော ဘုရားစကားတော်ကို နားထောင်ခြ်းလည်းမည်ဧ။် ။အဘယ်ကြောင့်ဆိုသော် မေတ္တာသည် ဘုရားသခင်၊ ဘုရားသခင်သည် မေတ္တာပင်ဖြစ်သည် လို့ မေမေက ခဏခဏ ပြောပြခဲ့ဖူးပါတယ် ။ကျွန်မ ဒီရောဂါတွေနဲ့ ရင်းနှီးစေခဲ့တာကတော့ ဆောင်းပါးလေးတစ်ပုဒ်က စာလေးတပိုဒ်ကြောင့်ပါပဲ ။

"အောင်မြင်၊ ပြည့်စုံသူတွေ ကြားထဲမှာ နေရခြင်းသည် ဘ၀ကို ကျော်ဖြတ်ရတာလွယ်ကူသလောက်၊ မျှော်လင့်ချက်မှေးမီန်၊ စိတ်ဓါတ်ကျနေသော သူများကြားထဲတွင် နေထိုင်၊ သူ၏ဘ၀ကို ပေးဆပ်ထားသူတစ်ယောက်အဖို့၊ သူလည်းစိတ်ဓါတ်မကျအောင်၊ အခြားရောဂါခံစားသူများကို အားမငယ်ရလေအောင် လုပ်ဆောင်ရသော အလုပ်သည် လွယ်ကူသော လုပ်ရပ်မဟုတ်ချေ။ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ စွန့်လွတ် အနစ်နာခံမှုမရှိပါက လွယ်ကူသော ကိစ္စမဟုတ်ချေ။
လူနာတွေ စိတ်ဓါတ်မကျစေရန်ထိုကဲ့သို့ မဖြူဖြူသင်းပြောသည်။"
လူနာအချင်းချင်းအားပေးခြင်းဟာ သူတို့စိတ်ဓာတ်ကို မြှင့်တင်ရာ ရောက်ပါတယ်။ နောက် သူတို့စိတ်ဝင်စားတဲ့ ရုပ်ရှင်ကြည့်တာ၊သူတို့ကြိုက်တဲ့ အဆိုတော်တွေ သီချင်းနားထောင်တာနဲ့ လူကောင်းတွေက သူတို့အပေါ် နွေးထွေးပေးတာ၊ သူတို့ကို နားလည်မှုအပြည့်ပေးတာမျိုးတွေဟာ သူတို့စိတ်ဓာတ်ခွန်အား တက်စေတဲ့အရာတွေ ဖြစ်ပါတယ်။ တကယ်ဆို ရခဲတဲ့ လူဘ၀ဆိုတာ တန်ဖိုးထားသင့်တဲ့ အရာဆိုတာ လူတိုင်းသိနေသင့်ပါတယ် ။ AIDS ရောဂါ ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ်ပြုနေဆဲကပ်ရောဂါ(Pandemicdiseases) များထဲ မှတစ်မျိုးအပါအ၀င် ဖြစ်ပါတယ်။ HIV ပိုးကို စတင်တွေ့ရှိခဲ့တဲ့၁၉၈၁ ခုနှစ်မှသည်၂၀၀၆ ခုနှစ်ထိ လူ့အသက်ပေါင်း ၂၅ သန်းကျော် ဆုံးရှုံးစေခဲ့တဲ့ ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။၂၀၀၅ ခုနှစ် တစ်နှစ်ထဲမှာပင် လူဦးရေ ၂.၄ မှ ၃.၃ သန်း ထိသေဆုံး ခဲ့ပါတယ် ။ HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတိုကောက် ခေါ်ဆိုတာဖြစ်ပြီး AIDSဆိုသည်မှာ HIVဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော ရောဂါလက္ခဏာစု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ HIVဗိုင်းရပ်စ် ဟာ Retroviridae အုပ်စုဝင် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး မျိုးကွဲနှစ်မျိုးရှိပါတယ်။ HIV-1 ဟာ ပိုမိုပြင်းထန် ကူးစက်လွယ်ပြီးတစ်ကမ္ဘာလုံးပျံ့နှံ့ကူးစက်နေတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အလုပ်သွားခံနီး မှန်တင်ခုံရှေ့ထိုင်ကာ ပြင်ဆင်ရင်း အတွေးတွေ နယ်ချဲ့နေလိုက်တာ ဖုန်းမြည်သံလေး ကြားမှာ အတွေးဆလေးတွေ ပြတ်တောက်သွားရပါတော့တယ် ။ အတွေးတွေကို လက်စသတ်ကာ ဖုန်းလေးကိုင်လိုက်တယ်ဆိုရင်ဘဲ အလုပ်တူတူ လုပ်နေသူ ဆရာမလေး အေးမြတ် အသံက အလောတကြီးထွက်လာပါတော့တယ် ။

* ဟဲလို သုလေးလား*
*ဟုတ်တယ် အေးမြတ် ပြောလေ ဘာဖြစ်လို့လဲ *
*အရေးကြီးနေလို့ဟေ့ နင်ကလည်း ဖုန်းဒီလောက်ခေါ်နေတာကို မကိုင်ဘူး *
*ဟုတ်တယ် ငါအတွေးလွန်နေတာနဲ့ နင်ဖုန်းသံကို မကြားလိုက်လို့ပါ *
* အေးပါ..နင်ခု ဆေးရုံကို မြန်မြန်လာခဲ့ပါနော် ..ငါသေချင်နေပြီ *
*ဟဲ့ ဘာဖြစ်ရတာတုန်း ရှင်းအောင်ပြောစမ်းပါဟယ်*
*ဒီလိုဟေ့ ! ညက လူနာအသစ်တစ်ယောက် ရောက်လာတယ်လေ..ညထဲက သောင်းးကျန်းတာ ငါတို့ကော
သူမိသားစုကော ဘယ်သူမှ မအိပ်ရဘူးဟေ့ ...လေပြေအေး ဆရာမ ဒေါ်သုလေး လာနှစ်သိမ့်တရားလေး
ဟောပေးဖို့ ဆေးရုံကို မြန်မြန်လာပါလို့  ရှင်းပြီလား *
*သြော်! ဖြစ်ရမယ်နော် ။ ဟုတ်ပါပြီ ခုလာမယ်နော် ။ ငါသူငယ်ချင်းလေး သနားပါတယ် ။ ပင်ပမ်းနေပြီ ။
သုလေး ခုလာခဲ့မယ်နော် *
*အင်း ..ဒါဆို ဒါဘဲနော် *

အ၀တ်စားအမြန်လဲကာ ဆေးရုံကို ထွက်လာခဲ့ပါတယ် ။ ကိုယ်ပိုင်ကားလေးကို ကိုယ်တိုင်မောင်းကာ အလုပ်သွားသူမို့ ဆေးရုံကိုအမြန်ဆုံးရောက်လာပါတယ်။ သုလေး ဒီအလုပ်လုပ်နေတယ်ဆိုတာက ၀ါသနာပါတာရယ် အချိန်တွေကို အကျိုးရှိနေစေချင်တာရယ်ရခဲတဲ့ လူဘ၀လေးကို တန်ဖိုးရှိစွာ အသုံးချချင်တဲ့ ဆန္ဒလေးတွေကြောင့် လုပ်ဖြစ်ခဲ့ခြင်းမျိုးပါ ။လူဘ၀ဆိုတာ အမှန်တော့ တိုတိုလေးပါ။ရခဲတဲ့ လူဘ၀လေးတိုတိုလေးမှာ လောဘ ဒေါသ မောဟတွေနဲ့ ပူလောင်နေရတဲ့ ဘ၀မျိုးကိုတော့ အရောက်မခံလိုပါဘူး ။အေးချမ်းခြင်းဆိုတာကိုကိုယ်ပိုဖွင့်ဆိုချက်တစ်ခုနဲ့အေးဆေးစွာ လျှောက်လှမ်းနေမိပါတော့တယ် ။ ကားပါကင်ထိုးပြီး ဆေးရုံအတွင်းသို့ အပြေးတပိုင်းလျှောက်လာမိပါတယ် ။ သုလေးကို မြင်တာနဲ့ ၀မ်းသာအားရ ပြေးကြိုသူက အေးမြတ် ။
*တော်သေးတာပေါ့ သုလေး လာတာ မြန်တားဘဲ ။ စိတ်တွေ ညစ်လှပြီ သုလေးရေ ။ သူဘဲ အော်နိုင်တယ် ။ ခုလေ သူအော်လွန်းလွန်းလို့
အသံတွေတောင် ၀င်နေပြီတော့ *
*အယ်ဖြစ်ရမယ် ဒီလောက်တောင် စိတ်ကြီးတယ်နော် *
*ဟုတ်တယ်  ။ သနားတော့ သနားပါတယ် ဟယ်။ နိုင်ငံခြားက ပြန်လာတာကွ ။ လူကတော်တော် ဖြောင့်တာ ။သူရောဂါ ရှိတာကိုသိတာ တပတ်လောက်ဘဲရှိသေးတယ်လေ။ နောက်တစ်ခုက သူဒီရောဂါရတာက သူအမျိုးသမီးဆီက တဲ့   ။ သူအမျိုးသမီးကနိုင်ငံခြားမှာ ကွာရှင်းပြီး ကျန်ခဲ့တယ် ။ ဒီလူက တော်တော် အသန့်ကြိုက်တာဆိုဘဲကွ ။ ကဲ လာအေးမြတ်လိုက်ပြမယ်နော် ။သူအော်တာခံဖို့ပါ အားမွေးထားနော်..ဟီးဟီ *
*လုပ်ပြီ အေးမြတ်ကတော့နော် *
*ရော် ! တကယ်ပြောနေတာ အသားကုန်အော်နေတာ တွေ့ရင်သိပါလိမ့်မယ် *
* ကဲ ..ဟုတ်ပါပြီ လူနာဆီသွားကြမယ်နော် *
လူနာအခန်းနားရောက်ယုံ ရှိပါသေးတယ် အော်သံတွေကို စတင်ကြားနေရပါပြီ။ သုလေး အေးမြတ်ကို လှမ်းကြည့်လိုက်တော့အေးမြတ်က ဘယ်နှယ့်ရှိစဆိုတဲ့ ပုံစံလေးနဲ့ မျက်စပစ်ပြပါတယ် ။ နားလည်မှု အပြုံးတစ်ခုကို မျက်နှာပေါ် အရင်တင်ထားလိုက်ပြီး လူနာအခန်းထဲကို ၀င်လိုကတယ်ဆိုရင်ဘဲ လူနာကုတင်ဘေးမှာ စိတ်ပျက်စွာ ထိုင်နေကြသော လူနာရှင်တွေ သနားဖွယ်တွေ့လိုက်ရပါတယ် ။ သုလေးကို မြင်တာနဲ့ သူတည်ချက်က သုလေးဆီ ပြောင်းလာပါတော့တယ် ။
*ဟာ...လာပြန်ပြီနောက်တစ် *
ဆိုတဲ့နေရာမှာတင် သူအသံ လုံးဝတိတ်ကြသွားပါတော့တယ် ။ သူအသံကြားလိုက်တယ်ဆိုရင်ဘဲ သုလေး သူမျက်နှာကို သေချာစွာ စိုက်ကြည့်မိတယ်ဆိုရင်ဘဲ သူ နဲ့ ထပ်တူ သုလေးပါ အံ့သြမှင်သက်သွားရပါတော့တယ် ။နှုတ်ဖျားဆီက ထွက်ကျလာတဲ့ တုးလျလျ အသံလေးနှစ်ခုကတော့ တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့ပါတယ် ။
*သုလေး * *မောင် *
အိုး ! လောကကြီးက ရက်စက်လိုက်တာ ကျွန်မသိပ်ချစ်ခဲ့ရတဲ့ မောင်ကို ဒီလိုပုံစံ ဒီလိုနေရာမှာ ဘာလို့ ပြန်ဆုံစေ၇တာလဲ ။ ဒီလိုရောဂါသည်တစ်ယောက်အနေနဲ့ သုလေးနားကို ပြန်လာစေခဲ့ရတာလည်းရှင် ။ မတရားဘူး လုံးဝ မတရားဘူး ။ နှစ်ယောက်စလုံးညိမ်သက်နေမှုကို ဖြေရှင်းလိုက်သူကတော့ အေးမြတ်ပါပဲ ။
*ကဲ လူနာစောင့်တွေ ခဏနားလိုက်ပါနော် ။ ညကလည်းတရးမှ မအိပ်ရသေးဘူးဆိုတော့လေ*
*ဟုတ်ကဲ့ ဆရာမလေး ။ ကျေးဇူးတင်ပါတယ် ။ သားလေးလေး တို့ ခဏအိမ်ပြန်လိုက်အုံးမယ်နော်။
ညနေ ပြန်လာခဲ့မယ်*
ကျွန်တော်တစ်စုံတစ်ခုမှ ပြန်မပြောလိုက်မိပါ ။ခေါင်းကိုသာ အသာညိတ်ပြလိုက်ပါတယ် ။
လူနာစောင့်တွေကော အေးမြတ်ပါ ထွက်သွားတော့ သုလေး မောင် ကုတင်နားဆီသို့ ဖြေးညင်းစွာ
တိုးကပ်လာလိုက်မိပါတယ် ။ ကုတင်ဘေးက ခုံမှာ ထိုင်မိချိန်ထိ အသိစိတ်နဲ့ လူက မကပ်မိသေးပါဘူး ။
သုလေး မောင်မျက်နှာကိုသာ ငေးကြည့်နေမိပါတယ် ။ ရုတ်တရတ် မောင်ဆီက စကားလေးထွက်လာပါတယ် ။
*သုလေး မောင် တောင်းပန်ပါတယ် ။ မောင် ရှက်လိုက်တာကွာ ။ စကားတွေ အကြီးကြီးတွေ ပြောခဲ့တဲ့ကောင်ပထမဆိုတာကိုမှ လိုချင်မိတဲ့ ကောင် ..ခုတော့ လူတကာ ရွံ့မုန်းတဲ့ HIV ဝေဒနာရှင် တစ်ယောက်ဘ၀ကို ရောက်နေရပြီ ။ သုလေး ခုချိန်မှာ အနိုင်ရနေပြီလေ ။ မောင်ကို မုန်းနေတယ်မလား ။ သုလေး ပြောနိုင်တဲ့ အချိန်ကိုရောက်နေပါပြီ။ သုလေး ရင်ထဲက အမုန်းတွေ အတွက် ကလဲ့စာေးချလိုက်ပါ သုလေး *
သုလေး မောင်ကို ရင်နာစွာနဲ့ မောင်စကားတွေကို နားထောင်နေရတယ်ဆိုတာ မောင်မသိဘူးလားရှင် ။ မောင် လက်တွေကိုဖြူစင်သော စာနာခြင်းအားတွေ ထည့်ပြီး ဆုပ်ကိုင်လိုက်မိပါသည် ။ မောင်မျက်နှာကို သေချာကြည့်ပြီး သုလေးရင်ထဲကစကားတွေကိုဖြေးဖြေးနဲ့အေးအေး ပြောပြလိုက်မိပါတော့တယ် ။
* မောင် သုလေး ပြောပြမယ်နော် ။ သေချာ နားထောင်ပါ ။ အရင်ဆုံး ကိုယ်ရေးကိုယ်တာတွေကို ခဏလေး အသာထားလိုက်ပါ ။မောင် ရောဂါ အကြောင်းကို ရှင်းပြမယ်မောင် ။ ဒီရောဂါရလို့ ငါသေကိုသေရတော့မယ်လို့ သတ်မှတ်လိုက်ဖိုပ မလိုပါဘူးမောင် ။ဘယ်ရောဂါမဆို ဂရုမစိုက်ရင် သေစေတဲ့ ရောဂါတွေချည်းပါပဲ ။ HIV ဖြစ်မှ သေရမှာလားမောင် ။ အဏိက အရေးကြီးတာကတပါးသူကို မကူးစက်အောင် ဆင်ခြင်နေနိုင်ရမယ် ။ သောက်ရမယ့် ဆေးဝါးတွေကို အချိန်မှန် ပုံမှန် သောက်မယ် ။ အဓိက အကျဆုံးကတော့ စိတ်ဓာတ်ကို ချမပစ်လိုက်ဖို့ပါပဲ ။ ခုဆို မောင် အော်ဟစ်သောင်းကျန်းနေတယ် ။ ဘယ်သူအတွက် အကျိုးဖြစ်ထွန်းစေလဲ မောင်။ဘ၀တူ ဝေဒနာရှင်တွေကိုလည်း အနှောင့်ယှက်ဖြစ်စေတယ် ။ ကိုယ်ကိုတိုင်လည်း ပင်ပမ်းတယ် ။ ဘာလုပ်မှာလဲ ။ ခုချိန်မှာ အကျိုးဖြစ်ထွန်းစေမယ့် အလုပ်လေးတွေကို ပိုလုပ်နေရမယ့် အချိန်မှာ မောင် ။ မှားခဲ့တာတွေကို ထိုငတွေပြီး တသသ နာကျင်နေရမယ့်  အချိန်မဟုတ်ပါဘူးမောင် ။ အမှားဆိုတာ တသသ လွမ်းနေရမယ့် အရာမျိုးမှ မဟုတ်တာလေ ။ ဒီတော့ မောင် အရာရာကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပါနော် ။ နောက်တစ်ခု သုလေး တို့ ကိစ္စ သုလေး မောင်ကို စချစ်မိကတည်းက ခုချိန်ထိ တခါမှ မမုန်းခဲ့ဘူးပါဘူးမောင် ။ သုလေးအရင်ထဲက ဘာကိုမှ မမျှော်လင့်ခဲ့ပါဘူး ။ သုလေးလိုချင်တာ သုလေး မောင်ကို ချစ်နေခွင့်ရနေယုံ တစ်ခုလေးကိုဘဲ ကျေနပ်တတ်ခဲ့တာပါမောင် ။ ချစ်တယ်ဆိုတာ သေသည့်တိုင် ချစ်နေလို့ရပါတယ် ။ တူတူနေရမှ လက်ထပ်ရမှ မဟုတ်ပါဘူးမောင် ။ သုလေး မောင်ကို စတွေ့ထဲကချစ်မိခဲ့တာ မုန်းဖို့မှ မဟုတ်တာဘဲမောင်ရယ် ။
သုလေး စကားအရှည်ကြီးကို ပြောပြီး   မောင် မျက်လုံးတွေကို သေသေချာချာ စိုက်ကြည့်နေလိုက်မိပါတယ် ။ပထမဆုံး မောင်ကြေကွဲ ခံစားနေရတယ် ။ဒီခံစားချက်လေးကနေ တခုခုကို သဘောပေါက် တည်ညိမ်သွားတဲ့ ပုံကိုပြောင်းလဲသွားစေတယ် ။ မောင်မျက်လုံးလေးအရောင်တွေ တဖြေးဖြေးတက်လာပါပြီ ။ မောင် နားလည်သဘောပေါက်သွားပြီဆိုတာ မောင်မျက်လုံးတွေက သက်သေတည်စေခဲ့ပါတယ် ။ တိုတောင်းလှတဲ့  လူဘ၀ဆိုတာကြီးကိုအကျိုးရှိတာလေးတွေနဲ့လူသားတိုင်း ကုန်ဆုံးစေချင်တဲ့ ကျွန်မစေတနာတွေနဲ့ မောင်ရဲ့  မှိန်ဖျော့နေတဲ့  မျက်လုံးတွေကို အရောင်တင်ပေးလိုက်ခြင်းက ကျွန်မရဲ့မရိုးနိုင်တဲ့  လူသားပီသမှုလေး တစ်ခုပါပဲ * မောင် *


 ခိုင်လေး (ရွှေတောင်)

သေချာရဲ့လား

သေချာရဲ့လား

လူတိုင်းကပြောနေပြီ.................. တိုင်းပြည် နဲ့ လူမျိုးကို အလွန်ချစ်ပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏ သေချာရဲ့လား..........................

လူတိုင်းကပြောနေပြီ.................. အမျိုးဘာသာ သာသနာ့ကို အလွန်မြတ်နိုးပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏ သေချာရဲ့လား..........................

လူတိုင်းကပြောနေပြီ.................. ဒီမိုကရေစီ အရမ်းလိုချင်ပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏ သေချာရဲ့လား..........................

မပြီးသေးတဲ့စကား ထပ်မံကြားရ သေချာခြင်းအားလုံး
အစွန်းတစ်ဖက်မှာ အဆုံးသတ်လေ၏။

ခိုင်လေး ( ရွှေတောင် )

မြန်မာ မိန်းကလေးတွေ မလာသင့်သောနေရာ ( ဆောင်းပါး )

အမျိုးသားရှိတဲ့မလေးရှားနိုင်ငံကို ကျွန်မ အလည်ရောက်လာခဲ့ပါတယ် ။ အမှန်တော့ ၁လအလည်လာပြီး မြန်မာပြည်ကို ကျွန်မပြန်ဖို့ပါပဲ ။ မလေးရှားကို ရောက်တဲ့အခါမှာတော့ မြင်ရ ၊ ကြားရတဲ့ နိုင်ငံခြားရောက် လူတွေရဲ့ ဖောက်ပြန်ခြင်းတွေ ရှုတ်ထွေးပွေလီနေတဲ့ လူမှုဖောက်ပြန်မှုတွေကို လက်တွေ့မြင်လိုက် ၊ ကြားလိုက်ရတဲ့ အခါမှာတော့ ကျွန်မအတွက် အသက်ရှူဖို့တောင် တော်တော်ကျပ်စေခဲ့ပါတယ် ။ နိုင်ငံခြားကိုရောက်နေတဲ့ သူတိုင်းကို ကျွန်မ မဆိုလို့ပါ ။ နိုင်ငံခြားဆိုတာကို ရောက်လာသူတိုင်း ပိုက်ဆံရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့်  အဓိက လာကြပေမယ့် အနေကြာလာတဲ့အခါမှာတော့ ဦးတည်ချက်တွေ ရွေ့လျား ပျက်ပြားကုန်တတ်ကြပါတယ် ။ အိမ်ထောင်ရှင်တွေ မိသားစုနဲ့ ကြာကြာခွဲနေရတဲ့အခါ လက်တွေ့သာယာမှုကို စိတ်အလိုလိုက်မိကြတယ် ။ ဒီနေရာ ပြောစရာရှိတာက ဖောက်ပြန်တယ်ဆိုတာ ခြံခုန်ခြင်းပေါ့နော် ။ခြံခုန်တယ်ဆိုတာ ခုန်တဲ့သူမှာ အပြစ်ရှိသလို အဲဒီခြုံကို လုံအောင်မခတ်တဲ့ သူမှာလည်း အပြစ်ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ မှတ်သားဖတ်ရှုခဲ့ဘူးပါတယ် ။ လက်ရှိမြန်မာ အနေထားမှာ အလုပ်ကိုင်တွေ မကောင်းသေးတာမို့ ကြင်သူသက်ထားဇနီးမယားတွေအနေနဲ့လည်းပြန်လာမယ်ဆို * မလာနဲ့အုံး ဒီမှာ အလုပ်တွေ မကောင်းသေးဘူး ဆက်နေပါအုံးရှင် * ဆိုတဲ့ စကားတွေကိုတာ တော်တော်များ ပြောတတ်ကြပါတယ် ။ သူတို့ဘက်က သူတို့ အတွေးနဲ့ မှန်သလို တစ်ဖက်က အမျိုးသားတွေ အနေနဲ့ကလည်း  မိမိဇနိးမယားနဲ့ ကြာကြာခွဲနေရတဲ့အခါမှာ  မိသားစုဆိုတာလေးကို တောင်းတမိတတ်ကြပါတယ် ။ တောင်းတမိတဲ့ ဆန္ဒတစ်ခုကို အစားထိုးခြင်းဆိုတာတွေနဲ့ ဖြည့်စီးလိုက်တဲ့ အခါမှာတော့ မလိုလားအပ်တဲ့ ပြသနာတွေ ပေါ်ပေါက်လာတော့တာပါပဲ ။ ဒီလို ပြသနာတွေကို ကျွန်မတို့ အိမ်ထောင်ရှင်တွေ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတဲ့ အချက်လေးက အရေးကြီး လိုအပ်နေပါပြီ။ ပြသနာတစ်ခု ဖြစ်လာပြီဆို တစ်ဦး နဲ့ တစ်ဦး ရန်လိုနေမယ့်အစား ပြသနာရဲ့ ဇစ်မြစ်ကို ရှာဖွေကာ ညှိနှိုင်းဆောင်ရွက်တတ်ဖို့ အဓိက ကြပါတယ် ။ ဒီလိုအဖြစ်ပျက်တွေဟာ စာရေးသူ လိုရာကို ဆွဲပြောနေခြင်းမဟုတ်ပါဘူး ။ အမှန်တကယ် သိကြား မြင်နေရတာတွေကို ဆွေးနွေးတင်ပြခြင်းတာ ဖြစ်ပါတယ် ။ တလောလေးက ကြားလိုက်မိပါတယ် ။ ဒီနေ့ မင်္ဂလာဆောင်တယ်  နောက်နေ့မှာဘဲ တခြားအမျိုးသားတစ်ဦးနောက်ကို လိုက်သွားတယ်တဲ့ ။ နောက်ကျွန်မ အမျိုးသား အလုပ်လုပ်နေတဲ့ စက်ရုံနားက တခြားစက်၇ုံက ကောင်လေးတစ်ယောက်ဆို မြန်မာပြည်မှာ မိန်းမရှိနေတယ် ။ ဒီမှာ အမျိုးသမီးတစ်ယောက်နဲ့ ထပ်ဖြစ်တယ် ။ နောက်ပိုင်း မြန်မာပြည်က မိန်းမကို ဘဲ ဆက်ပေါင်းမှာမို့ မလေးက မိန်းမကို * ငါ့မှာ မိန်းမရှိတယ် အဆက်ဖြတ်ရအောင် *လို့ပြောပြတယ် ။ ဘယ်လိုမှ ဖြတ်မရဘူး ။ကောင်မလေးက တပတ်တခါ သူဆီကို လာနေတာမို့ မြန်မာပြည်က မိန်းမကို အကြောင်းစုံဖွင့်ပြောပြီး မလေးရှားကို ခေါ်လိုက်ရတယ် ။ မလေးက အမျိုးသမီးလာတဲ့ အခါ ထိတိုက်တွေ့ပြီး ဘာတွေ ဆင်ဖြစ်မယ်မသိပါဘူး ။ ဒါမျိုးတွေ တပုံတပင်ကို ကြားနေရ မြင်နေရတဲ့ အတွက် တကယ်ကို အသက်ရှူလို့မ၀အောင်ကို စိတ်ဆင်းရဲမိပါတယ် ။ ကိုယ်နဲ့မဆိုင်သော်ငြား ကိုယ်လူမျိုးတွေ ခုလို စာရိတ္တတွေ ပျက်ပြားနေကြတာတွေကို ရင်ထဲမချိအောင် ဖြစ်မိပါတယ် ။ အပျိုလေးတွေ မလေးရှားကို ရောက်လာကြတယ် ။ ရောက်ကာစတော့ ဘာမှမသိသေးတော့ အေးအေးဆေးဆေး နေကြပါတယ် ။ နောက်တဖြေးဖြေး ဆရာကျလာတော့ အတတ်ဆန်းတွေ သင် ကိုယ့်ကို ဆရာကြီးအထာတွေနဲ့ ကိုယ်ကိုကိုယ် ဘယ်ဘ၀ကို ရောက်လို့ရောက်နေမှန်းမသိဘဲ ဘ၀မြင့်နေသူတွေကို လည်း အများပြားတွေ့နေရပါတယ်။ ကလေးမလေးတစ်ယောက်ဆို သူလုပ်နေတဲ့ စက်ရုံမှာ အိုတီလည်း အမြဲရှိနေတယ် ။ လခလည်း တစ်ထောင်ကျာ်ရနေရဲ့သားနဲ့ သူ့ကောင်လေးနောက်ကို အို အဖြစ်ခံပြီးထွက်ပြေးလာပါတယ် ။ ကောင်လေးက ၀တ်ကောင်းစားလှလေးတွေနဲ့ သွားရောက် ပိုးပန်းတာကို အဟုတ်ထင်တာ လိုက်လာလိုက်တာ ကောင်လေးဆီရောက်တော့ ရတဲ့လခကလည်းနည်း အိုတီကမရှိ ။လိုက်လာတာ မှားပြီဆိုတာတွေလည်း ဒုနဲ့ဒေး ပါပဲ ။ မိဘတွေအနေနဲ့ ကိုယ်သားသမီး အပျိုလေးတွေကို ခုလို နေရာမျိုးတွေကို လွတ်တဲ့နေရာမှာ သေချာ စဉ်းစားပြီးမှ လွတ်စေချင်ပါတယ် ။ တကယ်အလုပ်အဆင်မပြေလို့လွတ်မယ်ဆိုရင်တောင် သေချာလေး တွက်ကြည့်ပါ ။ မလေးရှားမှာ ပျမ်းမျှ မိန်းကလေးတစ်ယောက်လခသည် 1ထောင်ဝန်းကျင်ပါပဲ ။ ပိုလှ 1သိန်းမနည်းပါ ။ မျက်စိကွယ်ရာ နားကွယ်ရာ မှာ စိတ်ချလက်ချလွတ်သင့်ပါသလား  ။အိမ်ထောင်ရှင်တွေတောင် ဒီရောက်တာနဲ့ ( အို မလေးရှားမှာ ၊ နိုင်ငံခြားမှာ ဘယ်သူသိတာ  မြင်တာမှတ်လို့ မြန်မာပြည်ပြန်ရင် ဘယ်သူမှ မသိပါဘူးဆိုတဲ့ ပေါ့ပျက်တဲ့ အတွေးခေါ်တွေကို တော်တော်များများ တွေးတတ်နေကြပါတယ် (လူတိုင်းကို မဆိုလိုပါ ) ။ ကျွန်မရောက်တာ မကြာသေးဘူးဆိုပေမယ့် စာရေးခြင်းကို ၀ါသနာပါတဲ့ ကျွန်မ နေရာစုံအောင် လျှောက်သွားပါတယ် ။ လေ့လာပါတယ် ။ ကျွန်မကိုယ်တိုင် သေချာအမှန်တစ်ကယ် သိခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့တာလေးတွေကို ပြန်လည် မျှဝေ ဆွေးနွေးခြင်းတာဖြစ်ပါတယ်။ နောက်ထပ် ဖြစ်ရပ်လေး တစ်ခု ရှိပါသေးတယ် ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ နေရာတွေ နာမည်တွေ မထည့်ချင်တော့ပါဘူး ။ မြန်မာဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေးတစ်စုပေါ့ ။ သမီးလေးက ငယ်ငယ်ချောချောလေးပါ။ တစ်နေ့ သမီးလေး ဈေးသွားတုန်း မလေးမှာရှိတဲ့ အိန္ဒယ ကုလားတွေ ဖမ်းသွားပါတယ် ။ ကလေးမလေးကို မလေး ငွေ ၁သောင်းနဲ့ လာရွေးခိုင်းခဲ့တယ်။ဖခင်ဖြစ်သူလည်းသူတို့ဆက်သွယ်တာနဲ့ တန်းပြီးသွားရွေးခဲ့ပေမယ့် ကလေးမလေးက အကောင်းတိုင်း ပြန်လာခွင့်မရတော့ပါဘူး ။ ကလေးမလေးမှာ ကိုယ်ဝန်ပါ ပါလာခဲ့တာကြောင့် သူတို့ မြို့လေးရှိရာ မြန်မာပြည်ကို ချက်ချင်းပြန်ပို့စေခဲ့ရပါတယ် ။ဒါတွေဟာ တကယ်ဖြစ်ပျက်ခဲ့တာတွေပါပဲ။ မိဘနဲ့ တူတူနေတာတောင် စိတ်ချရမှု လုံခြုံမှု အင်မတန်နည်းတဲ့ မလေးရှား နိုင်ငံလိုနေရာမျိုးကို မြန်မာမိန်းကလေးတွေကို အတတ်နိုင်ဆုံးမလာစေချင်ပါဘူး ။ မိဘတွေအနေနဲ့လည်း ငွေမျက်နှာတစ်ခုထဲကို မကြည့်ကြဘဲ မိမိတို့ရင်နှစ်လွယ်ပြီး မွေးဖွားထားရတဲ့ သမီးရတနာလေးတွေကို မိဘရင်ခွင်မှာဘဲ အေးချမ်းစွာရှိနေပေးပါလို့ ဒီဆောင်းပါးလေးကနေ  စေတနာ ရှေ့ထားကာ အနူးညွတ်တောင်းပန် အသိပေးလိုက်ပါရစေရှင် ။
 

Monday, September 3, 2012

ဘ၀ တစ်ခုထဲမှာ ဘ၀မျိုးစုံ ကျင်လည်နေကြသူများ

ဒီနေ့  အလုပ်ပိတ်ရက်ကလေးမို့ ကျွန်မတို့ဇနီးမောင်နှံ မြန်မာ ဇာတ်ကားတစ်ကားကို ကြည့်နေမိပါတယ် ။
အမျိုးသားက အခွေကြည့်နေရင်းကနေ * အနုပညာ သမားတွေများ ပိုက်ဆံရတာ လွယ်လိုက်တာ * နော်တဲ့ ။
ကျွန်မ ချက်ချင်း ပြန်မပြောမိလိုက်ပေမယ့် အမျိုးသားပြောတဲ့ စကားလေးကတော့ အတွေးထဲ ရောက်လာပါ
တော့တယ် ။ ခဏလောက်နေမှ * မဟုတ်သေးဘူးမောင် ရယူပိုင်ဆိုင်လိုက်ရတဲ့ နောက်ကွယ်မှာ ထိုက်တန်တဲ့
တန်ဖိုးကိုတော့ ပေးဆပ်လိုက်ရလိုက်တဲ့ သူတွေချည်းဘဲလို့* ကျွန်မထင်တယ် ။ လွယ်ကူတယ်လို့ တော့ မဟုတ်
တန်ဘူးလေ ။ ပြည်သူချစ်တဲ့ အနုပညာသည် တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး ။ ပိုက်ဆံရှိတိုင်း မဖြစ်
နိုင်သလို ဇွတ်အတင်းဖန်တီး လုပ်ယူတိုင်းလည်း မရနိုင်ပြန်ဘူး ။ အနုပညာသည် တွေကို သေချာ လေ့လာကြည့်
မယ်ဆို သာမာန်လူတွေထက်  ပိုလို့တောင် ပင်ပမ်းတယ်လို့ ကျွန်မတော့မြင်မိတယ် ။
ဘ၀တစ်ခုထဲမှာ လူဖြစ်နေရပေမယ့်ဘ၀ပေါင်းများစွာ ကို ကျင်လည်နေရတဲ့ သူတွေဆို
ပိုမှန်တယ် ။ အပျိုတစ်ယောက်က ကလေးမွေးချင်မွေးရပြန်တယ် ။ လူလိမ်မာ တစ်ယောက်က သူခိုးဖြစ်ချင်ဖြစ်ရပြန်
တယ် ။ဇာတ်ဆရာ ဒါရိုက်တာ အလိုကျ သရုပ်ဆောင်နေရတဲ့ သူတို့တွေ ငွေရှာရတာ လွယ်တယ်ဆိုတာကိုတော့ ကျွန်မ
လုံးဝ လက်မခံချင်ဘူး  ။
ကျွန်မ အခွေဆက်မကြည့်ဖြစ်တော့ဘဲ *ဘ၀ တစ်ခုထဲမှာ ဘ၀မျိုးစုံ ကျင်လည်နေကြသူ*  တွေအကြောင်းကို
ဆက်တွေးမိနေပါတယ် ။ နေ့တစ်နေ့တာမှာ သူတို့ ရင်ထဲ ပျော်ရွင်ခြင်းတွေ စီမျောနေပေမယ့် ငိုရမယ့် အခန်းရိုက်
ရမယ်ဆို ရင်ထဲက ပျော်ရွင်ခြင်းတွေကို မေ့ကာ မျက်ရည်ဖြိုင်ဖြိုင်ကျ သရုတ်ဆောင်ရပြန်ပါတယ် ။မရှိတာကို အရှိ
ဖြစ်အောင် သရုပ်ဆောင်ကြရတယ် ။ တကယ်ငိုစရာ မဟုတ်ပါဘဲ အူလှိုက်သည်းလှိုက် ငိုပြ နေရတဲ့သူတို့တွေ
ဘယ်လောက်ထိ ပင်ပမ်းလိုက်ကြရမလဲ ။ ကျွန်မတို့ တစ်နာရီကျော်ကျော်လေး ကြည့်ရဖို့ သူတို့တွေ ရဲ့ ဖန်တီး
မှုတွေက ပင်ပမ်းလွန်းပါတယ် ။ တစ်ခါတစ်ရံ သူတို့လည်း လွတ်လပ်မှုတွေ လိုချင်ကြမှာဘဲလေ ။ ကိုယ်စိတ်နဲ့
ကိုယ် နေခွင့်ဆိုတာလည်း သာမန်သူတွေထက် အများကြီးနည်းနေကြမှာပါ ။ တခါတရံ သူတို့ စိတ်ညစ်ချင်ညစ်နေ
မယ် ။ ပရိတ်သတ်နဲ့ တွေ့တဲ့အခါ မပြုံးချင်ဘဲ ပြုံးပြချင်ပြနေရမယ် ။ ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်ပါ
သလဲနော် ။ တကယ်လို့များ ပရိတ်သတ်ကို မကြည်မလင် ဆက်ဆံမိပြန်တော့ အပြောဆိုတွေ ခံရပြန်ကော  ။
ဘယ်မှာလည်း လွယ်လွယ်ကူကူ ရတဲ့ ပိုက်ဆံလည်း ။ လှလှပပလေး ၀တ်ရ ၊ ပြည့်ပြည့်စုံစုံလေး နေရယုံလေး
ကိုကြည့်ပြီး သူတို့ ငွေရှာရတာ လွယ်လိုက်တာလို့ တွေးတတ်ကြသူတွေ သူတို့ရဲ့နောက်ကွယ်က ဆုံးရှုံးလိုက်ရ
တဲ့အရာတွေကို မမြင်မိကြပေဘဲကို ။ လိုချင်တာတစ်ခုကို ရဖို့ ထိုက်တန်တဲ့ ပေးဆပ်ရင်းနှီးမှုဆိုတာ ရှိရစမြဲပါပဲလေ။
အမှန်တကယ်တော့ လောကမှာ အလကားရတယ် အလွယ်တကူရတယ်ဆိုတာ မရှိနိုင်ပါဘူး ။ ဖဲနိုင်လို့ရတဲ့ ငွေပင်
ဖြစ်လင့်ကစား ပေးဆပ်မှုဆိုတာ ရှိကြရစမြဲပါပဲ ။ လူဆိုတာ ကိုယ်လိုချင်တာ တစ်ခုကို ပိုင်ဆိုင်ရရှိဖို့ အတွက် ထိုက်
တန်တဲ့ ပေးဆပ်မှုအရင်းနှီးတွေကိုတော့ ပေးရစမြဲဆိုတာ သတိမမူမိကြလို့ ကျွန်မအမျိုးသားလို ရုပ်ရှင်သရုပ်ဆောင်
တွေ ငွေရှာရတာ လွယ်လိုက်တာလို့ တွေးမိကြတယ် ထင်ပါတယ် ။ သရုပ်ဆောင်မှ မဟုတ်ပါဘူး ။ ကျွန်မတို့ စာရေး
သူတွေကို လည်း ပြောတတ်ကြပါသေးတယ် ။ ဘောပင်နဲ့ စာရွက်လေးရှိရင် စာတပုဒ်ဖြစ်တယ်တဲ့ ။ ဒါတွေရှိတိုင်း
စာတစ်ပုဒ်အမှန်တစ်ကယ်ဖြစ်နိုင်ရဲ့လား မရနိုင်ပါဘူး ။ ဆောင်းပါးတစ်ပုဒ်ဖန်တီးမယ်ဆို အမှန်တရားအခြေခံအကြောင်း
အရာတွေကို လေ့လာရပါတယ် ။ ကိုယ်ရေးချင်သလို ကိုယ်ဖြစ်ချင်တာတွေကို လိုရာဆွဲတွေး ရေးသားလို့မရနိုင်ပါဘူး။
စာရေးဖို့ ပေးလိုက်ရတဲ့အချိန် ၊ စာရေးနေစဉ် ရင်ဘတ်ထဲကို ထည့်ထားရတဲ့ ခံစားချက်တွေ တစ်သားကျနေအောင်
ခံစားရေးသားနိုင်မှ ရသမြောက်တဲ့ စာကောင်းတစ်ခု ဖြစ်ပေါ်လာတတ်တယ်လို့ ကျွန်မယူဆမိပါတယ် ။ နောက်တစ်ချက်
ပြောတတ်ကြပါသေးတယ် ။ ဘာတဲ့ .....ပညာပေးဆောင်းပါးတွေ ရေးသားနေတဲ့သူတွေ ... ပြည်သူတွေကို အသိပညာ
ပေးနေတဲ့သူတွေ သူတိုကတွေ ဘာလို့ မထူးချွန်ကြရတာလည်းတဲ့ ။ စာရေးဆရာတချို့ စာတွေသာရေးနေတယ် အရက်
သမားတွေ ... စီပွားဖြစ်နည်းရေးပြီး ဆင်းရဲနေတာတွေကို လက်ညှိုးထိုးဝေဖန်သူတွေလည်း ဒုနဲ့ဒေး တွေ့ခဲ့ ၊ မြင်ခဲ့
ကြားခဲ့ဘူးပါတယ် ။ စာရေးသူဆိုတာ ကိုယ်သိတဲ့အသိတစ်ခုကို ပြန်လည်မျှဝေခြင်းပါဘဲ ။ နောက်တစ်ခု စာရေးခြင်း
အတတ်ပညာကို တတ်မြောက်သောသူတိုင်းသည်သာမာန်လူသားတွေထက် စာဖတ်အားပိုကောင်းသလို လူကဲခတ်ပညာမှာ
လည်း ပိုတော်တတ်ကြပါတယ် ။ သူတို့စာဖတ်လို့ရတဲ့ အသိ ၊ သူတို့ပတ်ဝန်းကျင်က ရရှိလာတဲ့ ဗဟုသုတ ပညာပေး
တွေကို အတုယူမှတ်သားပြီး စာဖတ်ပရိတ်သတ်တွေကို ပြန်လည်မျှဝေ ပေးခြင်းပါပဲ ။ ရရှိနေတာကတော့ တစ်ဘ၀ထဲ
ပါ ။ အမှန်တစ်ကယ် ကျင်လည်နေရတာကတော့ ဇာတ်လမ်းတွေထဲက ဘ၀မျိုးစုံမှာ ကိုယ်တိုင်ခံစား သရုပ်ဆောင်
နေရသလိုပါပဲ ။ ဒါကြောင့် ဘ၀တစ်ခုထဲမှာ ဘ၀မျိုးစုံ ကျင်လည်နေကြသူများ ကိုနားလည်စိတ်ဖြင့် ဖြည့်တွေးလိုက်မိ
ပါတော့တယ် ။
 ခိုင်လေး (ရွှေတောင်)

47.ကျွန်မ နှလုံးသားနန်းတော်ကို သိမ်းပိုက်စိုးမိုးသွားသူ (၀ထ္ထုတို)

 ကျွန်မ နှလုံးသားနန်းတော်ကို သိမ်းပိုက်စိုးမိုးသွားသူ (၀ထ္ထုတို)

တစ်ညလုံး ဂျူတီဝင်ထားရတာမို့ ကြိမ်းစက်နေတဲ့ မျက်လုံးတွေက အိပ်ချင်စိတ်တွေဆီကိုသာ တွန်းပို့နေခဲ့ပါသည် ။ ဂျူတီထွက်ဖို့
မိနစ်ပိုင်းသာ လိုတာမို့ ပြန်ဖို့ ပြင်ဆင်နေချိန်မှာ
* ပန်းလေး ရေ ဆရာဦးမိုးမြင့်က သူရုံးခန်းကို ခဏ လာခဲ့ပါအုံးတဲ့ကွယ် *
ဆိုတဲ့ အပြာဝတ်သူနာပြုဆရာမကြီး အန်တီအေး အသံထွက်ပေါ်လာပါသည်။ အာ ..သွားပါပြီ ။ အဆောင်မပြန်ရသေးဘူးပေါ့ ။ စိတ်
ရှုတ်ထွေး နောက်ကျိသွားသောမျက်နှာလေးဖြင့် အန်တီအေးကို အသာယာ ခေါင်းညိတ်ပြလိုက်မိပါသည်။ ပန်းလေး အိပ်ချင်နေတာကို
သိနေတဲ့ အန်တီအေးက ချော့ပြုံးလေး ပြုံးပြပြီး ထွက်သွားပါတော့သည်။ အော် ..ဘ၀တွေရယ် အိပ်ချင်တာလည်း မအိပ်ရ ။ ကိုကိုယ့်
နဲ့ သူများစိတ် ဆိုတာ ငါလို ဘ၀မျိုးတွေ ထင်ပါတယ်လေ။
*ဟူးးးးးးးးးးး* ဆိုတဲ့ လေပူတစ်ချက်ကို မှုထုတ်ကာ ဆရာ အခန်းဆီသို့ ဦးတည်လျှောက်လှမ်း လာခဲ့ပါတော့သည် ။ ဆရာ အခန်းရှေ့
ရောက်တော့ ဆရာအခန်းတံခါးကို အသာယာ တွန်းဖွင့် ၀င်လာခဲ့ပါသည်။
*အယ် ...ဆရာအခန်းထဲ ဧည့်သည်ရှိနေတာဘဲ ...တောင်းပန်ပါတယ် ဆရာ ။ ပန်းလေးက ဆရာခေါ်နေတယ်ဆိုတာနဲ့ တံခါးမခေါက်တော့ဘဲ တန်းဝင်လာလိုက်တာပါ *
*ရတယ် ပန်းလေး ဆရာက သမီးကို စောင့်နေတာကွယ့် ။ ဒီဧည့်သည်ကလည်း သမီးကို စောင့်နေတဲ့သူဘဲလေ*
*ရှင့် .....သမီးကို စောင့်နေတာ ဟုတ်လား ဆရာ *
* ဟုတ်တယ် သမီးရေ သမီးကို စပယ်ရှယ်နာ့(စ်) ငှားချင်လို့လေ ။ ဒီက မောင်ကြယ်စင် မိခင်က လေဖြန်းပြီး အိပ်ယာထဲ လဲနေတယ်လေ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဘဲ ဆေးရုံကဆင်းသွားတာပါ။ ခု မောင်ကြယ်စင်မင်းက အရေးတကြီး နိုင်ငံခြား ခရီးစဉ်တစ်ခု ပေါ်လာတာနဲ့ စိတ်ချရတဲ့ ဆရာမကို ငှားချင်တယ်ဆိုလို့ ဆရာက သမီးကို မျက်လုံးထဲ ပြေးမြင်လိုက်လို့ပါ ။ သမီး လူနာကည်း မနက်ဖြန်ဆိုဆင်းရတော့မှာဆိုတော့ လေ။ သမီးဆို နေ့ကော ညပါ နေပေးလို့ရမယ်လို့ ထင်လိုက်လို့ပါကွယ်။ နောက်ဆရာက သမီးကို လုပ်ပေးဖို့အကူညီတောင်းတယ်ဆိုရင်လည်း မမှားပါဘူးကွယ် *
* အယ်...ဆရာကလည်း မဟုတ်တာ ပန်းလေးကို ဒီလောက်ပြောဖို့ မလိုပါဘူး ။ ပန်းလေးက ဆရာတပည့်ပါ ။ ဆရာမိတ်ဆွေဘဲ ပန်းလေး ကူညီပေးမှာပေါ့ ။ နောက်တစ်ခု ပန်းလေးကတောင် ကျေးဇူးတင်ရမှာပါဆရာ ။ ပန်းလေးက အလုပ်ရတာလေ *
*ကဲ..ဒါဆိုရင်တော့ အဆင်ပြေပြီ မောင်ကြယ်စင်မင်းရေ *
*ကျွန်တော်မေမေကို  စောင့်ရှောက်ပေးမယ်ဆိုလို့ အရမ်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ကျွန်တော်က တစ်လလောက်ကြာမယ်ထင်တယ်။ ကျွန်တော်ကိုယ်စား မေမေကို သေချာလေးတော့ ဂရုစိုက်ပေးပါဆရာမရယ် ။ မနက်ဖြန်ဆို ကျွန်တော်က သွားပြီလေ။မနက်ဖြန်ဆရာမ လာတဲ့အခါ ကျွန်တော်နဲ့ ဆုံချင်မှ ဆုံပါလိမ့်မယ် ။ အိမ်မှာက မေမေရယ် ကျွန်တော်ရယ် အိမ်ဖော် မတုတ်ရယ်ကားဒရိုင်ဘာ ကိုသန်းစိုး ရယ်ဘဲရှိကြပါတယ် ။ အိမ်မှာ ကျန်တဲ့သူတွေကို ကျွန်တော် သေချာမှာခဲ့ပါ့မယ်။ ဆရာမ အလုပ်ကျသင့်ငွေကိုတော့ ခုတစ်ခါတည်း ရှင်းပေးခဲ့ပါ့
မယ်နော် *
*ဟုတ်ကဲ့ ကျွန်မ သေချာ ဂရုစိုက်ပါ့မယ်ရှင်။ ခုလို အလုပ်အပ်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် *
တစ်ချိန်လုံးညိမ်နေတဲ့ သူက ခုမှ အသံထွက်လာပါတော့သည်။ သူအသံကြားမှ ကြယ်စင်မင်းဆိုတာကို သေချာ ကြည့်လိုက်မိပါတော့
သည် ။ အိုး.......တော်တော်ကို စမတ်ကျတဲ့ သူပါလား ။ ယောကျာင်္းပီပီတတနဲ့ အရမ်းကို ကြည့်ကောင်းလွန်းစွာ လူကြီးလူကောင်း
ဆန်လွန်းပါသည်။ စကားပြောတာက အစ တည်တည်ကြည်ကြည်နဲ့ သူအသံထဲမှာ ဆွဲဆောင်မှုအမိန့်သံတစ်ခု ပါဝင်စီးမျောနေပါတယ်။
ပန်းလေးထက်တော့ ကြီးမယ့်ပုံပေါက်ပါသည်။ အိုး...ငါဘာတွေ လျှောက်တွေးနေမိပါလဲ ။ သူတာ ကာမပိုင် မိန်းမရှိသူတစ်ယောက်
တာဆို ငါငရဲကြီးရော့မယ် ။ အိပ်ချင်နေတဲ့ စိတ်တွေ ဘယ်ကိုရောက်ကုန်ပါလဲ ။ ဟီးးးးးးးးးး တစ်ယောက်ထဲ စိတ်ထဲက ကြိတ်ပြုံးရင်း
ဆရာကြီးကိုကော သူကိုပါ နှုတ်ဆက်ကာ အဆောင်သို့ ပြန်လာခဲ့ပါသည်။

Love
Love

အဆောင်ရောက်တော့ ခုန အိပ်ချင်နေတဲ့ စိတ်တွေက ပြန်လည်နှိုးထလာကြပါသည်။ မျက်လုံးတွေရဲ့ အလိုအရ အိပ်ယာပေါ်အသာယာ
လဲလျောင်းလိုက်စဉ်မှာဘဲ မျက်လုံးတွေက ဆန္ဒပြည့်ဝသွားကြဟန်တူပါတယ် ချက်ချင်းအိပ်ပျော်သွားပါတော့သည်။ ညနေလောက်မှာ
တော့ ဆန္ဒပြည့်ဝသွားတဲ့ မျက်လုံးအစုံက အိပ်ရေးဝစွာ နိုးထလာကြပါသည်။ မျက်လုံးအစုံ ဖွင့်လိုက်တယ်ဆိုရင်ဘဲ ပထမဆုံး ပေါ်လာ
တဲ့ ပုံရိပ်တစ်ခုက ကြယ်စင်မင်းဆိုတဲ့ လူရဲ့ပုံဖြစ်နေပါတော့သည်။ အိုးးးးးးးးးးး ရှက်လိုက်တာ ။ ဘယ်သူမှ မသိပေမယ့် ပန်းလေးရဲ့
ကိုယ်စောင့်နတ်ကတော့ သိနေမှာဘဲလေ ။ ဘာဖြစ်ရတာလည်းကွာ ။ တစ်ကြိမ်လေးဆုံလိုက်ရတဲ့ ယောကျာင်္းတစ်ယောက်ကို ပန်းလေး
လို သိက္ခာတရားကို ကိုးကွယ်တန်ဖိုးထားသူတစ်ယောက်က ဘာဖြစ်လို့ တစ်ခါမြင်လိုက်ရတာလေးနဲ့တင် ခုလို  ဖြစ်နေရတာလဲ။
လုံးဝကို မဖြစ်သင့်ဘူး။ အယ် ...ခုလိုလေး တွေးမိနေချိန်မှာတောင် ပန်းလေး ရင်တွေ အဆင်မတန်ခုန်နေပါလား ။ ဟာ..ဒီခံစားချက်ကြီး
က အချစ်ဆိုတာကြီးလား....ဟင်အင် ပန်းလေး မချစ်ချင်ဘူး မချစ်ပါရစေနဲ့ ဒီခံစားချက် ဒီဖီလင်ကြီးကို ပန်းလေး ခံစားပါရစေနဲ့ရှင် ။
ပန်းလေး တို့ဘ၀တွေက စိတ်ကူးယဉ်ခံစားဖို့ အခွင့်ရေးမပေးပါဘူး ။ သူနဲ့ မဆုံခင်အချိန်ထိ မခံစားမိအောင် ထိန်းနေခဲ့တာ  
မဟုတ်ခဲ့ပေမယ့်ဘယ်သူကိုမှလည်း ရင်မခုန်ခဲ့ပါဘူး ။ ခုန် မယ့်ခုန်တော့လည်း  မဆီမဆိုင် အသိုင်းဝိုင်းက သူတစ်ယောက်ကိုမှ
တက်ခုန်ရတယ်ရှင်။ တော်တော် အလိုက်ကန်းဆိုးမသိတဲ့  ရင်ခုန်သံဘဲနော် ။

Love
Love

မနက်မိုးသောက်အာရုံရောက်တာနဲ့ အ၀တ်အိတ်လေးကို ဆွဲကာ ရင်ခုန်သံပိုင်ရှင်လေးရဲ့ အငွေ့အသက်တွေ ရှင်သန်နေရာ သူအိမ်လေး
ကို ပန်းလေး ရောက်လာခဲ့ပါသည်။ သူမရှိနေဘူးဆိုတာ ကြိုတင်သိနေပေမယ့် သူအိမ်ဆိုတဲ့ အသိတစ်ခုက ကျွန်မရင်ကို နွေးထွေး လှိုက်
မောစေပါသည် ။ ကျွန်မရင်ထဲက သူကို နာမည်လေး တစ်ခုကို တိတ်တခိုးလေး ကင်းပွန်းတပ်ပေးထားမိပါသည်။ * ကိုကို * တဲ့လေ ။
ကိုကို မေမေက ဖော်ရွေသဘောကောင်းသူတစ်ဥိးပါ ။ နေမကောင်းနေပေမယ့် အပြုံးချိုချိုတွေက အန်တီမေ မျက်နှာပေါ်မှာ ပျောက်ကွယ်
မသွားပါဘူး ။ ကိုကို မေမေနာမည်က အန်တီမေဇင်လေ။ ပန်းလေးကတော့ အားလုံးခေါ်သလို အန်တီမေလို့ဘဲခေါ်ပါသည်။ ကိုကို က
အန်တီမေနဲ့ တော်တော်ကို တူပါသည်။ ကိုကိုကအန်တီမေကို သိပ်စိုးရိမ်သလို အန်တီမေကလည်း ကိုကို ကို အရမ်းကို ချစ်ပါသည်။ ကိုကို
အကြောင်းတွေ ပြောပြနေရမယ်ဆိုရင် ထမင်းမေ့  ဟင်းမေ့ဆိုသလိုမျိုးပါပဲ ။ နေ့ရော ညပါ အန်တီမေနဲ့ တူတူနေရတာမို့ အချိန်ကာလ
တစ်ခုမှာဘဲ ပန်းလေး နဲ့ အန်တီမေ တော်တော်လေးကို ရင်နှီး သံယောဇဉ်ရှိနေကြပါပြီ ။ ကိုကို ရေ ကြာလာလေ ကိုကို ဆိုတဲ့ လူတစ်
ယောက်ကို ကျွန်မ မြတ်နိုးစွဲလန်းလာလေဖြစ်နေပြီ။ တစ်ကြိမ်တစ်ခါတည်းနဲ့ ကိုကိုက ကျွန်နှလုံးသားနန်းတော်ကို သိမ်းပိုက်စိုးမိုးသွား
ခဲ့ပါအပြီ ကိုကို ။ အချစ်ဆိုတဲ့ ခံစားချက်ကို ခံစားမိပြီဆိုတာနဲ့ လူတိုင်းက ကိုယ်ပိုင် အဓိပ္ပါယ် လေးတွေ သတ်မှတ်ဖွင့်ဆိုတတ်ကြပါသည်။
ကိုကို့ ကို ချစ်မိသွားတဲ့  ပန်းလေး ရဲ့  အချစ် အဓိပ္ပါယ် ဖွင့်ဆိုချက်လေးကတော့ အချစ်ဆိုသည်မှာ
တွေ့ဆုံမှု အကြိမ်အရေတွက်တွေ မလိုအပ်ပါ ။
အချိန်ကာလတွေ မလိုအပ်ပါ ။
သတ်မှတ်ချက် စံထားချက်တွေ မပါဝင်ပါ။
အချစ်ဆိုသည်မှာ မထင်မှတ်တဲ့ အချိန်ကာလတစ်ခုမှ မထင်မှတ်လောက်အောင် သိပ်ချစ်သွားတတ်ပါသည်
ဧည့်ခန်းမှာ ချိတ်ထားတဲ့ ကိုကို ပုံကြီးကို စိုက်ကြည့်ရင်း ပါးပြင်ပေါ် မျက်ရည်တွေ တသွင်သွင် စီးကျလာပါသည်။ ကိုကိုရေ
အချိန်တန် အိမ်ပြန်ဆိုတဲ့ စကားလေးလို ပန်းလေး အိမ်ပြန်ရတော့မယ်နော်။ ပန်းလေး ကိုကို မျက်နှာလေးကိုတော့
နောက်တစ်ကြိမ်လောက် တွေ့သွားပါရစေရှင် ။ ဘယ်တော့မှ ဘယ်ချိန်မှ ပြန်ဆုံစရာ အကြောင်းမရှိတော့တဲ့ ပန်းလေး ကိုကို
ကိုနောက်ဆုံးအနေနဲ့ ဖြစ်ဖြစ် ပန်းလေး တွေ့ခွင့်ရပါစေ နော် ။ ကလေး တစ်ယောက်လို ဓာတ်ပုံကြည့်ကာတစ်တွတ်တွတ်
တောင်းဆိုနေမိပါသည် ။ ပန်းလေး ရူးများနေပြီလား ။ မဖြစ်နိုင်တာတွေကို တမ်းတလွန်းနေပြီလား ။ မဟုတ်ရပါဘူး ။
ပန်းလေး နှလုံးသားလေးက သူဘာသူ လွတ်လပ်စွာ ချစ်မိသွားတာပါ ကိုကို ။

Love
Love

ဒီလိုနဲ့ ကိုကို ပြန်ရောက်တဲကနေ့ ပန်းလေးက အိမ်ပြန်ရတဲ့ နေ့လေးဖြစ်ခဲ့ပါသည်။ ကံကြမ္မာက သနားလိုတဲ့ ပန်းလေး အိမ်အပြန်ခရီးကို
ကိုကို ကိုယ်တိုင် လိုက်ပို့ပေးစေခဲ့ပါသည် ။ ပန်းလေး ပြန်တော့ အန်တီမေက မျက်ရည် အ၀ဲသားနဲ့ ကျန်ခဲ့ရှာပါသည်။ ဆေးရုံကဆင်း
ထဲက အခြေနေတော်တော် ကောင်းနေပြီ ဖြစ်တဲ့ အန်တီမေက ပန်းလေးရဲ့ စေတနာပါပါ ပြုစုဂရု စိုက်မှုတွေ အောက်မှာ လူကောင်း
ပကတိပြန်ဖြစ်လာခဲ့ပါသည်။ အိမ်ကို မကြာကြာလာလည်ဖို့ တတွတ်တွတ် မှာရင်း လက်ပြနှုတ်ဆက်ကျန်ခဲ့သူမှာ မျက်ရည်စတွေနဲ့
ဖြစ်သလို ကားပေါ်ပါလာတဲ့ ပန်းလေးပါးပြင်မှာလည်း မျက်ရည်တွေနဲ့ပါ ။ အန်တီမေက ပန်းလေးကို ခွဲ့ရလို့ ခံစားရလို့ကျတဲ့ မျက်ရည်
စတွေဖြစ်သလို ပန်းလေးကတော့ အန်တီမေကို ခွဲရခြင်းကော ချစ်ရသူ ကိုကို ကို ခွဲခွာရခြင်းကော ပေါင်းစုံ ကျဆင်းလာသော မျက်ရည်
တွေက ပါးပြင်ပေါ်မှာ နေရာ အပြည့်ပါပဲ ။ ပန်းလေး ကိုကြည့်ပြီး ကိုကို လည်း စိတ်မကောင်းနေပုံရပါသည်။ တစ်လမ်းလုံးနှုတ်ဆိတ်
နေလာပေးပါသည်။ အဆောင်ရောက်တော့မှဘဲ ကိုကို ဆီက စကားသံထွက်လာပါသည်။
* ကျေးဇူး အရမ်းတင်ပါတယ် ဆရာမ ...မေမေကို ခုလို ဂရုစိုက်ပေးတဲ့အတွက် ။ မေမေနဲ့ ဆရာမကို ကြည့်တာနဲ့ မေမေ အပေါ် ဆရာမ
ဘယ်လောက်ထိ ဂရုစိုက်ခဲ့တယ်ဆိုတာ သိစေ မြင်စေပါတယ် ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားနဲ့ တောင် မလုံလောက်နိုင်ပါဘူး ။
ဆရာ အချိန်ရတဲ့အခါတွေမှာ မေမေ ဆီကို လာလည်ပေးပါနော် ။ မေမေက သံယောဇဉ်အရမ်းကြီးတတ်တယ် ။ အိမ်မှာ တစ်ယောက်ထဲ
နေနေရတောာ့ အဖော်မျှော်နေတာလေ *
* ဟုတ်ကဲ့ပါ အန်တီမေကို ပန်းလေး အရမ်းချစ်ပါတယ် . ပန်းလေး အားတဲ့ အချိန်တွေ လာလည်ပါ့မယ် ။ ပန်းလေးကို ခွင့်ပြုပါအုံးရှင် *
ဆိုတြ့ နှုတ်ဆက်စစကားသံလေးနဲ့ အတူ အ၀တ်လေးဆွဲကာ ကိုကို့ ကို ကျောခိုင်းကာ အဆောင်ထဲသို့ ၀င်လာခဲ့ပါတော့သည် ။ ကိုကို
ရေ ကျော်ခိုင်းထားပေမယ့် ပန်းလေး နှလုံးသားတွေကို ကိုကို ကို လှည့်ကြည့်နေကြပါတယ်ရှင် ။ အချစ်ဆိုတဲ့ ခံစားချက်နဲ့ ပူးတွဲ ပါလာ
တတ်တဲ့ အလွမ်းဆိုတဲ့ ဝေဒနာကလည်း တော်တော် ခံရဆိုးစေတာဘဲနော် ။

Love
Love

ကိုကို လွမ်းရင်း အလုပ်တွေကို မနားမနေ ကြိုးစားလုပ်နေခဲ့ပါသည်။ ဖြစ်နိုင်ရင် အားလုံးကို မေ့ထားချင်သည် ။ ဘယ်လောက်ဘဲ
မနားမနေ အလုပ်တွေ လုပ်နေပါစေ ကိုကို လွမ်းတဲ့ ခံစားချက်လေးကတော့ တိုးဝင်လာနေတတ်ပါသည် ။ အန်တီမေကို
သတိရနေပေမယ့်ဝေဒနာတွေ မတိုးပွားအောင် ကြိတ်မှိတ်နေခဲ့ပါသည် ။ ညစဉ်တိုင်း ငိုနေမိတာ ပန်းလေး ခေါင်းအုံးလေးက
သက်သေပါပဲ ကိုကို ။ ပြန်တွေ့ချင်တယ် ကိုကို ရယ် ။ လောကဓံ ဆိုတာကို ရင်ဆိုင်နိုင်ခဲ့သူ ပန်းလေးက အချစ်ဆိုတဲ့ အရာ
နဲ့ကြမှ ဒူးထောက်အရှုံးပေးနေရပြီ ကိုကို ။ အလုပ်က နွမ်းနယ်စွာ ကိုကို့ ကို လွမ်းတဲ့ စိတ်တွေကို ရင်ဝယ်ပိုက်ရင်း လေးလံ
သော ခြေလှမ်းတွေနဲ့ ဆေးရုံကနေ အဆောင်သို့ ပြန်ရောက်လာခဲ့ပါသည်။ စိတ်နဲ့ လူ ဘယ်လောက် မကပ်လိုက်သလဲဆို ဧည့်ခန်းက
ဖြတ်ချိန်မှာတောင် ဘယ်သူကိုမှ မမြင်မိ မကြည့်မိပါဘူး ။ ပန်းလေး နာမည်ကို ခေါ်သံကြားလိုက်မှ လှမ်းနေတဲ့ ခြေလှမ်းတွေ
ရပ်တံ့သွားပါတော့သည်။ ခုမှ ကြည့်မိပါတော့သည် ။ ဧည့်ခန်းမှာ ထိုင်နေကြသောသူများ .... အိုး  ဟုတ်ရဲ့လား ..မဖြစ်နိုင်တာ
ကိုယ်လက်ဖျားကို မသိမသာ ဆိတ်ဆွဲကြည့်လိုက်မိတဲ့ အထိ အံ့သြမှင်သက်နေမိပါသည်။ ကိုကို ၊ အန်တီမေ ၊ ဆရာ လူစုံပါပဲ။
* ဆရာတို့ အန်တီမေတို့ ပါလား ။ အန်တီမေကို ပန်းလေး သတိရနေတာ *
ပြောလည်းပြော အန်တီမေ ဘေးနားကို ချက်ချင်းရောက်သွားမိပါသည်။
* တွေ့မှ ချွဲမနေပါနဲ့ ။ အန်တီမေမှာတော့ ဘယ်နေ့များ လာလည်မလဲလို့ မျှော်လိုက်ရတာ ညဉ်းလေးကတော့ နေနိုင်တယ်နော် *
* မဟုတ်ပါဘူး အန်တီမေရယ် ။ ပန်းလေး လူနာတွေ ဆက်တိုက်စောင့်နေရလို့ပါ ။ အန်တီမေကို အရမ်းကို သတိရနေတာပါ *
*ဟုတ်ပါပြီ။ နောက်မှ အလွမ်းသယ်ကြပါနော်....ခုလာရင်းကိစ္စလေးကို ပန်းလေးကို ပြောပြလိုက်အုံးမယ်ဗျို့ *
ဆရာကြီးပြောမှ လာရင်းကိစ္စဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိသွားပါတော့သည်။
* ဆရာတို့လာရင်းကိစ္စကတော့ ပန်းလေးကို ခွင့်တောင်းစရာ ရှိလို့ပါ ။ အမှန်ဆို ဒီခွင့်ပြုချက်မျိုးက ပန်းလေး မိဘအုပ်ထိန်းသူတွေဆီ
မှာ ပြောရမယ့်စကားတွေပါ ။ ပန်းလေးက မိဘတွေလည်းမရှိတော့ဘူးဆိုတော့ ပန်းလေး မိဘအနေနဲ့ အန်တီမေက ဆရာဆီမှာ
ပန်းလေးကို တောင်းရမ်းပါတယ်ကွယ် ။ အန်တီမေက သူသားကို ပန်းလေးနဲ့ နေရာ ချထားပါရစေတဲ့ *
*ရှင် *
ပန်းလေး ကိုယ်နားကိုယ်ပင် မယုံနိုင်လောက်အောင်ပါပဲ ။ ဒါကြီးက တဂယ်ကြီးလား ။ သူကို လှမ်းကြည့်တော့ ပန်းလေးကို ပြုံးပြီး
စိုက်ကြည့်နေပါသည်။ အိုးးးးးးးးးးး ပန်းလေး ရှက်လိုက်တာ ။ လုံးဝကို မထင်မှတ်ခဲ့ မမျှော်လင့်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ ။ ရင်တွေ ခုန်နေ
တာ သေတောင်သွားမလားထင်ရပါတယ် ကိုကို ရယ် ။ ဘာပြန်ပြောရမှန်းမသိအောင် အရမ်းကို မှင်သက်သွားစေပါသည်။ ဆရာက
ဆက်ပြောလာပါသည် ။
* ပန်းလေး ရုတ်ရက်ဆိုတော့ တော်တော်လေး အံ့သြနေတယ် ထင်တယ် ။ ပန်းလေး အချိန်ယူစဉ်းစားပါနော် ။ ပန်းလေး အဖြေ
ရပြီဆို ဆရာဆီကို အကြောင်းပြန်ပါနော် *
* ဟုတ်ကဲ့ ပါ ဆရာ ပန်းလေး စဉ်းစားပါရစေအုံးနော် *
အန်တီမေက ပန်းလေး ပုခုံးလေးကို ညင်သာစွာ ဖက်ထားပါသည်။ ပန်းလေးကို စိုက်ကြည်ကနေတဲ့ သူမျက်လုံးတွေက စကားတွေ
အများကြီးပြောနေသလိုပါပဲ ။ အန်တီမေတို့ ပြန်သွားတဲ့အထိ ပန်းလေး ရှော့မိနေသလို မှင်သက်နေမိဆဲပါ ။ ဒါကြီးက တကယ်လား။
အရေးကြီးဆုံးက ကိုကို ကကော ပန်းလေးကို ချစ်လို့လား ။ အန်တီမေ သဘောတူလို့ အန်တီမေ စိတ်ချမ်းသာအောင် လိုက်လျောတာ
လား။ ဒါမျိုးဆိုရင်တော့ ပန်းလေး ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး ကိုကို ။ ပန်းလေး အတွေးတွေနဲ့ ချာချာလည်နေစဉ် ပန်းလေး
ထိုင်နေတဲ့ ခုံရဲ့မျက်နှာချင်းဆိုင်ခုံပေါ်ကနေ အသံလေး ထွက်လာပါသည် ။ ဖုန်းသံလေးပါ ။ ဖုန်းလာတာ မထူးဆန်းပေမယ့် ဖုန်းသံလေး
က အင်မတန်ကို ထူးဆန်းနေပါသည် ။
* ပန်းလေး ကို အရမ်းချစ်တယ် .... ပန်းလေးကို အရမ်းချစ်တယ် *
ဆိုတဲ့ ကိုကို အသံက ဆက်တိုက်ကို မြည်နေပါတယ် ။ ဖုန်းလေးကို ကိုင်လိုက်ချိန်မှာတော့
* ပန်းလေးကို ကိုကို အရမ်းချစ်တယ်ဆိုတာ မပြောခဲ့ရလို့ ဖုန်းဆက်လိုက်တာ ပါ ပန်းလေး *
* အို *
*တကယ်ပြောတာပါ ပန်းလေး ..ကိုကို ကို လက်ထပ်ဖို့ စဉ်းစားတဲ့ အခါ ပန်းလေးကို ကိုကို သိပ်ချစ်တယ်ဆိုတဲ့ အချက်လေး
ကျန်နေမှာ ဆိုးလို့ ပါ ပန်းလေး *
* ဟုတ်ကဲ့ ပန်းလေး ထည့်စဉ်းစားလိုက်ပါ *
ဖုန်းလေးကိုလည်း ပိတ်လိုက်ပါတော့သည်။ ကိုကို ရယ် ပန်းလေး ပျော်လို့ သေတော့မယ်ရှင့် ။ ကံကြမ္မာက သိပ်ချစ်ဖို့ကောင်းလိုက်ပုံများ
ကိုကို ကို့ ပိုင်ဆိုင်ခွင့်ရတဲ့ အပြင် ကိုကို အချစ်တွေကိုပါ ထပ်လောင်းဖြည့်စွတ်ပေးလိုက်ပါသေးသည်။ ကျေးဇူးတင်ပါတယ် ရှင်။

Love
Love

လှတယ်ဆိုတာထက် သိပ်ကို ရှင်းသန့်ပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ဆေးရုံပေါ်မှာ စတွေ့မိလိုက်စဉ်ထဲက
ဒီကောင်မလေးက ငါလက်ထပ်မယ့် မိန်းကလေးလို့ သေချာစွာ ဆုံးဖြတ်ထားခဲ့မိပါသည်။ မေမေကိုလည်း ပြောပြခဲ့ပါသည်။
မေမေ ဆေးရုံတက်တဲ့ 2ပတ်အတွင်း ကောင်းမလေးကို ပိုင်ဆိုင်လိုစိတ်တွေက ပိုလို့ ပြင်းထန်လာခဲ့မိပါသည်။ နောက်ဆုံး မေမေ
ဆေးရုံကဆင်းတာနဲ့ မေမေနဲ့ သဘောတူညီချက်ယူတာ ကောင်မလေးကို မေမေနားကို ခေါ်ကာ မေမေကို လေ့လာစေခဲ့ပါသည်။
ဦးလေး ဆရာဝန်ကြီးရဲ့ တပည့်မလေးဖြစ်နေတာမို့ အစစအဆင်ပြေစေခဲ့ပါသည်။ အနီးကပ်လေ့လာကြည့်လိုက်ပြီး  မေမေဆီ
က အမှတ်ပြည့်အောင်ကြောင်း ထောက်ခံချက်ရလိုက်ချိန်မှာတော့ သူမလေးက ကျွန်တော် သတို့သမီးလေးဆိုတာ သေချာသွား
စေခဲ့ပါသည် ။ သူမလေးမှာ ချစ်သူမရှိသေးဘူးဆိုတဲ့အချက်ကလည်း ကျွန်တော်အတွက် ပိုလို့အားတက်စေခဲ့ပါသည်။ ကောင်မလေးကို
ကျွန်တော်သေချာ ပိုင်ဆိုင်ရမယ်ဆိုတာကို သိခဲ့ရတဲ့နေ့လေးကတော့ သူမလေးကို လွမ်းလို့ အိမ်ကို တိတ်တဆိတ်ပြန်လာတုန်း
ကျွန်တော် ပုံကိုကြည့်ပြီး စကားတွေ ပြေနေခဲ့တဲ့ ကောင်မလေး နှုတ်ဖျားကထွက်ကျလာတဲ့  အချစ်ဖြောင့်ချက်တွေကြောင့်
သူဟာ ကျွန်တော် သတို့သမီးလေးဆိုတာ အတိကျသေချာသွားစေခဲ့ပါသည်။  သူမလေးကို ကျွန်တော် ဘယ်လောက်ထိ
ချစ် မြတ်နိုးခဲ့တယ် ၊ တန်ဖိုးထားခဲပတယ်ဆိုတာလေးတွေကို တစ်နေ့မှာတော့ ကောင်မလေးသိအောင် ပြောပြရအုံးမယ် ။
* ကိုကို * ဆိုတဲ့ ခေါ်သံလေးတစ်ခုကို အရူးမူး တမ်းတ်နေခဲ့တယ်ဆိုတာကိုလည်း ထည့်ပြောပြရမယ် ။ ဘယ်အချိန်မှာလည်း
ဆိုတော့  ပထမ သက်ဦးလေး မွေးတဲ့ နေ့လေးမှာပေါ့ ။
တွေ့ဆုံမှု အကြိမ်အရေတွက်တွေ မလိုအပ်ပါ ။
အချိန်ကာလတွေ မလိုအပ်ပါ ။
သတ်မှတ်ချက် စံထားချက်တွေ မပါဝင်ပါ။
အချစ်ဆိုသည်မှာ မထင်မှတ်တဲ့ အချိန်ကာလတစ်ခုမှာ မထင်မှတ်လောက်အောင် သိပ်ချစ်သွားတတ်ပါသည်
ခိုင်လေး (ရွှေတောင် )

အချစ်ကို ကိုးကွယ်သူလေး နာမည်ပြောင်းပြီနော်

ရွှေမြန်မာ မိသားစုများ အားလုံး မင်္ဂလာပါရှင် ။ ဒီနေ့ ခိုင်လေး နာမည်လေးကို ခိုင်လေး (ရွှေတောင်) လို့ ပြောင်းလိုက်ပြီဆိုတာကို
အသိပေးပါရစေရှင်။ အချစ်ကိုကိုးကွယ်သူလေး ဆိုတဲ့ နာမည်လေးကို ခိုင်လေး အရမ်းနှစ်ခြိုက်ခဲ့ပါတယ် ။ ဒါပေမယ့် ရောက်ရှိလာတဲ့
အသက်အရွယ်အနေထားတွေနဲ့ ဆိုရင် အချစ်ကို ကိုးကွယ်သူလေးဆိုတဲ့ နာမည်လေးက ကလေးကလားဆန်နေတဲ့ အတွက် ခိုင်လေး
ကလောင်နာမည် အစစ်လေး ဖြစ်တဲ့ ခိုင်လေး (ရွှေတောင် ) ဆိုတာလေးကို ပြောင်းလိုက်ပါပြီ ဆိုတာကို လေးလေးစားစား အသိပေးအပ်
ပါတယ် ။
ခိုင်လေး (ရွှေတောင်)

အမွေပြတ်စွန့်လွှတ်ခြင်း

မကြာမကြာ တွေ့နေရတဲ့ စကားစုလေး တစ်ခုကိုဖတ်မိတိုင်း ကျွန်မခေါင်းထဲကို အတွေးစတွေ ၀င်လာတတ်လေ့ရှိပါသည်။

အမွေပြတ်စွန့်လွှတ်ခြင်း  ဆိုတဲ့ ခေါင်းစဉ်လေးတွေကို သတင်းစာတွေထဲ မကြာခဏဆိုသလို ကျွန်မဖတ်မိရတတ်ပါသည်။

ဖတ်မိတိုင်း ၀င်လာမိတဲ့ အတွေးလေးတွေကတော့ ရင်နှစ်သည်းချာ သားသမီးတွေကို အမှန်တစ်ကယ် ပြတ်နိုင်ကြလို့လား

ဒါမှမဟုတ် တဒင်္ဂကရုဏာ ဒေါသတွေကို မထိန်းနိုင်ကြလို့ ထည့်ကြခြင်းမျိုးလား ။ ခဏခဏတွေးဖြစ်ပေမယ့် သေချာတိကျတဲ့

အဖြေကိုတော့ မရခဲ့ဘူးပါဘူး ။ ဒီလိုသတင်းလေးတွေ ထည့်ရတဲ့ အကြောင်းအရာလေးတွေလည်း ရှိနေတတ်ပါသေးသည်။
တစ်ခါတစ်လေမှာ သားသမီးတွေက အရမ်းဆိုးပေမဲ့ မိဘရဲ့ အရှိန်အ၀ါနဲ့ သူတို့ကို ယုံကြည်စွာ ငွေကြေး ချေးငှားနေတဲ့သူတွေ
ပြဿနာလိုက်ရှင်းပေးနေ ကာကွယ်ပေးနေတဲ့ မိတ်ကောင်းဆွေကောင်းတွေ နဲ့ မိတ်တု ဆွေတုတွေကို ဟန့်တားတဲ့ သဘောလဲ
ပါတတ်ပါသေးသည် ။ နောက်တစ်ခုက လုံးဝသဘောမတူတဲ့ ဘာသာကွဲကိုလက်ထပ်ခြင်း..... နောက်တစ်ခါ လူမှုရေး ဂုဏ်သိက္ခာ
ကျဆင်းစေတဲ့ ဆောင်ရွက်မှုမျိုးကို အကြိမ်ကြိမ် ဆောင်ရွက်လာရင်လဲ ထည့်တတ်ပြန်သေးပါသည်။ တကယ်တော့ နောက်ဆုံးအချိန်
မှာ သားသမီးကို ဘယ်မိဘမှ ပစ်မထားကြပါဘူး ။ မိဘကို ထိပ်တိုက်ရင်ဆိုင်နေရင်တော့ အဲလိုလေး လုပ်တတ်ပါသည်။   အဓိက
အချက်ကတော့ သူတို့ မိဘမကြိုက်တာကို လုံးဝမလုပ်နိုင်အောင် အားလျော့သွားအောင် လုပ်တဲ့ သဘောဆိုတာကို ကျွန်မနားလည်ပါ
သည်။ သို့သော်လည်း အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတဲ့ သတင်းတွေကိုတော့ မဖတ်ချင်ဘူး ။
ဒီတခါလည်း အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုကို ဖတ်မိနေပြန်ပါသည်။

ခုတစ်ခါ ဖတ်မိတာကတော့ သူငယ်ချင်းအရင်းကြီး တစ်ယောက်ကို သူ့မိဘတွေက အမွေပြတ်စွန့်လွှတ်ခြင်း

သတင်းကို သတင်းစာထဲကို ထည့်လိုက်တယ်ဆိုလို့ ဖတ်နေမိခြင်းပါ ။ ကျွန်မ ဒီတစ်ခါမှာတော့ ဒီသတင်းလေးနဲ့ ခေါင်းစဉ်

လေးကို အသေချာဖတ်ကာ တွေးမိလိုက်ပြန်ပါသည်။ လောကမှာ စွမ်းအားအကြီးမားဆုံးဖြစ်တဲ့ မေတ္တာတရားဆိုတဲ့

သိမ်မွေ့နူးညံ့တဲ့ ခံစားချက် မိဘဆိုတဲ့ လူသားတွေရင်ထဲက သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ တရားကို

သတင်းစာဖြတ်ပိုင်းထဲက အမွေပြတ်စွန့်လွှတ်ခြင်း   ဒီခေါင်းစဉ်လေးတစ်ခုနဲ့ ဖြိုခွဲပြောင်းလဲပစ်လို့ လဲ မရနိုင်ပါဘူး ။

ကျွန်မတို့ လူသားတွေ ကိုယ်ကိုကိုယ် ညာနေကြတာပါ ။ ကျွန်မ သေချာတဲ့ အဖြေတစ်ခုကို ရရှိလိုက်ပါသည်။ တစ်ကယ်

တော့ အတ္တတွေနဲ့ ရင်ထဲက ခံစားချက်တွေကို သတင်းစာပေါ်က ကြေငြာချက်လေးနဲ့ ခဏတာ ဖုံးကွယ်လိုက်ခြင်းဘဲ ဖြစ်

ပါသည်။ ဘယ်တော့မှ ဘယ်သောအခါမှ မပြတ်နိုင်တဲ့ သံယောဇဉ် မေတ္တာကြိုးတွေကို ဘယ်ကြောငြာဖြတ်ပိုင်းလေးကမှ

မဖြတ်နိုင်ပါဘူး ။ အမွေဆိုတာ စံထိုက်မှ စံစားရတာမျိုးပါ ။ သိပ်ကို ဆိုးတဲ့သားသမီးတွေ အတွက် မိဘက အပြစ်ပေး

ဒဏ်ခတ်တယ်ဆိုရင်လည်း တစ်ခြားနည်းမျိုးတွေသာ ပိုပြီး အဓိပ္ပါယ် ရှိစေတယ်လို့ မှတ်ယူ ယူဆမိပါတယ် ။ အမွေဆိုတာ

မိဘက သားသမီးကို ပေးမှ (သို့မဟုတ်) မိဘတွေ မရှိတော့သောအခါမှသာ ရမယ့်အရာမျိုးပါ ။ သတင်းစာထဲ လူသိရှင်ကြား

ထည့်ကြေငြာနေဖို့ မလိုအပ်ပါဘူး ။ ပေးချင်ပေး မပေးချင်အကုန်လှူခဲ့လို့ရပါသည်။ ကြေငြာတွေထည့်ပြီး သေသည့်တိုင်

အောင် ပြန်မခေါ်တာမျိုး လူ ၁၀၀ မှာ တစ်ယောက်လောက်သာရှိနိုင်ပါသည်။ အချိန်တန် အများဆုံး နှစ်လောက်ကြာသောအခါ

သတင်းစာထဲက အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတာက ရယ်စရာလို ဖြစ်သွားတတ်တွေချည်းပါပဲ ။ မိဘနဲ့ သားသမီးကြား ရှိတဲ့

ချစ်ခြင်းမေတ္တာ တရားဆိုတာ လောကမှာ သိပ်ကိုအင်အားကြီးမားတဲ့ ခံစားချက်လေးတစ်ခုပါ ။  ဘယ်သူအတွက်မှအဓိပ္ပါယ် မရှိတဲ့

အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတဲ့ ကြောငြာတွေကို ဖြစ်နိုင်ရင် နောက်ထပ် မဖတ်ရပါစေနဲ့လို့ ကျွန်မရင်ထဲမှာ ကြိတ်ခါဆုတောင်း
နေမိပါတော့သည်။
ခိုင်လေး (ရွှေတောင်)

စာရေးဆရာ ဘလော့ဂါ သူရဿဝါ နှင့် ခိုင်လေး(ရွှေတောင်) တို့ဧ။် အင်တာဗျူး အစီစဉ်


ရွှေမြန်မာဥယျာဉ် မိသားစုဝင်အားလုံး မင်္ဂလာပါရှင် ။ ခိုင်လေး စီစဉ်နေကြ အင်တာဗျူး အစီစဉ်လေးကို တင်ဆက်
ဖို့ အလှည့်ကြရောက်လို့ လာပြန်ပါပြီ ။ ဒီတခါ ခိုင်လေး အင်တာဗျူးဖို့ ရွေးချယ်ထားသူကတော့
စာရေးဆရာ ဘလော့ဂါ သူရဿဝါ
ဘဲဖြစ်ပါတယ် ။ ကဲအင်တာဗျူး အစီစဉ်လေးကို စလိုက်ကြရအောင်နော်။
 
1.ယခုလက်ရှိ မောင်လေး ရှင်သန်နေထိုင်နေတဲ့ အကြောင်းလေးကို မိတ်ဆက်ပေးပါအုံးနော် ။

- နည်းပညာ ကုမ္ပဏီ တစ်ခုမှာ Web Administrator အဖြစ် လုပ်နေတယ်။ အွန်လိုင်းနဲ့ ဂျာနယ်လ် တချို့၊ မဂ္ဂဇင်း တချို့မှာ စာတွေ ရေးဖြစ်တယ်။ အခု နောက်ဆုံး အနုပညာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု ကတော့ ဦးဇာဂနာ စီစဉ်ပေးတဲ့ “လူရွှင်တော်ည” ဆိုတဲ့ပွဲမှာ မြန်မာ့ ပထမဆုံး Stand-up Comedian အနေနဲ့ I’m Journalist ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြက်လုံး လေးတွေ ပြက်ဖြစ်ခဲ့တယ်။
2.  မောင်လေး ဘလော့ဂါ နာမည်လေးအကြောင်း သိချင်ပါတယ် ။ မောင်လေး ပေးထားတဲ့ နာမည်လေး အရမ်း ဆန်းတယ်လို့ အမစိတ်ထဲ ခံစားမိလို့ပါ ။


- ဒီနာမည်ရဲ့ အကြောင်းက ကျွန်တော့် ဘဝမှာ ခဏခဏ အမေးခံရတဲ့ မေးခွန်းတွေ ထဲက တစ်ခုပါပဲ။ ဆရာကြီး ပါရဂူ ရေးခဲ့တဲ့ ဗော်လဂါမှ ဂင်္ဂါသို့ ဆိုတဲ့ စာအုပ်ထဲမှာ ပါဝင်တဲ့ လူ့သမိုင်း မတင်မီ ခေတ်က လုလင်ပျို တစ်ဦးရဲ့ နာမည်ပါ။ အဓိပ္ပါယ်က “နေ့ကျရွှေကိုယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုး ရပါတယ်တဲ့။ နေမင်းရဲ့ တမန်တော်၊ သားတော် ဆိုတဲ့ သဘောမျိုး ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။
3. မောင်လေး ရေးတဲ့ စာတိုင်းက ယနေ့မျက်မှောက်ခေတ် ဖြစ်ပျက်နေတဲ့ လတ်တလော အကြောင်းအရာတွေအပေါ် အခြေခံရေးဖြစ်တာများတယ်နော်။ ဘလော့တခု အင်တာနက်စာမျက်နှာပေါ် ရောက်လာဖို့ မောင်လေး အစပြု စိတ်ကူး မိပုံလေး ကိုလည်း သိပါရစေရှင်။

- သရော်စာတွေ ရေးဖြစ်တဲ့ အခါကျတော့ မလတ်ဆတ် တော့တဲ့ အကြောင်းအရာ တစ်ခုကို သရော် တာထက် လူ စိတ်ဝင်စား အာရုံစိုက် နေကြတဲ့ အကြောင်းအရာ တစ်ခုကို ရေးရတာ ပိုကောင်းပါတယ်။ ဒါကြောင့် အမ ပြောသလို လတ်တလော အကြောင်းအရာတွေ အပေါ်မှာ အခြေခံတာ များရတာပါ။ အွန်လိုင်းပေါ်မှာ စပြီး ရေးဖြစ်တာတော့ ၂၀၀၇ နှစ်ကုန်ပိုင်း လောက်မှာ အသိတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ Mysuboo.com ဆိုတဲ့ Social Web Blog ပေါ်မှာ စာတွေ စရေး ဖြစ်တာကနေ စတာပါ။

4. ယုခုရောက်နတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ အနေထားကို ကျေနပ်အားရမှုရှိရဲ့လားမောင်လေး ။

- ပရိသတ် အနေအထားနဲ့ လူချည်းသက်သက် ရပ်တည်မှု အနေအထား အပေါ်မှာတော့ ကျေနပ်ပါတယ်။ ကျွန်တော့် ကြိုးစားမှု အနည်း အများ အလိုက် ကျွန်တော်နဲ့ ထိုက်တန်တဲ့ နေရာကို ရောက်နေတာလို့ပဲ ပေါ့ပေါ့ပါးပါး တွေးပါတယ်။ စာပေ ဗဟုသုတ ဝမ်းစာ အနေနဲ့ တွေးရင်တော့ ကျွန်တော် အများကြီးလိုပါသေးတယ်။ ကျွန်တော့်ထက် တော်တဲ့ ထက်တဲ့ ပညာဥာဏ် ကြီးတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပါ။

5. အင်တာနက်စာမျက်နှာပေါ်က ဘလော့ဂါဆိုတဲ့ ခြေလှမ်းတွေကို အစပြု လှမ်းလျှောက်ဖြစ်ခဲ့ပုံလေးကို
လည်း သိချင် ပါတယ် မောင်လေး။

- ၂၀၀၇ နှစ်ကုန်နဲ့ ၂၀၀၈ နှစ်ဆန်းပိုင်း လောက်မှာ www.mysuboo.com ဆိုတဲ့ Social Web Blog တစ်ခု ပေါ်လာ ခဲ့ပါတယ်။ အဲဒီမှာ တကယ် လက်စွမ်းရှိတဲ့၊ အခု နာမည်ကြီး Blogger ဖြစ်နေတဲ့ သူတချို့လည်း စာတွေ ဝင်ရေး ခဲ့ကြတယ်။ ကျွန်တော်လည်း အဲဒီမှာ Online Writer တစ်ယောက် အနေနဲ့ စာတွေ ရေးဖြစ်ခဲ့တယ်။ ကိုယ်ပိုင် ဘလော့ဂ် ရယ်လို့ မရှိသေးဘူး။ နောက်ပိုင်း ကျတော့ ဒီ Mysuboo Website က အချိန်မရွေး ပျက်သွားနိုင်တယ်။ အဲဒီအခါ ကျရင် ကိုယ်ရေးထားတဲ့ စာတွေကို ပြန်ရမှာ မဟုတ်ဘူးလို့ တွေးမိပြီး ကိုယ်ပိုင် ဘလော့ဂ် တစ်ခု လုပ်ပြီးတော့ ကိုယ့်စာတွေ သိမ်းထားဖို့ အကြံရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်း ဘလော့ဂ်ကို လူသိများ လာခဲ့ပြီး Blogger တစ်ဦး အဖြစ် ခေါ်ကြတာပါ။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ Blogger ရယ် ဘာရယ်လို့ အတိအကျကြီး သတ်မှတ် ထားတာမျိုး မရှိပါဘူး။

6. မောင်လေး ရေးပြီးခဲ့တဲ့ စာမူတွေထဲမှာ မောင်လေး အနှစ်သက်ဆုံး ဘလော့လေးက ဘာများဖြစ်မလဲ ။

- ကျွန်တော် ရေးခဲ့သမျှ ကဗျာဖြစ်ဖြစ်၊ ဆောင်းပါးဖြစ်ဖြစ်၊ သရော်စာဖြစ်ဖြစ်ပေါ့နော် .. ဘာပဲ ရေးရေး ကျွန်တော် လျှော့မရေး ခဲ့ပါဘူး။ တတ်နိုင်သမျှ အဲဒီစာနဲ့ ဖတ်မယ့် ပရိသတ် အပေါ် ရိုးသားတဲ့စိတ် ထားနိုင်အောင် အားထုတ် ပါတယ်။ ကျွန်တော် ရေးသမျှ စာတိုင်းက ကျွန်တော့် ခန္ဓာကိုယ်ထဲက အရေးပါတဲ့ သွေးကြောတွေ ပါပဲ။ ဒီတော့ ဘယ်ပိုစ့်ကို အကြိုက်ဆုံးလို့ မရှိပါဘူး။ ကျွန်တော် ရေးတဲ့ ဘယ်ပိုစ့်က အကောင်းဆုံးဖြစ်တယ် ဆိုတာကို ကျွန်တော် ဆုံးဖြတ်ခွင့်လည်း မရှိပါဘူး။ ဖတ်တဲ့ ပရိသတ်က ဆုံးဖြတ်ပါစေ အမ။
7. ပရိတ်သတ် အထူးလက်ခံအားပေးခဲ့တဲ့ ဘလော့လေးကကော ။

- အခု နောက်ပိုင်း ရေးခဲ့တဲ့ အထဲမှာတော့ မီးပြိုင်ပွဲနဲ့ ဖယောင်းတိုင် မြို့တော် ဆိုတဲ့ သရော်စာ နှစ်ပုဒ်ကို တော်တော် သဘောကျ ခဲ့ကြတယ်လို့ ထင်ပါတယ်။ Feedback အတော်များများ ပြန်ရခဲ့လို့ပါ။
8. ဘယ်အချိန်တွေမှာ စာတွေ ရေးတတ်ပါသလဲမောင်လေး။

- ရုံးသမား ဆိုတော့ ထုံးစံအတိုင်း ကျွန်တော့်မှာ ကိုယ်ပိုင် အချိန် နည်းပါတယ်။ ညဖက်တွေပဲ အချိန်ကို လုပြီး စာရေးဖြစ်တာ များပါတယ်။
9. အရင် အမတို့ဆိုဒ်မှာ မောင်လေး စာတွေကို တွေ့နေရပေမယ့် နောက်ပိုင်းမှာ မတွေ့ရတော့ဘူးနော်။ ဘယ်လို အခက်ခဲ တွေကြောင့် အမတို့ ဆိုဒ်မှာ စာတွေ လာမတင်တော့တာလည်းဆိုတာလေးကို လည်း သိပါရစေရှင်။

- ကျွန်တော် ပထမ တစ်ပုဒ် နှစ်ပုဒ် တင်တုန်းက အဆင်ပြေပါတယ်။ ဒါပေမယ့် နောက်ပိုင်း တင်တဲ့ သုံးလေးပုဒ်မှာ ကျွန်တော် တင်တာတွေကို Publish မလုပ် ပေးဘူးလို့ ထင်တယ်။ ကျွန်တော့် စာတွေ တင်ပေးဖို့ တစ်ခုခု အခက်အခဲ ရှိတယ် ထင်လို့ အနှောင့်အယှက် ဖြစ်မှာစိုးတာနဲ့ လာမတင်ဖြစ်တော့တာပါ။ အခုတော့ အမ ပြန်တင်ပေးဖို့ ပြောထားလို့ နောက်ပိုင်း နှစ်ပုဒ် သုံးပုဒ် ပြန်တင်ထား ဖြစ်တယ်။
10. စာရေးသူတစ်ယောက် ထားရမယ့် စိတ်ထားကို မောင်လေး ဘယ်လို သတ်မှတ်ထားပါသလဲ ။


- ကိုယ်ရေးတဲ့စာအပေါ် တာဝန်ယူမှု အပြည့်ရှိဖို့နဲ့ ပရိသတ်အပေါ် စေတနာထား ရိုးသားဖို့ပဲ အရေးကြီးပါတယ်။
11. အမတို့ ရွှေမြန်မာဥယျာဉ်မိသားစု ၀င်အတွက် မောင်လေး စကားလက်ဆောင်လေးကို ကြားပါရစေရှင်


- ရေရှည်တည်တံ့ပြီးတော့ စာပေအကျိုးကို အွန်လိုင်းမှာတင် မဟုတ်ဘဲ အပြင်မှာပါ လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါစေ။ ဆိုက်ထဲမှာ ရှိတဲ့ Member များကလည်း စာပေချစ်စိတ်နဲ့ ဒီဆိုက် ရေရှည် တည်တံ့ဖို့ တာဝန်ရှိတဲ့ လူတွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ကြ ပါစေလို့ ဆန္ဒပြုပါတယ်။
ခုလို မမ မေးတာတွေကို အချိန်ပေး ဖြေကြားပေးခဲ့တဲ့ မောင်လေး သူရဿဝါ ကို မမတို့ ရွှေမြန်မာဥယျာဉ်မိသားစုမှ
အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ မောင်လေး ဒီထက်မက စာပေအကျိုးကို သယ်ပိုးနိုင်ပါစေလို့လည်း
ဆုတောင်းပေးပါတယ်ရှင်
***********************
ရွှေမြန်မာ မိသားစုဝင်တွေအနေနဲ့လည်း ဒီအင်တာဗျူး အစီစဉ်လေးကို ကျေနပ်သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

နောက်များမှာလည်း ခုလိုတန်ဖိုးရှိတဲ့ အင်တာဗျူး အစီစဉ်လေးတွေကို ကြိုးစားတင်ဆက်ပေးသွားပါအုံးမယ်ရှင် ။